ဦးဥတ္တမနေ့အကြို စာပေဟောပြောပွဲတစ်ရပ်ကို မင်းပြားတွင် ကျင်းပ

ဦးဥတ္တမနေ့အကြို စာပေဟောပြောပွဲတစ်ရပ်ကို မင်းပြားတွင် ကျင်းပ


(မင်းပြား - စက်​တင်​ဘာ ၇ ရက်)

(၇၇) ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့အကြို စာပေဟောပြောပွဲတစ်ရပ်ကို ယနေ့ စက်​တင်​ဘာလ ၇ ရက်နေ့ ၊ ည ၇ နာရီခန့်လောက်က ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ရှိ မြို့ရောနယ်ပါ ဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်​။

အဆိုပါ စာပေဟောပြောပွဲသို့ မင်းပြားမှ စာပေကို စိတ်ပါဝင်စားသည့် လူကြီးလူငယ်များအပါအဝင် စာသင်ဝိုင်းမှ ကျောင်းသား၊သူများ စုစုပေါင်း (၄၀၀) ခန့်လောက် တက်ရောက်နားထောင်ခဲ့ကြောင်း သိရပြီး အဆိုပါ စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် ဆရာတော်ဦးဥတ္တမနေ့ ကျင်းပရေးကော်မတီနှင့် စာသင်ဝိုင်းများက ဦးဆောင်ပူးပေါင်းစီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်​။

စာပေဟောပြောပွဲအစတွင် ဆရာဦးကျော်ဝင်းခိုင်မှ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို အကျဉ်းချုပ်​ ရှင်းလင်းတင်ပြခဲ့ပြီး ၄င်းနောက်တွင် ဆရာတော်ပညာစာရက ``လေးစားထိုက်သော ဆရာတော် ဦးဥတ္တမ၏ စိတ်ဓာတ်´´ ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ မင်းပြားမှ ရခိုင်စာရေးဆရာ သုတေသီ မင်းပြားမင်းသိန်းစံမှ `` ဇာတ်သိမ်းမကောင်းသော ဆရာတော် ဦးဥတ္တမ´´ ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ နာမည်ကြီး ကဗျာဆရာစစ်တွေ-ညိုသန့်မှ ``ကျေးဇူး အနန္တ ဆရာတော် ဦးဥတ္တမ´´ ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြကြောင်း သိရသည်​။

လာမည့် စက်​တင်​ဘာလ ၉ ရက် ၊  ဆရာတော်ဦးဥတ္တမနေ့တွင်ကား မင်းပြားရှိ ဆရာတော်ဦးဥတ္တမရုပ်ထုအား လွမ်းသူ့ပန်းခွေများ ချအပ်သွားမည်ဖြစ်ကြောင်း သိရသည်​။

မောင်ကာကြီး (လေးမြို့)
ရေဘေးကြောင့် ကမ်းပြိုကာ နေအိမ်များပြိုဖျက်ခဲ့ရသည့် မင်းပြားမှ မိသားစုများအား ဇ -ဖောင်ဒေးရှင်းမှ အလှူငွေများ ကူညီထောက်ပံ့

ရေဘေးကြောင့် ကမ်းပြိုကာ နေအိမ်များပြိုဖျက်ခဲ့ရသည့် မင်းပြားမှ မိသားစုများအား ဇ -ဖောင်ဒေးရှင်းမှ အလှူငွေများ ကူညီထောက်ပံ့




(မင်းပြား - ဇူလိုင် ၂၀)

ယခုလအစောပိုင်းက ရေကြီးရေလျှံမှုကြောင့် လေးမြို့မြစ်ကမ်းပါးပြိုကျကာ နေအိမ်များ ပြိုဖျက်ခဲ့ရသည့် ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ပေါ်ရှိ မြစ်ကမ်းနားနေ မိသားစုများအား ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ ၊ နေ့လည် ၂ နာရီခန့်လောက်က မင်းပြားဒေသအခြေစိုက် ဇ-ဖောင်ဒေးရှင်းမှ ကူညီထောက်ပံ့ငွေများ ပေးအပ်ကူညီနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါကမ်းပါးပြိုကျမှုကြောင့် မိသားစုအချို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အခက်အခဲကြုံတွေ့ရပြီး များစွာ ဒုက္ခရောက်နေကြသည်ကို လူသားချင်း စာနာမိသဖြင့် ယခုကဲ့သို့ ကူညီ၊ထောက်ပံ့ရခြင်း ဖြစ်ကြောင်း ဇ-ဖောင်ဒေးရှင်းမှ ကိုမြတ်စိုးကျော်က ဆိုသည်။

ယခုလအစောပိုင်းက ရေကြီးရေလျှံမှုကြောင့် လေးမြို့မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့ကာ မင်းပြားမြို့ပေါ်မှ နေအိမ် (၁၀) လုံးနီးပါးနဲ့ ပြိုဖျက်ခဲ့ပြီး အများစုမှာ နွမ်းပါးသူများဖြစ်ကြသဖြင့် နေစရာ နေရာအခက်အခဲများနှင့် ကြုံ့တွေ့နေရကြောင်း ပြည်တော်လှရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါကမ်းပါးပြိုကျမှုကြောင့် နေအိမ်များပြိုပျက်ကာ နေစရာအခက်အခဲများရှိနေကြသည့် ဦးစိုးတင့်ရပ်ကွက်မှ နေအိမ် (၂)လုံးအတွက် နေအိမ်(၁)လုံးလျှင် ၅၀၀၀၀ သောင်း ကျပ်စီဖြင့် ကျပ် ၁ သိန်းကို ဦးစိုးတင့်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာလူကြီးသူမများ ရှေ့ မှောက်၌ ကာယံရှင် မိသားစုများထံသို့ ပေးအပ်ကူညီနိုင်ခဲ့ပြီး ပြည်တော်လှရပ်ကွက် ၊ လေးဆောင်စုအရပ်မှ ယခုလပိုင်း ကမ်းပြိုမှုကြောင့် ပြိုဖျက်ခဲ့ရသည့် နေအိမ် (၄)လုံးအတွက် နေအိမ်(၁) လုံးလျှင် ကျပ် ၅၀၀၀၀ စီဖြင့် ငွေကျပ် (၂) သိန်းကျပ်ကိုလည်းကောင်း ကာယံရှင်များထံ ကူညီထောက်ပံ့နိုင်ခဲ့ကြောင်း ဇ -ဖောင်ဒေးရှင်းမှ ကိုညီညီအောင်ထံမှ ကြားသိရသည်။

မင်းပြားတွင် လေးမြို့မြစ်ကမ်းပါး ပြိုကျမှုသည် နေ့စဉ်လိုလို ဖြစ်ပွားနေပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေစရာအခက်ကြုံနေရသည့် မိသားစုများအတွက်  သက်ဆိုင်ရာအဖွဲ့အစည်းများက ကြည့်ရှု၊စောင့်ရှောက်မှု အားနည်းနေကြောင်း သိရသည်။

မောင်ကာကြီး (လေးမြို့)
ဓာတ်ပုံ - ညီညီအောင် (ဇ)
ဓမ္မာရုံ​ဘေးရှိ ရုံးတက်​လမ်း၌ သုံးဘီးဆိုင်​ကယ်​များ စည်းကမ်းမဲ့စွာ ရပ်​နား​နေမှု​ကြောင့်​ လမ်းသွားလမ်းလာများ အခက်​ကြုံ​နေရ

ဓမ္မာရုံ​ဘေးရှိ ရုံးတက်​လမ်း၌ သုံးဘီးဆိုင်​ကယ်​များ စည်းကမ်းမဲ့စွာ ရပ်​နား​နေမှု​ကြောင့်​ လမ်းသွားလမ်းလာများ အခက်​ကြုံ​နေရ

(မင်းပြား - ဇူလိုင်​ ၁၆)

ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ ၊ မြို့နယ်​ဓမ္မာရုံကြီး​ဘေးရှိ ရုံးတက်​လမ်း၌ သုံးဘီးဆိုင်​ကယ်​များ စည်းကမ်းမဲ့စွာ ရပ်​နား​နေမှု​ကြောင့်​ လမ်းသွားလမ်းလာများအတွက် အခက်​ကြုံ​နေရ​ကြောင်း သိရသည်​။

အဆိုပါလမ်း၌ စည်းကမ်းမဲ့စွာ သုံးဘီးဆိုင်​ကယ်​များ ရပ်​နား​နေမှု​ကြောင့်​ လမ်းပိတ်​ဆို့လျှက်​ရှိ​နေကာ ခရီးသွားပြည်​သူများအတွက်​ အချိန်​များစွာ ကုန်​ဆုံး​နေ​ကြောင်း သိရသည်​။ အဆိုပါလမ်း​ဘေး၌ မြို့နယ်​ဌာနဆိုင်​ရာများက သုံးဘီးဆိုင်​ကယ်​များ ရပ်​နားရန်​ ဂိတ်​အဖြစ်​ သတ်​မှတ်​ထား​ကြ​သော်​လည်း အဆိုပါ ဂိတ်​​နေရာ၌ ကျူး​ကျော်​ဆိုင်​များက အခို်​အမာ​ဆောက်​ကာ ​ဈေး​ရောင်းချမှုများ ရှိ​နေသဖြင့်​ သုံးဘီးဆိုင်​ကယ်​များ ရပ်​နားရန်​ ​နေရာမရဘဲ လမ်း​ပေါ်တွင်​ အဆင်​​ပြေသလို ရပ်​နားရခြင်းဖြစ်​​ကြောင်း အမည်​မ​ဖော်​လိုသည့်​ သုံးဘီးဆိုင်​ကယ်​​မောင်းနှင်​သူ တစ်​ဦးက ဆိုသည်​။

အဆိုပါ လမ်းပိတ်​ဆို့မှု ပတ်​သက်​၍ လမ်းသွားလမ်းလာတစ်​ဦးဖြစ်​သည့်​ ​ငွေစန္ဒာကွင်းရပ်​ကွက်​​နေသူတစ်​ဦး​က `` မနက်​ပိုင်းဆိုရင်​...ကုန်​သွယ်​လယ်​ယာဆန်​ဂို​ဒေါင်​​ဘေးက တံတားက​နေ ဓမ္မာရုံ​ရှေ့​ရောက်​ဖို့ ၁၅ မိနစ်​​လောက်​ကြာတယ်​....တစ်​ခါတစ်​​လေဆို နာရီဝက်​​လောက်​ထိ​တောင်​ ကြာ​သေးတယ်​....သုံးဘီး​တွေက ဖြစ်​သလို ရပ်​ထား​တော့ တခြားသုံးဘီးဆိုင်​ကယ်​​တွေ ဝင်​လာရင်​ လမ်းပိတ်​ပီ... လမ်း​ဘေးက ဆင်းသွားလို့လည်း မရဘူး... အကုန်​လုံး နွံ​တွေ ၊ ရွံ့တွေနဲ့ ....ကတ္တာလမ်း​ပေါ်ကျ သူတို့​တွေ ပိတ်​ရပ်​ထားတယ်​...´´ ဟု ​နေ့စဉ်​ကြုံ​တွေ့​နေရသည့်​ လမ်းသွားလမ်းလာတို့၏ အခက်​အခဲကို ​ပြောပြသည်​။

အဆိုပါ လမ်းပိတ်​ဆို့မှုသည်​ မနက်​ပိုင်းတွင်​ ပိုမိုဖြစ်​ပွား​လေ့ ရှိပြီး ဆိပ်​ကမ်းဖက်​မှ ကုန်​တင်​ကုန်​ချလုပ်​​နေကြသည့်​ ​ကား ၊ သုံးဘီး ၊ ​ထော်​လာဂျီများနှင့်​ ခရီးသွားပြည်​သူများအတွက်​ များစွာ အခက်​ကြုံ​နေရ​ကြောင်း သိရသည်​။ သို့​သော်​ အဆိုပါလမ်းပိတ်​ဆို့မှုကို ​ဖြေရှင်းမှုကို ​ထွေအုပ်​ ၊ မြို့နယ်​စည်​​ကော်​ ၊ ယာဉ်​ထိန်းရဲများက ပူး​ပေါင်းကာ ​လုပ်​​ဆောင်​​နေကြ​သော်​လည်း ကျုး​ကျော်​ဆိုင်​ခန်းများ​ကြောင့်​ ​ဖြေရှင်းရခက်​​နေ​သည်​ဟု မင်းပြားယာဉ်​ထိန်းရဲတစ်​ဦး၏ ​ပြောကြားချက်​အရ သိရသည်​။

မောင်​ကာကြီး (​လေးမြို့)

မင်းပြားမှ အသင်းအဖွဲ့ များနှင့်​ ​စေတနာရှင်​များ ပူးပေါင်း၍ ​တောင်​ကုတ်​၊သံတွဲမှ ​ရေ​ဘေးသင့်​ပြည်​သူများအား သွား​ရောက်​ကူညီမည်

မင်းပြားမှ အသင်းအဖွဲ့ များနှင့်​ ​စေတနာရှင်​များ ပူးပေါင်း၍ ​တောင်​ကုတ်​၊သံတွဲမှ ​ရေ​ဘေးသင့်​ပြည်​သူများအား သွား​ရောက်​ကူညီမည်


(မင်းပြား - ဇွန်​ ၁၇ )

ယခု ဇွန်​လအ​စောပိုင်းက ရခိုင်​ပြည်​နယ်​တွင်​ မိုးအဆက်​မပြတ်​ရွာသွန်းမှု​ကြောင့်​ ​ရေကြီး​ရေလျှံမှုဖြစ်​ပွားခဲ့ပြီး အသက်​အိုးအိမ်​၊စည်းစိမ်​များ ပျက်​ဆီးဆုံးရှုံးခဲ့ရသည့်​ ​တောင်​ကုတ်​မြို့နယ်​နှင့်​ သံတွဲမြို့နယ်​မှ ​ရေ​ဘေးသင့်​ပြည်​သူများအား မင်းပြားမှ အရပ်​ဖက်​လူမှုအဖွဲ့အစည်းများနှင့်​ ​စေတနာရှင်​များ ပူး​ပေါင်း၍ တစ်​နိုင်​တစ်​ပိုင်​ ကူညီ​ထောက်​ပံ့သွားမည်​ဖြစ်​​ကြောင်း သိရသည်​။

အဆိုပါ ​ရေ​ဘေးကူညီ​ထောက်​ပံ့​ရေးတွင်​ မင်းပြားမှ စည်းကမ်းထိန်းသိမ်း​ရေး ရဟန်း​တော်​များအသင်း ၊ ညာတကာနိဉ္စသံင်္ဃာ​တော်​များ-​ဖောင်​​ဒေးရှင်း ၊ ဇ - ​ဖောင်​​ဒေးရှင်း ၊ ကျိန်းရိပ်​ကရုဏာလူမှုကူညီ​ရေးအသင်းနှင့်​ ကျိန်းရိပ်​မင်္ဂလာပရဟိတအသင်းတို့မှ ပူး​ပေါင်းဦး​ဆောင်​ကာ မတည်​​ငွေ - ကျပ်​ (၄၇) သိန်းခန့်​ကို အလှူထည့်​ဝင်​ထားကြပြီး မင်းပြားမြို့၊ မြို့​ရောနယ်​ပါ ဓမ္မာရုံကြီးအတွင်း၌ မနက်ဖြန်​ ဇွန်​လ ၁၈ ရက်​​နေ့မှ စတင်​၍  ဇွန်​လ၂၁ ရက်​​နေ့ထိ (၃)ရက်​တိုင်​တိုင်​ အလှူခံဌာနကို ဖွင့်​လှစ်​​ကာ မင်းပြားမြို့​ပေါ် ၊မြို့နယ်​ရှိ ​စေတနာရှင်​များထံမှ အလှူ​ငွေများအား လက်​ခံသွားမည်​ဖြစ်​​ကြောင်း စည်း၊ထိန်းအသင်းမှ  ဆရာ​တော်​ဦးရက္ခဝံသ၏ ​မိန့်​ကြားချက်​အရ သိရသည်​။

ထိုအသင်းအဖွဲ့များသည်​ ၄င်းတို့၏ မတည်​​ငွေများနှင့်​ မင်းပြားမြို့နယ်​မှ ​စေတနာထက်​သန်​​သော အလှူရှင်​များထံမှ ​ကောက်​ခံရရှိ​ငွေများကို သီးခြားစီခွဲကာ လာမည့်​ ဇွန်​လ ၂၂ ရက်​​နေ့တွင်​  ​ရေ​ဘေးသင့်​ခဲ့သည့်​​ ​တောင်​ကုတ်​ ၊ သံတွဲ​ဒေသများသို့ ကိုယ်​​တိုင်​သွား​ရောက်​ကာ ​ထောက်​ပံ့ကူညီသွားမည်​ဖြစ်​​ကြောင်း ဇ-​ဖောင်​​ဒေးရှင်းမှ ကို​ကောင်းမြတ်​​ကျော်​က ဆိုသည်​။

တောင်​ကုတ်​၊​သံတွဲမြို့နယ်​များသည်​ ယမန်​နှစ်​ကဖြစ်​ပွားခဲ့သည့်​​ ရခိုင်​ပြည်​နယ်​အပါအဝင်​မြန်​မာနိုင်​ငံအနှံ့​ ​ရေကြီးခဲ့စဉ်​ကလည်း ​ရေ​ဘေးဒုက္ခကို အများဆုံးဆိုးဝါးစွာ ခံခဲ့ရသည့်​ မြို့နယ်​တစ်​ခုဖြစ်​​သော မိမိတို့ မင်းပြားမြို့နယ်​အား လာ​ရောက်​ကူညီ၊လှူဒါန်းခဲ့​သော မြို့နယ်​များဖြစ်​ပြီး ယခုနှစ်​တွင်​ မိမိတို့က တစ်​ခါပြန်​ကူညီသင့်​​သည်​ဟု ယူဆမိ​ကြောင်း စည်းထိန်းမှ ဦး​မောင်​သိန်းစံက ဆိုသည်​။

ထို့​ကြောင့်​ ​​စေတနာရှင်​များအ​နေဖြင့်​ အဆိုပါ​ရေ​ဘေးကူညီ​ထောက်​ပံ့​ရေးတွင်​ ပူး​ပေါင်းပါဝင်​လိုပါက မင်းပြားမြို့ဓမ္မာရုံသို့ လာရောက်၍ဖြစ်စေ၊ ဆရာတော် ဓမ္မပီယ (စည်းထိန်း) ဖုန်း-၀၉၄၂၁၇၂၇၀၄၂၊ ဆရာတော် ရက္ခဝံသ(စည်းထိန်း) ဖုန်း-၀၉၂၆၁၅၁၅၇၂၂၊ ဦးသန်းထွန်း (ကျိန်းရိပ်ဂရုဏာ လူမှုကူညီရေးအဖွဲ့) ဖုန်း-၀၉၄၂၁၇၆၅၈၂၂၊ ကိုမြတ်စိုးကျော် (ဇ-ဖောင်ဒေးရှင်း) ဖုန်း-၀၉၄၅၀၅၄၁၇၉၄၊ ကိုကောင်းမြတ်ကျော် (ဇ-ဖောင်ဒေးရှင်း) ဖုန်း-၀၉၂၅၀၂၄၂၂၈၇ သို့ ဆက်​သွယ်​လှူဒါန်းနိုင်​​ကြောင်း သိရသည်​။

မောင်​ကာကြီး (​လေးမြို့)
ဓာတ်​ပုံ - ​ကောင်းမြတ်​​ကျော်​ (ဇ-​ဖောင်​​ဒေးရှင်း)
၂၀၁၆ ​တောင်​ကုတ်​ ​ရေကြီးမှု ​သေဆုံးသူ (၄) ဦးထိ ရှိလာ

၂၀၁၆ ​တောင်​ကုတ်​ ​ရေကြီးမှု ​သေဆုံးသူ (၄) ဦးထိ ရှိလာ

(​တောင်​ကုတ်​ - ဇွန်​ ၁၂ )

ရခိုင်​ပြည်​နယ်​ ၊ ​တောင်​ကုတ်​မြို့တွင်​ ယခုရက်​ပိုင်းအတွင်း မိုးအဆက်​မပြတ်​ ရွာသန်းခဲ့မှု​ကြောင့်​ မြို့နယ်​တစ်​ဝှမ်း ​ရေကြီးမှုဖြစ်​ပွားလျက်​ရှိရာ ဇွန်​လ ၁၁ ရက်​​နေ့က လူ ၄ ဦး ​သေဆုံးမှုရှိခဲ့​ကြောင်း သိရသည်​။

အဆိုပါ ​သေဆုံးသူများသည်​ ​တောင်​ကုတ်​မြို့နယ်​ ၊ ဝက်​ကျိတ်​​ကျေးရွာ ​အောက်​ပိုင်းမှ ​ဒေါ်ဖြူဖြူ (၄၂ နှစ်​) ၊ ​ဒေါ်ဖြူဖြူလွင်​ (၃၇ နှစ်​) ၊ မဦးလှ​ကျော်​ခင်​ (၁၉ နှစ်​) နှင့်​ မချိုချိုစန်း (ခ) ဇီးကွက်​မ ( ၂၀ နှစ်​) တို့ဖြစ်​​ကြောင်း သိရပြီး အဆိုပါ (၄) ဦးတို့သည်​ ဇွန်​လ ၁၁ ရက်​ ၊ ည​နေ (၆) နာရီခန့်​​လောက်​တွင်​ ၄င်းတို့​နေအိမ်​များမှ ​ရေတက်​လာမည်​ကို စိုးရိမ်​သဖြင့်​ ဝက်​ကျိတ်​​ကျေးရွာ​အောက်​ပိုင်း နှင့်​ အထက်​ပိုင်းကြားရှိ ​ရေလျှံ​နေ​သော အမက မူလွန်​စာသင်​​ကျောင်းသို့ သွား​ရောက်​ရန်​ ဖြတ်​ကူးစဉ်​ ​ရေစီးဖြင့်​ ​မျောပါ​ပျောက်​ဆုံးသွားရခြင်း ဖြစ်​​ကြောင်း ​တောင်​ကုတ်​မြို့နယ်​ ၊ ပြန်ဆက်​ ဦး​ကျော်​သူရ၏ အစီရင်​ခံပြန်​ကြားစာတွင်​ ​ရေးသားထားချက်​အရ သိရသည်​။

အဆိုပါ (၄) ဦးအား ​တောင်​ကုတ်​မြို့မ ရဲစခန်းမှ ရဲတပ်​ဖွဲ့ဝင်​များနှင့်​ ရပ်​မိရပ်​ဖများစု​ပေါင်း၍ ရှာ​ဖွေမှုများပြုလုပ်​ခဲ့ရာ ဇွန်​လ ၁၂ ရက်​​နေ့ ၊ နံနက်​ (၉း၂၀) နာရီခန့်​တွင်​ ၄င်းတို့နစ်​မြှစ်​ခဲ့သည့်​ ​နေရာနှင့်​ ​ပေ (၂၀၀) ခန့်​​ဝေးသည့်​ ဓနိ​တောထဲ၌ ​သေဆုံး​နေသည့်​ ရုပ်​​လောင်း (၃)​ ​လောင်းကို ​တွေ့ရှိရပြီး ကျန်​တစ်​ဦးအား ထပ်​မံရှာ​ဖွေရာ နံနက်​ (၉း၂၅) မိနစ်​ခန့်​​လောက်​တွင်​ ဝက်​ကျိတ်​​ကျေးရွာနှင့်​ ​ပေ (၃၀၀)ခန့်​ ကွာ​ဝေးသည့်​ ဓနိ​တောထဲ၌ ​သေဆုံး​နေသည့်​ ရုပ်​​လောင်း (၁)​ လောင်းအား ထပ်​မံ ​တွေ့ရှိခဲ့​ကြောင်း ဦး​ကျော်​သူရ၏ အစီရင်​ခံပြန်​ကြားစာတွင်​ ​ဖော်​ပြထားချက်​အရ သိရသည်​။

ယခုရက်​ပိုင်းအတွင်း ရခိုင်​ပြည်​နယ်​​တောင်​ပိုင်းရှိ ​တောင်​ကုတ်​မြို့နယ်​နှင့်​ သံတွဲမြို့နယ်​များရှိ ​ကျေးရွာအများစုတွင်​ ​ရေကြီး​နေပြီး သံတွဲတွင်​ ​ရေကြီးမှု​ကြောင့်​ ​ကျေးရွာ (၂) ရွာတွင်​ အ​ရေး​ပေါ်ကယ်​ဆယ်​​ရေး လိုအပ်​​နေသည်​အထိ အ​ခြေအ​နေများ ဆိုးဝါး​နေ​ကြောင်း သိရသည်​။

မောင်​လူ​အေး (​လေးမြို့)
ဓာတ်​ပုံ - ​ကို​ကောင်းမြတ်​နိုင်​ (​မောင်​​တော)
ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက် ဒုတိယအကောင်းဆုံးမြို့နယ်အဖြစ် မင်းပြားရပ်တည်

ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက် ဒုတိယအကောင်းဆုံးမြို့နယ်အဖြစ် မင်းပြားရပ်တည်


(မင်းပြား - ဇွန် ၁၁ )

၂၀၁၆ မင်းပြားမြို့နယ်တက္ကသိုလ်ဝင်တန်းအောင်ချက်သည် ရခိုင်ပြည်နယ်တွင် ဒုတိယအောင်ချက်အကောင်းဆုံးမြို့နယ်အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ယနေ့ ဇွန်လ ၁၁ ရက်နေ့ ၊ နံနက် (၆) နာရီက မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် တပြေးညီထုတ်ပြန်ကြေငြာခဲ့ရာ မင်းပြားမြို့နယ်တွင် ၅-ဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ ၄-ဘာသာ ဂုဏ်ထူးရှင် (၄)ဦး၊ ၃-ဘာသာ ဂုဏ်ထူးရှင် (၇)ဦး၊ ၂-ဘာသာ ဂုဏ်ထူးရှင် (၅)ဦး၊ ၁-ဘာသာ ဂုဏ်ထူးရှင် (၄၂)ဦး၊ စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား/သူ (၆၀)ဦးရှိကြောင်းသိရပြီး မင်းပြားမြို့နယ် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မှာ (၂၈.၃၄) ရာခိုင်နှုန်းရှိခဲ့ကြောင်း မင်းပြား - သတင်း၏ ဖော်ပြချက်တစ်ရပ်အရ သိရသည်။

ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိသူများမှာ မြန်မာစာဂုဏ်ထူး (၄)ဦး၊ အင်္ဂလိပ်စာ ဂုဏ်ထူး (၄)ဦး၊ သင်္ချာဂုဏ်ထူး (၅)ဦး၊ ဓာတုဗေဒဂုဏ်ထူး (၁၆)ဦး၊ ရူပဗေဒဂုဏ်ထူး (၂၂)ဦး၊ ဇီဝဗေဒဂုဏ်ထူး (၂၂)ဦး၊ သမိုင်းဂုဏ်ထူး (၁)ဦးနှင့် ဘောဂဗေဒဂုဏ်ထူး (၂၅)ဦး ရရှိခဲ့ကြောင်း မင်းပြား - သတင်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

မင်းပြားမြို့နယ်သည် ၂၀၁၂ ခုနှစ်တွင် (၃၇.၂၁)%၊ ၂၀၁၃ ခုနှစ်တွင် (၂၈.၁၇)%၊ ၂၀၁၄ ခုနှစ်တွင် (၂၄.၂၁)%၊ ၂၀၁၅ ခုနှစ်တွင် (၃၂.၂၂)% အသီးသီးဖြင့် ရခိုင်တစ်ပြည်လုံး၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အောင်ချက်အကောင်းဆုံး မြို့နယ်အဖြစ် (၄)နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သော မြို့တစ်မြို့ဖြစ်ကြောင်း သိရပြီး ယခု ၂၀၁၆ ခုနှစ်တွင် ပေါက်တောမြို့နယ်က (၃၁.၈၇) ရာခိုင်နှုန်းဖြင့် ရခိုင်ပြည်နယ်တွင် အောင်ချက်အကောင်းဆုံးမြို့နယ်အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

မောင်ကာကြီး (လေးမြို့)
ကိုးကား >>> မင်းပြား - သတင်း
စည်းထိန်း ၊ ကျိန်းရိပ် နှင့် ဇ တို့ ပေါင်း၍ ကျောက်ခုတ်မှ လေဘေးသင့်ပြည်သူများအား အလှူငွေများ ကူညီထောက်ပံ့

စည်းထိန်း ၊ ကျိန်းရိပ် နှင့် ဇ တို့ ပေါင်း၍ ကျောက်ခုတ်မှ လေဘေးသင့်ပြည်သူများအား အလှူငွေများ ကူညီထောက်ပံ့


(မင်းပြား - ဇွန် ၁၀ )

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့မှ စည်းကမ်းထိန်းသိမ်းရေးသံင်္ဃာတော်များအသင်း ၊ ကျိန်းရိပ်ကရုဏာလူမှုကူညီရေးအသင်းနှင့် ဇ-ဖောင်ဒေးရှင်း တို့ ပူးပေါင်း၍ လေဆင်နှာမောင်းကျရောက်ခဲ့သဖြင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရသည့် ကျောက်ခုတ်ကျေးရွာမှ လေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရေး အလှူငွေများ ပေးအပ်ကူညီနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပူးပေါင်းအဖွဲ့တို့သည် ယနေ့ ဇွန်လ ၁၀ ရက်နေ့ ၊ နေ့လည် ၂ နာရီဝန်းကျင်ခန့်လောက်က မင်းပြားမြို့နယ် ၊ သာယာကုန်းအုပ်စု ၊ ကျောက်ခုတ်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကူညီထောက်ပံ့ငွေ ၁၁၅၀၀၀၀ ကျပ်ကို လေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ခဲ့ကြောင်း ဇ-ဖောင်ဒေးရှင်းမှ ကိုညီညီက လေးမြို့သို့ ပြောကြားသည်။

အဆိုပါပူးပေါင်းအဖွဲ့တို့သည် လေဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် နေအိမ် ၃၄ လုံးအနက်မှ အပျက်စီးများသည့် အိမ်( ၆ ) ဆောင်အတွက် ကျပ် ( ၅ ) သောင်း စီကို လည်းကောင်း ၊ အမျက်စီးနည်းသည့် အိမ် (၂၈) ဆောင်အတွက် ငွေကျပ် ( ၃ ) သောင်း စီကို လည်းကောင်း အသီးသီး ကူညီထောက်ပံ့နိုင်ခဲ့ကြောင်း ဇ-ဖောင်ဒေးရှင်းမှ ကိုဇော်လင်းထွန်းက ဆိုသည်။

ထိုကူညီထောက်ပံ့ငွေ ၁၁၅၀၀၀၀ ကျပ်တွင်  ကျိန်းရိပ်ကရုဏာလူမှုကူညီရေးအသင်းမှ ကျပ် ၅၀၀၀၀၀ ကိုလည်းကောင်း ၊ ဇ-ဖောင်ဒေးရှင်းမှ ကျပ် ၄၀၀၀၀၀ ကိုလည်းကောင်း ၊ စည်းထိန်းအဖွဲ့မှ ကျပ် ၂၅၀၀၀၀ ကျပ်ကိုလည်းကောင်း အသီးသီး ကူညီထည့်ဝင်ခဲ့ကြကြောင်း သိရသည်။

ကျောက်ခုတ်ကျေးရွာတွင် မနေ့ ဇွန်လ ၉ ရက်နေ့ ၊ နေ့လည် ၁၂ နာရီခန့်လောက်က လေဆင်နှာမောင်းကျရောက် ခဲ့မှုကြောင့်  နေအိမ် ၃၄ လုံး ပျက်စီးကာ မိန်းကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူပေါင်း ၁၆၀ ကျော်လောက် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

မောင်ကာကြီး (လေးမြို့)
ဓာတ်ပုံ - ကိုဇော်လင်းထွန်း (ဇ)
မင်းပြားအဝေးပြေးကားဝင်းအား တိုးချဲ့ရန် (သို့) ပြောင်းရွေ့ ရန် လိုအပ်နေ

မင်းပြားအဝေးပြေးကားဝင်းအား တိုးချဲ့ရန် (သို့) ပြောင်းရွေ့ ရန် လိုအပ်နေ


(မင်းပြား - ဇွန်လ ၂ )

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ ၊ ကင်းဆိပ်မြို့ထွက်ဂိတ်အနီးရှိ အဝေးပြေးကားဝင်းအား မော်တော်ယာဉ်လိုင်းများ များပြားလာမှုနှင့် ယာဉ်ရပ်နားရန် နေရာကြပ်တည်းလာမှု တို့ကြောင့် တိုးချဲ့ ရန် (သို့) ပြောင်းရွေ့ ရန် လိုအပ်နေကြောင်း သိရသည်။

ယခုအသုံးပြုနေသော မင်းပြားအဝေးပြေးကားဝင်းတွင်း အဝေးပြေးမော်တော်ယာဉ်လိုင်းများ တိုးချဲ့ဖွင့်လှစ်လာမှု ကြောင့် ဆိုက်ရောက်ယာဉ်များ ရပ်နားရန်နှင့် ကုန်တင်၊ ကုန်ချယာဉ်များ ရပ်နားရန် နေရာအခက်အခဲများစွာ ဖြစ်နေရကြောင်း နန်းတော်ဝင်ဂိတ်မှ ဂိတ်မှူး ကိုညီညီက ဆိုသည်။

ယခုအသုံးပြုနေသော အဝေးပြေးကားဂိတ်ကို ၂၀၀၃ - နောက်ပိုင်းကစတင်ကာ အသုံးပြုရပ်နားခဲ့ခြင်းဖြစ်ပြီး အကျယ်အဝန်းမှာ ၂ ဧကခန့်လောက်ရှိမည်ဟု  ယူဆခန့်မှန်းရကြောင်း သိရသည်။

အစတွင် မော်တော်ယာဉ်လိုင်း ၄ ၊ ၅ ၊ ၆ ခုသာ ရှိခဲ့ရာမှ ယခုအခါ မော်တော်ယာဉ်လိုင်းပေါင်း ၂၀ ကျော်ခန့်လောက်ထိ ရှိလာခဲ့ကာ ယာဉ်ရပ်နားရန် နေရာခက်ခဲလာမှုနှင့် ယာဉ်ကြပ်တည်းမှုတို့ ဖြစ်နေကြောင်း ကိုညီညီက ဆိုသည်။

အဆိုပါ ယာဉ်ကြပ်တည်းမှုနှင့် ယာဉ်ရပ်နားရန် နေရာခက်ခဲမှုတို့သည် ယာဉ်အန္တရာယ်ဖြစ်ပွားမည်ကို စိုးရိမ်ရပြီး မြို့ရွာ ဖွံ့ဖြိုးလာသည်နှင့်အမျှ ခေတ်နှင့်အညီ တိုးချဲ့ခြင်း (သို့) အခြားနေရာပိုကျယ်သော နေရာတစ်ခုသို့ ပြောင်းရွေ့ရန် လိုအပ်လာနေပြီဖြစ်ကြောင်း သိရသည်။

မောင်ကာကြီး (လေးမြို့)
ဓာတ်ပုံ - ညီညီ (နန်းတော်ဝင်)
မင်းပြားမှ ဘေးတွဲဆိုင်ကယ်ကိစ္စ ဝန်ကြီးဌာနထိ တင်ပြထားကြောင်း စည်ပင်သာယာဆို

မင်းပြားမှ ဘေးတွဲဆိုင်ကယ်ကိစ္စ ဝန်ကြီးဌာနထိ တင်ပြထားကြောင်း စည်ပင်သာယာဆို


(မင်းပြား)
May 25 , 2016

လတ်တလောလူစိတ်ဝင်စားမှုမြင့်တက်နေသော မင်းပြားက ဘေးတွဲဆိုင်ကယ်များ မောင်းနှင်ခွင့်မပြုသည့်ကိစ္စအား ဥပဒေတစ်ရပ်ပြဌာန်းကာ မောင်းနှင်ခွင့်ရရှိရေး အထက်သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြအကူအညီတောင်းခံထားကြောင်း မြို့နယ်စည်ပင်သာယာကော်မတီမှ သိရသည်။

``အထက်က ညွှန်ကြားချက်ကြောင့် ဘေးတွဲကိစ္စ လောလောဆယ် ရပ်နားထားတဲ့ သဘောပါ.... ဥပဒေတစ်ရပ်ကို ပြဌာန်းပြီး တရားဝင် မောင်းနှင်ခွင့်နိုင်အောင် အထက်ကို တင်ပြထားပါတယ်.... ´´ဟု မြို့နယ်စည်ပင်သာယာကော်မတီမှ အမှုဆောင်ဦးစီးအရာရှိ ဦးဦးရွှေမောင်က ပြောကြားချက်ကို သိရသည်။

မြို့နယ်စည်ပင်သာယာကော်မတီ ဥက္ကဌ ဦးခင်ဇော်ဝင်းကလည်း ဤဘေးတွဲကိစ္စသည် နိုင်ငံတော်တွင် ပြဌာန်းမထားသည့် ဥပဒေကိစ္စရပ်တစ်ခုဖြစ်နေသဖြင့် လောလောဆယ်ညွှန်ကြားချက်အရ ယာယီသဘော တားမြစ်ထားမှုအပေါ် အနည်းငယ်စိတ်ရှည်သည်းခံပေးကြရန် လိုအပ်ကြောင်းနှင့် တရားဝင်မောင်းနှင်ခွင့်ရရှိရေး ၊ ဥပဒေတစ်ရပ်ပြဌာန်းနိုင်ရေး အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းကာ နည်းလမ်းရှာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

ထို့ပြင် စည်ပင်သာယာကော်မတီမှ ဦးကျော်ဝင်းခိုင်ကလည်း ဘေးတွဲဆိုင်ကယ်ကိစ္စအား တရားဝင်မောင်းနှင်ခွင့်ရရှိရေး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးလှအောင်ညွှန့်နှင့် ပူးပေါင်းကာ ဥပဒေတစ်ရပ်ပြဌာန်းနိုင်ရေးနှင့် အမြန်ဆုံးခွင့်ပြုချက်ရရှိရေးတို့အတွက် ကြိုးစားနေကြောင်း  သိရသည်။

အဆိုပါဘေးတွဲများအား မြို့အတိုင်းအတာဖြင့် ထောက်ရှုကာ အစီးရေကန့်သတ်ခြင်း ၊ ဘေးတွဲဆိုင်ကယ်များအနေဖြင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့် ကိုက်ညီ၊လိုက်နာမှုရှိရေး ၊ အနှေးယာဉ်ဆိုက်ကားရပ်နား နယ်မြေများနှင့် ဘေးတွဲဆိုင်ကယ်များ ရပ်နား၊ဂိတ်ထိုးမည့်နေရာများအား သီးခြားသတ်မှတ်ပေးရန် လိုအပ်ကြောင်းကိုလည်း ဦးခင်ဇော်ဝင်းက  ဖြည့်စွက်ပြောကြားခဲ့ပါသည်။

လက်ရှိတွင် ဘေးတွဲဆိုင်ကယ်များအား မောင်းနှင်ခွင့်တားမြစ်ထားခြင်းသည် ရခိုင်ပြည်နယ်တွင် မင်းပြားမြို့တစ်မြို့တည်းသာ ဖြစ်ကြောင်း သိရပြီး တားမြစ်ခံထားရခြင်းမှာ လက်ရှိတရားဝင်ခွင့်ပြုချက်ရထားသည့် အနှေးယာဉ်ဆိုက်ကားသမားများနှင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတို့ အကြား ပြေလည်မှုမရှိသဖြင့် တရားဝင်မဖြစ်သေးသည့် ဘေးတွဲဆိုင်ကယ်များအား မောင်းနှင်ခွင့် ယာယီပိတ်ထားရခြင်းသဘောမျိုးသာ ဖြစ်ကြောင်း စည်ပင်သာယာအဖွဲ့မှ ပြောပြချက်အရ သိရသည်။

သို့သော် အဆိုပါကိစ္စအတွက် တရားဝင်ခွင့်ပြုချက်ရရှိရေးနှင့် ဘေးတွဲဆိုင်ကယ်နှင့် ဆက်စပ်သည့် ဥပဒေတစ်ရပ် ပေါ်ပေါက်လာရေး ဘေးတွဲမောင်းနှင်သူများ ကိုယ်တိုင်ကလည်း စုပေါင်းလက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာသို့ တင်ပြအသနားခံခြင်းဖြစ်စေ .... ဥပဒေဘောင်တွင်းမှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်၊အသနားခံခြင်းဖြစ်စေ .... အလားတူ လုပ်ဆောင်ချက်မျိုးကို လုပ်ဆောင်သင့်ကြောင်း မင်းပြားမှ ဥပဒေရေးရာနားလည်သူများက ထောက်ပြ ပြောဆိုနေကြသည်ကိုလည်း ကြားသိရသည်။

မောင်ကာကြီး (လေးမြို့)
ဓာတ်ပုံ - သူရိန်လင်း
မင်းပြားမြို့မှ စေတနာရှင်များ စုပေါင်း၍ ရခိုင်စစ်ဘေးရှောင်ပြည်သူများအား အခြေခံစားနပ်ရိက္ခာများ ကူညီ၊ထောက်ပံ့

မင်းပြားမြို့မှ စေတနာရှင်များ စုပေါင်း၍ ရခိုင်စစ်ဘေးရှောင်ပြည်သူများအား အခြေခံစားနပ်ရိက္ခာများ ကူညီ၊ထောက်ပံ့


 May 4 , 2016

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ပေါ် ၊ မြို့နယ်မှ စေတနာရှင်များ စုပေါင်း၍ ဘူးသီးတောင်၊ရသေ့တောင်မြို့နယ်များရှိ ရခိုင်စစ်ဘေးရှောင်ပြည်သူများအား မေလ ၂ ၊ ၃ ရက်နေ့များက အခြေခံစားနပ်ရိက္ခာများ ကူညီထောက်ပံ့၊လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကူညီ၊ကယ်ဆယ်ရေးခရီးစဉ်ဖြစ်မြောက်ရေးအတွက် မင်းပြားမြို့မှ စည်းကမ်း ထိန်းသိမ်းရေး သံဃာတော်များအသင်း ၊ ဇ-ဖောင်ဒေးရှင်း နှင့် ပရဟိတလူငယ်များက ဦးဆောင်စီစဉ်၍  မြို့အနှံ့ လှည့်လည်ကာ စေတနာများထံမှ အလှူငွေများ ကောက်ခံခဲ့ကြပြီး အလှူငွေစုစုပေါင်း ၃၅ သိန်းခန့် ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စည်းကမ်းထိန်းသိမ်းရေး သံဃာတော်များအသင်း (မင်းပြား) မှ အလှူငွေ (၇) သိန်းနှင့် ဇ-ဖောင်ဒေးရှင်းနှင့် ပူးပေါင်းစေတနာရှင်များမှ လှူဒါန်းငွေ (၇) သိန်းတို့ကို အသီးသီးထည့်ဝင် လှူဒါန်းကြသဖြင့် စုစုပေါင်း (၄၉) သိန်းခန့် ရရှိခဲ့ကြောင်း သိရပြီး အဆိုပါအလှူငွေများအား စည်းကမ်းထိန်းသိမ်းရေး သံဃာတော်များအသင်း (မင်းပြား) ၊ ဇ-ဖောင်ဒေးရှင်းနှင့် ပရဟိတလူငယ်များက မင်းပြားမြို့ကိုယ်စားပြုအဖြစ် သွားရောက်၊ ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မင်းပြားမြို့မှ ကိုယ်စားပြုအဖွဲ့သည် မေလ ၂ ရက်နေ့က ရသေ့တောင်မြို့နယ် ၊ ကျောက်တန်းကျေးရွာရှိ ကျောက်တန်းစစ်ဘေးရှောင် ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်ပြည်သူ (၈၂) ဦးအတွက် ဆန် (၁၁)အိတ် ၊ ဆီ (၁၆) ဗူး ၊ ဟင်းချိုမူန့် (၁၀ ) ထုတ် ၊ ခြင်ထောင် (၁၆) ထုတ် ၊ ဖျာ (၁၆) ချပ် ၊ ငရုတ်သီး (၁၆) ထုတ် ၊ ဓါတ်ဆား (၁) ဖာ ၊ အရေပြားရောဂါလိမ်းဆေး (၁၀) တောင့်တို့ကို ကူညီ၊ထောက်ပံ့နိုင်ခဲ့ကြောင်း သိရပြီး ရသေ့တောင်မြို့နယ် ၊ ရကောင်းချောင်းကျေးရွာရှိ ရကောင်းချောင်းဒုက္ခသည်စခန်းမှ စစ်ဘေးရှောင် ပြည်သူ (၈၁) ဦးအတွက် ဆန် (၁၇)အိတ် ၊ ဆီ (၉) ဗူး ၊ ဟင်းချိုမူန့် (၉)ထုတ် ၊ ဖျာ (၁၇) ချပ် ၊ ငရုတ်သီး (၉) ထုတ် ၊ ဓါတ်ဆား (၁) ဖာ ၊ အရေပြားရောဂါလိမ်းဆေး (၁)ဖာ တို့ကိုလည်း ပေးအပ် ၊ ကူညီထောက်ပံ့နိုင်ခဲ့ကြောင်း ဇ-ဖောင်ဒေးရှင်းမှ ကိုကောင်းမြတ်ကျော်က ပြောကြားသည်။

၎င်းမှတဆင့် အဆိုပါ ကိုယ်စားပြုအဖွဲ့သည် ရသေ့တောင်မြို့နယ် ၊ ရစိုးချောင်းကျေးရွာရှိ ရစိုးချောင်းစစ်ရှောင်ဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ (၂၆၂)ဦး အတွက် ဆန် (၃၂)အိတ် ၊ ဆီ (၂၅) ဗူး ၊ ဟင်းချိုမူန့် (၁၅)ထုတ် ၊ ဖျာ (၂၄) ချပ် ၊ ငရုတ်သီး (၂၂) ထုတ် ၊ ဓါတ်ဆား (၁) ဖာ ၊ အရေပြားလိမ်းဆေး (၁)ဖာ တို့ကို လည်းကောင်း ၊ ရသေ့တောင်မြို့နယ် ၊ ကင်းပွန်းချောင်းကျေးရွာရှိ ကင်းပွန်းချောင်းစစ်ရှောင်ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်ပြည်သူ (၁၂၈)ဦး အတွက် ဆန် (၃)အိတ်ကို လည်းကောင်း ပေးအပ်နိုင်ခဲ့ကြောင်း ဇ-ဖောင်ဒေးရှင်းမှ ကိုဇော်လင်းထွန်းက ဆိုသည်။

ထိုမှတဖန် အဆိုပါ ကိုယ်စားပြုအဖွဲ့သည် ဘူးသီးတောင်မြို့နယ် ၊ စည်တောင်ကျေးရွာရှိ စည်တောင်စစ်ရှောင်ဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ (၄၄၂)ဦး အတွက် ဆန် (၆၀)အိတ် ၊ ဆီ (၅၆) ဗူး ၊ ဟင်းချိုမူန့် (၅၈)ထုတ် ၊ ခြင်ထောင် (၉၄) ထုတ် ၊ ဖျာ (၄၃) ချပ် ၊ ငရုတ်သီး (၆၃) ထုတ် ၊ ဓါတ်ဆား (၂) ဖာ ၊ အရေပြားလိမ်းဆေး (၃)ဖာ တို့ကို လည်းကောင်း  ၊ ရသေ့တောင်မြို့နယ် ၊ ပဲသဒူကျေးရွာရှိ ပဲသဒူစစ်ရှောင်ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်ပြည်သူ (၁၄၈)ဦး အတွက် ဆန် (၂၇)အိတ် ၊ ဆီ (၁၄) ဗှူး ၊ ဟင်းချိုမှုန့် (၁၄)ထုတ် ၊ ငရုတ်သီး (၁၄) ထုတ် ၊ အရေပြားရောဂါလိမ်းဆေး (၁)ဖာ တို့ကို လည်းကောင်း မင်းပြားမြို့ပေါ် ၊ မြို့နယ်မှ စေတနာရှင်များ ကိုယ်စား လွှဲပြောင်း လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်စားပြုအဖွဲ့သည် မေလ ၃ ရက်နေ့ ၊ ညပိုင်းတွင် မင်းပြားမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

မောင်ကာကြီး (လေးမြို့)
ဓာတ်ပုံ - ကောင်းမြတ်ကျော်
၂၀၁၆ ခုနှစ် မင်းပြားသင်္ကြန်သည် မြောက်ဦးခရိုင်တွင် အစည်ကားဆုံး ရိုးရာသင်္ကြန်ပွဲတော် ဖြစ်လာ

၂၀၁၆ ခုနှစ် မင်းပြားသင်္ကြန်သည် မြောက်ဦးခရိုင်တွင် အစည်ကားဆုံး ရိုးရာသင်္ကြန်ပွဲတော် ဖြစ်လာ


(Western News)
April 15 , 2016

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦးခရိုင်တွင် သောက်သုံးရေရှားပါးမှုနှင့် အကြောင်းအမျိုးမျိုးတို့ကြောင့် ရိုးရာရေလောင်းမဏ္ဍပ်များကို စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိခဲ့ပြီဖြစ်သော်လည်း ယခု  ၂၀၁၆ ခုနှစ် မင်းပြားသင်္ကြန်သည် မြောက်ဦးခရိုင်တွင်အစည်ကားဆုံး ရိုးရာသင်္ကြန်ပွဲတော်တစ်ခုဖြစ်လာကြောင်း ရခိုင်မြောက်ပိုင်းဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မင်းပြားအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့အချို့၌ သင်္ကြန်အခါသမ ကားပေါ်တွင် ဆောင်းဘောက်များ ဖွင့်ပြီး မြို့ပတ် ၊ လျှောက်လည်သည့် ခေတ်သစ်ယဉ်ကျေးမှု ထွန်းကားလာခြင်းနှင့် ရေရှားပါးမှုတို့ကြောင့် ရိုးရာမဏ္ဍပ်များ တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါးရှိနေကြောင်း မင်းပြားဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ဝင်းက ပြောကြားသည်။

သို့သော်လည်း ယခုနှစ် မင်းပြားတွင် ဦးဥတ္တမပန်းခြံအတွင်း၌ ရိုးရာရေလောင်း
မဏ္ဍပ်များ ရပ်ကွက်အလိုက်ဖွင့်ကာ ရန်ကုန် ၊ သိမ်ဖြူကွင်း ၊ သုဝဏ္ဍကွင်းများကဲ့သို့ တစ်စုတစ်စည်းကျင်းပလာနိုင်သဖြင့် အထူးစည်ကားကာ မင်းပြားအပါအဝင် မြောက်ဦး ၊ ကျောက်တော် ၊ မြေပုံ ၊ ပေါက်တောနှင့် ရပ်ဝေး၊ရပ်နီးမှ လာရောက်ရေကစားခဲ့ကြကြောင်း အဆိုပါပွဲတွင် ဈေးဆိုင်ရောင်းသူတစ်ဦးဖြစ်သူ ကိုညီညီဆန်းက ပြောကြားသည်။

အဆိုပါ မင်းပြား ရိုးရာသင်္ကြန်ပွဲဖြစ်မြောက်ရေးအတွက် မင်းပြားမြို့စည်ပင်သာယာရေးကော်မတီနှင့် လူမှုအဖွဲ့အစည်းများမှ ပူးပေါင်း၍ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ရိုးရာဘုရားရေသပ္ပယ် ကုသိုလ်ယူပွဲကိုလည်း ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

မောင်ကာကြီး (လေးမြို့)
ANP ဖြိုခွဲသူ ဘုံရန်သူ.....

ANP ဖြိုခွဲသူ ဘုံရန်သူ.....


(ပြည်သူ့အသံ)
March 20 , 2016
၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ရခိုင်အမျိုးသားပါတီ ANP က တိုင်းရင်းသားလူနည်းစုပါတီဖြစ်သော်လည်း တတိယမဲအများဆုံးအနိုင်ရသည့်အပေါ်
တခြားတိုင်းရင်းသားများကပါ ရခိုင်ကို လေးစားကြ၏....ရက္ခိတမှန်စွာ အမျိုးကိုချစ်ကြခြင်းကို မြန်မာပြည်တစ်ဝှမ်းမှ လေးစားအသိအမှတ် ပြုကြရသည်။ အခုတော့ ဒါလားဟေ့ ရခိုင်လို့ ပြောကြရပေတော့မည်။ မိဘမကောင်းတာ သားသမီးခေါင်းပေါ်ကျပြီ.... ဆရာဝေဟင်အောင်၏ ဆောင်းပါးနာမည်လိုမျိုး ``ရခိုင်ပြည်သူကို အိုးမဲသုတ်ကြလေပြီ´´ရေးသားထားသည်မှာ အပြည့်အဝမှန်၏....
တကယ်တော့...ရခိုင်အမျိုးသားပါတီ ANP ကို ဒေါက်တာအေးမောင် မပိုင်သလို
ဦးအေးသာအောင်လည်း မပိုင်ပါ.. .....ANP ကို ဦးခိုင်ပြည်စိုး မပိုင်သလို ဦးလှမြင့်လည်း မပိုင်ပါ....ANP ကို ဦးဦးလှစောနှင့် ဒေါ်အေးနုစိန်လည်း မပိုင်ပါ....ANP ကို RNDP (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ) မှ မပိုင်သလို ALD (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)မှလည်း မပိုင်ပါ....တစ်ခိုင်တည်းသော ရခိုင်ပါတီဖြစ်မြောက်ရေးအတွက် ရခိုင်လူထုအားလုံးက တောင်းဆိုဆန္ဒပြုမှုကြောင့် RNDP နှင့် ALD တို့ပူးပေါင်းကာ ANP ဖြစ်လာရခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ANP ၏ မူလပိုင်ရှင်အမှန်မှာ ရခိုင်ပြည်သူ၊သားများသာ ဖြစ်သည်။
အရိုးရှင်းဆုံးပြောရပါက....ရခိုင်လူမျိုးတိုင်း ANP ကို ထောက်ခံဝိုင်းရံခြင်းသည် ဦးအေးသာမောင် ရှိနေ၍ မဟုတ်သလို....ဒေါက်တာအေးမောင်ရှိနေ၍လည်း မဟုတ်ပါ....တန်းတူအခွင့်အရေးရရှိရန်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရရှိနိုင်ရေးတို့ကြောင့် ထောက်ခံခြင်းအားပေးကြခြင်းသာ ဖြစ်သည်။ ပြည်သူက တာဝန်ကျေသည်.....သင်တို့တာဝန်မကျေတာ အမြန်ဆုံးပြုပြင်ပါ....အဆိုးဝါးဆုံး ပြောရပါက ANP ပါတီအနိုင်ရေးအတွက် ရခိုင်ပြည်သူ၊သားများက အမျိုးသားတာဝန်ကျေပွန်စွာဖြင့် အသဲကြားက ထုတ်နုတ်ပေးခဲ့သည့် ဗျာလတံဆိပ်ပေါ်က မဲပြားအရေအတွက်များသည် သင်တို့အချင်းချင်း စကားများရန်ဖြစ်နေကြသည်ကို လိုက်လံဖျန်ဖြေနေရန် မဟုတ်သလို ပန်းနီလာအစည်းအဝေး ကျင်းပရန်နှင့် လူ ၆ ယောက်သဘောဖြင့် မီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲလုပ်ရန် မဟုတ်ပါ....
သင်တို့အားလုံးသိစေရန်မှာ...အကွဲကွဲအပြဲပြဲဖြစ်ခဲ့ရင်....၂၀၂၀ မှာ သင်တို့ပဲ ထပ်နိုင်လိမ့်မည်မထင်ပါနှင့် ....သင်တို့နောက်မှာ အသင့်စောင့်နေကြသော သင်တို့ထက် ပိုအင်အားကြီးသော ဒေါင်းတို့၊ကြံ့တို့က အဆင်သင့်နေရာယူစောင့်နေပြီးသား... တောင်ပိုင်းက ကျဆုံးနေပြီ...ဒါတောင် သင်တို့က ပါဝါပြတုန်း...ကလေးဆန်တုန်း.. ဘယ်တော့ပြီးမလဲ...သင်တို့ ထိုင်ခုံနေရာချတာ....ပြည်သူတွေတောင် ..နားညောင်းလာပြီ.....ရခိုင်လူမျိုးများ အထွတ်အမြတ်ထားသည့် ဗျာလကို အားနာပါ....သင့်တို့ထက် ပိုမြင့်မြတ်သော ဗိုလ်ချင်းပျံ.... သျှင်ဦးမြဝါ....မင်းသားကြီး ဦးရွှေဘန်း....ဒေးဝန်းကြီး ၊ မြို့သူကြီးတို့ကို အားနာပါ.. ..နေရာလုချင်ရင် ဘက်စ်ကားစီးပါ...ပါဝါပြချင်ရင် တပ်ထဲ ဝင်ပါ...ANP ကိုတော့ ပြိုကွဲအောင် မလုပ်ကြပါနှင့်....ANP ပြိုကွဲအောင် လုပ်ကြံသူသည်....စံရဖွေ ၊ ငသံဒွေ တို့အုပ်စု၌ ထည့်သွင်းရမည့် အမျိုးသားသစ္စာဖောက်များ ဖြစ်သွားမည်ဖြစ်ပြီး ANP ဖြိုခွဲသူသည် ရခိုင်တိုင်းရင်းသားအားလုံးတို့၏ ဘုံရန်သူဖြစ်သည်။ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါသည်။
မောင်ကာကြီး (လေးမြို့)
- ရခိုင်လူမျိုးတစ်ဦး၏ ဆန္ဒ -
မြောက်ဦးမြို့  ၊ ဘုရားပေါ်တွင် မီးလောင်

မြောက်ဦးမြို့  ၊ ဘုရားပေါ်တွင် မီးလောင်




(Breaking News)
ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့  ၊ ဘုရားပေါ်ရပ်ကွက် ၊ ရွာဦးဖက်တွင် ယနေ့ မတ်လ ၁၇ ရက်နေ့ ၊ နေ့လည် ၁ နာရီခန့်က လျှပ်စစ်မှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ယခုအခါ မီးညွှန့်ကျိုးခဲ့ပြီဖြစ်ကြောင်း သိရသည်။
လေးမြို့ 
ဓာတ်ပုံ - သျှင်ထွီးညို
အနောက်ဖက်မှ သွေးချင်းတို့ရဲ့  ရိုးရာအစားစာ ရခိုင်မုန့်တီချက်နည်း

အနောက်ဖက်မှ သွေးချင်းတို့ရဲ့  ရိုးရာအစားစာ ရခိုင်မုန့်တီချက်နည်း


(Ethical Food)
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးခန့်နေထိုင်ကြပြီး တိုင်းရင်းသားတို့၏ ဒေသခံအလိုက် ရိုးရာအစားစာများလည်း သီးခြားကိုယ်စီရှိကြသည်။ ဒီနေ့မှာတော့ မြန်မာပြည်မှာ လူကြိုက်များသည့် ရခိုင်တိုင်းရင်းသားသွေးချင်းတို့၏ ရိုးရာအစားအစာတစ်ခုဖြစ်သော ရခိုင်မုန့်တီ ချက်နည်းအကြောင်းကို ဖော်ပြပေးသွားမည်။ အိမ်မှာ မိသားစုအလိုက် ၊ မိတ်ဆွေအပေ၊င်းအသင်းများအလိုက် ချက်စားနိုင်မည့် စွဲမက်ဖွယ်ရာ ရိုးရာရခိုင်မုန့်တီ ချက်နည်းပါ....
ရခိုင်မုန့်တီ ချက်ရန် လိုအပ်သော ပစ္စည်းများ
(၁)မုန့်တီ ၁ ပိသာ
(၂)ငါးရွှေ ၁၅ ကျပ်သား
(၃)ပုစွန်ငါးပိ ၅ ကျပ်သားခန့်
(၄)ကြက်သွန်ဖြူ(ဥအသေး) ၅ ကျပ်သား
(၅)ငရုတ်ကောင်း ၁ ကျပ်သား
(၆)နံနံပင် (လိုအပ်သလောက်)
(၇)မကျည်းသီး အမှည့် (နည်းနည်း)
(၈)ဆား၊ အချိုမှုန့်
(၉) ငရုပ်သီးအစိမ်း (၂၀) ဆယ်သား
(၁၀) ပဒေကော (၂၀) ဆယ်သားလောက်
ပြုလုပ်နည်း
ပထမဆုံး ရေကို ခန့်မှန်းထည့်ပြီး ရေနွေးဆူအောင်တည်ထားပါ၊ တပြိုင်တည်း ငါးကို (အပိုင်းဆိုရင် ထက်ခြမ်းခြမ်းလိုက်ပါ)ပြီးလျှင် ငါးကင်ပါ (မီးသွေးနဲ့ကင်တာပိုကောင်းပါသည်)၊ ရေနွေးပွက်ပြီဆိုတာနဲ့ င/ပိ ထည့်ပါ၊ ငါးပိကိုကျက်အောင်ထားပြီး အိုးကိုချလိုက်ပါ ခဏအနေထိုင်အောင်စောင့်လိုက်ပါ ပြီးလျှင် င/ပိကို စစ်လိုက်ပါ အောက်ကအဖတ်တွေကို ဖယ်လိုက်ပါ (အိုးတစ်လုံးနဲ့ထည့်ထားလိုက်ပါ လိုအပ်လျှင်ထည့်ရအောင်အတွက်) ပြီးလျှင် အိုးကိုထပ်တည်ထားပါ၊ ငါးမျက်နှာပြင်တင်းပြီဆိုတာနဲ့ ငါးကို ထုတ်လိုက်ပြီး ငါးကို နွင်ပါ။
အတုန်းလေးတွေအထိပဲနော်။ ပြီးလျှင် ငါးကို အိုးထဲထည့်လိုက်ပါ။ အဲဒီအချိန်မှာဘဲ အချိုမှုန့်၊ ဆားကို လိုသလိုထည့်ပါ။ အပေါ့အငံအတော်ဖြစ်ပြီဆိုတာနဲ့ င/ရုပ်ကောင်း၊ ကြက်သွန်ကို ထောင်းပါ။ (င/ရုပ်ကောင်းကို လှော်လိုက်ပါ၊ ကြက်သွန်ဖြူကိုလည်း အမာခွန်ကိုချန်ထားပါ)ပြီးလျှင် ပွက်နေတဲ့အိုးထဲကို ထည့်လိုက်ပါ။
(၂)မိနစ်လောက်ထားပြီး ရင် အရမ်းကောင်းတဲ့ ရခိုင်မုန့်တီကို အားပါတရစားလို့ရပါပြီ။ အဲဒီထဲမှာ နံနံပင်၊ ကြက်သွန်ဖြူဆီသတ်တာရယ်၊ ကြက်သွန်နီကြိုက်ရင် ပါးပါးလှီးပြီး ထည့်လို့လည်းရတယ်နော်။
ပြီးရင် ငါးဖယ်၊ ပဲကြော်၊ ပဲသီးကြိုက်ရင်လည်းထည့်စားလို့ရသေးတယ်၊ (င/ရုပ်သီးကြိုက်သူများအတွက်ဆိုရင်) င/ရုပ်သီးက အစိမ်းဒီအတိုင်းချိုးပြီးထည့်ရင်လည်းရတယ်၊ (ဒါမဟုတ်)င/ရုပ်သီးကိုပြုတ်ပြီး လက်လှည့်စက်နဲ့ လှည့်လိုက်ပါ။ ပြီးရင် င/ပိထည့် (င/ပိများများ)၊ ဆား၊ အချိုမှုန့်၊ ပုဇွန်ခြောက်မှုန့်ထည့်ပြီး ရေထပ်ထပ်ကလေးနဲ့ ချက်လိုက်ပါ။ မကျည်းသီးကိုတော့ ရေနွေးနဲ့ အရည်ဖျော်ထားလိုက်ပါ။
အသုတ်လည်းစားမယ်ဆိုရင်တော့ အာလူးလေးနည်းနည်းပြုတ်လိုက်ပါအုံးနော်၊ ခုဏကပြောတဲ့ င/ရုပ်သီး ချက်ရယ်၊ ပြီးတော့ အာလူးပြုတ်ရယ် နည်းနည်းထည့်၊ အချဉ်လိုသလောက်ထည့်ပြီး သုတ်လို့ရပြီနော်။
ကဲ... အဆင်ပြေနိုင်ကြပါစေ....
သက်ထားရွှေစင် (လေးမြို့ )
ကိုးကား- ARRC
ပတ္တမြားဒေဝီ မိဖုရားစိုးမဲကျီ ပြုပြင်မွမ်းမံကိုးကွယ်ခဲ့သည့် ဦးရာဇ်တောင်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်

ပတ္တမြားဒေဝီ မိဖုရားစိုးမဲကျီ ပြုပြင်မွမ်းမံကိုးကွယ်ခဲ့သည့် ဦးရာဇ်တောင်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်




(Announced News)
ပတ္တမြားဒေဝီ မိဖုရားစိုးမဲကျီ ပြုပြင်မွမ်းမံကိုးကွယ်ခဲ့သည့် ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့အနီးရှိ ဦးရာဇ်တောင်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက် မတ်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့ထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လေးမြို့
ဓာတ်ပုံ - သျှင်ထွီးညို
ဦးထင်ကျော် သမ္မတဖြစ်လာခြင်းကို တစ်နိုင်ငံလုံးက ဝမ်းသာအားရကြိုဆိုကြသော်လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဖြစ်လာလျှင် ရခိုင်ဒေသခံတို့ဝမ်းသာအားရ ကြိုဆိုနိုင်ပါ့မလား......

ဦးထင်ကျော် သမ္မတဖြစ်လာခြင်းကို တစ်နိုင်ငံလုံးက ဝမ်းသာအားရကြိုဆိုကြသော်လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဖြစ်လာလျှင် ရခိုင်ဒေသခံတို့ဝမ်းသာအားရ ကြိုဆိုနိုင်ပါ့မလား......




(Short Political Article)
March 16 , 2016
၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ မြန်မာနိုင်ငံတွင် မဲအများဆုံးအနိုင်ရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အစိုးရဖွဲ့ခွင့်ရရှိခဲ့ပြီး NLD မှ ဦးထင်ကျော်က သမ္မတဖြစ်လာခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝမ်းပန်းတသာကြိုဆိုထောက်ခံကြသော်လည်း ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ မြန်မာနိုင်ငံတွင် တတိယမဲအများအဆုံး အနိုင်ရထားပြီး ရခိုင်ပြည်နယ်အတွင်း အမတ်နေရာအများဆုံးအနိုင်ရထားသည့် ရခိုင်အမျိုးသားပါတီ ANP က ပြည်နယ်အစိုးရဖွဲ့ခွင့်နှင့် ပြည်နယ်ဝန်ကြီးချုပ်နေရာတို့အား လုပ်ပိုင်၊ခန့်အပ်ခွင့်မရဘဲ ပြည်မကသာ ချုပ်ကိုင်၍ NLD ပါတီမှ ဦးညီပုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်ထားသွားမည်ဆိုပါက ဦးထင်ကျော် သမ္မတဖြစ်၍ ပြည်သူတွေ ပျော်ရသလိုမျိုး ရခိုင်ဒေသခံတွေက ပျော်နိုင်ပါ့မလား တွေးတောစိုးရိမ်မိပါသည်။
စစ်အာဏာရှင်အုပ်စု၏ ဖိနှိပ်အုပ်စိုးမှုအောက်တွင် ကာလအတော်ကြာနေခဲ့ရသည့် တုံးအောက်က ဖားကဲ့သို့သော သွေးချင်းညီအစ်ကိုများတို့ သည်လွတ်လပ်၍ တရားမျှတသည့် ဒီမိုကရေစီအိပ်မက်ကို မက်လိုစိတ်များပေါက်ဖွားလာချိန်၌ NLD သည် ပြည်မမှ တစ်နိုင်ငံသားလုံး၏ အားကိုး၊မျှော်လင့်ရာ စိတ်ထွက်ပေါက်တစ်ခုဖြစ်သည်မှာ ငြင်းနေစရာမလိုသော အမှန်တရားတစ်ခုဖြစ်သကဲ့သို့ ANP သည် ရခိုင်ရိုးမအနောက်ဖက်မှ သွေးချင်းတို့၏ အနာဂတ်မျှော်လင့်ချက်လည်း ဖြစ်ခဲ့သည်။
ထို့ကြောင့် တရားမျှတပြီး လွတ်လပ်သောနိုင်ငံသားအဖြစ်ကို ရယူလိုသည့် ပြည်မမှ မြန်မာနိုင်သားအများစုသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကို ပုံအောကာ မဲပေးခဲ့ကြသကဲ့သို့ တန်းတူအခွင့်အရေးရရှိရေးနှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရလိုကြသော သွေးချင်းတိုင်းရင်းသားရခိုင်ဒေသခံတို့သည့် ANP ပါတီကို အိတ်သွန်ဖာမှောက် မဲပေးခဲ့ကြသည်ကို အများသူငါ သိရှိပြီးလည်း ဖြစ်၏....
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ၅၉ (စ)အရ NLD မှ အာရှသူရဲကောင်းအမျိုးသမီးခေါင်းဆောင်တစ်ဦး သမ္မတ ဖြစ်ခွင့်မရရှိခြင်းကို ပြည်တွင်း၊ပြည်ပမှ မိဘပြည်သူများ စိတ်ချမ်းမသာဖြစ်ခဲ့ရသကဲ့သို့ သွေးချင်းတိုင်းရင်းသားများလည်း စိတ်အလိုမကျဖြစ်ခဲ့ရပါသည်။ သို့သော်လည်း ပြည်မတွင်ပြည်သူအကြိုက် ပြည်သူ့အစိုးရ ၊ ပြည်သူ့သမ္မတနှင့် ဖြစ်နေပြီ...
ထို့အတူ တိုင်းရင်းသားဒေသများတွင်လည်း ဒေသခံဌာနေတိုင်းရင်းသားများအကြိုက် NLD အနေဖြင့် ၂၀၁၈ ဖွဲ့စည်းပုံကို မသွေဖယ်သည့် နည်းလမ်းများဖြင့် ပြည်နယ်အတွင်း အနိုင်ရပါတီကို လုပ်ပိုင်ခွင့်အနည်းငယ်ခွဲဝေပေးမှသာလျှင် ဒေသခံတိုင်းရင်းသားပြည်သူ၏ အိပ်မက်များကို ရှင်သန်ပေးရာ ရောက်နိုင်ပါလိမ့်မည်ဟု ယူဆမိပါသည်။ သို့မဟုတ်ပါက ပြည်မတွင် မည့်သည့် အစိုးရပဲတက်တက် ၊ မည်သည့်ပုဂ္ဂိုလ်ပဲ သမ္မတဖြစ်ဖြစ် ပြည်မမှ ပြည်သူတွေသာ ပျော်ရွှင်လိမ့်မည်ဖြစ်ပြီး တိုင်းရင်းသားတိုင်းအတွက် ကိုယ်ပိုင်အစိုးရဖွဲ့ကာ ဖက်ဒရယ်ပြည်ထောင်စုစနစ်မတည်ဆောက်နိုင်သရွေ့ ပျော်ရွင်ကြရလိမ့်မည် မဟုတ်ပါ.....
ထို့အတူပင် ရခိုင်ဒေသခံများက မဲအများဆုံးအနိုင်ရထားသည့် ANP ပါတီမှ ဝန်ကြီးချုပ်နေရာကို ဒေသခံအကြိုက် ခန့်အပ်ခွင့်ရရှိရေး မျှော်လင့်တောင့်တနေကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို NLD ကသာ ဗဟိုချုပ်ကိုင်၍ ခန့်အပ်လာမည်ဆိုလျှင် ဒေသခံတွေ ဝမ်းသာနိုင်ပါ့မလား....ကိုယ်ချင်းစာ နာတတ်ကြည့်လျှင် သိနိုင်ပါမည်။
တန်းတူအခွင့်အရေးအရ ပြည်မတွင် မဲအများဆုံးအနိုင်ရထားသည့် NLD သမ္မတဖြစ်ခွင့်ရလို့ ပြည်သူတွေ ဝမ်းသာ ပျော်ရွှင်သလိုမျိုး ရခိုင်ဒေသခံပြည်သူများကလည်း ပျော်ရွှင်ခွင့်ရနိုင်ပါ့မလားဆိုသည်မှာ....ကံကြမ္မာသာ ဖန်ဆင်းရှင်ဖြစ်ပါ၏....လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည်....
မာရုသူရ
(တိုင်းရင်းသားတစ်ဦး၏ ခံစားချက်)
NLD အနေဖြင့် ဦးညီပုအား ဝန်ကြီးချုပ်ခန့်အပ်ခြင်းသည် ဒီမိုကရေစီကို အလေးမထားရာရောက်ကြောင်း ANP မှ ဝေဖန်

NLD အနေဖြင့် ဦးညီပုအား ဝန်ကြီးချုပ်ခန့်အပ်ခြင်းသည် ဒီမိုကရေစီကို အလေးမထားရာရောက်ကြောင်း ANP မှ ဝေဖန်




(Political News)
March 4 , 2016
ရခိုင်ပြည်နယ်တစ်ခုလုံး မဲအများဆုံးအနိုင်ရရှိထားသော ANP ၏ ဆန္ဒနှင့်သဘောထားကို မျက်ကွယ်ပြု၍ ဦးညီပုအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ခြင်းသည် NLD အနေဖြင့် ဒီမိုကရေစီကို အလေးမထားရာ ရောက်ကြောင်း ရခိုင်အမျိုးသားပါတီ ANP မှ ဝေဖန်ပြောကြားလိုက်ကြောင်း သိရသည်။

“ANP က ပြည်နယ်လွှတ်တော်နေရာ ၂၃ နေရာကို နိုင်ထားတယ်။ ဒါဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီကျကျ ရွေးကောက် တင်မြှောက်ထားတာပါ။ အများဆုံးအနိုင်ရထားတဲ့ ကျနော်တို့ပါတီကသာ ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖို့နှင့် ၀န်ကြီးချူပ်နေရာကို ရရှိသင့်ပါတယ်။ ဒါပေမယ့် NLD က ခုလို ကျနော်တို့ရဲ့ သဘောထားကို သွေဖီပြီး လုပ်တယ်ဆိုတာဟာ ဒီမိုကရေစီကို အလေးမထားတာပါ။ ဒီလိုမျိုး ရှေ့ဆက်သွားရင် NLD ရဲ့ ဒီမိုကရေစီဟာ မကြာခင်မှာပဲ တိုင်းရင်းသားတွေနဲ့ ထပ်တူကျလာတော့မှာ မဟုတ်ပါဘူး” လို့ ANP ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက ပြောကြောင်း RIA ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါကိစ္စသည် ယနေ့(မတ်လ-၄ ရက်နေ့)၊ နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးအပြီး ဦးညီပုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း NLD မှ ပြောခွင့်ရ ဦးဝင်းထိန်၏ မီဒီယာများကို ထုတ်ဖော်ပြောကြားချက်အရ ANP မှ တုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မင်းမြတ်ခိုင်
ဘူးသီးတောင်တိုက်ပွဲအတွင်း အစိုးရစစ်တပ်မှ ၃၀ ကျော်ကျဆုံးခဲ့ကြောင်း AA မှ သတင်းထုတ်ပြန်

ဘူးသီးတောင်တိုက်ပွဲအတွင်း အစိုးရစစ်တပ်မှ ၃၀ ကျော်ကျဆုံးခဲ့ကြောင်း AA မှ သတင်းထုတ်ပြန်


Political News)
March 4 , 2016
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်မြို့နယ်တွင် အစိုးရစစ်တပ်နှင့် Arakan Army (AA) တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရပြီး မနေ့က တိုက်ပွဲများအတွင်း အစိုးရစစ်တပ်ဖက်မှ ၃၀ ထက်မနည်း ကျဆုံးခဲ့ကြောင်း AA ၏ သတင်းထုတ်ပြန်ချက်အရ ကြားသိရသည်။


မနေ့ ၊ မတ်လ (၃)ရက် ၊ကြာသပတေးနေ့ ၊ ညနေ (၆) နာရီ နှင့် (၈) နာရီအချိန်တို့တွင် ရက္ခိုင့်တပ်မတော် ၊ အမှတ်(၅) ဗျူ ဟာလက်အောက်ခံလှုပ်ရှားစစ်ကြောင်းအချို့ နှင့် မြန်မာစစ်တပ်၏ မိုင်တိုင် (၆၃) နှင့် (၆၅) အကြားတွင်လှုပ်ရှားနေသော စကခ (၁၅) လက်အောက်ခံ၊ ဘူးသီးတောင်အခြေစိုက်တပ်ရင်းများဖြစ်ကြသော ခမရ(၅၆၅) နှင့် အခြားတပ်ရင်းတစ်ခု (အမည်စိစစ်ဆဲ) တို့သည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ ၊ မိုင်တိုင်အမှတ် ( ၆၃/၆၄) နှင့် အခြားတစ်နေရာတွင် တိုက်ပွဲနှစ်ကြိမ်ထပ်မံ၍ဖြစ်ပွားခဲ့ကြောင်း AA ၏ ပြန်ကြားရေးဌာနမှ သတင်းထုန်ပြန်ချက်တွင် ဖော်ပြထားပြီး အဆိုပါတိုက်ပွဲတွင် မြန်မာစစ်တပ်ဖက်မှ (၃၀) ကျော် ကျဆုံးခဲ့ကာ ဒဏ်ရာရရှိမှုလည်း အများအပြား ရှိခဲ့သည်ဟု မိမိတို့လှုပ်ရှား စစ်ကြောင်းတပ်မှူးများထံမှ တစ်ဆင့်သိရှိရကြောင်း ဖော်ပြထားသည်။


အဆိုပါတိုက်ပွဲအတွင်း AA မှလည်း ထိခိုက်ဒဏ်ရာအချို့လည်း ရရှိခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ ရသည်။ `ဓာတ်ပုံ - AA ဘက်က RPG နဲ့ ပစ်ချခဲ့သော မြန်မာ့တပ်မတော်၏ စစ်ကား ´ဟု RIA ၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ ရသည်။ ဖော်ပြချက်မူရင်းကို Comment တွင် ကြည့်ရှုနိုင်ပါသည်။

မင်းမြတ်ခိုင်
(ဓာတ်ပုံ - ဦးခိုင်မြတ် ၊ RIA)
ယ​နေ့ တအာင်း​ဒေသတိုက်​ပွဲ၌ အစိုးရဖက်​မှ ၅ ဦး ကျဆုံးဟု TNLA ဆို

ယ​နေ့ တအာင်း​ဒေသတိုက်​ပွဲ၌ အစိုးရဖက်​မှ ၅ ဦး ကျဆုံးဟု TNLA ဆို

(Political News)
Feb 28 , 2016

ရှမ်းပြည်​နယ်​​မြောက်​ပိုင်းတွင်​ ယ​နေ့ (​ဖေ​ဖေါ်ဝါရီ ၂၈ ရက်​)၊ နံနက်​ပိုင်း​လောက်​က စတင်​ဖြစ်​ပွားခဲ့​သော တအာင်းတပ်​ (TNLA/PSLF)နှင့်​ အစိုးရစစ်​တပ်​တို့ တိုက်​ပွဲများအကြား အစိုးရစစ်​တပ်​ဖက်​မှ တပ်​သား ၅ ဦးထက်​မနည်း ကျဆုံးနိုင်​ဖွယ်​ရှိ​ခဲ့​ကြောင်း တ​အာင်းတပ်​ ပြန်​ကြား​ရေးဌာနမှ သတင်းထုတ်​ပြန်​ချက်​တွင်​ ​ဖော်​ပြထားသည်​။

အဆိုပါတိုက်​ပွဲများသည်​ ယ​နေ့ ၊ နံနက်​ ၈ နာရီ နှင့်​ ၉ နာရီ​လောက်​ထိ နမ့်​ဆန်​မြို့ အနီးရှိ ​တောင်သုံးဆယ်ကျေးရွာနှင့် ကွယ်ဟယ်ကျေးရွာကြားတွင်​ တစ်​ကြိမ်​ ၊ ​နေ့လည် ၁၂း၀၀ နာရီအချိန် တောင်သုံးဆယ်ကျေးရွာနှင့် မြိုင်ကျေးရွာကြားတွင် တစ်ကြိမ် တိုက်​ပွဲများ ဖြစ်​ပွားခဲ့​ကြောင်း သိရပြီး တအာင်းတပ်​ဖက်​မှ အကျအဆုံးကို​တော့ ထုတ်​​ဖော်​​ပြောကြားခဲ့ခြင်း မရှိ​ပေ။

အစိုးရစစ်​တပ်​ ၊ တပ်​မ ၇၇ နှင့်​ တအာင်းတပ်​ TNLA တပ်​တို့အကြား ယခုလပိုင်းအတွင်း တ​အာင်း​ဒေသတွင်​ တိုက်​ပွဲများ မကြာခဏဆိုသလို ဖြစ်​ပွားခဲ့​ကြောင်း သိရပြီး တအာင်းတပ်​သည်​ ရှမ်းတိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့တစ်​ဖွဲ့ဖြစ်​သည့်​ RCSS/SSA အဖွဲ့နှင့်​လည်း တိုက်​ပွဲများ ဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။

မင်းမြတ်​ခိုင်
(​လေးမြို့ )
ဓာတ်​ပုံ - TNLA


ကွမ်းသီး​ဈေး အနည်းငယ်​ပြန်​တက်

ကွမ်းသီး​ဈေး အနည်းငယ်​ပြန်​တက်

(Local News)
Feb 25 , 2016

မြန်​မာနိုင်​ငံရှိ ဥယျာဉ်​ခြံစိုက်​ပျိုး​ရေးလုပ်​ငန်းတွင်​ စီးပွား​ရေးအရ တွက်​​ခြေ​ကိုက်​​လေ့ရှိသည့်​ ကွမ်းသီး​ဈေးကွက်​ ကျဆင်း​နေရာမှ အနည်းငယ်​ပြန်​တက်​လာပြီဖြစ်​​ကြောင်း ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့နယ်​ ၊ ကြက်​မ​ကျေ ​ကျေးရွာမှ ကွမ်းသီးခြံပိုင်​ရှင်​တစ်​ဦးဖြစ်​သူ ဦး​မောင်​စိန်​​အောင်​က ​လေးမြို့ သို့ ​ပြောကြားသည်​။

ကွမ်းသီး​ဈေးသည်​ ယခုနှစ်​စ​ပေါ်ချိန်​က ​ဒေသအ​ခေါ် ၁ ​မောင်းလျှင်​ တစ်​သိန်း ရှစ်​​သောင်းထိရှိခဲ့ရာမှ တစ်​သိန်း သုံး​သောင်းထိ ထိုးကျခဲ့ပြီး ယခုအခါ အနည်းငယ်​ပြန်​တက်​လာခဲ့ပြီဖြစ်​​ကြောင်း "ကွမ်းသီးစ​ပေါ်က ၁ ​မောင်းကို တစ်​သိန်း ရှစ်​​သောင်း​လောက်​ထိ ရှိခဲ့တယ်​....ဒါ​ပေမယ့်​ ပြန်​ကျသွားတာ တစ်​သိန်း ၃ ​သောင်း​အထိပဲ....အခု​တော့ ၁ သိန်း ၄ ​သောင်းဖြစ်​​နေပီ...နည်းနည်းပြန်​တက်​တယ်​ ဆိုရမှာ​ပေါ့"ဟု ဦး​မောင်​စိန်​​အောင်​က ​ပြောကြားသည်​။

ဒေသအ​ခေါ် ၁ ​မောင်းဆိုသည်​မှာ ပိဿာ ၂၅ အ​လေးချိန်​ရှိ​ကြောင်း သိရသည်​။ မြန်​မာနိုင်​ငံတွင်​ ကွမ်းသီးခြံလုပ်​ငန်းကို ရခိုင်​ပြည်​နယ်​ရှိ ​မြောက်​ဦးမြို့ နယ်​နှင့်​ ​မင်းပြားမြို့နယ်​တို့တွင်​ အများဆုံးစိုက်​ပျိုး၊လုပ်​ကိုင်​ကြ​ကြောင်း သိရပြီး ဤ​ဒေသမှ ကွမ်းသီးများသည်​ အရည်​အ​သွေး​ကောင်းသဖြင့်​ စစ်​​တွေရှိ ကွမ်းသီးအဝယ်​ဒိုင်​များက အဓိကထား ​ပေးဝယ်​ကြ​ကြောင်း သိရသည်​။ ကွမ်းသီး​ဈေးကွက်​သည်​ နှစ်​စဉ်​နှစ်​တိုင်း ​ဈေးအဆင်​​ပြေ​လေ့ရှိပြီး ပြည်​ပ​ဈေးကွက်​အထိ ပို့​ဆောင်​​လေ့ရှိ​ကြောင်း သိရသည်​။

မောင်​ကာကြီး (​လေးမြို့)
ဓာတ်​ပုံ - Saw Moe Kyaw
မြောင်း​ဘွေ - ​ဘောလုံးပြိုင်​ပွဲ ဗိုလ်​လုပွဲ၌ ကျိန်းရိပ်​​​မြေ FC အသင်းနှင့်​ ​မြောက်​ဦးလက်​​ရွှေးစင်​ အသင်းတို့ ​တွေ့ ဆုံ

မြောင်း​ဘွေ - ​ဘောလုံးပြိုင်​ပွဲ ဗိုလ်​လုပွဲ၌ ကျိန်းရိပ်​​​မြေ FC အသင်းနှင့်​ ​မြောက်​ဦးလက်​​ရွှေးစင်​ အသင်းတို့ ​တွေ့ ဆုံ

(Local Sport News)
Feb 25 , 2016


ရခိုင်​ပြည်​နယ်​ ၊ ​မြောက်​ဦးမြို့ နယ်​ ၊ ​မြောင်း​ဘွေစံပြ​ကျေးရွာတွင်​ ယခုကျင်းပပြုလုပ်​​နေ​သော ​မြောင်း​ဘွေ-ဘုန်းကြီးပျံဈာပနဒိုင်း​ဘောလုံးပြိုင်​ပွဲ ​နောက်​ဆုံးဗိုလ်​လုပွဲ၌ မင်းပြားအ​ခြေစိုက်​ ကျိန်းရိပ်​​မြေ FC အသင်းနှင့်​ ​မြောက်​ဦးလက်​​ရွှေးစင်​ အသင်းတို့ ​တွေ့ ဆုံကာ ယှဉ်​ပြိုင်​ရမည်​ဖြစ်​​ကြောင်း သိရသည်​။

အဆိုပါ ဗိုလ်​လုပွဲကို ​မြောင်း​ဘွေ​ကျေးရွာ ​ဘောလုံးကွင်း၌ မနက်​ဖြန်​ ​ဖေ​ဖေါ်ဝါရီလ ၂၆ ရက်​​နေ့ ၊ ည​နေ (၄)နာရီအချိန်​တွင်​ ယှဉ်​ပြိုင်​ကစားကြမည်​ဖြစ်​​ကြောင်း သိရပြီး အဆိုပါ ဗိုလ်​လုပွဲသို့ ပရိသတ်​များ လာ​ရောက်​အား​ပေးကြရန်​ ကျိန်းရိပ်​​မြေ FC အသင်းမှ အသင်း​ခေါင်း​ဆောင်​ ကို​အောင်​လင်းထွန်းက ​ဖိတ်​​ခေါ်ထား​ကြောင်း မင်းပြား-သတင်းတွင်​ ​ဖော်​ပြထားသည်​ကို ​တွေ့ရသည်​။

 "ကျွန်တော်တို့ ဘောလုံးအသင်းဟာ မြောက်ဦးမြို့နယ် မြောင်းဘွေရွာ ဘောလုံးကွင်းမှာ ပြိုင်ဘက် မြောက်ဦး ဘောလုံးအသင်းနဲ့ နောက်ဆုံး ဗိုလ်လုရမှာ ဖြစ်တဲ့အတွက် ကိုယ့်မြို့/နယ်က ပရိတ်သတ်တွေ လာရောက်ကြည့်ရှု အားပေးမှု အရမ်းလိုအပ်နေပါတယ်။ " ဟု အသင်းခေါင်းဆောင် ကိုအောင်လင်းထွန်း၏ ​ပြောကြားချက်​ကို မင်းပြား-သတင်းတွင်​ ​ဖော်​ပြထားသည်​။


အဆိုပါ ​ဘောလုံးပြိုင်​ပွဲကို ​မြောင်း​ဘွေ​ကျေးရွာ ဈာပနပွဲဖြစ်​​မြောက်​​ရေး​ကော်​မတီမှ စီစဉ်​ကျင်းပခြင်းဖြစ်​ကာ ဗိုလ်စွဲသည့်​ အသင်းသည်​ ဆု​ငွေ ကျပ်​ ၁၀ သိန်းတိတိကို ရရှိမည်​ဖြစ်​​ကြောင်း သိရပြီး အဆိုပါပြိုင်​ပွဲသို့ မင်းပြားမြို့နယ်​နှင့်​ ​မြောက်​ဦးမြို့နယ်​ရှိ ​ကျေးရွာများမှ ​ဘောလုံးအသင်းများ ဝင်​​ရောက်​ယှဉ်​ပြိုင်​ခဲ့ကြ​ကြောင်း သိရသည်​။

မောင်​ကာကြီး (​လေးမြို့ )
ဓာတ်​ပုံ -​အောင်​​ဇော်​ဟိန်း(ကျိန်းရိပ်​​​မြေ FC)
အာရှတွင်​ ဒုတိယအဆင်းရဲဆုံးနိုင်ငံဖြစ်​​နေ​သော်​လည်း အလှူအတန်းအရက်​​ရောဆုံးနိုင်​ငံစာရင်း၌ အဆင့်​ ၁ ​နေရာတွင်​ မြန်​မာရှိ​နေ

အာရှတွင်​ ဒုတိယအဆင်းရဲဆုံးနိုင်ငံဖြစ်​​နေ​သော်​လည်း အလှူအတန်းအရက်​​ရောဆုံးနိုင်​ငံစာရင်း၌ အဆင့်​ ၁ ​နေရာတွင်​ မြန်​မာရှိ​နေ


(Local News)
Feb 25 , 2016


အာရှတိုက်​တွင်​ မြန်​မာနိုင်​ငံသည်​ ဒုတိယအဆင်းရဲဆုံးနိုင်​ငံအဖြစ်​​ ​ဖော်​ပြခံရသော်​လည်း အာရှတွင်​ အလှူအတန်း အရက်​​ရောဆုံးနိုင်​ငံ ၁၀ နိုင်​ငံစာရင်းတွင်​ နံပါတ်​ ၁ ​နေရာမှ ရှိ​နေ​ကြောင်း Asia Ranking တွင်​ ​ဖော်​ပြထား​ကြောင်း သိရသည်​။

အာရှတွင်​ မြန်​မာနိုင်​ငံသည်​ ဒုတိယအဆင်းရဲဆုံးနိုင်​ငံဖြစ်​ရလာခြင်းမှာ အုပ်​ချုပ်​သူ အစိုးရ၏ စီးပွား​ရေးဆိုင်​ရာ လွဲမှားသည့်​ စီမံခန့်ခွဲမှု​များ၏ အ​ကြောင်းအရာထဲမှ တစ်​ခုဖြစ်​​ကြောင်း Asia Ranking က ​ထောက်​ပြထား​ကြောင်း သိရသည်​။

Asia Ranking အင်​တာနက်​စာမျက်​နှာသည်​ အာရှ၏ အချမ်းသာဆုံးနိုင်​ငံများစာရင်းနှင့်​ အဆင်းရဲဆုံးနိုင်​ငံများစာရင်းကို စစ်​တမ်း​ကောက်​​ဖော်​ပြ​လေ့ရှိ​သော အဖွဲ့တစ်​ဖွဲ့ဖြစ်​​ကြောင်း သိရပြီး ၂၀၁၅ ခုနှစ် အာရှတိုက်ရဲ့ အဆင်းရဲဆုံး ၁၅ နိုင်ငံစာရင်းကို ထုတ်ပြန်လိုက်ရာ၌ မြန်​မာနိုင်​ငံသည်​ ဒုတိယအဆင်းရဲဆုံးနိုင်​ငံအဖြစ်​ ပါဝင်​လာ​ကြောင်း VOA ၏ သတင်းတစ်​ရပ်​ကို ကိုးကား၍ သိရသည်​။

Asia Ranking က နိုင်ငံအလိုက် လူတဦးချင်းဆီရဲ့ တနှစ်စာဝင်ငွေအပေါ် အခြေခံပြီး တွက်ထားတဲ့ အဆိုပါစာရင်းအရ မြန်မာနိုင်ငံမှာ လူတဦးချင်းဆီရဲ့ တနှစ်စာဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၇၁၁ ဒေါ်လာခန့်​သာ ရှိ​ကြောင်း ​ဖော်​ပြထားပြီး အနိမ့်ဆုံးကတော့ အာဖဂန်နစ္စတန်နိုင်ငံဖြစ်ကာ လူတဦးချင်းရဲ့ တနှစ်စာဝင်ငွေက အမေရိကန်ဒေါ်လာ ၁၁၇၇ ဒေါ်လာ ရှိ​ကြောင်း ​ဖော်​ပြထားသည်​။

ထို့ပြင်​ Asain Ranking က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ရဲ့ အာရှမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး ၁၀ နိုင်ငံစာရင်းမှာလည်း မြန်မာပါဝင်သလို၊ အာရှက သက်တမ်းအရင့်ဆုံး တက္ကသိုလ် ၂၀ စာရင်းမှာလည်း ရန်ကုန်တက္ကသိုလ် ပါဝင်​ကြောင်း ​ဖော်​ပြထား​​သည်​ကို သိရသည်​။

သက်​ထား​ရွှေစင်​ (​လေးမြို့ )
မင်းတပ်​​ဈေး မီးရှို့ သူအား ဖမ်းမိပြီ

မင်းတပ်​​ဈေး မီးရှို့ သူအား ဖမ်းမိပြီ

(Breaking News)
Feb 24 , 2016

ချင်းပြည်​နယ်​ ၊ မင်းတပ်​မြို့ ၊ စည်​ပင်​သာယာ​ဈေးကြီးအား မ​နေ့က မီးရှို့ခဲ့သူဟု ယူဆရသည့်​ လူတစ်​ဦးကို မင်းတပ်​မြို့ ၊ ရဲတပ်​ဖွဲ့က ဖမ်းမိထားပြီဖြစ်​​ကြောင်း 7 Day News ၏ Updated News တွင်​ ​ဖော်​ပြချက်​အရ သိရသည်​။


အဆိုပါ မီးရှို့ သူသည်​ အသက်​ ၂၁ နှစ်​ဟု သိရပြီး ဖခင်​ဖြစ်​သူဦးဟောင်လောဟာထံမှ ​ငွေငါးသိန်း​တောင်းရာ မရသဖြင့်​ ဖခင်​၏ ဆိုင်​ကိုမီးရှို့ခဲ့ရာမှ မင်းတပ်​​ဈေး မီး​လောင်​ကျွမ်းခဲ့ရ​ကြောင်း သိရသည်​။ တရားခံဟု ယူဆရသူကို မင်းတပ်မြို့ ၀မ္မသူးရွာတွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း မင်းတပ်မြို့မ ရဲစခန်းက အတည်ပြု ပြောကြားသည်ဟု သိရသည်​။

အဆိုပါ မင်းတပ်​မြို့ ၊ ​စည်​ပင်​သာယာ​ဈေး မီး​လောင်​ကျွမ်းမှုကြောင့်​ ဆိုင်​ခန်း​ပေါင်း ၂၄ ခန်းထိ မီး​လောင်​ဆုံးရှုံးခဲ့ရပြီး ကျပ်​သိန်း​ပေါင်း ၆၀၀ ​ကျော်​ ထိခိုက်​နစ်​နာရခဲ့​ကြောင်း သိရသည်​။

မောင်​လူ​အေး (​လေးမြို့ )
ဓာတ်​ပုံ - Mizzima 
မင်းပြား၌ ယခုနှစ် နွေရာသီ သောက်သုံးရေ ရှားပါးလာပါက ရေဖြန့်ဝေရေး ကော်မတီများ ဖွဲ့စည်းပြီး ရေဖြန့်ဝေပေးနိုင်ရန် စီစဉ်နေဟုဆို

မင်းပြား၌ ယခုနှစ် နွေရာသီ သောက်သုံးရေ ရှားပါးလာပါက ရေဖြန့်ဝေရေး ကော်မတီများ ဖွဲ့စည်းပြီး ရေဖြန့်ဝေပေးနိုင်ရန် စီစဉ်နေဟုဆို

မင်းပြား (Feb 23, 2016)

ရခိုင်ပြည်နယ်​၊ မင်းပြားမြို့နယ်၌ ယခုနှစ် နွေရာသီ သောက်သုံးရေ ရှားပါးလာပါက ရေဖြန့်ဝေရေး ကော်မတီများဖွဲ့စည်းပြီး ပြည်သူများအား သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရန် ယခုကပင် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့ပေါ်ရှိ ရပ်ကွက် (၈)ရပ်ကွက်အတွက် ဂါလံ (၁၀၀၀)ဆန့် ရေစုကန် (၃၂)ကန်ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ပြုလုပ်ပေးမည်ဖြစ်ပြီး ရေဖြန့်ဝေရေး ကော်မတီများဖွဲ့စည်းကာ မြောင်းရှည်ဆည်မှ ရေကို မော်တော်ကားများဖြင့် တင်ဆောင်ယူ၍ မြို့ပေါ်ရှိ ရေစုကန်များသို့ ဖြည့်သွင်းကာ ရပ်ကွက် ရေဖြန့်ဝေရေး ကော်မတီများမှ ဦးဆောင်ပြီး စနစ်တကျ ရေဖြန့်ဝေပေးနိုင်ရန် စီစဉ်နေကြောင်း မင်းပြားမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းကဆိုသည်။

" ဒီ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနဲ့ ရခိုင် (၁၇) မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌများ တွေ့ဆုံဆွေးနွေးပွဲမှာ ကျွန်တော်တို့ မင်းပြားမြို့နယ်ရဲ့ ဒီနှစ်နွေရာသီ သောက်သုံးရေ ရှားပါးလာခဲ့ရင် ရေဖြန့်ဝေ ဆောင်ရွက်ပေးနိုင်ဖို့ အတွက် အဆိုပြု တင်ပြခဲ့ပြီး လမ်းညွှန်မှု ခံယူခဲ့ပါတယ်။ အဲဒီမှာ စည်ပင်ဝန်ကြီးက ကျွန်တော်တို့ မင်းပြားမြို့ မြို့ပေါ် (၈) ရပ်ကွက် အတွက် ဂါလံ (၁၀၀၀)ဆန့် ရေစုကန် အုတ်ကန် (၃၂) ကန်ကို ပြည်နယ်စည်ပင်ရံပုံငွေနဲ့ တည်ဆောက်ပေးမယ် ဆိုပြီး ခွင့်ပြုပေးခဲ့ပါတယ်။ ဒါကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ " ဟု မင်းပြားမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းက ပြောသည်။

သူက ဆက်လက်ပြီး " ဒီနှစ် နွေရာသီ သောက်သုံးရေ ရှားပါးလာတဲ့ခါ မြို့ပေါ်ကို ရေဖြန့်ဝေပေးနိုင်ဖို့အတွက် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ စည်ပင်ကော်မတီ၊ အထောက်အကူပြု ကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်သူ/သားများ ပါဝင်တဲ့ မြို့နယ်/ရပ်ကွက်အလိုက် ရေဖြန့်ဝေရေး ကော်မတီတွေဖွဲ့စည်းမယ်။ အဲဒီ ရပ်ကွက်ကော်မတီတွေကတဆင့် မြို့နယ်ကော်မတီနဲ့လက်တွဲပြီး ရေရှားပါးမှု ပြဿနာကို ဖြေရှင်းသွားပါမယ်။ မင်းပြားမြို့နယ် ငစရိုင်းချောင်းကျွန်းမှာ တည်ရှိတဲ့ မြောင်းရှည်ဆည်က ရေကို တေဘာကားတွေနဲ့ သယ်ယူပါမယ်။ ပြီးတော့ ရပ်ကွက် ရေစုကန်တွေဆီ ထည့်ပေးမယ်။ ဒီတော့ ရပ်ကွက်/သားတွေအနေနဲ့ ရေဖြန့်ဝေပေးတဲ့အခါ ကျွန်တော်တို့ ကော်မတီတွေနဲ့ ပူးပေါင်းပါဝင်စေချင်ပါတယ်။ ပြည်သူတွေပါလာမှလည်း ကျွန်တော်တို့မြို့ရဲ့ သောက်သုံးရေ ရှားပါးမှု အခက်အခဲကို ကျွန်တော်တို့ လက်တွဲပြီး ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ " ဟုဆိုသည်။

မင်းပြားမြို့နယ်သည် လွန်ခဲ့နှစ်ကစ၍ သောက်သုံးရေ အလွန်ရှားပါးခဲ့ကာ အနီးအနား မြို့နယ်များမှပင် သောက်သုံးရေများ ကူညီပေးခဲ့ရသည်။ မနှစ်က နွေရာသီ သောက်သုံးရေ အခက်အခဲကြောင့် မင်းပြားမြို့နယ်အတွက် ရေအခက်အခဲကို ဖြေရှင်းနိုင်ရန် ယင်းအချိန်အခါက ရခိုင်ပြည်ဝန်ကြီးချုပ် ဦးမောင်မောင်အုံး က ငွေကျပ် သိန်း ၃၀၀ (လက်ငင်း ကျပ်သိန်း ၁၅၀ ပေးအပ်ခဲ့) ပေးခဲ့ပြီး ရေဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း အဆိုပါ လက်ကျန် ငွေကိစ္စကို မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်သွားမည် ဆိုသည်ကို သက်ဆိုင်ရာ ကော်မတီများနှင့် မကြာခင် တင်ပြ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးခင်ဇော်ဝင်းက ပြောသည်။

မင်းပြားမြို့နယ်ရှိ ကျေးရွာများ သောက်သုံးရေ အခက်အခဲကိုမူ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ ကူညီဆောင်ရွက်သွားမည်ဟု သိရသည်။ ယခုနှစ် နွေရာသီ အယ်လ်နီညို (El Nino Effect) သက်ရောက်မှုကြောင့် ရေရှားပါးမှု ကြုံလာနိုင်ဖွယ်ရှိရာ ကျေးရွာများ၏ သောက်သုံးရေ အခက်အခဲကို ဖြေရှင်းရန် မင်းပြားမြို့နယ် ကျေးလက်ဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာနသို့ အဆင့်ဆင့် တင်ပြတောင်းခံထားကြောင်း သိရသည်။

" ကျေးရွာတွေ ဒီနှစ် နွေရာသီ သောက်သုံးရေ အခက်အခဲကို ကူညီဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ မြို့နယ်ကျေးလက်ဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်သွားနိုင်ဖို့ အတွက် အသေးစိတ်တွက်ချက်ပြီး အဆိုပြု တင်ပြထားပါတယ်။ ရေရှားပါးတဲ့ ရွာတွေကို ကျွန်တော်တို့ နည်း (၃)နည်းနဲ့ ကူညီသွားပါမယ်။ စက်ရေတွင်း တူးပေးမယ်၊ နောက် လက်တူးအဝီစိရေတွင်း တူးပေးမယ်။ နောက်ဆုံး ဘာရေတွင်းမှ တူးလို့ အဆင်မပြေနိုင်တဲ့ ကျေးရွာတွေအတွက် မြောင်းရှည်ဆည်က ရေကို မော်တော်ဘုတ်တွေ စက်လှေတွေနဲ့ သယ်ယူပြီးတော့ ပို့ပေးမယ် ဆိုပြီး စီစဉ်ထားပါတယ်။ အခုက အဆိုပြု တင်ပြထားတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ခွင့်ပြုချက်က သိပ်မကြာခင် ကျလာမှာ သေချာပါတယ်။ တင်ပြထားတဲ့အတိုင်း အားလုံးခွင့်ခဲ့ပြုရင် ကျွန်တော်တို့ မြို့နယ် ကျေးရွာတွေအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနမှာ ဝန်ထမ်းစုစုပေါင်းက (၁၃) ယောက် တည်း ရှိတော့ မင်းပြားတစ်မြို့နယ်လုံး ကျေးရွာတွေရဲ့ သောက်သုံးရေအခက်အခဲကို ကူညီဖြေရှင်းတဲ့အခါ လူအင်အား လိုအပ်ပါတယ်။ ဒါကြောင့် ကျေးရွာသူ/သားတွေအနေနဲ့ တတ်နိုင်သလောက် ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်စေချင်ပါတယ်။ " ဟုမင်းပြားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းစိုးဦး ကပြောသည်။

မင်းပြားမြို့နယ်သည် လွန်ခဲ့သည့်နှစ် နွေရာသီတွင် မကြုံစဖူး သောက်သုံးရေ ရှားပါးခဲ့ပြီး မင်းပြားမြို့ပေါ် လူထုတစ်ရပ်လုံး သောက်ရေ အားထားရသည့် " မင်းကန် " သောက်ရေကန်ကြီးမှာလည်း ရေခမ်းခြောက်ခဲ့ရာ ပြန်လည် တူးဖော်ခဲ့သည့်အတွက် ယခုအခါ "မင်းကန်"မှ ရေမှာ သောက်၍ မရလောက်အောင် ဖြစ်သွားနေခဲ့ရာ မင်းပြားမြို့ပေါ်ရှိ ပြည်သူများမှာ ရေရှိသော်လည်း သောက်ရေငတ်ရမည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

မင်းပြားမြို့ပေါ်အပါအဝင် ကျေးလက်ဒေသ ရွာအားလုံးလိုလို၌ ၂၀၁၅ ဇူလိုင်၊ သြဂုတ် ထူးကဲဒီရေလွှမ်းမိုးခံရခြင်းကြောင့် သောက်သုံးရေကန်များသို့ ရေဆိုးရေညစ်များ ဝင်ရောက်ခဲ့ရာ အဆိုပါရေများကို ပြန်စုတ်ထုတ်ခြင်း၊ မြစ်ချောင်း ရေများကို ပြန်လည်ဖြည့်သွင်းခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့သော်လည်း ယခု နွေရာသီသို့ မကူးပြောင်းသေးမီမှာပင် မင်းပြားမြို့နယ်ရှိ ရေကန်အချို့မှာ ရေခန်းခြောက်နေပြီ ဖြစ်သည်။

From - မင်းပြား - သတင်း
ရခိုင်​ဘုရားပုထိုးများအား မူလလက်​ရာဖျက်​ကာ လက်​ရာသစ်​ဖြင့်​ ပြုပြင်​တည်​​ဆောက်​​နေဟု ​ဝေဖန်​သံများ ထွက်​​ပေါ်​နေ

ရခိုင်​ဘုရားပုထိုးများအား မူလလက်​ရာဖျက်​ကာ လက်​ရာသစ်​ဖြင့်​ ပြုပြင်​တည်​​ဆောက်​​နေဟု ​ဝေဖန်​သံများ ထွက်​​ပေါ်​နေ

(ယဉ်​​ကျေးမှု)
Feb 23 , 2016

မြန်​မာနိုင်​ငံ ၊ ယဉ်​​ကျေးမှုဝန်​ကြီးဌာနက ရခိုင်​ပြည်​နယ်မှ ​မြောက်​ဦးရှိ ​ရှေး​ဟောင်းရခိုင်​ဘုရားပုထိုး​တော်​များအား မူလလက်​ရာကို ဖျက်​ကာ လက်​ရာသစ်​ဖြင့်​ ပြုပြင်​တည်​​ဆောက်​​နေဟု ​ဒေသခံများက ​ဝေဖန်​​ပြောကြား​နေကြ​ကြောင်း သိရသည်​။

ယဉ်​​ကျေးမှုဝန်​ကြီးဌာနသည်​ ပုဂံရှိ ဘုရားပုထိုးများကို ပြုပြင်​မွမ်းမံရာ၌ မူလလက်​ရာမပျက်​ဘဲ မွမ်းမံပြင်​ဆင်​​နေ​သော်​လည်း ရခိုင်​​ဒေသရှိ ဘုရားပုထိုး​တော်​များကိုမူ မူလလက်​ရာဖျက်​ကာ လက်​ရာသစ်​ဖြင့်​ ပြုပြင်​​နေ​ကြောင်း ​ဒေသခံများ၏ ​ဝေဖန်​သံများ ထွက်​​ပေါ်လာပြီး​နောက်​ နာမည်​ကြီး သမိုင်းဝင်​ ကိုး​သောင်းပုထိုး​တော်​ကြီးအပါအဝင်​ ​​မြောက်​ဦးရှိ ရှေး​ဟောင်းဘုရားပုထိုးအချို့ပြုပြင်​မွမ်းမံ​နေမှုအား ယဉ်​​ကျေးမှု ဝန်​ကြီးဌာနက ရပ်​ဆိုင်းထား​ကြောင်း Narinjara ၏သတင်းတစ်​ရပ်​တွင်​ ​ဖော်​ပြချက်​အရ သိရသည်​။

ထို့ပြင်​ လွန်​ခဲ့​သော နှစ်​အနည်းငယ်​ကလည်း ရခိုင်​ပြည်​နယ်​ ၊ ​မြောက်​ပိုင်းရှိ ​ရှေး​ဟောင်းယဉ်​​ကျေးမှု နယ်​​မြေများအား ဖြတ်​၍ ရထားသံလမ်း​ဖောက်​လုပ်​မှု​ကြောင့်​ ​လွန်ခဲ့​သာ နှစ်​​ပေါင်း ၂၅၀၀ ​ကျော်​ခန့်​ က ရှေး​ဟောင်း ဓညဝတီနန်း​တော်​ရာအပါအဝင်​ ​ရှေး​ဟောင်းယဉ်​​ကျေးအ​မွေအနစ်​အချို့ ပျက်​စီးဆုံးရှုံးခဲ့​ရကြောင်း သိရသည်​။

လေးမြို့ သား

ရခိုင်​​မြောက်​ပိုင်းက ပီ​ချောင်းအနီးတွင်​ ယ​နေ့အထိ ပစ်​ခတ်​သံများ ​ကြား​နေရဆဲ

ရခိုင်​​မြောက်​ပိုင်းက ပီ​ချောင်းအနီးတွင်​ ယ​နေ့အထိ ပစ်​ခတ်​သံများ ​ကြား​နေရဆဲ

(Civil War News)
Feb 22 , 2016

လွန်​ခဲ့​သောလ​ပိုင်းက ဖြစ်​ပွားခဲ့သည့်​ အစိုးရစစ်​တပ်​နှင့်​ ရခိုင်​တပ်​ AA တို့ နှစ်​ဖက်​အကြား တိုက်​ပွဲများပြင်းထန်​ခဲ့သည့်​ ရခိုင်​ပြည်​နယ်​​မြောက်​ပိုင်းနှင့်​ ချင်းပြည်​နယ်​ကြားရှိ ပလက်​ဝမြို့ နယ်​ ၊ ပီ​ချောင်းအနီးတွင်​ ယ​နေ့ ​(ဖေ​ဖော်​ဝါရီ ၂၂ ရက်​)အထိ ပစ်​ခတ်​များ ကြား​နေရဆဲဖြစ်​​ကြောင်း ​ဒေသခံများ၏ ​ပြောကြားချက်​အရ သိရသည်​။

ထို့အပြင်​ ​ကျောက်​​တော်​မြို့ နယ်​နှင့်​ ပလက်​ဝမြို့နယ်​ကြားရှိ ရမ်း​ချောင်းအနီးတွင်​ ပစ်​ခတ်​သံအချို့ မကြာခဏဆိုသလို ကြား​နေရပြီး နှစ်​ဖက်​အကြား တိုက်​ပွဲဖြစ်​ခြင်းလား (သို့) အစိုးရစစ်​တပ်​ဖက်​မှ နယ်​​မြေရှင်းလင်းခြင်းများလား တိကျစွာ မသိနိုင်​​ကြောင်း ​ရမ်း​ချောင်းဖက်​မှ ဒေသခံတစ်​ဦး၏ သတင်း​ပေးပို့ချက်​အရ သိရသည်​။

လက်​ရှိအချိန်​၌ အစိုးရစစ်​တပ်​ဖက်​မှ ရခိုင်​ပြည်​နယ်​အတွင်းရှိ ရခိုင်​တပ်​​မ​တော်​နှင့်​ ဆက်​စပ်​​နေသူအချို့ကို ​ခေါ်ယူစစ်​​ဆေး​နေပြီး ရခိုင်​တပ်​မ​တော်​မှ ဒုဗိုလ်​မှုးကြီးအဆင့်​ရှိသူ ၁ ဦးအပါအဝင်​ တပ်​သားအချို့လည်း ဖမ်းဆီးမိထား​ကြောင့်​ နိုင်​ငံတွင်း မီဒီယာများ၏ ​ဖော်​ပြချက်​များကို သိရသည်​။ ထို့ပြင်​ အစိုးရစစ်​တပ်​ဖက်​မှ AA တပ်​သားများအား လက်​နက်​ငြိမ်းချမ်း​ရေးလုပ်​ရန်​ ဖြန့်​​ဝေစာများအား ပြည်​နယ်​တွင်းရှိ မြို့နယ်​အသီးသီးမှ မြို့နယ်​အုပ်​ချုပ်​​ရေးမှူးများထံ ဆင့်​ပွားဖြန့်​ဝေထား​ကြောင်း သိရသည်​။

မင်းမြတ်​ခိုင်
(​လေးမြို့)


မင်းပြားတွင်​ အသက်​ ၇ နှစ်​အရွယ်​ က​လေးငယ်​အား အ​​ဒေါ်အရင်းဖြစ်​သူမှ မီး​တောက်​ခဲဖြင့်​ ရှို့ 

မင်းပြားတွင်​ အသက်​ ၇ နှစ်​အရွယ်​ က​လေးငယ်​အား အ​​ဒေါ်အရင်းဖြစ်​သူမှ မီး​တောက်​ခဲဖြင့်​ ရှို့ 







(Local Crime News)

ဖေဖော်ဝါရီ ၁၉ ရက်နေက ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့၊ကံကော်မြိုင်ရပ်ကွက်တွင် ​နေထိုင်​သည့်​ အသက် ၇ နှစ်အရွယ် မိန်းကလေးအား အဒေါ်အရင်းဖြစ်သူ.​ဒေါ်.......... မှ ငွေ ၂၀၀၀ ခိုးယူသည်ဟုဆိုကာ ကလေး၏ မအင်္ဂါအပါအ၀င် ခန္ဓာကိုယ်တစ်ခုလုံးအား မီးတောက်ခဲများဖြင့် ရှို့ ခဲ့ကြောင်း မြစ်​မခ၏  စာမျက်​နှာတွင်​ ​ဖော်​ပြချက်​အရ သိရသည်။

“က​လေးမှာ မိဘတွေက ထိုင်းမှာ သွားအလုပ်​လုပ်​​နေကြတယ်​။ ဒီမှာ အဘွား​၊အ​ဒေါ်တွေနဲ့အတူတူ​နေတယ်​။ အခု က​လေးကို မီးရှို့တာက သူ့အ​ဒေါ်အရင်းပါ။ က​လေးကို ​နောင်​ပိုက်​ဆံ​တွေ မခိုးရဲ​အောင်​ ဆုံးမတယ်​လို့ ​ပြောပါတယ်​။ သူက မီးညှပ်​နဲ့မီး​သွေးတုံးကိုကိုင်​ပြီး က​လေးကို တကြိမ်​ပဲ ခြိမ်း​ခြောက်​ခဲ့တယ်​လို့ ​ပြောပါတယ်​။ ဒါ​ပေမယ့် က​လေးကိုယ်​ခန္ဓာအနှံ့မှာ ဒဏ်​ရာ​တွေ ပြင်းပြင်းထန်​ထန်​ ရ​နေ​တော့ တစ်​ကြိမ်​မကဘူးလို့ သုံးသပ်​ရပါတယ်​။ ပြီး​တော့ က​လေးကို အိမ်​မှာပိတ်​ထားရာက​နေ ဒီမှာက​နေတဲ့ နတ်​ပွဲကို ​ရောက်​လာ​တော့ ရပ်​ကွက်​က လူ​တွေက က​လေးကို ရဲစခန်းမှာ သွားအပ်​ခဲ့တာဖြစ်​ပါတယ်​။ အခု ​ဆေးရုံမှာ ​ဆေးကု​ပေး​နေတယ်​။ အရင်​တုန်း ကလည်း က​လေးကို ညှင်းပန်းခဲ့တာမျိုး​တွေရှိခဲ့တယ်​”ဟု မင်းပြားမြို့၊ ဥက္ကပျံရပ်​ကွက်​မှ အုပ်​ချုပ်​​ရေးမှူး ဦးစောဘချိုက ​ပြောကြား​ကြောင်း မြစ်​မခတွင်​ ​ဖော်​ပြထားသည်​။

ကလေးငယ်​၏ မိဘများမှာ ထိုင်းနိုင်​ငံတွင် သွားရောက်အလုပ်လုပ်နေသူများဖြစ်​ကာ လက်ရှိ အချိန်တွင် ကလေးအား မင်းပြားဆေးရုံကြီးတွင် ဆေးကုသလျှက်ရှိပြီး မီးရှိုသူအဒေါ်ဖြစ်သူအား မင်းပြား မြို့မရဲစခန်းမှ  အပြင်းအထန်​နာကျင်​​စေမှု ( ပ)၃၄/၁၆ ၊ပုဒ်​မ ၃၂၆ အရ အမှုဖွင့်ထားကြောင်း သိရသည်။

လေးမြို့ 


ရခိုင်​ပြည်​နယ်​၌ ရဲမှူးကြီး​အသစ်​ ​ပြောင်းမည်

ရခိုင်​ပြည်​နယ်​၌ ရဲမှူးကြီး​အသစ်​ ​ပြောင်းမည်

(Local News)
Feb 21 , 2016

ရခိုင်​ပြည်​နယ်​ ၊ ပြည်​နယ်​ရဲတပ်​ဖွဲ့ မှ ယခင်​ရဲမှုးကြီး  ဦး​​နေမျိုး​နေရာတွင်​ ကရင်​ပြည်​နယ်​မှ ရဲမှုးကြီး ဦးစိန်​လွင်​က ​ပြောင်းလဲတာဝန်​ထမ်း​ဆောင်​သွားမည်​ ဖြစ်​​ကြောင်း သိရသည်​။

ဦး​နေမျိုးသည်​ ၂၀၁၂ ခုနှစ်​ စက်​တင်​ဘာက ရခိုင်​ပြည်​နယ်​ရဲမှူးကြီးအဖြစ်​ စတင်​တာဝန်​ထမ်း​ဆောင်​ခဲ့ခြင်းဖြစ်​ပြီး ယခုအခါတနင်္သာရီတိုင်း​ဒေသကြီးတွင်​ ရဲမှူးကြီးအဖြစ်​​ ​ပြောင်းလဲ တာဝန်​ထမ်း​ဆောင်​သွားမည်​ဖြစ်​​ကြောင်း RIA ၏ သတင်းတစ်​ရပ်​တွင်​ ​ဖော်​ပြထားသည်​ကို ​တွေ့ ရသည်​။ အဆိုပါ ရဲမှူးကြီး​နေရာ အ​ပြောင်းအလဲများသည်​ မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့ ချုပ်​မှ ညွှန်​ကြားချက်​အရ ပြုလုပ်​ရခြင်း ဖြစ်​​ကြောင်း ရခိုင်​ပြည်​နယ်​ ၊ ဒုတိယရဲမှူးကြီး  ဦးသစ်​ဆန်းက ​ပြောကြား​ကြောင်း RIA ၏ ​ဖော်​ပြချက်​ကို သိရသည်​။

"ရှေ့လဆန်းပိုင်းလောက်မှာစပြီး တာဝန်ပြောင်းလဲထမ်းဆောင်ရမှာပါ။ နေရာ အပြောင်းအလဲ လုပ်တယ်ဆိုတာကတော့ ပုံမှန် လုပ်ရိုးလုပ်စဉ်ပါပဲ။ အထွေအထူးတော့ သိပ်မရှိပါဘူး။"ဟု ဦးသစ်​ဆန်းက ​ပြောကြားခဲ့​ကြောင်း သိရသည်​။

မောင်​လူ​အေး (​လေးမြို့ )


ဟင်္သာတမြစ်အတွင်း GTC ကျောင်းသားများ ရေဆင်းကူးရာမှ ၂ ဦးရေနစ်သေဆုံး

ဟင်္သာတမြစ်အတွင်း GTC ကျောင်းသားများ ရေဆင်းကူးရာမှ ၂ ဦးရေနစ်သေဆုံး

(Breaking News)
Feb 20 , 2016

ဧရာဝတီတိုင်း​ဒေသကြီး ၊ ဟင်္သာတမြို့ ခေါင်းဆေးကျွန်း တစ်ဖက်ကမ်းရှိ သာရဝေါဘက်ကူ​သော တလိုင်းစု ဖြတ်ကူးတို့ ဆိပ်ကမ်း၌ ယ​နေ့ (​ဖေ​ဖော်​ဝါရီ ၂၀ ရက်​) ၊ ည​နေပိုင်း​လောက်​က GTC ကျောင်းသား ၁၅ ဦး ရေဆင်းကူးရာမှ ​ကျောင်းသား ၅ ဦး ​ရေနစ်​ခဲ့ပြီး ၂ ဦး ​သေဆုံးခဲ့​ကြောင်း သိရသည်​။

အဆိုပါ ​ကျောင်းသားများသည်​ ရန်​ကုန်​မှ ​ကျောင်းလာတက်​​နေ​သော သူဖြစ်​​ကြောင်း ဟင်္သာတမှ CJ တစ်​ဦးဖြစ်​သူ ဒီဇင်​ထွန်းဆိုသူ၏​ ​ဖေ့ဘုတ်​စာမျက်​နှာတွင်​ ပုံနှင့်​တကွ ​ဖော်​ပြထားသည်​ကို ​တွေ့ရပြီး ​သေဆုံးသူ ၂ ဦးမှာ EP ပထမနှစ်​မှ  ဥက္ကာ နှင့်သိန်းထိုက်ဇော် တို့  ဖြစ်​​ကြောင်း သိရသည်​။

လက်​ရှိတွင်​ သိန်းထိုက်​​ဇော်​၏ အ​လောင်းကို ​တွေ့ရပြီး ကျန်​တစ်​ဦးအား ရှာ​ဖွေ​နေဆဲဖြစ်​​ကြောင်း သိရသည်​။


လေးမြို့ 
CJ - ဒီဇင်​ထွန်း (ဟင်္သာတ)
ဓာတ်​ပုံ - ​ဖေ့ဘုတ်