ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့်
နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရာတွင်
နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်
သမ္မတက အောက်ဖော်ပြပါ လမ်းညွှန်ချက်များ ချမှတ်ပေးထားပြီး
ယင်းလမ်းညွှန်ချက်များအတိုင်း တိတိ ကျကျ ဆောင်ရွက်စေလျက် ရှိသည်-
-
|
နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊
|
|
-
|
အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊
|
|
-
|
နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊
|
|
-
|
နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။
|
ပြည်သူလူထုအကြားတွင် ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသော
မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင်
ဆက်သွယ်ဆောင်ရွက်ရန် OIC ရုံး ဖွင့်လှစ်မည့် သတင်းနှင့် စပ်လျဉ်း၍ ၄င်းရုံး ဖွင့်လှစ်ရန် ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။