စစ်တွေ၌ ကုန်ကြမ်းရှား၍ ငါးမှုန့်လုပ်ငန်းများ ရပ်နားထားရ

စစ်တွေ၌ ကုန်ကြမ်းရှား၍ ငါးမှုန့်လုပ်ငန်းများ ရပ်နားထားရ

ရွှေငါးမှုန့်(ခေါ်) ပါပရာ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ငါးစိမ်းကုန်ကြမ်းဈေးမြင့်တက်နေခြင်းနှင့် ငါးရှားပါးလာခြင်းကြောင့် စစ်တွေမြို့မှ ငါးမှုန့်အလုပ်ရုံများမှာ ရပ်နားရသည်အထိ ကြုံတွေ့လာရ ကြောင်း သိရှိရသည်။ "ပါပရာထုတ်လုပ်တဲ့ ငါးစိမ်းကုန်ကြမ်းက ဈေးအရမ်းတက်နေတော့ ဘယ်လိုမှ မကိုက်ကြဘူး။ အဲဒါ ကြောင့် အချို့စက်ရုံတွေဆို လုပ်ငန်းတွေ ရပ်ထားကြတယ်"ဟု စစ်တွေမြို့ ရူပတောင်ရပ်ကွက်မှ ရွှေငါးမှုန့် ထုတ်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်တွေမြို့တွင် ပါပရာထုတ်လုပ်မူအတွက် အသုံးပြုရသော ငါးကုန်ကြမ်းကို ဇွန်လမတိုင်မှီ လများ၌ တစ်ပတ်အတွင်း တန်ချိန် (၁၀၀)မှ (၁၅၀)အထိဖြင့် လုပ်ငန်းများလည်ပတ်ခဲ့ကြရပြီး ရခိုင်ဒေသတွင်း ဈေးကွက်များ၊ ဘင်္ဂလာဒေ့ရှ်ရိုးမအရှေ့ ရန်ကုန်ဈေးကွက်နှင့် အခြားဈေးကွက်အသီးသီးသို့ တင်ပို့ ရောင်းချ နေရကြောင်း သိရှိရသည်။ ရွှေငါးမှုန့် (ခေါ်) ပါပရာသည် ငါးညို့၊ ငါးသားတိုက်၊ ငါးနီမ၊ ငါးကြင်း စသော ငါးများကို အဓိကထားထုတ်လုပ်ပြီး ဒေသတွင်းနှင့် ပင်လယ်ပြင်လုံခြုံရေးအနေအထားများ၊ ပင်လယ်ရေနည်းပါးချိန် ရောက်ရှိမူများကြောင့် ကမ်းနီး ကမ်းဝေးငါးဖမ်းလှေများ ငါးဖမ်းထွက်မှုနည်းပါးကာ ဈေးကွက်တွင်း ငါးဝင်ရောက်မူ နည်းပါးခြင်းကြောင့် ကုန်ကြမ်းဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း စစ်တွေမြို့ ဒေသခံ ရွှေငါးမှုန့် ထုတ်လုပ်ရေးလုပ်ငန်းရှင်များက သုံးသပ်သည်။ "လုံးဝမကိုက်ဘူး ဈေးကွက် မပျက်အောင် အကျိုးအမြတ်မရှိပဲ တောင့်ခံပြီးလုပ်ကိုင်နေကြရတာပါ။ ကုန်ကြမ်းကလည်း ထက်ဝက်ဈေးတက်လာတယ်။ ဒီဈေးနဲ့ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး။ လုပ်ငန်းတောင်ရပ်နားထားရတော့မယ် အနေအထားဖြစ်နေတယ်"ဟု စစ်တွေမြို့ အနောက်စံပြရပ်ကွက်မှ ရွှေငါးမှုန့်အလုပ်ရုံပိုင်ရှင် ဦးမြတ်ထွန်းက ပြောသည်။ ငါးမှုန့်ထုတ်မှုအတွက် ငါးစိမ်းကုန်ကြမ်းဈေးကွက်တွင် ၂၀၁၂ခုနှစ် ဇွန်လမတိုင်မှီအချိန်တွင် ငါးအမျိုးအစားပေါ်မူတည်၍ (၅)ပိဿာ လျှင် ကျပ် (၃)သောင်းဈေးကွက်ရှိခဲ့ပြီး ဇွန်လနောက်ပိုင်း၌ ကုန်ကြမ်း ဈေးတဖြည်းဖြည်း မြင့်တက်လာကာ (၅)ပိဿာလျှင် ကျပ် (၆)သောင်းမှ (၈)သောင်း အထိဈေးရှိလာခြင်း ဖြစ်သည်။ စစ်တွေမြို့နယ်၌ ရွှေငါးမှုန့် (ခေါ်) ပါပရာထုတ်လုပ်မူ စက်ရုံအလုပ်ရုံ (၁၂)ရုံဖြင့် လည်ပတ်လုပ်ကိုင်နေရာမှ နိုဝင်ဘာလဆန်းပိုင်းတွင်း အလုပ်ရုံ (၅)ရုံသည် လုပ်ငန်းလည်ပတ်မှု ရပ်နားထားကြောင်း၊ အချို့စက်ရုံအလုပ်ရုံမှာ အကျိုးအမြတ်ထက် ဈေးကွက်ဖောက်သည် မပျက်စေရေး ထိန်း၍ လည်ပတ်နေရသည့် အနေအထားမျိုးဖြစ်ကြောင်းကိုလည်း လုပ်ငန်းရှင်တို့က ဆိုသည်။
ဝေလငါး မရှိတော့သည့်ု ရခိုင်ကမ်းရိုးတန်းဒေသ

ဝေလငါး မရှိတော့သည့်ု ရခိုင်ကမ်းရိုးတန်းဒေသ

ရခိုင်ကမ်းရိုးတန်းဒေသတွင် ကျက်စားနေထိုင်ခဲ့သော ရေနေနို့တိုက်သတ္တ၀ါ ဝေလငါးများမှာ လေ့လာတွေ့ရှိချက်များအရ လုံးဝမရှိတော့ကြောင်း စစ်တွေအခြေစိုက် ဝေလငါးအစဉ်တစိုက် လေ့လာ သုတေသနပြုလုပ်နေသူ ပညာရှင်များထံက သိရှိရသည်။ “ဒီကမ်းရိုးတန်းဒေသမှာ ဝေလငါးကို ခြေရာခံလေ့လာလို့မတွေ့ရှိလာရတာ ဆယ်စုနှစ်တစ်ခုထိ ကြာလာပါပြီ။ အဓိကတော့ ရာသီဥတုပြောင်းလဲမှုနှင့် ပင်လယ်ရေထုအရည်အသွေးကြောင့် ထင်ပါတယ်။ ဝေလငါးကိုတော့ လုံးဝမတွေ့ရှိရပါဘူး။ မျိုးသုဉ်း ပျောက်ကွယ်သွားပြီလို့ ပြောလို့ရပါတယ်” ဟု ဝေလငါး သုသေသနပညာရှင်တစ်ဦးက ပြောဆိုသည်။ အဆိုပါဒေသတွင်း ဝေလငါးများကို လွန်ခဲ့သည့် ဆယ်စုနှစ်တစ်စု အတွင်းကာလများ၌ တွေ့ရှိခဲ့ရပြီး လက်ရှိတွင် ဝေလငါးများ မျိုးသုဉ်းပျောက်ကွယ်သွားကြောင်း၊ လင်းပိုင်၊ လင်းရှူး၊ ရေ၀က်တို့ကိုသာ တွေ့ရှိရကြောင်း သုတေသနပြုလုပ်ရာမှ အတွေ့အကြုံများကို ၄င်းက ဆက်ရှင်းပြသည်။ ကမ္ဘာပေါ်တွင် ဝေလာငါးမျိုးသည် ကာရစ်ဘီယံပင်လယ်၊ အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းနှင့် အာရှဒေသ သမုဒ္ဒရာလွင်ပြင် ဒေသတို့ တွင် အများဆုံးနေထိုင်ကျက်စားမှုများကို တွေ့ရှိရပြီး မြန်မာ့နိုင်ငံတွင် ဘင်္ဂလား ပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်နှင့် ရခိုင်ကမ်းလွန်ပြင်တို့တွင် ကျက်စားနေထိုင်မှုများ အများဆုံး တွေ့ရှိရကြောင်း သုတေသနမှတ်တမ်းများအရ သိရသည်။ ရခိုင်ကမ်းရိုးတန်းဒေသတွင်အများဆုံး တွေ့ရှိခဲ့ရသည့် ဝေလာငါးမျိုးစိတ်မှာ အရိုင်းဝေလာငါးမျိုး စိတ်ဖြစ်ပြီး ၄င်းငါးမျိုး စိတ်အမည်ကို တောင်အာဖရိကပင်လယ်ပြင်တွင် ဝေလာငါး စတင်ဖမ်းဆီးခဲ့သူ နော်ဝေနိုင်ငံသား Johon Bryde ကို ရည်ညွှန်းပြီး စတင်မှည့်ခေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဒေသတွင် (၁၉၈၀)ခုနှစ်၊ (၂၀၀၀)ခုနှစ်နှင့် (၂၀၁၀) ခုနှစ်များတွင် အရိုင်းတန် ဝေလငါးများ ကမ်းတင်သေဆုံးမူများ ရှိခဲ့ကြောင်း ရခိုင်ကမ်းရိုးတန်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အသင်းမှ သိရသည်။ အာရကန်ကိုကို -ရခိုင်(မြစ်မခ) by Myit Makha Mediagroup on 30 Nov, 2012
လာဘ်စားမှုများကို ပြည်ထဲရေးဌာန ကိုင်တွယ်အရေးယူမည်

လာဘ်စားမှုများကို ပြည်ထဲရေးဌာန ကိုင်တွယ်အရေးယူမည်

လာဘ်ပေးလာဘ်ယူမှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ အထောက်အထား အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့ နိုင်ငံပိုင် သတင်းစာတွေကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။ ပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ အစိုးရရုံးဌာနတွေမှာ ငွေကြေး ဒါမှမဟုတ် ပစ္စည်း တောင်းဆိုပေးကမ်းမှုတွေ ရှိနေဆဲဖြစ်ပြီး ဒါတွေဟာ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ လက်ခံလို့မရတဲ့ ဆိုးဝါးတဲ့ အကျင့်စရိုက်တွေဖြစ်ပြီး တိုင်းပြည်နဲ့ လူမျိုးဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် တိုက်ဖျက်အရေးယူ ဆောင်ရွက်သွားရမယ်လို့ ဖော်ပြပါတယ်။ လာဘ်စားမှုတွေကို ပြည်သူတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံးနဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနတို့ကို ဆက်သွယ်တိုင်ကြားနိုင်ပြီး၊ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်နဲ့ ဖက်စ်နံပါတ်တွေလည်း သတင်းစာမှာ ဖော်ပြထားပါတယ်။ တိုင်ကြားလိုသူတွေအနေနဲ့ ဘယ်လို အချက်အလက် အထောက်အထားတွေ တင်ပြတိုင်ကြားရမှာလဲလို့ ဆက်သွယ်မေးမြန်းတဲ့အခါ အဲ့ဒီအတွက် အသေးစိတ်ထုတ်ပြန်ဖို့ ပြင်ဆင်နေတုန်းပဲလို့ ပြည်ထဲရေး ၀န်ကြီးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ သတင်းကြေညာချက်မှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်တိုင်ကြားလို့ ရ မရ အခြေအနေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။ “ဘယ်အချက်တွေကို တိုင်ကြားချင်တယ်ဆိုရင် အချက်အလက်တွေရေးလိုက်ပါ။ ပြီးရင် ဖက်စ်နံပါတ်ပေးပါမယ်၊ ဖက်စ်ထိုးပေးလိုက်ပါ။ စစ်ဆေးပြီးရင် အခြေအနေကို ပြန်ကြားပေးပါမယ်။” တိုင်ကြားသူရဲ့ လုံခြုံရေးအတွက် စီမံထားမှု အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အခုလို ပြောပါတယ်။ “တိုင်တဲ့သူကိုလည်း ဖော်ထုတ်မှာ မဟုတ်ဘူး။ ဒီလူကတိုင်ပါတယ်လို့လည်း ပြောမှာမဟုတ်ပါဘူး။ မှန်တယ်ဆိုရင် စိစစ်ဖော်ထုတ်မယ်၊ သက်ဆိုင်ရာ ဌာနကို အကြောင်းကြားပြီးတော့ အရေးယူဖို့လုပ်မယ်။ လိုအပ်ရင် အထက်ဌာနကို တင်ပြမယ်။ ဘယ်သူတိုင်တယ်ဆိုတာကိုတော့ ဖော်ထုတ်ဖို့ မရှိပါဘူး။” လာဘ်ပေးလာဘ်ယူမှုတွေကို အခုလို ၀န်ကြီးဌာနတခုတည်းက အရေးယူဆောင်ရွက်ရုံနဲ့ လုံလောက်မှု ရှိမရှိ၊ တိုင်ကြားသူတွေအတွက် ဥပဒေအရ ဘယ်လိုအကာအကွယ်ပေး ဆောင်ရွက်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က တရားလွှတ်တော်ရှေနေ့ ဦးကိုနီက အခုလို ပြောပါတယ်။ “ပြည်ထဲရေး ၀န်ကြီးဌာနက လာဘ်လာဘ်ယူကိစ္စတွေကို ဖော်ထုတ်အရေးယူပေးဖို့ တာဝန်ရှိတယ်။ တချိန်တည်းမှာ မှန်မှန်ကန်ကန် သတင်းပေးသူတွေကိုလည်း ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ ဘာလို့လဲဆိုတော့ အုပ်ချုပ်ရေး အာဏာပိုင်ဆိုတာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး၊ အေးချမ်းသာယာရေးကို တာဝန်ယူရတဲ့ အဖွဲ့ဖြစ်တယ်။ လာဘ်ပေးလာဘ်ယူဆိုတာ ဥပဒေချိုးဖောက်တဲ့ ကိစ္စ၊ လာဘ်ပေးလာဘ်ယူမှုကို မဖြစ်အောင် ဟန့်တားဖို့ရော၊ အကာအကွယ်ပေးဖို့ရော ဒါဟာ သူတို့ လုပ်ရမယ့် တာဝန်ပဲ။ တကယ် ထိထိရောက်ရောက် အလုပ်လုပ်တာကို လိုချင်ပါတယ်၊ ထိထိရောက်ရောက်လည်း အရေးယူပေးပါ။ တိုင်တဲ့သူကိုလည်း ကာကွယ်ပေးပါ။ အဲလိုမဟုတ်ဘဲ အပြောပဲ ပြောနေမယ်ဆိုရင် ဒီကိစ္စက တော်တော်တော့ ပြောဖို့ခက်ပါတယ်။ လာဘ်ပေးလာဘ်ယူ အများဆုံးလုပ်နေတာက ဘယ်အ၀န်းအ၀ိုင်းလဲဆိုတာ မေးလိုက်ရင်ကို အဖြေကပေါ်နေပါပြီ။ ဒါက ဆက်စပ်မှုရှိနေပါတယ်။ ဆိုပါတော့. အုပ်ချုပ်ရေးဆိုင်ရာ ၀န်ထမ်းတွေ၊ တရားရေးဆိုင်ရာ ၀န်ထမ်းတွေ၊ လာဘ်စားလို့ရတဲ့နေရာမှာ ရှိနေတဲ့သူတွေ။ တချိန်တည်းမှာ အရေးယူရမယ့်သူတွေကလည်း သူတို့ပဲဖြစ်နေတယ်လေ။ အုပ်ချုပ်ရေးဝန်ထမ်းဆိုတာ အများကြီး. စည်ပင်ရှိမယ်၊ ရဲတပ်ဖွဲ့ရှိမယ်၊ လူဝင်မှုကြီးကြပ်ရေး ရှိမယ်ဗျာ။ နေရာတိုင်းက သူတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာကို လာဘ်ငွေယူပြီး တလွဲသုံးနိုင်တာပဲ။ ဒါကြောင့် လာဘ်ပေးလာဘ်ယူကိစ္စဟာ တော်တော်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်လုပ်ရမယ်။ မူဝါဒတွေ ကောင်းကောင်းချမှတ်ပြီး လုပ်ရမယ်။ ဘက်ပေါင်းစုံ.တရားရေးနဲ့ အုပ်ချုပ်ရေးပူးပေါင်းပြီး လုပ်ရမယ်။ အဓိကက ထိပ်ပိုင်းက မူဝါဒချမှတ်ပေးသူတွေ ကောင်းကောင်းမွန်မွန် မူဝါဒချမှတ်ပေးပြီး သူတို့ချမှတ်ပေးတဲ့ မူဝါဒ စည်းကမ်းတွေကိုလည်း တိတိကျကျ အောက်လူတွေ လိုက်နာအောင်၊ အပေါ်က ဥပဒေလုပ်ပေးလိုက်မယ်. အောက်ကလူတွေ လိုက်နာတာ မလိုက်နာတာ သူတို့ကိစ္စဆိုပြီးထားမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးဟာ ဖြစ်လာမှာမဟုတ်ဘူး။” ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ကတော့ အခုလို လာဘ်ပေးလာဘ်ယူကိစ္စ တိုင်ကြားချက်တွေကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက လက်ခံဆောင်ရွက်ပေးနေတာလို့ တာဝန်ရှိသူက ပြောပါတယ်။ ခေတ်ကာလအချိန်နဲ့ လိုက်လျောညီထွေရှိပြီး နိုင်ငံတကာစံနဲ့ ကိုက်မယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ လွှတ်တော်မှာရေးဆွဲနေပြီး လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းအောင် ဆောင်ရွက်ရာမှာ ပြည်သူလူထုရဲ့ အကူအညီ ရယူဖို့ အထူးလိုအပ်တယ်လို့ ပြည်ထဲရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ အကျင့်ပျက်ချစားမှုတွေကို စောင့်ကြည့်လေ့လာတဲ့ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ Transpararency International ကတော့ မြန်မာ၊ မြောက်ကိုရီးယား၊ ဆိုမားလီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကို လာဘ်စားမှု အဆိုးရွားဆုံးတိုင်းပြည် တွေအဖြစ် နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ ရွှေအောင် DVB - ၊နိုဝင်ဘာ-၃၀
လက်ပံတန်းတောင်သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ်၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ တုန့်ပြန်ချက်

လက်ပံတန်းတောင်သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ်၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ တုန့်ပြန်ချက်

''မျက်ရည်ယိုဗုံးနဲ့ အဓိကရုဏ်း ကို ဖြိုခွင်းတယ်ဆိုတာ ကျွန်တော် တို့ကိုယ်တိုင် အတွေ့အကြုံ များ စွာရှိပါတယ်။ ကျွန်တော်တို့  က ကြိမ်ဖန်များစွာ မျက်ရည်ယိုဗုံးတွေ ကြားမှာ ဖြတ်သန်းလာခဲ့တာပါ။ ဘာမှ မီးလောင်စရာ အကြောင်း မရှိဘူး။ အဲဒီတော့ နိုင်ငံတကာနှုန်းတွေ၊ ဘာတွေလို့ ပြောနေတာထက် ဘယ်လက်နက်တွေ သုံးစွဲခဲ့သလဲဆိုတာရယ်၊ ဘယ်သူ့အမိန့် နဲ့ ဒီလက်နက်တွေကို သုံးတယ်ဆိုတာရယ် စုံစမ်းဖော်ထုတ်ဖို့ အရေး ကြီးပါတယ်။ အဲဒီစုံစမ်းဖော်ထုတ် ဖို့ဆိုတာလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့ရပါလိမ့်မယ်။ အဲဒီကော်မရှင်ကလည်း လွတ်လပ်တဲ့ ကော်မရှင် ဖြစ်ရပါလိမ့်မယ်။ အဲဒီလို မြန်မြန်ဆန်ဆန်နဲ့ ပွင့်ပွင့်လင်းလင်း မဖြေရှင်းဘူးဆိုရင် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေအတွက် အင်မတန် စိတ်ပူစရာလည်း ကောင်းပါတယ်။ ကျွန်တော်တို့ နောက်ကြောင်းပြန်မလှည့်ရအောင် အားလုံးဝိုင်းပြီး သတိထား နေတဲ့အချိန်မှာ မဖြစ်သင့်တဲ့ ကိစ္စပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းတည်းက ကျွန်တော်တို့ ၈၈မျိုးဆက်ကျောင်းသားတွေအနေနဲ့ ကြေးနီစီမံကိန်းကိစ္စကို အင်အားသုံး အကြမ်းဖက်ပြီး မဖြေရှင်းဖို့ ပြဿနာကို စေ့စပ် ဆွေးနွေးပြီးတော့ အဖြေရှာကြဖို့ သဘောထားထုတ်ခဲ့ပြီးပါပြီ။ အခုဟာက ဘယ်လိုပဲပြောပြော ဆန္ဒပြသူတွေ မီးလောင်ပြီး ဒဏ်ရာရရှိမှု တွေ အကြီးအကျယ်ဖြစ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ အဲဒီတော့ ခုနက ကျွန်တော်တို့ ဆိုခဲ့ တဲ့အတိုင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးပြီးတော့ အမြန်ဆုံးစုံစမ်း ဖော်ထုတ်ဖို့ အသိပေးရပါလိမ့်မယ်။ ဒီကိစ္စမှာ တရုတ်ကိုချည်း ပဲ ရည်ရွယ်ပြောလို့ မရဘူး။ နောက်ထပ်သူ့ရဲ့ တွဲဖက်ပါတနာ အကျိုးစီးပွားဖက်ဖြစ်တဲ့ ဦးပိုင်၊ ဦးပိုင်က ဘာလဲ၊ ဘယ်သူလဲဆိုတာလဲ လူတိုင်းသိတယ်။ ဆိုတော့ တရုတ်ကို မလွန်ဆန်နိုင်ရုံတင်ကရဲ့လား။ အဲဒီ ဦးပိုင်ကြီးကို မလွန်ဆန်နိုင်ဘူးဆိုတဲ့ ပြဿနာ ကျွန်တော်တို့ အတွေးထဲမှာ ရှိပါတယ်။ ပြည်သူ အားလုံးကလည်း ဒီမေးခွန်းကို ထုတ်နေတယ်။ အဲဒီတော့ ဘယ်လောက်ထိ အရာရာကို အသာစီးယူပြီးတော့ ခေါင်းပေါ်မှာ နေဦးမှာလဲ ဆိုတဲ့ မေးခွန်း။ ဒါကို ပွင့်ပွင့် လင်းလင်း မေးကြဖြေကြဖို့လည်း အရေးကြီးနေပါပြီ။ ကျွန်တော်တို့ ငယ်ငယ်က ပထ၀ီမှာ မီးကုန်ယမ်း ကုန်းအော်ကျက်ခဲ့ရတဲ့ ကြေးနီတောင်၊ စံပယ်တောင်မရှိတော့ပါ ဘူး။ သူတို့ သတ္ထုတွေ၊ သိုက်တွေ ဆွဲထုတ်လိုက်တာ အဲ့ဒီဒေသမှာ ရေလည်း သောက်လို့ မရတော့ပါဘူး။ အဲဒီဒေသက ပြည်သူတွေကလည်း ဓားမနောက်ပိတ်ခွေး၊ ဓားမနောက် ပိတ်ခွေးပါပဲ။ အဲ့ဒီဒေသက ပြည်သူတွေ အဆိပ်သင့်ပြီး ကျန်ခဲ့တယ်။ အမြတ်ကအဲဒါပါပဲ။''Shwemyanmar media group's photo.
ရိုဟင်ဂျာ နာမည် သုံးစွဲခြင်းကို မြန်မာဘက်က ပယ်ချ

ရိုဟင်ဂျာ နာမည် သုံးစွဲခြင်းကို မြန်မာဘက်က ပယ်ချ

နိုဝင်္ဘာလ ၂၆ ရက်နေ့ တနင်္လာနေ့က ပြုလုပ်ခဲ့သော (၆ရ) ကြိမ်မြောက် ကုလသမဂ္ဂ အ ထွေထွေ ညီလာခံကြီး၏ (၄၃) ကြိမ်မြောက် တတိယ ကော်မတီ အစည်းအဝေးတွင် မြန်မာနိုင်ငံ ရခိုင်ပြည် နယ်တွင် ရှိသော မူဆလင်များကို ရိုဟင်ဂျာ လူမျိုး အဖြစ် ခေါ်ဝေါ် သုံးစွဲခဲ့ခြင်းကို မြန်မာဘက်က ပယ်ချလိုက်သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးဆို သည်မှာ မရှိကြောင်း၊ ကုလ သမဂ္ဂ၏ ဆုံးဖြတ်ချက်ထဲတွင် သုံးနှုန်းဖော်ပြ ထားသော အသုံးအနှုန်း အပေါ် မိမိတို့ ကိုယ်စားလှယ် အဖွဲ့အနေဖြင့် အပြင်း အထန် ကန့်ကွက်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များမှာ ဘာသာရေးအရ ဖိနှိပ်မူကြောင့် ပေါ်ပေါက်လာသော အကြမ်း ဖက်မှုများ မဟုတ်ဘဲ လူမှု အဖွဲ့အစည်း နှစ်ခုအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုလသမဂ္ဂ ကိုယ်စားလှယ်မှ ပြန်လည် တုံ့ပြန်ပြောဆိုခဲ့သည်ဟု ဆိုသည်။ ရခိုင်ပြည်နယ်က ပဋိပက္ခ အခြေအနေများနှင့် ပတ်သက်ပြီး အထူး စိုးရိမ်မိကြောင်း၊ လူနည်းစု ရိုဟင် ဂျာ မွတ်ဆလင်များအပေါ် အကြမ်းဖက် ဖိနှိပ်မူများကို လက်ခံနိုင်စရာ မရှိကြောင်း၊ မြန်မာ အစိုးရ အနေဖြင့် လူနည်းစုဖြစ်သော သူတို့၏ အခွင့်အရေးကို အကာ အကွယ်ပေးရန် တောင်းဆိုကြောင်း စသည့် အချက်များ ပါဝင်သည့် ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီ ဆွေးနွေးပွဲတွင် ချမှတ်ခဲ့သည်ဟု ဆိုသည်။ မြန်မာ ကိုယ်စားလှယ်ကလည်း ရိုဟင်ဂျာ အမည်ခံထားသူများမှာ ရွှေ့ပြောင်း ၀င်ရောက်လာသူ များသာ ဖြစ်ကြောင်း၊ သူတို့ကိုယ် သူတို့ ခွဲခြားသတ်မှတ်ရန် ကြိုးစားနေရာတွင် ရွှေ့ပြောင်း ၀င်ရောက်လာသူများ အဖြစ် မပြောဆိုဘဲ လူမျိုးစုတခု အဖြစ် သူတို့ဖာသာ ဖန်တည်း သတ်မှတ်ခြင်း မျိုးကို လက်ခံနိုင်ရန် မဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုများ အထဲတွင် ရိုဟင်ဂျာဆိုသော တိုင်းရင်းသားလူမျိုးစု မရှိပါကြောင်း၊ ယခုကဲ့သို့ သတ်မှတ်မူမျိုးကို အစိုးရအဆက်ဆက် ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့ဖူး ပါကြောင်း၊ ဤကဲ့သို့ အခြေအနေမျိုးတွင် တိုင်းပြည်၏ တည်ဆဲ ဥပဒေများနှင့် ကိုက်ညီပါက နိုင်ငံတွင်း မည်သည့် လူမှု အ၀န်းအ၀ိုင်းမဆို နိုင်ငံသားဖြစ်ခွင့်ကို မည်သည့် အခါမှ မငြင်းပယ်ခဲ့ဘူးကြောင်းနှင့် ငြင်းပယ်မှာလည်း မဟုတ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။ မြန်မာအနေဖြင့် တတိယ ကော်မီတီ အစည်းအဝေး ဆုံးဖြတ်ချက်ကို လက်ခံသော်လည်း ရိုဟင်ဂျာ အမည် သုံးစွဲခြင်းကို ကန့်ကွက်ကြောင်း ပြောဆိုသည်ဟု ရွိုက်တာ သတင်းတွင်လည်း ဖေါ်ပြသည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ထဲတွင် ရခိုင်ပြည်နယ်၏ အခြေအနေအတွက် စိုးရိမ်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် နေထိုင်သူများ အားလုံးအတွက် အကာအကွယ်ပေး ရန် တောင်းဆိုချက်များ လည်း ပါဝင်သည်ဟု ဆိုသည်။ (၆ရ) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး၏ (၄၃) ကြိမ်မြောက် တတိယ ကော်မတီ အစည်းအဝေးကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂ၏ ရခိုင်အရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ပြည်တွင်း ပြည်ပရှိ ရခိုင်နိုင်ငံရေး အဖွဲ့အစည်းများနှင့် လူမူရေး အဖွဲ့အစည်းများ၏ တစ်စုံတစ်ရာ တုန့်ပြန်မူများ ယနေ့ထိ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။ http://www.narinjara.com/burmese/?p=3312
“အကြမ်းဖက်မှုကို လက်မခံဘူး“

“အကြမ်းဖက်မှုကို လက်မခံဘူး“

ဒေါက်တာ အေးမောင် (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ) "ကျွန်တော်တို့ ကတော့ ဒီလို အကြမ်းဖက်မှုကို လက်မခံဘူး။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အကြမ်း ဖက်တာတွေ လုပ်လာတယ် ဆိုရင် သူတို့ပြောတဲ့ လမ်းကြောင်းဟာ သံ သယဖြစ်စရာတွေ ဖြစ်လာ လိမ့်မယ်။ တွေ့ဆုံဖြေရှင်း အဖြေရှာဖို့ ကြိုးစား နေကြတာပဲလေ။ ဒီလို ဖြိုခွင်းတယ် ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရရင် မလုပ်သင့်တဲ့ ကာလပေါ့ဗျာ။ မညီမျှမှုရဲ့ အဖြေရှာမှုကို ခေါင်းဆောင် တစ်ဦးကို ကြိုးစားခွင့် မပေးဘဲ ဖြေရှင်းတဲ့ သဘောပေါ့။ ကျွန်တော်တို့ ကတော့ ဒါကို ကန့်ကွက် ပါတယ်။ ဒီကိစ္စက ၂၀ဝ၇ ပုံစံမျိုးဖြစ်နေတယ်။ ဒီကိစ္စမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ဦးပိုင်ဆိုတာ နိုင်ငံတော်နဲ့ ဘာမှ မပတ်သက်ဘူးလေ။ ဒီကိစ္စမှာ နိုင်ငံတော်မှာ အကျိုးရှိ တာလား။ တရုတ်ရဲ့ အကျိုးစီးပွား ကို ဦးတည်တာလားဆိုတာ ကျွန် တော်တို့ ပြန်သုံးသပ်ရမှာပေါ့။ တရုတ်ရဲ့ အကျိုးစီးပွားကတော့ တော်တော်လေး နေရာတော်တော် များများမှာရှိပါတယ်" နိုဝင်ဘာလ ၂၉ ရက်နေ့က Eleven Media Group အင်တာနက် စာမျက်နှာတွင် ဖော်ပြခဲ့သော “ မြန်မာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ တန်ဆောင်မုန်း လပြည့်နေ့ညတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းလိုက်ခြင်းကို ကန့်ကွက်ကြောင်းနှင့် လက်သင့်မခံနိုင်ကြောင်း နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ တုန့်ပြန် “ သတင်းမှ ကောက်နုတ်ချက်from ; Rakhine Citizen Journalists
ဘီဘီစီမြန်မာပိုင်းကဏ္ဍသို့ ဒေါက်တာအေးချမ်း၏ အိပ်ဖွင့်ပေးစာ

ဘီဘီစီမြန်မာပိုင်းကဏ္ဍသို့ ဒေါက်တာအေးချမ်း၏ အိပ်ဖွင့်ပေးစာ

ဘီဘီစီ အသံလွှင့်ဌာန ခင်ဗျာ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့၊ မနက်ပိုင်းမြန်မာဘာသာအစီအစဉ်မှာ ဗြိတိန်နိုင်ငံ အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း၏ ဥက္ကဌဆိုသူ ဦးထွန်းခင်နဲ့ ဘီဘီစီတို့ အင်တာဗျူးကို နားဆင်လိုက်ရပါတယ်။ ဒီကိစ္စမှာ ဘက်နှစ်ဘက်က ရှုမြင်သုံးသပ် နိုင်ပါတယ်။ ရခိုင်ပြည်မြောက်ပိုင်းက မူဆလင်တွေအပေါ် မြန်မာစစ်တပ်က ပြင်ပြင်းထန်ထန် နှိပ်ကွပ်ခဲ့မှုတွေကို ကျွန်တော်တို့ မငြင်းပါဘူး။ ဒါပေမယ့် စစ်တပ်ရဲ့ ရက်စက်စွာ နှိပ်ကွပ်မှုကို ခံစားခဲ့ရသူတွေဟာ မူဆလင်တွေ ချည်းတော့ မဟုတ်ပါဘူး။ ကမ္ဘာကျော် သတင်းမီဒီယာတွေက တခြား မျိုးနွယ်စုတွေထက် ရိုဟင်ဂျာတွေကို ဘာ့ကြောင့် ပိုပိုကဲကဲ စိုးရိမ်ပူပန်နေရသလဲဆိုတာကို ကျွန်တော်တို့ သိချင်ကြ ပါတယ်။ ‘ရိုဟင်ဂျာ’ ကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုဖို့ဆိုတာက ဆွေးနွေးဖြေရှင်းစရာ ပြဿနာတစ်ရပ် ဖြစ်နေပြန်ပါတယ်။ ဒီ ‘ရိုဟင်ဂျာ’ လို့ ခေါ်သူတွေဟာ ဗြိတိသျှတို့ရဲ့ ကိုလိုနီနယ်မြေအဖြစ် သိမ်းပိုက်ခံကာလက လယ်ယာမြေတွေမှာ ခိုင်းစေခဲ့တဲ့ ဘင်္ဂါလီသူရင်းငှားတွေက ဆင်းသက်လာသူတွေသာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီကိစ္စကို သမိုင်းကောက်ကြောင်းတွေနဲ့ သက်သေပြခဲ့ပါပြီ။ ကျွန်တော့်ဆောင်းပါးကို ‘အရှေ့တိုင်းနှင့်အာဖရိက ဘာသာရပ်သင်ဌာနမှ ထုတ်ဝေ သော မြန်မာနိုင်ငံသုတေသန စာစောင်အတွဲ (၃-၂) (SOAS Bulletin of Burma Research 3-2)’ မှာ ဖတ်ရှုနိုင်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်ပညာရှင်နဲ့မဆို အချေအတင် ဆွေးနွေးဖို့ ကျွန်တော့်အနေနဲ့ အဆင်သင့် ရှိနေပါတယ်။ သူတို့တွေဟာ ကိုလိုနီခေတ်က ရခိုင်ပြည်နယ်မှာ လာရောက်နေထိုင်ခဲ့ကြပါတယ်။ ရခိုင်တွေကလည်း သူတို့ကို ကြိုဆိုခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ရခိုင်ပြည်နယ်မှာ သူတို့သာ လူများစုဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးမကြေညာမီမှာပဲ ရခိုင်ပြည်နယ်ကို အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ (ရှ်) နိုင်ငံ) အတွင်း ထည့်သွင်းပေါင်းစည်းပေးဖို့ သူတို့တွေက တောင်းဆိုခဲ့ကြပါတယ်။ ပါကစ္စတန်ခေါင်းဆောင်တွေက သူတို့ရဲ့ တောင်းဆိုချက်ကို လက်မခံတဲ့အခါ ပြည်ထောင်စုမြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲ ကြေညာခဲ့ကြပါတယ်။ တောတွင်းစစ်ပွဲမှာ သူတို့တွေ အရေးနိမ့်သွားတဲ့အခါ ‘ရိုဟင်ဂျာ’ ဆိုတဲ့ အမည်နာမကို ဖန်တီးမွေးဖွားပြီး သူတို့အတွက် ‘ရိုဟင်ဂျာနိုင်ငံ’ ကို တောင်းဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီလိုမျိုးနွယ်စုတစ်စု ဘယ်တုန်ကမှ မရှိဖူးခဲ့ပါ။ လွှတ်တော်အမတ် ဆမစ်က ပြောခဲ့တယ်။ ပါကစ္စတန်နီတွေ၊ အာရပ်တွေနဲ့ အိန္ဒိယလူမျိုးတွေဟာ မျိုးဆက်များစွာ နေထိုင်လာကြပြီးနောက် ဗြိတိန်နိုင်ငံသားတွေ ဖြစ်လာကြပါတယ်တဲ့။ ကျွန်တော် ဆမစ်နဲ့ သဘောတူပါတယ်။ ဒါပေမယ့် အဲဒီ ဗြိတိန်နိုင်ငံတွင်းသို့ ပြောင်းရွှေဝင်ရောက်နေထိုင်လာသူတွေဟာ ‘နိုင်ငံတော်ပိုင်နယ်မြေတစ်ခုကို ပေးပါ’ ဆိုပြီး မတောင်းဆိုပါဘူး။ စကော့လူမျိုးတွေ၊ အိုင်းရစ်တွေ၊ ဝေလနယ်သားတွေလိုမျိုး သီးခြားမျိုးနွယ်စု အဖြစ်ရပ်တည်နိုင်မှုကို တောင်းဆိုနေကြတာ မဟုတ်ပါဘူး။ မြောက်ပိုင်းပင်လယ်ထဲမှာတောင် သူတို့တွေအတွက် သီးခြားနိုင်ငံ တောင်းဆိုမနေကြပါဘူး။ သူတို့ကိုယ်သူတို့ ဗြိတိသျှလူမျိုးလို့သာ ခေါ်ကြပါတယ်။ (၁၉၄၇) ခုနှစ်မှာ ဒီစစ်တကောင်းနယ်သား ဘင်္ဂါလီတွေက ရခိုင်တိုင်းကို နှစ်ပြည်ထောင်အဖြစ် ပိုင်းခြားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ တကယ်လို့များ ပြောင်းရွှေ့ဝင်ရောက်နေထိုင်လာသူတွေကိုသာ ဘိုးဘွားပိုင်မြေကို တစ်စိတ်တစ်ဒေသအနေနဲ့ ပေးလိုက်ရမယ်ဆိုရင် ဒေသခံရခိုင်သူ၊ ရခိုင်သားတွေ ဘယ်လိုမျိုး ခံစားရမှာလဲ? ကျွန်တော့်အနေနဲ့ ဘီဘီစီ နဲ့ ဦးထွန်းခင်ကို ဒီလိုပဲ မေးခွန်းထုတ်ချင်ပါတယ်ခင်ဗျာ။ ရိုးသားဖြူစင်စွာ အေးချမ်း သမိုင်းပါမောက္ခ အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုဌာန ၁-၄-၁ ၀ါကာဘာ၊ မီဟာမာဟု၊ ချီဘာ ၂၆၁-၀၀၁၄၊ ဂျပန်နိုင်ငံ။ ဘာသာပြန်သူ = ဇွဲသစ် (ရမ္မာမြေ)
အခွန်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ၀န်ဆောင်မှုစင်တာမှ ဖြေရှင်းပေးမည်

အခွန်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ၀န်ဆောင်မှုစင်တာမှ ဖြေရှင်းပေးမည်

ပြည်ပလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းအခွန်ပေးဆောင်ခြင်းများနှင့် ပတ်သက်ပြီး သိရှိလိုသည်များအား နေပြည်တော်သို့ သွားရောက်ရန် မလိုတော့ဘဲ ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံးသို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။ ပြည်တွင်းအခွန်များဦးစီးဌာနများအနေဖြင့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ သိရှိလိုသည့်အချက်များ ၊ နစ်နာမှုဆိုင်ရာ ကိစ္စရပ်များအား ဖြေရှင်းပေးခြင်းနှင့် အခွန်ဦးစီးဌာနမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များကို လည်း ဖြေကြားဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်ခင်ယမုန်အောင်က ပြောသည်။ “ပြည်ပလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံက အခွန်တွေအကြောင်း သိချင်ရင် နေပြည်တော်ထိ တကူးတက သွားစရာမလိုတော့ဘဲ ရန်ကုန်မှာပဲ အခွန်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုအခွန်တွေရှိတယ်၊ လုပ်ငန်းရှင်အနေနဲ့ အလုပ်သမားလစာပေးရာမှာ လစာဝင်ငွေခွန်ကို ဖြတ်တောက် ပေးဆောင်မှုတာဝန်တွေနဲ့ ပတ်သက်ပြီး မေးမြန်းတာတွေ တခြားအခွန်နဲ့ပတ်သက်ပြီး မကျေလည်မှု ရှိတာတွေကိုလည်း ဖြေရှင်းပေးတာမျိုးတွေ တခြားသိလိုတာတွေလည်း မေးမြန်းလို့ရပါပြီ” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ယမုံအောင်က ပြောသည်။ ရန်ကုန်၌ ယခုကဲ့သို့ ဌာနဆိုင်ရာ ၀န်ထမ်းများမှ အခွန်ဆိုင်ရာ ၀န်ဆောင်မှုပေးနေခြင်းမှာ ကောင်းမွန် ကြောင်း နှင့် အနောက်နိုင်ငံများမှ လုပ်ငန်းရှင်များအနေဖြင့် အမြတ်ရှိမှသာ အခွန်ဆောင်ရပြီး ၊ အမြတ်မရှိပါက အခွန်ထမ်းဆောင်ရန် မလိုကြောင်း ပြည်ပ၀န်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက သူ၏ အတွေ့အကြုံကို ပြောပြသည်။ “အနောက်နိုင်ငံတွေမှာချမ်းသာတာကိုဇိမ်ခံပစ္စည်းတွေနဲ့မတိုင်းတာဘူး၊အခွန်ထမ်းဆောင်တာနဲ့ သတ်မှတ်တယ် လုပ်ငန်းလုပ်လို့ ရှုံးရင် အခွန်ထမ်းစရာမလိုဘူး၊ မြတ်မှထိုက်သင့်တဲ့ အခွန် ထမ်းဆောင်ရမှာ ၊ အခွန်နဲ့ပတ်သက်လို့ မရှင်းလင်းတာ မသိတာတွေကို မေးမြန်းလိုရမယ့် ဌာနတစ်ခု ရှိလာတယ် ဆိုတော့ ကောင်းတာပေါ့”ဟု ပြည်ပ ၀န်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံနေသော အခွန်များမှာ ၀င်ငွေခွန် ၊ ကုန်သွယ်ခွန် ၊ တံဆိပ်ခေါင်းခွန် နှင့် အောင်ဘာလေခွန် ဟူ၍ လေးမျိုးရှိပြီး စီးပွားရေးလုပ်ငန်းရှင် အခွန်ထမ်းများနှင့် အများဆုံးပတ်သက်သည့် အခွန်မှာ ကုန်သွယ်လုပ်ငန်းခွန် နှင့် ၀င်ငွေခွန် ဟူ၍ နှစ်မျိုးသာရှိသည်ဟု သိရှိရသည်။ စားသောက်ဆိုင်လုပ်ငန်းသည် ကုန်သွယ်လုပ်ငန်းခွန်သည် ကျသင့်သော ၀န်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်ပြီး ကုန်သွယ်ခွန်နှုန်းကို၂၀၁၂ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် ၁၀ရာခိုင်နှုန်းမှ ၅ရာခိုင်နှုန်းအထိ လျော့ချပေးခဲ့သည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်ခင်ယမုန်အောင်က ဆက်လက် ပြောဆိုသည်။ “ဥပမာ စားသောက်ဆိုင် လုပ်ငန်းဆိုရင် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်တယ်၊ ဒီနှစ် ဧပြီလကစပြီး ၁၀ရာခိုင်နှုန်း ပေးဆောင်ရာကနေ အခု၅ရာခိုင်နူန်းအထိ လျှော့ချပေးလိုက်တယ်၊ ၀င်ငွေခွန်နူန်း ထားကတော့ ကုမ္ပဏီအနေနဲ့ စားသောက်ဆိုင်ဖွင့်ရင် အမြတ်ငွေရဲ့ ၂၅%ထမ်းဆောင်ရမယ် ၊ တစ်ဦးချင်း အနေနဲ့ဆိုရင် ၂%မှ၃၀% အထိ အမြတ် အနည်းအများပေါ်မူတည်ပြီး ထမ်းဆောင်ရတယ်”ဟုပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်ယမုန်အောင်က ပြောသည်။ မြန်မာတစ်နိုင်ငံလုံးမှ ကောက်ခံရရှိသော အခွန်ငွေများကို မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ပေးသွင်းရပြီး နိုင်ငံတော်၏ အခွန်ရငွေအဖြစ် ယင်းအခွန်ငွေများကို လွှတ်တော်အဆင့်ဆင့်မှ ပညာရေး ၊ ကျန်းမာရေး ၊ ဆောက်လုပ်ရေးနှင့် နိုင်ငံတော်၏ လုပ်ငန်းများတွင် မည်သို့သုံးစွဲမည်ကို ဆွေးနွေးဆုံးဖြတ်ကြောင်း ၄င်းကဆက်လက် ပြောဆိုသည်။ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံးစတင်ဖွင့်လှစ်သည့် အောက်တိုဘာ(၁၉)ရက်နေ့မှစ၍ နိုဝင်ဘာ(၂၈)ရက်နေ့အထိ အခွန်နှင့်ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ လာရောက်ဆွေးနွေးမေးမြန်းမှု အကြိမ်ပေါင်း (၂၁၈)ကြိမ်ရှိခဲ့ပြီး အများဆုံးလာရောက်မေးမြန်းခြင်းကိစ္စရပ်မှာ ပြည်ပမှရင်းနှီးမြုပ်နှံမှုစတင်လုပ်ကိုင်မည့် လုပ်ငန်းရှင်များမှ မြန်မာနိုင်ငံ၏ အခွန်စနစ်နှင့် ပေးဆောင်ရန် အခွန်နှုန်းထားများအပါအ၀င် မြန်မာနိုင်ငံနှင့် အခွန်(၂)ထပ်မကျသင့်စေရေး စာချုပ် (DTA ) ချုပ်ဆိုထားသော နိုင်ငံများမှ လာရောက်ရင်းနှီးမြုပ်နှံသူများအနေဖြင့် အခွန်ကျသင့်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်ဟု သိရှိရသည်။ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံးကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ အမှတ် ၅၉-၆၁ မြေညီထပ် တွင် အောက်တိုဘာလ ၁၉ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ from myit ma kha
မြန်မာ့ ရေလုပ်ငန်းများတွင် ထိုင်းရေလုပ်ငန်းလာရောက် ပူးပေါင်းလုပ်ကိုင်လို

မြန်မာ့ ရေလုပ်ငန်းများတွင် ထိုင်းရေလုပ်ငန်းလာရောက် ပူးပေါင်းလုပ်ကိုင်လို


မြန်မာနိုင်ငံရှိ ရေလုပ်ငန်းများတွင် ထိုင်းနိုင်ငံ ရေလုပ်ငန်းဦးစီးဌာနမှ နှစ်နိုင်ငံပူးတွဲလုပ်ကိုင်လိုကြောင်း ပထမဆုံးအကြိမ် အဖြစ် ပြည်ထောင်စုအစိုးရထံ အဆိုပြုချက်တင်ထားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရှိရသည်။ "ဘယ်ကိစ္စပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အားနည်းချက်အားသာချက်တွေကို စဉ်းစားပြီး အများလက်ခံသဘောတူနိုင် မှ ဆောင်ရွက်သင့်တယ်။ အခုလိုကမ်းလှမ်းလာမှုတွေအပေါ်ကိုလည်း လုပ်ငန်းခွင်တွေက လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးပြီးပြန် တင်ပြပါလို့ ပြည်ထောင်စုဝန်ကြီးကလည်း ပြောထားတယ်"ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုင်းနိုင်ငံရေလုပ်ငန်းဦးစီးဌာနမှ နှစ်နိုင်ငံပူးတွဲကော်မတီဖွဲ့ကာ ရေထွက်လုပ်ငန်းများကို ၂၀၁၃ ခုနှစ်၊ ဇွန်လ၌ ဆောင်ရွက် လိုကြောင်း အဆိုပြုချက်တင်ထားပြီး ၄င်းအဆိုပြုချက်ပေါ် မွန်၊ ကရင် ရေထွက်လုပ်ငန်းများ၊ မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ညှိနိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့တွင် ခဲ့ကြောင်း ကိုလည်း ၄င်းက ဆက်လက်ပြောဆိုသည်။ အဆိုပါ ညှိနိုင်းဆွေးနွေးပွဲမှ ရလဒ်များဖြစ်သော အားနည်းချက် အားသာချက်များကို ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြထားကြောင်း သိရှိရသည်။ "ပူးတွဲလုပ်ဖို့ဆို တာကတော့ အရင်က စီးပွားရေးပိတ်ဆို့မှု ရှိတဲ့အတွက်ကြောင့် ထိုင်းကို အားကိုးခဲ့ရတယ်။ အခု ပိတ်ဆို့မှုတွေ လည်း လျော့သွားပြီဆိုတော့ ထိုင်းချည်းပဲ အားကိုးပြီးလုပ်မယ့်အစား သူ့ထက်သာတဲ့နိုင်ငံမျိုးက ကမ်းလှမ်းလာရင် လက်ခံသင့်တယ်"ဟု ငါးလုပ်ငန်းအဖွဲ့ ချုပ်မှ ဦးဝင်းကြိုင်က ပြောသည်။ မြန်မာနိုင်ငံရှိ ပင်လယ်ငါးဖမ်းလုပ်ငန်းများကို မည်သည့်နိုင်ငံများသို့မျှ မပေးသင့်ကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်နိုင်ရန် နိုင်ငံသားများကိုသာလုပ်ပိုင်ခွင့်ပြုသင့်ကြောင်း၊ ပင်လယ်ပြင်သယံဇာတသုတေသနအား ကိုယ်တိုင်ပြုလုပ် ခြင်းများ ဆောင်ရွက်သင့်ကြောင်းနှင့် ပင်လယ်ငါးဖမ်းလုပ်ငန်းများတွင် လုပ်ခနည်းနည်းဖြင့် လုပ်ကိုင်နေရသော မြန်မာ့ရေ လုပ်သားများအား ပြန်လည်ခေါ်ယူကာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသင့်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြံပြုပြောဆိုသည်။ မြန်မာ့နိုင်ငံမှ ရေလုပ်သားများအား လုပ်ခနည်းနည်းဖြင့် ပြည်ပနိုင်ငံများမှ ခေါ်ယူနေပြီး ပြည်တွင်း ရေလုပ်ငန်း များတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပြည်ပဈေးကွက်ဝင် ရေထွက်လုပ်ငန်းများကို ထိုးချဲ့ ဆောင်ရွက်ပေးခြင်းဖြင့်  ဒေသတွင်း ဖွံ့ဖြိုးမူနှင့် ပြည်ပသွားရောက်အလုပ်လုပ်ကိုင်နေရသူများအတွက် များစွာ အထောက်အကူဖြစ်လာနိုင်ကြောင်း ၄င်းက အကြံပြုပြောဆိုသည်။ မြန်မာ့ရေပြင်တွင် တနသာင်္ရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့သည် ထိုင်းနိုင်ငံနှင့် ပင်လယ်နယ်နိမိတ်ခြင်းထိ စပ်ဆက်လျှက်ရှိကြောင်း သိရှိရသည်။from myit ma kha
စစ်တွေတက္ကသိုလ်မှ ကျောင်းသားများ ကျောင်းမတက်ဘဲ စာမေးပွဲဖြေဆိုခွင့်ရတော့မည်

စစ်တွေတက္ကသိုလ်မှ ကျောင်းသားများ ကျောင်းမတက်ဘဲ စာမေးပွဲဖြေဆိုခွင့်ရတော့မည်

စစ်တွေ တက္ကသိုလ်ကျောင်းသားများအနက် တစ်ချို့သည် စားမေးပွဲဖြေဆိုစဉ်အ တွင်းလည်း ဖြေဆိုခွင့်မရှိသည့်အပြင် စားမေးပွဲကြီးလည်းပြီးဆုံးသွားပြီဖြစ်သည့် တိုင် ပြန်လည်ဖြေဆိုခွင့်ရရှိတော့မည်ဖြစ်ကြောင်းသိရသည်။ ထိုသို့ဖြေဆိုခွင့်ရရှိသူများမှာ ဘင်္ဂလီကျောင်းသားများသာဖြစ်ကြောင်းနှင့် ကျောင်း မတက်ဘဲ စာမေးပွဲဖြေဆိုခွင့်ရရှိခြင်းသည် စစ်တွေက္ကသိုလ်ဖာရုံအဆင့်သို့ရောက်ရှိ သွားခြင်းဖြစ်ကြောင်း တက္ကသိုလ်ကျောင်းမှ တာဝန်ရှိသူတစ်ဦကပြောပါသည်။ ကျောင်းခေါ်ချိန်မပြည့်ဘဲ ထိုသို့ စာမေးပွဲဖြေဆိုခွင့်ရရှိခြင်းသည် မြန်မာနိုင်ငံတွင် မည်သည့် တက္ကသိုလ်မှ မရှိကြောင်း လည်းသိရှိရပါသည်။ စာမေးပွဲဆိုတာ တစ်ခါဘဲဖြေခွင့်ရတယ်။ ဒါကြောင့်အ ခုဖြေဆိုခွင့်မရသူကို ပြည်နယ်အစိုးရက အတင်းအကြပ်ဖြေဆိုခွင့်ပေးတာဟာ လုပ်သင့်သလားဆိုတာ ထည့်စဉ်းစားဖို့လိုမယ်။ အခုက ကျောင်းမတက်ဘဲ စားမေးပွဲဖြေလို့ရတယ်ဆိုရင် ဖြေစရာမှ မလိုတော့တာ အောင်ပေးလိုက်ရင်ပြီးတာဘဲလေ။ ဒါကလေးကစားတာ မဟုတ်ဘူး ။ မြန်မာနိုင်ငံပညာရေးခေတ်မီ ဖွံ့ဖြိုးဖို့လုပ်နေတယ်ဆိုတာကို မေးခွန်း ထုတ်စရာဖြစ်လာပြီ။ ထိုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေတက္ကသိုလ်မှ ဆရာမ တစ်ဦးက '' မဖြစ်သင့်တာကို မဖြစ်အောင်တော့ စည်းစောင့်ဖို့လိုပြီးလို့ထင်တယ်။ ပြီးတော့ စားမေးပွဲဖြေဆိုသူ တွေကို အရှုံးမပေးရဘူး၊ဖြေနိုင်သည်ဖြစ်စေ မဖြေနိုင်သည်ဖြစ်စေ အောင်ပေးရမယ် ဆိုရင် ကျွန်မတို့ ဒီလိုစာမေးပွဲကို စစ်ဖို့လိုသေးသလား။ ဒီလုပ်က နေ နုတ်ထွက်ပစ် မယ်'' ဟုလည်းပြောကြားခဲ့ပါသည်။ ယင်းအပြင် စစ်တွေတက္ကသိုလ်မှ ကျောင်းသားတစ်ဦးကလည်း'' ကျွန်တော် တို့က ကျောင်းခေါ်ချိန်မပြည့်ရင် စာမေးပွဲဖြေဆိုခွင့်မရခဲ့ဘူး။ ဒါပေမယ့် အခုက ကျောင်း မတက်၊ကျောင်းခေါ်ချိန်မပြည့်တဲ့သူတွေကိုစားမေးပွဲဖြေဆိုခွင့်ပေးမယ်၊ မဖြေနိုင် ရင်လည်းအရှုံးမပေးရဘူးဆိုတာဟာ စဉ်းစားလို့မရအောင်ထိပါဘဲ။ ဒါကြောင့်ကျွန် တော်တို့ ဆန္ဒဖော်ထုတ်သွားမှာပါ''ဟုလည်း တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောကြားခဲ့ပါသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရက ပါမောက္ခချုပ်အား အတင်း အကြပ် လုပ်စေခြင်းဖြစ်ကြောင်းနှင့် ယနေ့တွင် ဆုံးဖြတ်ချက်ချသတ်မှတ်လိုက်ကြောင်း၊ သို့ သော်လည်း သတင်းသမားများနှင့် မီဒီယာများသို့ မပြောရန် ညွှန်ကြားထားကြောင်း လည်းသိရှိရပါသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထိုသို့လမ်းညွှန်ခြင်းအပေါ် ပြည်သူတစ်ရပ်လုံးကလည်း မကျေမနပ်ဖြစ်နေကြကြောင်းနှင့် မကြာခင် ကျောင်းသားများဆန္ဒဖော်လာလျင် ထို ကိစ္စသည် ပြည်နယ်အစိုးရ၏ တာဝန်သာဖြစ်ကြောင်းလည်းသိရှိရပါသည်။ from RSV
ကြေးနီတောင် စီမံကိန်း အရေး ပြင်းထန်

ကြေးနီတောင် စီမံကိန်း အရေး ပြင်းထန်

သံဃာတော်များ၊ ပြည်သူလူထုများ ပါဝင်သော သပိတ် စခန်း ခြောက်ခုဖြင့် ကြေးနီတောင် စီမံကိန်း ရပ်တန့်ရေး ကန့်ကွက် ဆန္ဒပြနေကြရာ ယနေ့နံနက် ၃နာရီခန့်က သပိတ်စခန်းသုံးခုကို မီးကျည်များဖြင့် ပစ်ခတ် လူစုခွဲခဲ့သဖြင့် သံဃာတော်များ အပါအ၀င် လူ စုစုပေါင်း ၅၀ခန့် မီးလောင်ဒဏ်ရာရရှိထားကြောင်း ပြည်တွင်း သတင်းမီဒီယာများ၏ အင်တာနက်စာမျက်များတွင် ဖော်ပြသည်။ ကျန်သပိတ် သုံးခုကိုလည်း အင်အားသုံး ဖြိုခွဲခဲ့သည်။ မန္တလေးက ဦးသုတအပါအ၀င်သံဃာ ခြောက်ပါး အဖမ်းခံထားရပြီး သံဃာ ၁၀ပါး သည် မီလောင်းဒဏ်ရာများကြောင့် စိုးရိမ်ရကြောင်း The Voice Weekly Facebook တွင်ဖော်ပြသည်။ သပိတ်စခန်းကို အင်အားသုံး ဖြိုခွင်းမည်ဟု ကြေညာပြီး ယနေ့ နံနက် ၃နာရီခန့်တွင် မီးသတ်ကားနှစ်စီးမှ မီးသတ်ပိုက်များဖြင့် ဦးစွာ ဖြိုခွင်းပြီး လူစုမကွဲသဖြင့် မီးကျည်များကို အသုံးပြုဖြိုခွင်းခဲ့ကြောင်း ၀မ်ပေါင် ကုမ္ပဏီရှေ့မှ ပင်မသပိတ်စခန်းမှ ကိုယ်တွေ့ကြုံခဲ့သူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ Eleven Media Group Facebook တွင်ဖော်ပြသည်။ “ဗုံးတွေက ပစ်လိုက်တဲ့အခါ လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင်တာတွေ ဖြစ်ကုန်တယ်။ အဲဒီမီးကျည်ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန်တယ်။ “ ၄င်းက ထပ်မံ ပြောကြားသည်။ လက်ရှိတွင် ဒဏ်ရာရရှိသူများကို မုံရွာဆေးရုံတွင် ဆေးကုမှု ခံယူနေကြပြီး အဆိုပါ ဒဏ်ရာရသူများထဲမှ ဒဏ်ရာအခြေအနေ ပြင်းထန်သည့် သံဃာတော်တစ်ပါးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း မုံရွာသို့ သွားရောက်နေပြီဖြစ်ပြီး ဒဏ်ရာရရှိသူများကို ဦးစွာတွေ့ဆုံမည်ဖြစ်ကြောင်း 7Day News Journal Facebook တွင်ဖော်ပြသည်။
လက်ပံတောင်းတောင်အရေး ဦးဆောင်သူများအား ပုဒ်မ-၅၀၅/ခ နှင့် စွဲချက်တင်

လက်ပံတောင်းတောင်အရေး ဦးဆောင်သူများအား ပုဒ်မ-၅၀၅/ခ နှင့် စွဲချက်တင်

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် ရန်ကုန်မြို့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူ(၆)ဦး ကို နိုဝင်ဘာ(၂၇)ရက်နေ့၌ ကျောက်တံတားရဲစခန်းမှ တရားစွဲဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။ တရားစွဲဆိုရာတွင် ယခင်က ပုဒ်မ(၁၈)ခွင့်ပြုချက် မတောင်းပဲ စီတန်းလှည့်လည်မှုမှ ရုတ်ချည်းပြောင်းလဲကာ ပုဒ်မ(၅၀၅/ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆို၍ အင်းစိန်ထောင်သို့ ပို့လိုက်ခြင်းဖြစ်သည်။ “အစက ခွင့်ပြုချက်မတောင်းပဲ စီတန်းလှည့်လည်မှု အခု အဲဒီအဆင့်ထက်ကျော်ပြီးတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ စွဲတယ်။ ရုံးတင်ပြီး ရုံးချိန်းပေးတယ်၊ ချက်ချင်း တရားရုံးတင်တာပေါ့နော်။ တရားရုံးတင်ပြီး အမှု မြောက်တယ်ဆိုပြီးတော့ ရုံးချိန်းပေး လိုက်တယ်”ဟု လိုက်လံကူညီပေးလျက်ရှိသူ နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့မှ ဦးထွန်းကြည်က ပြောသည်။ တရားဆွဲဆိုခံထားရသူများမှာ ကိုဝေဋ္ဌု၊ ကိုညီညီ၊ မရှမ်းမ၊ ဒေါ်နော်အုံးလှ၊ ကိုရဲလင်းနှင့် ကိုမျိုးချစ်တို့ဖြစ်ကြပြီး လက်ရှိတွင် အင်းစိန်ထောင်သို့ ရောက်ရှိနေပြီး ဒီဇင်ဘာလ (၃)ရက်နေ့၌ ရုံးချိန်းပေးထားကြောင်း သိရှိရသည်။ “ကျွန်တော်အခု ကျောက်တံတားရဲစခန်း ရောက်နေပါတယ်၊”ဟု နိုဝင်ဘာလ(၂၇)ရက် နေ့ နေ့လည်(၂)နာရီဝန်းကျင်က ကိုဝေဋ္ဌုမှ အတည်ပြုပြောကြားခဲ့သည်။ အဆိုပါ စီတန်းလှည့်လည်သူများမှာ ကြေးနီတောင်စီမံကိန်းရပ်ဆိုင်းပေးရန် နိုဝင်ဘာလ(၂၆)ရက်နေ့ ညနေ (၄း၀၀)နာရီ ဆူးလေဘုရားအနီးတ၀ိုက်တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ(၂၇)ရက်နေ့ ညနေ (၄း၀၀) နာရီကျော်၌ အင်းစိန်ထောင်သို့ အပို့ခံခဲ့ရခြင်းဖြစ်သည်။
from myit ma kha
အဖြေရှာမရသော သြစတေးလျမှ သဘာဝ ပန်းရောင် ရေကန်-Hiller Lake

အဖြေရှာမရသော သြစတေးလျမှ သဘာဝ ပန်းရောင် ရေကန်-Hiller Lake

ယနေ့ချိန်ခါထိ သိပ္ပံပညာရှင်တို့ ရှာဖွေဖော်ထုတ်လို့မရသေးတဲ့ သဘာဝ အလျောက် ပန်းရောင်သန်းနေတဲ့ ရေကန် ဖြစ်ပါ တယ်။ သြစတေးလျနိုင်ငံ အနောက်ပိုင်း Western Australia ပြည်နယ်မှာ တည်ရှိပြီး ပင်လယ်နဲ့ နီးပါတယ်။ Hiller Lake လို့အမည်ရပါတယ်။ ပင်လယ်နဲ့ နီးပေမယ့် ပင်လယ်နဲ့လည်း မဆက်နေပါဘူး။ ကြားမှာ သစ်ပင် သစ်တော် တန်းများ ခြားထားပါသေးတယ်။ ရေကန်မှာ အယ်လ်ဂျေး များကြောင့်၊ ဆားဓာတ်ကြောင့် ပန်းရောင် သန်းနေခြင်း မဟုတ်ဘူး ဆိုတာကို လေ့လာတွေ့ရှိထားပါတယ်။ သို့ပေမယ့် ဘယ်လို ဘက်တီရီးယား မျိုးများ ပေါက်ဖွားလို့ ပန်းရောင်ဖြစ်နေတယ် ဆိုတာကို ရှာဖွေ မဖော် ထုတ်နိုင်ကြသေးပါဘူး။ သြစတေးလျနိုင်ငံရဲ့  ထူးဆန်းအံ့ဖွယ်နေရာ တစ်ခုအဖြစ် တည်ရှိနေပါ တယ်။ ရေကန်အလျားအနံ - ၁၉၆၉ ပေx 820 ပေ ရှိပြီး Hiller Lake ကို နှစ်စဉ် လာရောက် လေ့လာသူ များပြားတယ်လို့ သိရပါ တယ်။်from international news for myanmar
၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှု.

၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှု.

သတင်းမီဒီယာများ၏ ကားနှင့် အများပြည်သူများ၏ ဆိုင်ကယ်များအား မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် ထိုသို့ မီးလောင်ပျက်စီးခဲ့သည့် အချိန်မှာ မျက်ရည်ယိုဗုံးများဖြင့် စတင် ဖြိုခွင်းခဲ့သည့် အချိန်ဖြစ်ကြောင်း သိရသည်။ ဖောင်းကားတောင်ရွာဘုန်တော်ကြီးကျောင်းမှ ဒဏ်ရာအပြင်းအထန်ရရှိသူသံဃာ ၆ ပါးနှင့် လူတစ်ဦးရှိနေပြီး ဖြိုခွင်းမှုကြောင့် ပိတ်မိနေသောအဖွဲ့များ ဖောင်းကားဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်စုစည်းမိကြပြီဖြစ်ကြောင်းလည်းသိရသည်။ လယ်တီဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန်အထိ အဆက်အသွယ်မရသေးကြောင်း၊တောင်ကြားနှင့် ဆည်တည်းစခန်းမှ သပိတ်အဖွဲ့တို့အား ရဲတပ်ဖွဲ့မှ ခြိမ်းခြောက်ပြီးပြန်ခိုင်းခဲ့ကြောင်း EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
ဆံတော်ရှင်ဘုရားတွင် ဆုတောင်းပွဲကျင်းပ

ဆံတော်ရှင်ဘုရားတွင် ဆုတောင်းပွဲကျင်းပ

ရခိုင်ပြည်နယ်ပေါက်တောမြို့နယ် ဆံတော်ရှင်ဘုရားတွင် သေဆုံး သူများ အတွက် ဆုတောင်းအမျှ ဝေခြင်းပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ယင်းအပြင် ရှင်ပြုပေးခြင်းများနှင့် ဆွမ်းတော်တင်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်း များကို မနေ့က ညနေပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ ဆံတော်ရှင်ဘုရားပွဲသည် ရခိုင်ပြည်နယ်အတွင်း စည်ကားသောဘုရားပွဲတစ်ခု ဖြစ်သော်လည်း ယခုနှစ်တွင် ပွဲတော်ကျင်းပနိုင်ခြေမရှီကြောင်းလည်းသိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ အထင်ကရ ဘုရားတစ်ဆူဖြစ်သော ဆံတော်ရှင်ဘုရား သည် လူသူ အရောက်နည်းသော နေရာတွင် ရှိနေသဖြင့် လုံခြုံရေးအရ ပွဲတော် ကျင်းပနိုင်ခြင်းမရှိနိုင်ကြောင်းနှင့် မကြာသေးမီက ထိုဘုရားသို့သွား ရောက်ခဲ့ပြီး အပြန်တွင် သားဖ နှစ်ဦးအား ဘင်္ဂလီများက သေနပ်များဖြင့် ၀င် ရောက်ပစ်ခတ်ခဲ့ခြင်းများလည်းရှိခဲ့ရာ ပွဲတော်ကျင်းပရန်ခက်ခဲနေမည်ဖြစ် ကြောင်းလည်းသိရှိရပါသည်။
from RSV
ရိုဟင်ဂျာ အသုံးကို ရှောင်ရန် အိုးဘားမားကို ရခိုင်အမျိုးသားကွန်ရက် တိုက်တွန်း

ရိုဟင်ဂျာ အသုံးကို ရှောင်ရန် အိုးဘားမားကို ရခိုင်အမျိုးသားကွန်ရက် တိုက်တွန်း

ို အမေရိကန်သမ္မတ လိုလားသော အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အနှောက်အယှက်ဖြစ်စေသော ရိုဟင်ဂျာ အသုံးကို ရှောင်ရှားရန် အိုဘားမားကို ရခိုင်အမျိုးသားကွန်ယက်က မနေ့က အိပ်ဖွင့်ပေးစာတစ်စောင်ကို အမေရိကန်သံရုံးမှ တစ်ဆင့်ပေးပို့လိုက်သည်။ ”And the Rohingya hold themselves the same dignity as you do, and I do" ဆိုသည့်စကားရပ်နှင့် " The right of to live without threat that their families may be harmed or their home may be burned simply because of who they are or where they come from" ဆိုသည့် စကားရပ်များကို နောက်နောင် အသုံးမိစေရန် အိပ်ဖွင့်ပေးစာပေးရခြင်းဖြစ်ကြေင်း ယင်းပေးစာတွင် ပါရှိသည်။ ပထမ စကားရပ်သည် ရိုင်ဂျာအမည်ခံ ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် တိုင်းရင်းသားများကို တစ်တန်း တည်းထား ညွန်းဆိုရာရောက်နေကြောင်း၊ ရခိုင်ပြည်အတွင်း လတ်တလောဖြစ်ပွားခဲ့သည့် ကိစ္စများမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခမဟုတ်ပဲ အကြမ်းဖက်ဝါဒနှင့် လူယဉ်ကျေးကမ္ဘာမှာ နေထိုင်သည့် လူသားများ အကြားဖြစ်ပွားရသည့် ပြဿနာ များသာ ဖြစ်ကြောင်း ယင်းစာတွင်ပါရှိသည်။ အကြမ်းဖက် ဖြစ်စဉ်များသည် ၈၈မျိုးဆက်ကျောင်းသားများ၊ အစ္စလာမ်အဖွဲ့အစည်းများ၊ တိုင်းရင်းသားများအပါအ၀င် ငြိမ်းချမ်းရေးရှေးရှုသော ပူးတွဲကြေငြာချက်များကို ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး နောက်နေ့တွင် ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီ အကြမ်းဖက်သမားများက မောင်တောမြို့နယ်တွင် အကြမ်းဖက်မှု ပြုလုပ်ခဲ့ကြောင်း ယင်းစာတွင် ဖော်ပြသည်။ ဒုတိယ အကြိမ် အကြမ်းဖက်မှုတွင်လည်း တိုင်းရင်းသားများက OIC ကို ကန့်ကွက်လိုက်သော အချိန်တွင် နိုင်ငံတကာစာမျက်နှာမှာ စာနှာထောက်ထားမှု ရရှိအောင် ကိုယ့်အိမ်ကို မီးရှို့လုပ်ကြံမှု ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်။ ဗြိတိသျှခေတ် သန်းခေါင်စာရင်းမှ ယနေ့အချိန်ထ သန်းခေါင်စာရင်းများတွင် ရိုဟင်ဂျာလူမျိုးမရှိခဲ့ကြောင်း ပါရှိသည်။
from rakhine citizen journalists
အစိုးရသစ်လက်ထက်၌် အမျိုးသမီးအခွင့်အရေး တိုးတက်မှုများရှိလာ

အစိုးရသစ်လက်ထက်၌် အမျိုးသမီးအခွင့်အရေး တိုးတက်မှုများရှိလာ

from myit ma kha
မြန်မာနိုင်ငံအမျိုးသမီးများ၏အခွင့်အရေးနှင့်အခန်းကဏ္ဍမှာ နိုင်ငံတကာ စံနှုန်းနှင့် နိုင်းယှဉ်ပါက မှီနိုင်မှုမရှိသော်လည်း အစိုးရသစ်လက်ထက်၌ တိုးတက်မှုများစွာရှိလာကြောင်း အမျိုးသမီးလှုပ်ရှားမှု အဖွဲ့များက ဆိုသည်။ “ထူးခြားတာက အခု အစိုးရသစ်လက်ထက်မှာ ၀န်ကြီးဌာနတွေမှာ အမျိုးသမီးတွေကို နေရာပေးလာတာတွေပေါ့။ ဒါပေမယ့် နိုင်ငံတကာစံချိန်မှီဖို့ကတော့ အများကြီးလိုသေးတယ်။” ဟု ကချင်အမျိုးသမီး လှုပ်ရှားရေးအဖွဲ့၊ ငြိမ်းဖောင်ဒေးရှင်းမှ မနန်ရောက ပြောသည်။ အမျိုးသားသမီးများအား သတ်မှတ်အရည်အချင်းများဖြင့် ပြည့်မှီပါက အမျိုးသားများနည်းတူ အခွင့်အရေး တန်းတူပေးသင့်ကြောင်း၊ အမျိုးသမီးများအနေဖြင့်လည်း အမျိုးသားများနည်းတူ လုပ်ကိုင်နိုင် ခြင်းကြောင့် ယုံကြည်မှုပေးသင့်ကြောင်းကို ၄င်းမှ ဆက်လက်အကြံပြုသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနယ်ပယ်အသီးသီး၌ အမျိုးသမီးများအား ဖိနှိပ်ဆက်ဆံခြင်း မရှိသော်လည်း နိုင်ငံရေးဦးဆောင်မှု ပိုင်းနှင့် ဗဟိုအစိုးရအဖွဲ့တို့တွင် အမျိုးသမီးများအား နေရာပေးမှု အားနည်းနေသေးကြောင်း၊ နိုင်ငံတော်အစိုးရအဖွဲ့ ဖြစ် သည့် ပြည်ထောင်စု လွှတ်တော်တရပ်လုံးတွင် အမျိုးသမီး ပါဝင်မှုမှာ (၄.၅)% သာရှိကြောင်း အမျိုးသမီးလှုပ်ရှားမူအဖွဲ့များထံက သိရှိသည်။ "အရင်တုန်းကထက် စာရင် တိုးတက်လာပါတယ်။ လုပ်ပိုင်ခွင့် နည်းနည်းတော့ရလာပါပြီ။ ဒါပေမယ့် အသိပညာပေးတာတို့၊ ဘာတို့ မရှိသေးပါဘူး။ အမျိုးသမီးတိုးတက်ဖို့အတွက်လည်း အမျိုးသားတွေ မပါလို့ မရပါဘူး” ဟု မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များ အသင်းမှ ဥက္ကဌ ဒေါ်ဝါ၀ါထွန်းက ပြောသည်။ ထို့ပြင် အမျိုးသမီးများအနေဖြင့်လည်း စွမ်းဆောင်ရည်ပြည့်ဝမူများအတွက် စိတ်ထိခိုက်လွယ်ခြင်း၊ ဆင်ခြင်နိုင်စွမ်းအား နည်းခြင်းစသည့် မိမိတို့၏အားနည်းချက်များအား ပြုပြင်မှု၊ အရည်အချင်း မြှင့်တင်မှုများလိုအပ်ကြောင်း၊ အမျိုးသမီးအား အကြမ်းဖက်မှုပပျောက်ရေးသည် အမျိုးသား၏ တာဝန်ဖြစ်ခြင်းကြောင့် အမျိုးသားများအနေဖြင့် အမျိုးသမီးများ၏အသုံးဝင်မှုနှင့် အရေးပါပုံတို့အား အသိအမှတ်ပြုရန် လိုအပ်ကြောင်း ၄င်းက ဆက်ပြောသည်။ ကမ္ဘာတ၀ှမ်းရှိ အမျိုးသမီးများအပေါ် နည်းအမျိုးမျိုးဖြင့် အကြမ်းဖက်မှုများအား ချုပ်ငြိမ်းစေရန် အစိုးရများအနေဖြင့် လိုက်နာကြပါရန် ကုလသမ္မဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ကြေညာချက်၌ ဆော်သြထားကြောင်းကိုလည်း အင်တာနက်သတင်းဖော်ပြချက် များအရ သိရှိရသည်။ ၁၉၉၉ခုနှစ် ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေညီလာခံပြီးနောက် နှစ်စဉ် နိုဝင်ဘာ (၂၅)ရက်နေ့ကို နိုင်ငံတကာမှအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် သတ်မှတ်ထားခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်နေ့ဆိုတာ ဘာကိုခေါ်သလဲ ရခိုင်များသိဖို့လိုပြီ

ရခိုင်ပြည်နယ်နေ့ဆိုတာ ဘာကိုခေါ်သလဲ ရခိုင်များသိဖို့လိုပြီ

ရခိုင်ပြည်နယ်နေ့ ဆိုသည်မှာ ရခိုင်သမိုင်းကြောင်းနှင့် မည်သို့သက်ဆိုင် သနည်း။ သည်မေးခွန်းကို မေးလာလျင် ဖြေဖို့ ခက်ပေမည်။ ရခိုင်ပြည်နယ်သည် ရခိုင်တိုင်း အဖြစ် ယခင်ကရှိခဲ့သော်လည်း ၁၉၇၄ ခုနှစ် ဥပဒေကိုပြဌာန်းလိုက်ပြီး အချုပ် အချာအာဏာ စတင်အတည်ဖြစ်သောနေ့ (တစ်နည်းပြောရလျင် ၁၉၇၄- ခုနှစ် ဥပဒေစပြီးအာဏာတည်သောနေ့) စပြီးအာဏာ တည်သော နေ့တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများသည် လက်ရှိအနေအထားတွင် တိုင်းရင်း သား နေ့ များအဖြစ်သတ်မှတ်လာကြသည်များလည်းရှိလာသဖြင့် ရခိုင်ပြည်နယ် နေ့သည် မည်သို့သော နေ့ဖြစ်သည်ကို စနစ်တကျလေ့လာရန်လိုအပ်နေပြီဖြစ် ကြောင်း ရခိုင်တိုင်းရင်းသားများက ပြောဆိုကြပါသည်။ လက်ရှိရခိုင်ပြည်နယ်နေ့ဟု ခေါ်ဝေါ်နေသော နေ့သည် ရခိုင်ပြည်နယ်အနေဖြင့် စစ် အစိုးရလက်အောက်သို့ ကျဆုံးသောနေ့တစ်ခုပင်ဖြစ်ကြောင်းသိရသည်။ ယင်းအတွက် ရခိုင်အမျိုးသားနေ့ တစ်ခုကိုသတ်မှတ်ရန် ရခိုင်တိုင်းရင်းသားများက ပြင်ဆင်နေကြပြီဖြစ်ကြောင်းလည်းသိရသည်။ ချင်းပြည်နယ်တွင်းလည်း ချင်းအမျိုး သားနေ့ကို ချင်းပြည်နယ်နေ့အဖြစ်သတ်မှတ်လိုက်ထားလိုက်ပြီဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်တွင်လည်း ရခိုင်ပြည်နယ်၏ အထင်ကရနေ့ကို ရခိုင်ပြည်နယ် နေ့ အဖြစ်သတ်မှတ် ရန်လိုအပ်နေပြီဖြစ်ကြောင်းနှင့် ၁၉၇၄ -ခုနှစ် ဥပဒေ ပြဌာန်း လိုက် သည့်နေ့မှစ တင်ပြီး ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ် နှစ်ခုဖြစ်ပေါ်လာခဲ့ကြောင်း လည်းသိရသည်။ ရခိုင်ပြည်နယ်နေ့သည် ရခိုင်တိုင်းရင်းသားများ၏ အချုပ်အချာအာဏာ ပျက်သုန်း သည့်နေ့တစ်နေ့လည်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရသိရှိရပါသည်။from RSV
ရခိုင်မှ ထုတ်ယူမည့် ဓါတ်ငွေအတွက်လျော်ကြေးအပြည့်အ၀ပေးဆောင်ခြင်းမရှိ

ရခိုင်မှ ထုတ်ယူမည့် ဓါတ်ငွေအတွက်လျော်ကြေးအပြည့်အ၀ပေးဆောင်ခြင်းမရှိ

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းသည့် ဓါတ်ငွေ ပိုက်လိုင်းစီးမံကိန်းတွင် အမ်းမြို့နယ်အပိုင်းတွင် တာဝန်ယူထားသည့် တရုတ်ကုမ္ပဏီမှ တောင်သူများအား လျော်ကြေးငွေ အပြည့်အ၀ ပေးဆောင် ခြင်းမရှိကြောင်း တောင်သူများမှ ပြောကြားသိရှိရပါသည်။ ကျောက်ဖြူမြို့မှ စတင်သွယ်တန်းလာသည့် ဓါတ်ငွေ့ပိုက်လိုင်းအတွက် အမ်းမြို့ နယ်တွင် နှစ်ပိုင်းခွဲပြီး လျော်ကြေးငွေပေးကြောင်းသိရသည်။ သို့ ရာ တွင် အခြားအပိုင်းများ၌ တောင်သူများအား သတ်မှတ်ထားသည့်လျော်ကြေး ငွေကို အပြည့်အ၀ ပေးဆောင်ခြင်းရှိသော်လည်း အမ်းမြို့နယ်တောင်ပိုင်းရှိ တောင်သူ ၃၀၀ နီးပါးခန့်ပိုင်ဆိုင်သော မြေယာများအတွက်မူ လျော်ကြေးငွေ ကို သုံးပုံတစ်ပုံခန့်သာ ပေးဆောင်ကြောင်းသိရသည်။ ယခုကဲ့သို့ လျော်ကြေးငွေ မညီမျှမှု ရှိနေခြင်းများနှင့်ပတ်သက်၍ အစိုးရတာ ၀န်ရှိသူများကို တောင်သူများမှ သွားရောက်မေးမြန်းရာတွင် ယခုကိစ္စမှာသူ တို့နှင့်မဆိုင်ကြောင်း နှင့် ပြန်လည်ဖြေကြားရန် ငြင်းဆန်ခဲ့ကြောင်းလည်း တောင်သူများထံမှသိရှိရပါသည်။ ယင်းသို့ တရုတ်ကုမ္ပဏီများအနေဖြင့် ရခိုင်ပြည်နယ်အတွင် မြေယာပိုင်ရှင် များ အား နိုင်ထက်စီးနင်း အတင်းအကြပ် လျော်ကြေးမပေးခြင်းသည် လုပ်ထုံးလုပ် နည်းနှင့်မညီညွတ်သည့်အပြင် ဒေသဆိုင်ရာ တာဝန်ရှိသူအာဏာပိုင်များမှ လည်း မျက်ကွယ်ပြုထားသဖြင့် တောင်သူများမှာ ခိုးကိုးရာမဲ့ဖြစ်နေကြရ ကြောင်းလည်းသိရှိရပါသည်။်from RSV
မိုဘိုင်းအင်တာနက်အသုံးပြုခကို ပြောင်းလဲမည့်စနစ်က ပြည်သူများအတွက် အဆင်မပြေနိုင်

မိုဘိုင်းအင်တာနက်အသုံးပြုခကို ပြောင်းလဲမည့်စနစ်က ပြည်သူများအတွက် အဆင်မပြေနိုင်


မိုဘိုင်းဖုန်းဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုရာတွင် သုံးစွဲခကို Network Data Rate ပေါ်မူတည်၍ ပြောင်းလဲကောက်ခံမည် ဆိုပါက သုံးစွဲသူများအတွက် အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း မိုဘိုင်းဖုန်းဖြင့်အင်တာနက် အသုံးပြုသူများထံက သိရှိရသည်။ "အချိန်ပေါ်မှာမူတည်ပြီးကောက်နေတာ အဆင်မပြေလို့လား။ ပိုက်ဆံအရမ်းလိုနေကြလို့လား။ အဲလိုသာ ကောက်ခံမယ်ဆို ဘယ်သူမှ မသုံးကြတော့ဘူး"ဟု CDMA 800 MHz ဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုနေသူ ကိုဇင်မင်းဦးက ပြောသည်။ လက်ရှိတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုခများကို CDMA 800 MHz တွင် တစ်မိနစ်လျှင် (၄)ကျပ်၊ GSM မိုဘိုင်း ဖုန်းများတွင် တစ်မိနစ်လျှင် (၂)ကျပ် နှုန်းဖြင့် ကောက်ခံလျှက်ရှိပြီး အဆိုပါ အင်တာနက်သုံးစွဲခကို Network Data Rate ပေါ်မူတည်၍ ဒီဇင်ဘာလ (၁)ရက်နေ့မှ စတင်ကာ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။ "Network Data Rate ပေါ်မူတည်ပြီး ကောက်ခံဖို့တော့ လုပ်နေပါတယ်။ ဒီဇင်ဘာလလောက် ဖြစ်ဖို့များပါတယ်။ အဲ့ဒီ အတွက် (ယာယီ)ဈေးနှုန်းတွေတော့ သတ်မှတ်ထားတယ်"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Network Data Rate ပေါ်မူတည်၍ သုံးစွဲခပြောင်းလဲ ကောက်ခံခြင်းအတွက် မြန်မာ့ဆက်သွယ်ရေးမှ ၁၀၀ ကီလိုဘိုက်အား (၂)ကျပ်၊ ၁ အမ်ဘီအား (၂၀)ကျပ်နှင့် ၁၀၀ အမ်ဘီအတွက် (၁၅၀၀) ကျပ်မှ (၁၈၀၀)ကျပ်အထိ ယာယီ သတ်မှတ်ထားကြောင်း သိရှိရသည်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲခ ပြောင်းလဲကောက်ခံမည်ဟု သတင်းအား မတရားကောက်ခံခြင်းဖြစ်ကြောင်း အင်တာနက်လိုင်းကောင်းမွန်ခြင်းမရှိပဲ သုံးစွဲခတိုးမြှင့်ကောက်ခြင်းအပေါ် ကန့်ကွက်မှုများလည်း ရှိနေကြောင်းကိုလည်း လူမှုရေးကွန်ယက်များမှတဆင့် သိရသည်။ “ နိုင်ငံတကာစံချိန်ချိုးတဲ့ ၀န်ဆောင်မှုပါပဲဗျာ။”ဟု လူမှုရေးကွန်ယက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုခဲ့သည်။ from myit ma kha
လာဘ်ပေးလာဘ်ယူ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် စီစဉ်

လာဘ်ပေးလာဘ်ယူ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် စီစဉ်

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ တရားရုံးများအား လေ့လာချက်များအရ လာဘ်ပေး၊လာဘ်ယူကိစ္စရပ် များနှင့် တရားစီရင်ရေးကဏ္ဍများ၌ အုပ်ချုပ်ရေးမှူးများမှ ၀င်ရောက်စွက်ဖက် ခြင်းများကို ပြည်သူများနှင့်တကွ လေ့လာစောင့်ကြည့် ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌထံသို့ အစီရင်ခံစာ တစ်စောင်တင်ခဲ့သည်ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ သိရသည်။ “ကျွန်တော်က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ ကိုယ်စားတရားရုံးတွေကိုလေ့လာတွေ့ရှိချက် အရ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြင်ဆင်ထောက်ပြပေးခဲ့တာ ဆိုတော့ အဲ့ဒါကို လွှတ်တော် ဥက္ကဌဆီ အစီရင်ခံစာ တင်တာပါ” ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့် ကပြောသည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ တရားရုံးများအား လေ့လာတွေ့ရှိချက်များအရ လာဘ်ပေး လာဘ်ယူမှုများ ရှိနေခြင်း ၊ တရားစီရင်ရေးအပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးများ ပါဝင်ပတ်သက်နေခြင်း၊ အမှုစစ် ကြန့်ကြာနေခြင်းများ ရှိနေခြင်းကို အမြန်ဆုံးအရေးယူဆောင်ရွက်ရန် လိုအပ်နေကြောင်းကိုလည်း တင်ပြခဲ့သည် ဟု ၄င်းက ဆက်ပြောသည်။ “အခုလို လာဘ်ပေးလာဘ်ယူ လုပ်နေတာကို ပပျောက်ဖို့ပေးတဲ့သူရော ယူတဲ့သူပါ၊ အရေးယူဖို့ နောက် လေ့လာစောင့်ကြည့်တဲ့ အဖွဲ့လည်း ဖွဲ့ဖို့၊ ရှေ့နေ ၊ တရားသူကြီး ၊ မှုခင်းဆရာဝန် ၊ ရဲ ၊ သက်သေ ဘာပဲဖြစ်ဖြစ် မမှန်မကန်လုပ်တာကို လေ့လာစောင့် ကြည့်ရေးအဖွဲ့က တွေ့ရင် သူတို့ကို အရေးယူရမယ့်ကိစ္စတွေ တင်ပြထားပါတယ်” ဟု အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။ နေပြည်တော်တွင်လည်း လယ်မြေကိစ္စနှင့်ပတ်သက်၍ တရားစွဲဆိုခြင်းများရှိပြီး လာဘ်ပေးလာဘ်ယူခြင်းများ ရှိနေခြင်းကြောင့် လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့သည့်နေရာ၌ မှန်ကန်စွာ စီစစ်ရွေးချယ်နိုင်ရန် အရေးကြီးကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။ “နေပြည်တော်မှာဆိုရင် မကြာမကြာကြားနေရတယ်၊ အုပ်ချုပ်ရေးမှူးပိုင်းက ၀င်စွက်ဖက်ပြီး လယ်မြေသိမ်း ၊ အိမ်တွေ ဖျက်ခိုင်းတာတွေ မတရားသဖြင့် တရားစွဲတာတွေ ဖြစ်နေတယ် ကျွန်တော့်ရှေ့မှောက်မှာပါပဲ အဲ့တော့လေ့လာစောင့် ကြည့်ရေးဖွဲ့ဖို့ကလည်း တရားဥပဒစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေး ကော်မတီ ကနေ သေချာ ရွေးချယ်ဖို့လိုအပ်တယ်” ဟု ဒီချုပ်ပါတီကိုယ်စားလှယ် ဦမင်းသူက ပြောသည်။ မြန်မာနိုင်ငံတွက် လာဘ်ပေးလာဘ်ယူကိစ္စများ ပပျောက်ပြီး တရားဥပဒေစိုးမိုးလာနိုင်စေရေးအတွက် ပြည်နယ်နှင့်တိုင်းများသို့ ပညာပေးဆွေးနွေးခြင်းများ ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့်တွေ့ဆုံ ဆွေးနွေးမှုများ ၊ ရှေ့နေများ ၊ ဥပဒေ၀န်ထမ်းများ ၊ တရားသူကြီးများ ၊ တရားသူကြီး(အငြိမ်းစား)များနှင့် တွေ့ဆုံ၍အကြံဥာဏ်ရယူမှုများ ကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်ဟု တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က ဆိုသည်။ Myanmar Express
စစ်တွေ - ဘူးသီးတောင် သင်္ဘောကြီးများပေါ်ရှိ လောင်းကစားမှုများအား တင်းကျပ်စွာ တားမြစ်

စစ်တွေ - ဘူးသီးတောင် သင်္ဘောကြီးများပေါ်ရှိ လောင်းကစားမှုများအား တင်းကျပ်စွာ တားမြစ်

ရခိုင်ကမ်းရိုးတန်း ရေကြောင်းပို့ဆောင်ဆက်သွယ်ရေးမှ စစ်တွေ-ဘူးသီးတောင်ပြေးဆွဲသည့် သင်္ဘောများပေါ်၌ ဖဲရိုက်၊ ပဆိတ်၊အရက်သေစာ သောက်စားခြင်းအစရှိသည့် မကောင်းမှုများအား တင်းကျပ်စွာ တားမြစ်ဆောင်ရွက်လာရာ ပပျောက်နေပြီ ဖြစ်ကြောင်း ရေကြောင်းပို့ဆောင် ဆက်သွယ်ရေးမှ သင်္ဘောအရာရှိတစ်ဦးက ပြောကြားလိုက်သည်။ ရေကြောင်းခရီးအကွာအဝေး မိုင်ပေါင်း(၉၀)ကျော်ရှိသော အဆိုပါခရီးစဉ်အား ဒီရေအတက်အကျ ပေါ်မူတည်၍ ခရီးသွားကြာချိန် စုစုပေါင်း(၉)နာရီမှ(၁၀)နာရီထိ ကြာမြင့်လေ့ရှိကြောင်းကိုလည်း သိရသည်။ ထိုသို့ လမ်းခရီးကြာချိန်များအတွင်း အပျင်းပြေ စိတ်ပြေလက်ပျောက်သဘောဖြင့် အစုလိုက်ဝိုင်းဖွဲ့ ဖဲရိုက်ခြင်း၊ ပဆိတ် လောင်းကြေး ကစားခြင်းနှင့် အရက်သေစာသောက်စားပြီး စိတ်ဆန္ဒအလျှောက် ပျော်ပါးမြူးထူးကခုန်မှုများလည်းရှိရာ ခရီးသွားများအနေဖြင့် အတိတ်တလန့်ဖြင့် စိတ်မချမ်းမသာ ဖြစ်ရခြင်းနှင့် ၄င်းလုပ်ရပ်မှာ ခရီးသွားပုံစံ အင်္ဂါရပ်နှင့်မညီညွတ် သဖြင့် ဌာန၏ဂုဏ်သိက္ခာကိုပါ ထိခိုက်ကျဆင်းစေသည့်အတွက်ယခုကဲ့သို့တင်းကျပ်စွာတားမြစ် ဆောင်ရွက် လာရခြင်းဖြစ်ကြောင်း သိရသည်။ “သင်္ဘောပေါ်မှာ ဘာအကြောင်းကြောင့် ဖဲရိုက်တာ၊ပဆိတ်လောင်းကြေးထိုးတာ၊ အရက် သေစာသောက်စားတာတို့က မပြုလုပ် မပြုအပ်တဲ့ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေပါ။ သင်္ဘောကြီးများ( ဓည၀တီ (၁) ၊(၂) ၊(၃) (သင်္ဘောများကို ဆိုလိုခြင်းပါ) စတင်ပြေးဆွဲလာတဲ့ (၁၉၉၆) ခုနှစ်ကတည်း ကပင် ဒီအပြုအမူလုပ်ရပ်တွေကို တားမြစ်လာခဲ့တာပါ။ ဒါပေမဲ့ ခရီးသွား အချို့က ခရီးကြာချိန်ကို အကြောင်းပြပြီး အပျော်စိတ်အပန်းဖြေသဘောဖြင့် တားမြစ်တဲ့ ကြားထဲကပဲ ပြုမူလာတာကို တွေ့ ရပါတယ်။ တစ်ခါတလေမှာ အဲဒီဝိုင်းတွေက ခိုက်ရန်ဖြစ်တာတို့၊ ဆဲရေးတိုင်းထွာတာတို့၊မကြားဝံ့ မနာသာ ရိုင်းပြတဲ့ အော်ဟစ် ဆူညံတာတို့ကြောင်း ခရီးသည်တွေ အထိတ်တလန့် စိတ်မချမ်းမသာ ဖြစ်ရသလို့ ဌာနရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက် ကျဆင်းစေတဲ့အတွက်အခုနှစ်မှစပြီး တင်းကျပ်စွာတားမြစ် ပိတ်ပင် ဆောင်ရွက်လာခဲ့တာပါ“ ဟု အထက်ပါသင်္ဘောသား အရာရှိက ပြောကြားသည်။ ထို့အပြင် သင်္ဘောပေါ်၌ စီးနင်းလိုက်ပါလာသော ခရီးသည်များစားသုံးရန် ထမင်း၊ဟင်းများ ချက်ပြုတ် ရောင်းချခြင်းမှလွဲပြီး အရက်ရောင်းချခြင်း ၊အကြော်အလှော်များ ပြုလုပ်ရောင်းချခြင်းများကိုပါ တင်းကျပ်စွာ တားမြစ်ပိတ်ပင်လာကြောင်းလည်း ၄င်းကဆက်ပြောသည်။ အဆိုပါခရီးစဉ်တွင် နေစဉ် နံနက်(၇း၀၀)အချိန်တွင်စစ်တွေမှ ဘူးသီးတောင်သို့ အသွားတစ်စီးနှင့် ထိုအချိန်အတိုင်း ဘူးသီးတောင်မှစစ်တွေသို့ အလားတူ တစ်စီးနှုန်းဖြင့် ပြေးဆွဲပေးနေခြင်း ဖြစ်သည်။ ရေကြောင်းခရီးစဉ်အတွင်း ပုဂ္ဂလိကမှ ရွှေပြည်တန်၊ မလိခ ၊NCR ရှပ်ပြေးအမြန် ရေယာဉ်များ ၀င်ရောက်ပြေးဆွဲပေးလျှက် ရှိသော်လည်း ခရီးသွားကုန်သည် အများစုတို့မှာ ခရီးဆိုက်ရောက်ချိန် နောက်ကျသော်လည်း စရိတ်စကကျဉ်းသည့်အတွက် အစိုးရပိုင် သင်္ဘောများကိုသာ ရွေးချယ်စီးနင်း လိုက်ပါမှုများကြောင်းကိုလည်းသိရသည်။ “ လောင်းကစားမှုတွေကို ပိတ်လိုက်တော့ စိတ်အေးသက်သာစွာနဲ့ သွားလာရတာ။ အရင်ကဆို ဟိုဝိုင်းက ရန်ဖြစ်လိုက်၊ဒီဝိုင်းက ဆူညံလိုက်နှင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်“ ဟု စစ်တွေ-ဘူးသီးတောင် ပုံမှန်ခရီးသွား ကုန်သည်တစ်ဦးကပြောကြားသည်။ စစ်တွေ -ဘူးသီးတောင် ရေကြောင်းလမ်း မယူမြစ်ကြော နေရာ အချို့၌ရွံ့အနည်များပို့ချလာမှုများကြောင့် မြစ်အောက် ကြမ်းပြင် မြင့်တက်လာမှုကြောင့် ဒီရေအတက်အကျပေါ်မူတည်ပြီး သင်္ဘော၏ ပုံမှန်အမြန်နှုန်ုးကိုလျော့ချမောင်းနှင် လာရခြင်းဖြစ်ရာ အဆိုပါ သင်္ဘောများစတင်ပြေးဆွဲလာသောနှစ်များက စစ်တွေ -ဘူးသီးတောင် ခရီးစဉ်အား (၅)နာရီခန့် အကြာသာခုတ်မောင်းရကြောင်း သိရသည်။ from myit ma kha
ရွက်လွင့်ဘင်္ဂလီ(၄၆)ဦးအား ပင်လယ်သို့ ပြန်လည်ထွက်ခွာခွင့်ပြု

ရွက်လွင့်ဘင်္ဂလီ(၄၆)ဦးအား ပင်လယ်သို့ ပြန်လည်ထွက်ခွာခွင့်ပြု

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံသို့ ထွက်ခွါလာသည့် ဘင်္ဂလီ (၄၆)ဦး ပါ စက်လှေတစ်စီးအား နိုဝင်ဘာလ(၂၅)ရက်နေ့ က ကျောက်ဖြူမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ စက်လှေတွင် ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂလီ (၂၅)ဦး၊ မောင်တောမြို့နယ်မှ (၁၀)ဦးနှင့် ရသေ့တောင်မြို့နယ်မှ (၂)ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ (၉)ဦး၊ စုစုပေါင်း(၄၆)ဦး တို့ကို ခမရ(၅၄၃) တပ်ရင်းမှ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလီများသည် မလေးရှားနိုင်ငံသို့ ထွက်ခွာမည့် စက်လှေပန်ကာရှပ်တန်းကျိုး၍ ရွက်လွှင့် မျောလာခြင်းဖြစ်ပြီး ကျောက်ဖြူမြို့နယ် အုန်းတောအနီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးမိခဲ့သည့် ဘင်္ဂလီများအား သက်ဆိုင်ရာမှ စစ်ဆေးရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ချာလောင်ဆိုသူမှ မောင်တောမြို့နယ်မှ ဘင်္ဂလီ (၁၀)ဦးတို့အား တစ်ဦးလျှင် ဘင်္ဂလားဒေ့ရှ် တာကာငွေ (၁၀၀၀၀)၊ မြန်မာကျပ်ငွေ ကျပ် (၁၇၀၀၀၀ )ဖြင့် မလေးရှားနိုင်ငံသို့ ပို့မည်ဟု ခေါ်ဆောင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကူးခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေးစခန်းတွင် (၁) ည အိပ်ခဲ့ကြောင်း ဘင်္ဂါလီများက ထွက်ဆိုခဲ့သည်။ အချို့ ဘင်္ဂလီများကိုမူ တစ်ဦးလျှင် မြန်မာကျပ် (၁၂) သိန်း ကောက်ယူခဲ့ကြောင်းကိုလည်း သိရသည်။ ၄င်းနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့နယ်ဆားပြင်ရွာနေ ဖော်ဒူရာမောက် ဆိုသူက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဆာရာရွာ ကမ်းနားဆိပ်ရှိ ယခုစီးနင်လားသည့်စက်လှေသို့ ပို့ပေးခဲ့ကြောင်း၊ ၄င်းတို့နှင့်အတူ အခြားစက်လှေတစ်စီးလည်း ပါကြောင်းသိရသည်။ စက်လှေများသည် မလေးရှားနိုင်ငံသို့ ထွက်ခွာရန် ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘက်အဆုံးရှိ ချက်မာဒင်(ခ)ဇီဇီရာကျွန်းရှိ စက်လှေကြီးသို့ သွားခြင်းဖြစ်ကြောင်းနှင့် ၄င်းစက်လှေကြီးဆီသို့ ထွက်ခွာလာရာ (၂)နာရီခွဲခန့်အကြာတွင် ပန်ကာရှပ်တန်းကျိုး၍ ယခုကဲ့သို့ မျှောပါလာခြင်းဖြစ်သည် ဟု မောင်တောမြို့နယ်မှ ဘင်္ဂလီများက ထွက်ဆိုကြသည်။ စက်လှေနှင့်အတူ လိုက်ပါလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၉)ဦးအနက်တစ်ဦးဖြစ်သူ ကောဘာတူလာ( နော်တူဖလောင်ရွာ) အား စစ်ဆေးရာတွင် ၄င်းမှာ စက်လှေတွင် တက်မကိုင်ဖြစ်ကြောင်း မလေးရှားနိုင်ငံသို့ သွားမည့် စက်လှေရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဇီဇီရာကျွန်းရှိစက်လှေကြီးဆီသို့သွားခြင်းဖြစ်ပြီး စက်လှေမှ ပန်ကာရှုပ်တန်းကျိုးပြီး မျှောပါလာခြင်း ဖြစ်ကြောင်း နောက်တစ်စီးကိုမူ မသိရကြောင်း ထွက်ဆိုခဲ့သည်။ အဆိုပါ စက်လှေမှာ အလျား(၆)လံ(၂)တောင်၊ ဇောက်(၄)ပေခွဲ၊ အနံ (၇)တောင် အင်ဂျင် အမျိုးအစား CHANGFA (၂၅) ကောင်၊ မရိန်းဂီယာဘောက်တွဲလျှက် စက်လှေမျိုးဖြစ်သည်။ ၄င်းတို့အား ကျောက်ဖြူမြို့နယ် ခမရ (၅၄၃)တပ်ရင်းမှူး၊ ခရိုင်လဝကမှူးတို့က စစ်ဆေးခဲ့ပြီးနောက်ဘင်္ဂလီ လူမျိုး(၄၆)ဦးလိုက်ပါလာသည့် စက်လှေအားပြန်လည်ပြုပြင်ပြီးနောက် ၄င်းနေ့၌ပင် ကျောက်ဖြူမြို့နယ် ခမရ(၅၄၂)တပ် ရှေ့ပင်လယ်ကမ်းစပ်မှ ပင်လယ်လယ်ပြင်သို့ ပြန်လည် ထွက်ခွာခွင့်ပြုလိုက်ကြောင်း သိရသည်။
်from myit ma kha
၂၅-၁၁-၂၀၁၂ ရက်နေ့ စစ်တွေမြို့ နယ် လူငယ်ဖိုရမ်ကျင်းပ

၂၅-၁၁-၂၀၁၂ ရက်နေ့ စစ်တွေမြို့ နယ် လူငယ်ဖိုရမ်ကျင်းပ

from RSV ဒီနေ့ စစ်တွေမြို့ လုံးကျွတ် လူငယ်ဖိုရမ် အခမ်းအနားကို ၀ံလက်ဖောင်ဒေးရှင်းရုံးခန်းမှာကျင်းပခဲ့ပါသည်။ စစ်တွေတစ်မြို့ လုံးရှိ ပါတီများနှင့် အဖွဲ့ အစည်းများမှ (၁၅)ခုမှ တက်ရောက်ခဲ့ကြပြီး လူငယ်ကိုယ်စားလှယ် (၃၆)ခန့်လောက်တက်ရောက်ကာ ရခိုင်လူငယ်နှင့် ပညာရေးကဏ္ဍ ၊ သယံဇာတမျှဝေအသုံးချရေး၊ ရခိုင်လူငယ်နှင့် အလုပ်အကိုင်အခွင့်ရေး၊ ရခိုင်လူငယ်နှင့် ဌာနယ် တိုင်းရင်းသး အခွင့်အရေး၊ ရခိုင်လူငယ်နှင့် ဒေသဖွံ့ဖြိုးရေး၊ ရခိုင်လူငယ်နှင့် ယဉ်ကျေးမှု အမွေအနှစ်ထိန်သိမ့်ရေး၊ ရခိုင်လူငယ်နှင့် အကျင့်စာရိတ္တ၊ မြင့်မားမှု ပိုမိုရှင်သန်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ လူငယ်တို့ ၏အသံနှင့် တောင်းဆိုချက်များကို တင်ပြဆွေးနွေးသွားခဲ့ပါပြီး ထို့ နောက် တက်ရောက်လာကြသော လူငယ်ကိုယ်စားလှယ်များထဲမှ လာမည့် တနင်္ဂနွေနေ့  ( ၁.၁၂.၂၀၁၂)တွင်ကျင်းပမည့် ရခိုင်တစ်ပြည်နယ်လုံး၊ ပြည်လုံးကျွတ် လူငယ်ဖိုရမ်အခမ်းအနားတက်ရောက်ရန်အတွက် စစ်တွေမြို့ လူငယ်ကိုယ်စားလှယ် ၂ ယောက်အားလျှို့ ဝှက်မဲစနစ်ဖြင့် ကိုယ်စားလှယ်အချင်းချင်း ၂ ဆင့်ခွဲကာ မဲပေးရွေးချယ်ခဲ့ရာ... ပထမအဆင့်ရွေးချယ်မှုတွင် ဒေါက်တာအောင်နိုင်လင်း ( ၀ံလက်ဖောင်ဒေးရှင်း)နှင့် ကိုမျိုးမြတ်ဟိန်း ( အထက်တန်းရှေ့ နေ) ( သဇင်ဥပဒေရေးရာသင်တန်းပေးရေး) တို့မှ စစ်တွေမြို့နယ် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ အဆိုပါ ကိုယ်စားလှယ် ၂ ဦးသည် လာမည့် တနင်္ဂနွေနေ့ တွင်ပြုလုပ်ကျင်းပမည့် ရခိုင်ပြည်လုံးကျွတ်လူငယ်ဖိုရမ်အခမ်းအနားသို့  တက်ရောက်ကြရမည်ဖြစ်ပါသည်။ ၂၅-၁၁-၂၀၁၂ ရက်နေ့ စစ်တွေမြို့ နယ် လူငယ်ဖိုရမ်ကျင်းပ ---------------------------------------------------- ဒီနေ့ စစ်တွေမြို့ လုံးကျွတ် လူငယ်ဖိုရမ် အခမ်းအနားကို ၀ံလက်ဖောင်ဒေးရှင်းရုံးခန်းမှာကျင်းပခဲ့ပါသည်။ စစ်တွေတစ်မြို့ လုံးရှိ ပါတီများနှင့် အဖွဲ့ အစည်းများမှ (၁၅)ခုမှ တက်ရောက်ခဲ့ကြပြီး လူငယ်ကိုယ်စားလှယ် (၃၆)ခန့်လောက်တက်ရောက်ကာ ရခိုင်လူငယ်နှင့် ပညာရေးကဏ္ဍ ၊ သယံဇာတမျှဝေအသုံးချရေး၊ ရခိုင်လူငယ်နှင့် အလုပ်အကိုင်အခွင့်ရေး၊ ရခိုင်လူငယ်နှင့် ဌာနယ် တိုင်းရင်းသး အခွင့်အရေး၊ ရခိုင်လူငယ်နှင့် ဒေသဖွံ့ဖြိုးရေး၊ ရခိုင်လူငယ်နှင့် ယဉ်ကျေးမှု အမွေအနှစ်ထိန်သိမ့်ရေး၊ ရခိုင်လူငယ်နှင့် အကျင့်စာရိတ္တ၊ မြင့်မားမှု ပိုမိုရှင်သန်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ လူငယ်တို့ ၏အသံနှင့် တောင်းဆိုချက်များကို တင်ပြဆွေးနွေးသွားခဲ့ပါပြီး ထို့ နောက် တက်ရောက်လာကြသော လူငယ်ကိုယ်စားလှယ်များထဲမှ လာမည့် တနင်္ဂနွေနေ့  ( ၁.၁၂.၂၀၁၂)တွင်ကျင်းပမည့် ရခိုင်တစ်ပြည်နယ်လုံး၊ ပြည်လုံးကျွတ် လူငယ်ဖိုရမ်အခမ်းအနားတက်ရောက်ရန်အတွက် စစ်တွေမြို့ လူငယ်ကိုယ်စားလှယ် ၂ ယောက်အားလျှို့ ဝှက်မဲစနစ်ဖြင့် ကိုယ်စားလှယ်အချင်းချင်း ၂ ဆင့်ခွဲကာ မဲပေးရွေးချယ်ခဲ့ရာ... ပထမအဆင့်ရွေးချယ်မှုတွင် ဒေါက်တာအောင်နိုင်လင်း ( ၀ံလက်ဖောင်ဒေးရှင်း)နှင့် ကိုမျိုးမြတ်ဟိန်း ( အထက်တန်းရှေ့ နေ) ( သဇင်ဥပဒေရေးရာသင်တန်းပေးရေး) တို့မှ စစ်တွေမြို့နယ် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ အဆိုပါ ကိုယ်စားလှယ် ၂ ဦးသည် လာမည့် တနင်္ဂနွေနေ့ တွင်ပြုလုပ်ကျင်းပမည့် ရခိုင်ပြည်လုံးကျွတ်လူငယ်ဖိုရမ်အခမ်းအနားသို့  တက်ရောက်ကြရမည်ဖြစ်ပါသည်။
အင်တာနက် အသုံးပြုခ

အင်တာနက် အသုံးပြုခ

လက်ရှိ မိုဘိုင်းဖုန်းကနေ သုံးနေတဲ့ တွကို တစ်မိနစ် ၂ ကျပ်ကနေ ၄ ကျပ် ယူနေရာကနေ အသုံးပြုတဲ့ ဒေတာ ပမာဏကိုလိုက်ပြီး ကောက်ခံတော့မယ် လို့ မိုဘိုင်းဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောပါတယ်။ လောလောဆယ် အကြမ်းဖျဉ်း upload, download ပမာဏ ၁၀၀ ကီလိုဘိုက်ကို ၂ ကျပ်၊ ၁ မီဂါဘိုက်ကို ၂၀ ကျပ် လစဉ် ၁၀၀ မီဂါ ဘိုက်သုံးရင် ကျပ် ၁၅၀၀ ဒါမှ မဟုတ် ၁၈၀၀ ကောက်ခံဖို့ လျာထားတယ်လို့ သူက ပြောပြပါတယ်။ DVB TV News
ပေါက်တောအမှတ် ၅ ရပ်ကွက်တွင်နေအိမ်တည်ဆောက်မည့်စီမံကိန်းအား ဒေသခံများပြင်းထန်စွာကန့်ကွက်

ပေါက်တောအမှတ် ၅ ရပ်ကွက်တွင်နေအိမ်တည်ဆောက်မည့်စီမံကိန်းအား ဒေသခံများပြင်းထန်စွာကန့်ကွက်

ပေါက်တောမြို့အမှတ် ၄ ရပ်ကွက်တွင် ဘင်္ဂလီများအား နေရာပြန်လည် ချထားရန် ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်လျက်ရှိရာ ထိုစီမံကိန်းအား ဒေသခံ များက လုံးဝ ကန့်ကွက်ကြောင်းသိရသည်။

ုထိုသို့ ရွာပြန်လည်ချထားပေးခြင်းသည် တတိယအကြိမ် ရခိုင်ပြည်နယ်အတွင်း ပြဿနာဖြစ်အောင်ဖမ်တီးနေခြင်းဖြစ်ပြီး UN တွန်းအားကြောင့်သာ ထိုနေရာ တွင်ချထားပေးမည်ဆိုပါ ရခိုင်သားများတောင်းဆိုရာကိုလည်း ယူအမ်မှလက် ခံပေးရမည်ဖြစ်ကြောင်းနှင့် ရခိုင်သားများအတွက် လုံးဝထည့်တွက်မစဉ်းစား လျင် ပြန်လည်ပြဿနာဖြစ်လာပါက ဒေသဆိုင်ရာ တာဝန်ရှိသူများ၏တာဝန် သာဖြစ်ကြောင်းနှင့် ပဋပက္ခမဖြစ်နိုင်ကြောင်း လက်မှတ်ထိုးပေးမှသာ ဒေသခံ များကျေနပ်မည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

လုံးဝမသင့်တော်သော နေရာတစ်ခုတွင် ဘင်္ဂလီများကိုနေရာချထားပေးခြင်း သည် အစိုးရအဖွဲ့၏ လုပ်သင့်လုပ်ထိုက်သည်နှင့်ကင်းကွားနေကြောင်းနှင့် UN ကဲ့သို့ သော အဖွဲ့အစည်းများကိုပင် ပြည်နယ်အစိုးရအဖွဲ့မှ ကြောက်ရွိ့နေခြင်း သည် လွန်စွာ စိုးရိမ်ရသည့်အနေအထားတွင်ရှိနေကြောင်းလည်း နိုင်ငံရေး အကဲခတ်များက သုံးသပ်ပြောဆိုကြပါသည်။
်from RSV
ရခိုင်ပါတီကို အာဏာပိုင်များ ခြိမ်းခြောက်

ရခိုင်ပါတီကို အာဏာပိုင်များ ခြိမ်းခြောက်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များကို အာဏာပိုင်များမှ လာရောက် ခြိမ်းခြောက်မှုများ ရှိနေကြောင်း သတင်း ရရှိသည်။

ပေါက်တောမြို့နယ်တွင် ခြိမ်းခြောက်ခံနေသည့် အကြောင်းကို ပေါက်တောမြို့နယ် ပါတီဥက္ကဌ ဦး မြတ်ထွန်းက ယခုကဲ့သို့ပြောသည်။

“ ရဲကလာပြီး ပါတီဝင်လျောက်ထားတဲ့လူ တွေနာမည်နဲ့ မှတ်ပုံတင်နံပါတ် ကိုက်ညီမှုမရှိဆိုပြီး ခဏ ခဏလာပြီးပြောနေတယ်။ မမှန်ကန်တဲ့ လူတွေပါလာရင် ပါတီကိုထိခိုက်နိုင်တယ်။ ဖျက်သိမ်းပစ်နိုင် တယ်ဆိုပြီး ခြိမ်းခြောက်နေတယ်။ ဘာမှ အရေးမကြီးတဲ့ ကိစ္စကို အရေးတကြီး လုပ်ပြီး သက်သက် ညစ်နေပါ တယ်” ဟု ပြောသည်။

ပေါက်တောမြို့နယ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၂၀၀ နီးပါးရှိသည်။ နောက်ထပ် သ၀င်ချောင်းကျေးရွာမှ ပါတီဝင်အဖြစ် ထပ်မံလျှောက်လွှာတင်ထားသူ ၁၈ ဦးရှိရာ ထိုလူများကို အာဏာပိုင်များမှ လာရောက်စစ်ဆေး နေသည်ဟု ဦးမြတ်ထွန်းက ပြောသည်။

ယခုကဲ့သို့ အာဏာပိုင်များမှ ခြိမ်းခြောက်မှုများ ရှိနေသည်မှာ ဟုတ်မှန်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ် ဒုဥက္ကဌ ဦးအေးကျော်က အတည်ပြုပြောကြားသည်။

“ ပေါက်တောနဲ့ ပလက်ဝက ပါတီဝင်တွေကို အာဏာပိုင်တွေက ခြိမ်းခြောက်နေတယ်လို့ ကျွန်တော် ဆီကို အကြောင်းကြားပါတယ်။ ဒီနေ့မနက်ကဘဲ ပေါက်တောဘက်က သတင်းပို့လာပါတယ်။ စစ် တွေနဲ့ တခြားမြို့နယ်တွေမှာ ပါတီဝင်တွေကို စစ်ဆေးတာတွေရှိပါတယ်။ ပေါက်တောမှာတော့ ပါတီ ၀င်နာမည်နဲ့ မှတ်ပုံတင်နံပါတ် ကွဲလွဲမှုတချို့ရှိတဲ့အတွက် လ၀ကနဲ့စသုံးလုံးက ပါတီကို ဖျက်သိမ်းပစ် မယ်ဆိုတာမျိုးတွေ ခြိမ်းခြောက်တယ်လို့ ကျွန်တော့်ကို သတင်းပို့တယ်။ ကျွန်တော်ကတော့ ဖျက်ရင် လည်း ဖျက်သိမ်းပါစေဆိုပြီး ပြောလိုက်တယ်” ဟု ဆိုသည်။

ပလက်ဝမြို့တွင် ပါတီစည်းရုံးရေး ခရီးစဉ်အတွက် ခွင့်ပြုချက်တင်ရာတွင်လည်း အာဏာပိုင်များနှင့် မြို့နယ် ပါတီ ခေါင်းဆောင် တချို့ အငြင်းပွားမှုများလည်း ရှိနေကြောင်း ဦးအေးကျော်က ပြောသည်။

“ ပလက်ဝမှာက ပါတီစည်းရုံးရေး ခရီးအတွက် ခွင့်ပြုချက် တစ်လတင်တဲ့အခါ ၁၀ ရက်ဘဲ ခွင့်ပြုချက် ပေးပါတယ်။ တခြားပါတီတွေ ဖြစ်ကြတဲ့ ကြံ့ဖွံ့တို့၊ NLD ပါတီ တို့ဆိုရင် တစ်လ တင်ရင် တစ်လ အပြည့်ပေးတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့ အာဏာပိုင်တွေနဲ့ ပါတီခေါင်းဆောင်တွေ အကြားမှာ နည်းနည်း စကားများရတာတွေ ရှိတယ်လို့ ပလက်ဝမြို့နယ် ဥက္ကဌကလည်း ဒီနေ့ဘဲ ရုံးကိုရောက်လာပြီး ပြောပြတယ်” ဟု သူက ဆက်ပြောသည်။

ပါတီဥက္ကဌ ဦးအေးသာအောင်နှင့် ပါတီအတွင်းရေးမှူး ဦးမျိုးကျော်တို့ ဦးဆောင်သည့် အဖွဲ့မှာ ရခိုင်ပြည်နယ်အနှံ့ ပါတီစည်းရုံးရေး ခရီးဆင်း နေကြပြီး ယနေ့ လေးတောင်ကျေးရွာတွင် ရောက်ရှိကာ မနက်ဖြန်တွင် စနဲနှင့် ကျောက်ဖြူမြို့သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း အမတ်နေရာ အများအပြားအနိုင်ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အစိုးရမှ ပါတီကိုဖျက်သိမ်းခဲ့သည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) သည် ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုရန် တင်ပြခဲ့ပြီး ၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ကြေငြာချက်အမှတ် ၂၈/ ၂၀၁၂ ဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဝင်းကို လက်မှတ်ထိုးပြီး မှတ်ပုံတင် ခွင့်ပြုခဲ့သည်။

by - narinjara.com က တိုက်ရိုက်ကူးယူဖော်ပြသည်။
ရခိုင်ပါတီကို အာဏာပိုင်များ ခြိမ်းခြောက်

မောင်အေး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များကို အာဏာပိုင်များမှ လာရောက် ခြိမ်းခြောက်မှုများ ရှိနေကြောင်း သတင်း ရရှိသည်။

ပေါက်တောမြို့နယ်တွင် ခြိမ်းခြောက်ခံနေသည့် အကြောင်းကို ပေါက်တောမြို့နယ် ပါတီဥက္ကဌ ဦး မြတ်ထွန်းက ယခုကဲ့သို့ပြောသည်။

“ ရဲကလာပြီး ပါတီဝင်လျောက်ထားတဲ့လူ တွေနာမည်နဲ့ မှတ်ပုံတင်နံပါတ် ကိုက်ညီမှုမရှိဆိုပြီး ခဏ ခဏလာပြီးပြောနေတယ်။ မမှန်ကန်တဲ့ လူတွေပါလာရင် ပါတီကိုထိခိုက်နိုင်တယ်။ ဖျက်သိမ်းပစ်နိုင် တယ်ဆိုပြီး ခြိမ်းခြောက်နေတယ်။ ဘာမှ အရေးမကြီးတဲ့ ကိစ္စကို အရေးတကြီး လုပ်ပြီး သက်သက် ညစ်နေပါ တယ်” ဟု ပြောသည်။

ပေါက်တောမြို့နယ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၂၀၀ နီးပါးရှိသည်။ နောက်ထပ် သ၀င်ချောင်းကျေးရွာမှ ပါတီဝင်အဖြစ် ထပ်မံလျှောက်လွှာတင်ထားသူ ၁၈ ဦးရှိရာ ထိုလူများကို  အာဏာပိုင်များမှ လာရောက်စစ်ဆေး နေသည်ဟု  ဦးမြတ်ထွန်းက ပြောသည်။

ယခုကဲ့သို့ အာဏာပိုင်များမှ ခြိမ်းခြောက်မှုများ ရှိနေသည်မှာ ဟုတ်မှန်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ် ဒုဥက္ကဌ ဦးအေးကျော်က အတည်ပြုပြောကြားသည်။

“ ပေါက်တောနဲ့ ပလက်ဝက ပါတီဝင်တွေကို အာဏာပိုင်တွေက ခြိမ်းခြောက်နေတယ်လို့ ကျွန်တော် ဆီကို အကြောင်းကြားပါတယ်။ ဒီနေ့မနက်ကဘဲ ပေါက်တောဘက်က သတင်းပို့လာပါတယ်။ စစ် တွေနဲ့ တခြားမြို့နယ်တွေမှာ ပါတီဝင်တွေကို စစ်ဆေးတာတွေရှိပါတယ်။ ပေါက်တောမှာတော့ ပါတီ ၀င်နာမည်နဲ့ မှတ်ပုံတင်နံပါတ် ကွဲလွဲမှုတချို့ရှိတဲ့အတွက် လ၀ကနဲ့စသုံးလုံးက ပါတီကို ဖျက်သိမ်းပစ် မယ်ဆိုတာမျိုးတွေ ခြိမ်းခြောက်တယ်လို့ ကျွန်တော့်ကို သတင်းပို့တယ်။ ကျွန်တော်ကတော့ ဖျက်ရင် လည်း ဖျက်သိမ်းပါစေဆိုပြီး ပြောလိုက်တယ်” ဟု ဆိုသည်။

ပလက်ဝမြို့တွင် ပါတီစည်းရုံးရေး ခရီးစဉ်အတွက် ခွင့်ပြုချက်တင်ရာတွင်လည်း အာဏာပိုင်များနှင့် မြို့နယ် ပါတီ ခေါင်းဆောင် တချို့ အငြင်းပွားမှုများလည်း ရှိနေကြောင်း ဦးအေးကျော်က ပြောသည်။

“ ပလက်ဝမှာက ပါတီစည်းရုံးရေး ခရီးအတွက် ခွင့်ပြုချက် တစ်လတင်တဲ့အခါ ၁၀ ရက်ဘဲ ခွင့်ပြုချက် ပေးပါတယ်။ တခြားပါတီတွေ ဖြစ်ကြတဲ့  ကြံ့ဖွံ့တို့၊  NLD ပါတီ တို့ဆိုရင် တစ်လ  တင်ရင် တစ်လ အပြည့်ပေးတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့ အာဏာပိုင်တွေနဲ့ ပါတီခေါင်းဆောင်တွေ အကြားမှာ နည်းနည်း စကားများရတာတွေ ရှိတယ်လို့ ပလက်ဝမြို့နယ် ဥက္ကဌကလည်း ဒီနေ့ဘဲ ရုံးကိုရောက်လာပြီး ပြောပြတယ်” ဟု သူက ဆက်ပြောသည်။

ပါတီဥက္ကဌ ဦးအေးသာအောင်နှင့် ပါတီအတွင်းရေးမှူး ဦးမျိုးကျော်တို့ ဦးဆောင်သည့် အဖွဲ့မှာ ရခိုင်ပြည်နယ်အနှံ့ ပါတီစည်းရုံးရေး ခရီးဆင်း နေကြပြီး ယနေ့ လေးတောင်ကျေးရွာတွင် ရောက်ရှိကာ မနက်ဖြန်တွင် စနဲနှင့် ကျောက်ဖြူမြို့သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း အမတ်နေရာ အများအပြားအနိုင်ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အစိုးရမှ ပါတီကိုဖျက်သိမ်းခဲ့သည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) သည်  ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုရန် တင်ပြခဲ့ပြီး ၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ကြေငြာချက်အမှတ် ၂၈/ ၂၀၁၂ ဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဝင်းကို လက်မှတ်ထိုးပြီး မှတ်ပုံတင် ခွင့်ပြုခဲ့သည်။

by - narinjara.com က တိုက်ရိုက်ကူးယူဖော်ပြသည်။
ရန်ကုန်မြို့တွင် ယနေ့ကျင်းပနေသော ရခိုင်လူငယ်ဖိုရမ် (နောက်ဆက်တွဲ -သတင်း)

ရန်ကုန်မြို့တွင် ယနေ့ကျင်းပနေသော ရခိုင်လူငယ်ဖိုရမ် (နောက်ဆက်တွဲ -သတင်း)

မင်းဆက်ခိုင်
  ရန်ကုန်ရောက် ရခိုင်လူငယ်များက စုပေါင်း ကျင်းပသော Rakhine Youth Forum (Yangon) ၏ ပထမနေ့ အစီအစဉ်တွင် မီဒီယာနှင့် မူးယစ်ဆးဝါး ကဏ္ဍကို အဓိက အလေးထား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အခမ်းအနားကို နိုဝင်္ဘာလ ၂၄ ရက်နေ့ နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ရန်ကုန်မြို့ သမိုင်းမြို့မ ဘုန်းကြီးကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။ “ ကျနော်တို့ ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်ဟာ အဘက်ဘက်က နိမ့်ကျနေပြီး အလွန်တရာမှ ဆင်းရဲ နွမ်းပါးတဲ့ ဒေသတခုဖြစ်တယ်။ ပြဿနာတွေကလည်း အများကြီးပါ။ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး အဘက်ဘက်က နိမ့်ကျနေတယ်။ အဲဒီတော့ ကျနော်တို့ လူငယ်တွေရဲ့ အသံကို စုပေါင်းပြီး နိုင်ငံ အဆင့်ကနေ နိုင်ငံတကာအဆင့်အထိ ထုတ်ဖော်ချင်တဲ့ ဆန္ဒကြောင့် ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ဖိုရမ်ဖြစ်မြောက်ရေးတွင် ပါဝင် လူပ်ရှား သူတစ်ဦး ဖြစ်သူ ကိုအောင်နေမင်းက နိရဉ္စရာသို့ ပြောသည်။ ၎င်းပြင် တိုင်းပြည်နှင့် လူမျိုးအတွက် အရေးကိစ္စများ ဆောင်ရွက် လုပ်ကိုင်ရာတွင် ရခိုင်လူငယ်များ စုစုရုံးရုံး စည်းလုံးညီညွှတ်မူ ရှိအောင်နှင့် လူငယ်များ၏ အင်အားဖြင့် ရခိုင့်အသံကို နိုင်ငံတကာထိ ဖော်ထုတ် နိုင်အောင် ရည်ရွယ်ပြီး စုပေါင်းပြီး ဖိုရမ်ကို လုပ်ရခြင်းဖြစ်သည်ဟု သူက ဆိုသည်။ အခမ်းအနားဖွင့်ပြီးနောက် ရွိင်တာသတင်းဌာနမှ ဦးအောင်လှထွန်းက ရခိုင်လူငယ်အခန်းကဏ္ဍနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားသလို ဒေါက်တာ မောင်မောင်လွင်ကလည်း လူငယ်နှင် မူးယစ် ဆေးဝါးအခန်းကဏ္ဍကို အကျယ်တ၀င့် ရှင်းလင်း ပြောကြားခဲ့သည်။ Rakhine Youth Forum ပြုလုပ်ခြင်း အပေါ် ဦးအောင်လှထွန်းမှ သူ့အမြင်ကို နိရဉ္စရာအား ယခုကဲ့သို့ ပြောကြားသည်။ “ ဒီဖိုရမ်လုပ်တာက တော်တော့ကို ကောင်းပါတယ်။ ဒီထက်ပိုစောပြီးတော့ လုပ်ခဲ့သင့်တာ။ ဒါပေမယ့် နောက်ကျ တယ်ဆိုတာ မရှိပါဘူး။ တော်တော့ကို ၀မ်းသာပါတယ်။ ကြိုဆိုပါတယ်။ အခု ရခိုင်လူငယ်တွေ ကိုယ့်အမျိုးသားရေး ကိစ္စအတွက် လှုပ်ရှားကြတတယ်။ စိတ်ဝင်စားလာကြတာဟာ ၀မ်းသာစရာ တခုပါ” ဟု ဆိုသည်။ လက်ရှိ ရခိုင်လူငယ်တို့၏ အခန်း ကဏ္ဍနှင့် ပတ်သက်ပြီးလည်း သူ့အမြင်ကို ဆက်လက် ပြောကြားသည်။ “ ရခိုင်လူငယ်တွေအပေါ် ကျနော် နှစ်ပိုင်းခွဲပြီးတော့ မြင်တယ်။ တချို့ကလည်း တက်တက်ကြွကြွ လှုပ်ရှားကြတယ်။ တချို့ကလည်း အဲလိုပေါ့ – အဲဒါကလည်း တခြားလူ့အသိုင်းအ၀ိုင်းတွေမှာလည်း ရှိကြတာပဲ။ အကောင်း အဆိုးဆိုတာ ရှိမှာပေါ့။ တချို့ကလည်း စားဝတ်နေရေး၊ ပညာရေအခက်အခဲ နောက်ခံ အခက်အခဲတွေ၊ အကြောင်းအရင်းမျိုးစုံပေါ့၊ ဒီလို ကွာခြားမှုတွေတော့ ရှိတယ်။ ဒါပေမယ့် ရခိုင်လူငယ်တွေ ကိုခြုံပြီးတော့ ကြည့်မယ်ဆိုရင် အားရပါတယ်။ ဒီထက်မက စည်းရုံးစေချင်တယ်။ ဒီထက်မက ထက်မြက်စေ ချင်ပါတယ်။ လူကြီးနဲ့ လူငယ်ကြားမှာတော့ ကွင်းဆက် ပြတ်တာတွေ တွေ့ရပါတယ်။ လူကြီးတွေအနေနဲ့ လက်တွဲဖို့လိုပါတယ်။ နေရာတွေပေးရပါမယ်။ အထိုက် အလျှောက် ဖြစ်လာမယ်လို့တော့ ထင်ပါတယ်။ လူငယ်ထုကလည်း စိတ်ပါဝင်စားရပါမယ်။ နောက်တခုက လူငယ်တွေကလည်း လူကြီးတွေဆီက အကြံ အဥာဏ်တွေယူရပါမယ်၊ တောင်းခံရမယ်၊ ဆွေးနွေးရပါမယ်” ဟု ပြောသည်။ ယခု ပြုလုပ်သည့် ဖိုရမ်သည် လွတ်လပ်သည့် ဖိုရမ်တခုဖြစ်ပြီး မည်သည့် ပါတီ အဖွဲ့အစည်းမှ ကျောထောက် နောက်ခံ ပြုထားခြင်းမဟုတ်ကြောင်း ကိုအောင်နေမင်းက ပြောသည်။ “ ဘယ် အဖွဲ့အစည်း အသင်းအပေါ်မှာမှ မှီတွယ်ပြီးတော့ လုပ်တာမဟုတ်ပါဘူး။ လွတ်လပ်တဲ့ ဖိုရမ်တခုပါ။ ငွေရေး ကြေးရေးအရ ထောက်ပံ့ကြတဲ့ အလှူရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေ၊ တချို့ ကုမ္ပဏီတွေရှိပါတယ်။ နောက်ပြီးတော့ တသီးပုဂ္ဂလတွေ ရှိပါတယ်။ ဘယ်အဖွဲ့အစည်းရဲ့ သြဇာအောက်မှာမှ လုပ်တာမဟုတ်ပါဘူး။ Myanmar Youth Forum နဲ့တော့ ပူးပေါင်း လုပ်ဆောင် သွားမယ့်ဟာတွေတော့ ရှိပါတယ်။ ဒါတွေကလည်း အခန်းကဏ္ဍတခုအနေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း Rakhine Youth Forum ကို ဒီဇင်္ဘာလအတွင်းတွင် ကျင်းပ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ ယနေ့ ပထမနေ့ ဆွေးနွေးပွဲတွင် မီဒီယာနှင့် မူးယစ်ဆေးဝါး အခန်းကဏ္ဍကို တက်ရောက် လာသော ရခိုင်လူငယ်များ အဖွဲ့ ၂ ခု ခွဲပြီး ၀ိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးချက်များကို အတည်ပြု မှတ်တမ်းတင်ထားပြီး ယနေ့ ဒုတိယနေ့တွင် ပညာရေးနှင့် နိုင်ငံရေး အခန်းကဏ္ဍကို ဆွေးနွေးကြမည်ဖြစ်သည်။ ယနေ့ဖိုရမ်သို့ အဖွဲ့အစည်းအသီးနှင့် တသီးပုဂ္ဂလ စုစုပေါင်း ၁၂၀ခန့် တက်ရောက်ခဲ့သည်။
ရွှေဧည့်သည်(၂)ဂိတ်ရှေ့တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်

ရွှေဧည့်သည်(၂)ဂိတ်ရှေ့တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်


ရန်ကုန်မြို့၊ သာကေတ မြို့နယ်၊ ဧရာဝဏ် လမ်းမ ကြီးရှိ ရွှေဧည့်သည်(၂) ဂိတ်ရှေ့၌ ခရီး သည်တင် ၅၂ ယာဉ်လိုင်းနှင့် ယာဉ်ငယ် တစ်စီး မျက်နှာချင်း ဆိုင်တိုက် မိရာတွင် ခရီးသည် တင် ယာဉ်တိမ်းမှောက် သွားကြောင်း သိရသည်။ အဆိုပါ ယာဉ်တိမ်း မှောက်မှုသည် ယနေ့နံနက် ၁၁ နာရီ ၄၅ ၀န်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ "ခရီးသည်တင်ယာဉ်က ဂတ်စ်လာဖြည့်တာ မို့လို့လူမပါလာတာ ကံကောင်းတယ် ဘယ်သူမှတော့ ဓဏ်ရာရတာ မတွေ့ရဘူး၊ဒါပေမယ့် မှားတာက ကားလေးလေ၊ သူက လမ်းကျော်ပြီးဝင်လာတာ" ဟု အနီး ပက်ဝင်းကျင်တွင် နေထိုင်သူတစ်ဦး ကပြောသည်။ မြန်မာ့ခေတ်
မြောက်ကိုရီးယား မြန်မာကို လက်နက်ပို့တာ ဖမ်းမိခဲ့

မြောက်ကိုရီးယား မြန်မာကို လက်နက်ပို့တာ ဖမ်းမိခဲ့


မြောက်ကိုရီးယား နိုင်ငံကနေ မြန်မာ နိုင်ငံဆီကို ဒုံးကျည်တွေ ထုတ်လုပ်ရာမှာ သော်၎င်း၊ ယူရေနီယံ သန့်စင် ရာမှာ သော်၎င်း သုံးစွဲလို့ ရနိုင်တဲ့ ပစ္စည်းတွေကို တရုတ်ကနေ တဆင့် တင်ပို့ခဲ့တယ်လို့ ဂျပန်က အဆာဟိ ရှင်ဘွန်း သတင်းစာကြီးမှာ ဖော်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က တိုကျို ဆိပ်ကမ်းမှာ အမေရိကန် ရဲ့ တောင်းဆိုချက်ကြောင့် ဂျပန် အာဏာပိုင် တွေက ကုန်တင် သင်္ဘောကို ဝင်ရောက် စီးနင်း ခဲ့ရာမှာ အခုလို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ အဆာဟိ ရှင်ဘွန်းက ဆိုပါတယ်။

အဲဒီ ဖမ်းမိခဲ့တဲ့ ပစ္စည်း တွေထဲမှာ သတ္တု ပိုက် ၅၀၊ အဆင့်မြင့် အလူမီနီယံ သတ္တုချောင်း ၁၅ ချောင်း တို့လည်း ပါဝင်ပြီး အဲဒီထဲက တခိျု့ဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ရာမှာ သုံးစွဲ နိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ လတုန်းကလည်း တရုတ်ပြည်ကနေ ရန်ကုန် ဆိပ်ကမ်း ကို ရောက်လာတဲ့ သင်္ဘောတစင်း ထဲမှာ ပါလာတဲ့ ကုန်ပစ္စည်း တွေထဲမှာ မြန်မာ စစ်ဘက်နဲ့ နီးစပ်တဲ့ အဖွဲ့အစည်း တခုကနေ မှာယူလို့ မြောက်ကိုရီးယား နိုင်ငံ က နမ်ပို ဆိပ်ကမ်းကနေ တင်ပို့လိုက်တဲ့ ကုန်တွေ ပါလာတယ်လို့ လည်း ဖော်ပြထားပါတယ်။

သမ္မတ အိုဘားမား မြန်မာ နိုင်ငံကို လာရောက် ခဲ့တဲ့ နောက်ပိုင်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ကတော့ မြန်မာ နိုင်ငံက နျူကလီးယား အစီအစဉ် တွေနဲ့ ပတ်သက်လို့ ပိုင်ဆိုင် ထားသမျှ စုံစမ်း စစ်ဆေး မှုတွေ အလုပ်ခံ နိုင်တဲ့ နိုင်ငံတကာ သဘောတူ ညီချက် ကိုလက်မှတ်ထိုး ပေးဖို့ အသင့်ရှိ နေတယ်လို့ ကြေညာ ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ယိုင်သည်ရွာ တိုက်ခိုက်မှု စစ်ဆေး

ယိုင်သည်ရွာ တိုက်ခိုက်မှု စစ်ဆေး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ယိုင်သည်ရွာ တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး ဖမ်းထားတဲ့ ရခိုင် အမျိုးသား (၆) ဦးကို စစ်တွေပို့ပြီး ရမန်ယူ စစ်ဆေး နေတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၃ နဲ့ ၂၄ ရက်တွေက ယိုင်သည် မွတ်ဆလင် ရွာ မီးရှို့ တိုက်ခိုက်မှုနဲ့ ယိုင်သည် ရွာက ဦးဇော်မိုးနိုင်၊ ဦးဇော်မိုးထွန်း၊ လေးမြို့သား ရွာက ဦးတင်လှ၊ သံရွှင်ပြင်ရွာက ဦးပြေသိန်းအောင်၊ ဦးဦး မောင်ကျော်လှိုင်နဲ့ ဦးမောင်သိန်းတို့ ကို ဖမ်းထားတာပါ။ အခု ရမန် ယူထားဆဲ ကာလမို့ အမှုစွဲတင် တာတော့ မရှိသေးဘူးလို့ စစ်တွေက ရှေ့နေ တဦးက ပြောပါတယ်။ ပုဒ်မ ၄၃၂ ၊ ပုဒ်မ ၃ဝ၂ (၂) နဲ့ ရမန် ၆ ရက် ယူထားပြီး စစ်တွေ မြို့မ ရဲစခန်းမှာ စစ်ဆေးနေပါတယ်။ သူတို့ကို ရမန် ယူပြီးရင် နောက်လဆန်း လောက်မှာ စတရားစွဲ နိုင်တယ်လို့ သိရပါတယ်။ ယိုင်သည် ရွာ တိုက်ခိုက်မှုနဲ့ လူအများအပြား ဖမ်းဆီး ထားပြီး အဲဒီ အထဲက ၆ ဦးကို စစ်တွေ ခေါ်လာပြီး တရားစွဲဖို့ အာဏာပိုင် တွေက စီစဉ်နေတာ ဖြစ်ပါတယ်။ ယိုင်သည်ရွာ မီးရှို့ တိုက်ခိုက်မှုဟာ ရခိုင်ပြည်နယ် အောက်တိုဘာ လ တိုက်ခိုက်မှု တွေထဲမှာ အကြီးကျယ်ဆုံး ဖြစ်ပြီး လူ ၅ဝ နီးပါး သေဆုံးတယ်လို့ သိရပါတယ် ။ ဘီဘီစီ (မြန်မာပိုင်း)
တောင်ကုတ်တောင်ကြားလမ်းနှင့် ဂွငသိုင်းချောင်းလမ်းနှင့်အမ်းတောင်ကြား လမ်း တို့အား တင်းကြပ်စွာ စစ်ဆေးနေကြောင်းသိရှိရ

တောင်ကုတ်တောင်ကြားလမ်းနှင့် ဂွငသိုင်းချောင်းလမ်းနှင့်အမ်းတောင်ကြား လမ်း တို့အား တင်းကြပ်စွာ စစ်ဆေးနေကြောင်းသိရှိရ

ရခိုင်ပြည်နယ်၏ ထွက်ပေါက်ကားလမ်းများဖြစ်သော တောင်ကုတ်တောင်ကြား လမ်းနှင့် ဂွငသိုင်းချောင်းလမ်းနှင့်အမ်းတောင်ကြားလမ်းတို့အား တင်းကြပ်စွာ စစ် ဆေးမှုများပြုလုပ်နေပြီဖြစ်ကြောင်းသိရှိရပါသည်။ ထိုလမ်းများသည် ရခိုင်မှ အခြားပြည်နယ်နှင့်တိုင်းများသို့သွားရာလမ်း ကြောင်း များဖြစ်သဖြင့် ဘင်္ဂလီများသွားလာခွင့်မပြုရန် တားမြစ်ထားကြောင်းသိရသော် လည်း ခိုးပို့နေသူများရှိကြောင်းသိရသည်။ ယခင်က ထိုသို့ခိုးပို့ပေးခဲ့ခြင်းများ ကြောင့် ရခိုင်မှ ဘင်္ဂလီသိန်းနှင့်ချီပြီး ရန်ကုန်သို့ရောက်သွားကာ ရန်ကုန်တွင် နိုင်ငံ သားကဒ်ရအောင် ပြုလုပ်လိုက်ကြကြောင်းသိရသည်။ ထို့အတူ ရခိုင်မှ နိုင်ငံသား ကဒ်ပြုလုပ်ပြီး ရန်ကုန်သို့ရောက်သွားကြသူများအနေဖြင့်လည်း ရခိုင်ကုလားဟု လိမ်လည်ပြောဆိုနေသည်များကို တွေ့ရကြောင်းသိရသည်။ ရခိုင်ကုလားဆိုသည်မှာ ရခိုင်ပြည်မှ ထွက်ပြေးသွားပြီး ရန်ကုန်သို့ တရားမ၀င် ၀င် ရောက်နေထိုင်သူများကို ဆိုလိုသည်။ ယခုမှသာ ဂိတ်ပေါက်များကိုစစ်ဆေးနေခြင်း သည် အချည်းနီးသာဖြစ်ကြောင်းလည်း ပြောဆိုကြပါသည်။ အဖိုး၊အဘွား ဘင်္ဂလီများအဖြစ် မှတ်တမ်းများရှိသော်လည်းယနေ့ အခါမှသာ ရိုဟင် ဂျာဟုအမည်ခံလိုသူများသည် ပြည်ပသို့ ပြန်ပြေးရန် အတွက် ပြင်ဆင်ခြင်းဖြစ်ပြီး ဘင်္ဂလီနိုင်ငံများမှ ခေါ်ယူပေးကြရန် တိုက်တွန်းသင့်ကြောင်းလည်း သိရသည်။ ထိုသို့ဂိတ်ပေါက်များစစ်ဆေးသော်လည်း စစ်တွေလေယာဉ်ကွင်းမှ ထွက်ပြေးသွား သူ ၁၆၆ ဦးအနက် ၄ ဦးသာ ပြန်လာသေးကြောင်းလည်းသိရသည်။ ထိုစာရင်း သည် သြဂုတ်လ ၂၆ ရက်နေ့မှ အောက်တိုဘာ ၁ ရက်နေ့အထိ စစ်တွေလေယာဉ် ကွင်းမှ ထွက်ခွါသွားကြသူများဖြစ်ပြီး လက်ရှိတွင် ရန်ကုန်နှင့်မန္တလေးတို့တွင်နေ ထိုင်လျက်ရှိကြောင်းလည်းသိရသည်။ င်္From : RSV
တော်ဝင်ထူးလင်းကုမ္ပဏီ၏ လျှပ်စစ်မီးစက်ရုံမှ ညှော်နံ့များ ကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်နေရ

တော်ဝင်ထူးလင်းကုမ္ပဏီ၏ လျှပ်စစ်မီးစက်ရုံမှ ညှော်နံ့များ ကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်နေရ

စစ်တွေမြို့ရှိ တော်ဝင်ထူးလင်းကုမ္ပဏီ၏ လျှပ်စစ်မီးစက်ရုံမှ ထွက်ရှိလာသော ညှော်နံ့များ ကြောင့် လမ်းသွားလမ်းလာများ၊ ဆိုင်ခန်းများနှင့်နေအိမ်များ တွင်နေ ထိုင်သော လူများအတွက် လွန်စွာထိခိုက်မှုများရှိနေကြောင်းသိရှိရပါသည်။ အဆိုပါမီးစက်ရုံသည် စွန့်ပစ်ပစ္စည်းသုံးလျှပ်စစ်မီးစက်ရုံဖြစ်သဖြင့် ဆိုးရွားသောအနံ့ များထွက်ပေါ်နေခြင်းဖြစ်ကြောင်းသိရသည်။ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက် နေခြင်းဖြစ်သော်လည်း အနံ့ဆိုးများထွက်ပေါ်နေခြင်းမှာ လွန်စွာထိခိုက်မှုများရှိနေ ပြီး ကျန်းမာရေးအရ လုံးဝမသင့်တော်သော ကိစ္စရပ်များဖြစ်နေကြောင်းလည်း ဒေသခံများ ပြောပါသည်။ ယင်းအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသူများကလည်း '' အနံ့တွေက ထွက်တာလွန်နေပြီ။ သူတို့ကတော့ အနံ့မထွက်ဘူးလို့ပြောနေတယ်။ ဒါဟာ ပတ် ၀န်းကျင်ဆိုင်ရာ ထိခိုက်မှုကို အများကြီးဖြစ်ပေါ်စေပါတယ်။ လုံးဝမလုပ်သင့်တဲ့ ကိစ္စဖြစ်တာကြောင့် အခြားနေရာမှာ သွားပြီးလုပ်သင့်တယ်လို့ထင်တယ်။ ပြီးတော့ စွန့်ပစ်ပစ္စည်းသုံးစက်ရုံဆိုတာကို အနံ့မထွက်ဘူးဆိုတာ ရူးတဲ့လူတွေပြောတာပဲ။ ဒီ အနံ့တွေကို ကြာရှည်စွာခံနေရတဲ့ ပတ်ဝန်းကျင်က လူတွေအတွက် အယမ်းစိုးရိမ် စရာရှိပါတယ်။ ဒီမှာက ဖြစ်ချင်တာဖြစ်ဆိုပြီး မပြောရဲကြလို့ လုပ်ချင်တာလုပ်နေကြ ပါ''ဟု ပြောဆိုပါသည်။ စစ်တွေမြို့တွင်မီးလင်းရေးကိစ္စများကိုဆောင်ရွက်ပေးနေသည့်တိုင် အဆိုပါ တော် ၀င်ထူးလင်းကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုကိုများစွာသတိထား သင့်ကြောင်းနှင့် ဒေသခံများကလည်း စနစ်တကျတင်ပြရန်လိုအပ်ကြောင်းပြောဆို ကြပါသည်။ ထို့အပြင် ပတ်ဝန်းကျင်ရှိနေအိမ်များတွင်နေထိုင်ကြသူများအနေဖြင့်လည်း သက် ဆိုင်ရာဌာနများသို့ တင်ပြသင့်ကြောင်း၊ ထိုသို့တင်ပြမှသာလျင် သက်ဆိုင်ရာမှ ကွင်းဆင်းစစ်ဆေးပြီး ပတ်ဝန်းကျင်အတွက် ထိခိုက်မှုရှိမရှိကို လေ့လာဆန်းစစ်ပြီး ထိုစက်ရုံအား ဖျက်သိမ်းသင့်မသင့်ကို စဉ်းစားပေးရန်လိုအပ်နေပြီဖြစ်ကြောင်း လည်း သိရှိရပါသည်။ တော်ဝင်ထူးလင်းသည် ရခိုင်ပြည်နယ်အနှံ့အပြားတွင် ထိုသို့သောမီးစက်များကို ဆောက်လုပ်ကာ ငွေရှာသော ခရိုနီအုပ်စုတစ်ခုသာဖြစ်သဖြင့် အစိုးရကလည်း ထို ကိစ္စကို နှာပိတ်နေသည်ဟု အကြောင်းပြထားခြင်းဖြစ်ကြောင်းလည်းသိရသည်။ ဒေသဆိုင်ရာပတ်ဝန်းကျင်ပျက်စီးမှုနှင့် ကျန်းမာရေးဆိုင်ရာထိခိုက်မှုများကို အလေး မထားဘဲ လုပ်ချင်သလိုလုပ်နေခြင်းသည် ဒေသခံပြည်သူများကို တစ်ဘက်လှည့် ဖြင့်စော်ကားနေခြင်းဖြစ်ကြောင်းလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသီ တစ်ဦးက စစ်တွေသို့ရောက်ရှိစဉ် ပြောကြားခဲ့ပါသည်။ ထို့အပြင် အနီးပတ်ဝန်းကျင်များနှင့် စစ်တွေမြို့သူမြို့သားများကလည်း ထိုကိစ္စကို ဆန္ဒပြကန့်ကွက်မှုများပြုလုပ်သွားရန် စီစဉ်လျက်ရှိသော်လည်း ဒေသအခြေအနေ များကြောင့် သည်းခံနေခြင်းဖြစ်ကြောင်းနှင့်မကြာခင် ဆန္ဒဖော်ထုတ်မှုတစ်ခုဖြစ်လာ နိုင်ခြေရှိကြောင်းလည်း ဒေသခံများပြောပါသည်။ (ဓါတ်ပုံ- စက်ရုံပုံ) စစ်တွေမြို့ရှိ တော်ဝင်ထူးလင်းကုမ္ပဏီ၏ လျှပ်စစ်မီးစက်ရုံမှ ညှော်နံ့များ ကြောင့် လမ်းသွားလမ်းလာများ၊ဆိုင်ခန်းများနှင့်နေအိမ်များတွင်နေထိုင်သော လူများအတွက် လွန်စွာထိခိုက်မှုများရှိနေကြောင်းသိရှိရ ------------------------------------------------------------------------- စစ်တွေမြို့ရှိ တော်ဝင်ထူးလင်းကုမ္ပဏီ၏ လျှပ်စစ်မီးစက်ရုံမှ ထွက်ရှိလာသော ညှော်နံ့များ ကြောင့် လမ်းသွားလမ်းလာများ၊ ဆိုင်ခန်းများနှင့်နေအိမ်များ တွင်နေ ထိုင်သော လူများအတွက် လွန်စွာထိခိုက်မှုများရှိနေကြောင်းသိရှိရပါသည်။ အဆိုပါမီးစက်ရုံသည် စွန့်ပစ်ပစ္စည်းသုံးလျှပ်စစ်မီးစက်ရုံဖြစ်သဖြင့် ဆိုးရွားသောအနံ့ များထွက်ပေါ်နေခြင်းဖြစ်ကြောင်းသိရသည်။ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက် နေခြင်းဖြစ်သော်လည်း အနံ့ဆိုးများထွက်ပေါ်နေခြင်းမှာ လွန်စွာထိခိုက်မှုများရှိနေ ပြီး ကျန်းမာရေးအရ လုံးဝမသင့်တော်သော ကိစ္စရပ်များဖြစ်နေကြောင်းလည်း ဒေသခံများ ပြောပါသည်။ ယင်းအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသူများကလည်း '' အနံ့တွေက ထွက်တာလွန်နေပြီ။ သူတို့ကတော့ အနံ့မထွက်ဘူးလို့ပြောနေတယ်။ ဒါဟာ ပတ် ၀န်းကျင်ဆိုင်ရာ ထိခိုက်မှုကို အများကြီးဖြစ်ပေါ်စေပါတယ်။ လုံးဝမလုပ်သင့်တဲ့ ကိစ္စဖြစ်တာကြောင့် အခြားနေရာမှာ သွားပြီးလုပ်သင့်တယ်လို့ထင်တယ်။ ပြီးတော့ စွန့်ပစ်ပစ္စည်းသုံးစက်ရုံဆိုတာကို အနံ့မထွက်ဘူးဆိုတာ ရူးတဲ့လူတွေပြောတာပဲ။ ဒီ အနံ့တွေကို ကြာရှည်စွာခံနေရတဲ့ ပတ်ဝန်းကျင်က လူတွေအတွက် အယမ်းစိုးရိမ် စရာရှိပါတယ်။ ဒီမှာက ဖြစ်ချင်တာဖြစ်ဆိုပြီး မပြောရဲကြလို့ လုပ်ချင်တာလုပ်နေကြ ပါ''ဟု ပြောဆိုပါသည်။ စစ်တွေမြို့တွင်မီးလင်းရေးကိစ္စများကိုဆောင်ရွက်ပေးနေသည့်တိုင် အဆိုပါ တော် ၀င်ထူးလင်းကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုကိုများစွာသတိထား သင့်ကြောင်းနှင့် ဒေသခံများကလည်း စနစ်တကျတင်ပြရန်လိုအပ်ကြောင်းပြောဆို ကြပါသည်။ ထို့အပြင် ပတ်ဝန်းကျင်ရှိနေအိမ်များတွင်နေထိုင်ကြသူများအနေဖြင့်လည်း သက် ဆိုင်ရာဌာနများသို့ တင်ပြသင့်ကြောင်း၊ ထိုသို့တင်ပြမှသာလျင် သက်ဆိုင်ရာမှ ကွင်းဆင်းစစ်ဆေးပြီး ပတ်ဝန်းကျင်အတွက် ထိခိုက်မှုရှိမရှိကို လေ့လာဆန်းစစ်ပြီး ထိုစက်ရုံအား ဖျက်သိမ်းသင့်မသင့်ကို စဉ်းစားပေးရန်လိုအပ်နေပြီဖြစ်ကြောင်း လည်း သိရှိရပါသည်။ တော်ဝင်ထူးလင်းသည် ရခိုင်ပြည်နယ်အနှံ့အပြားတွင် ထိုသို့သောမီးစက်များကို ဆောက်လုပ်ကာ ငွေရှာသော ခရိုနီအုပ်စုတစ်ခုသာဖြစ်သဖြင့် အစိုးရကလည်း ထို ကိစ္စကို နှာပိတ်နေသည်ဟု အကြောင်းပြထားခြင်းဖြစ်ကြောင်းလည်းသိရသည်။ ဒေသဆိုင်ရာပတ်ဝန်းကျင်ပျက်စီးမှုနှင့် ကျန်းမာရေးဆိုင်ရာထိခိုက်မှုများကို အလေး မထားဘဲ လုပ်ချင်သလိုလုပ်နေခြင်းသည် ဒေသခံပြည်သူများကို တစ်ဘက်လှည့် ဖြင့်စော်ကားနေခြင်းဖြစ်ကြောင်းလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသီ တစ်ဦးက စစ်တွေသို့ရောက်ရှိစဉ် ပြောကြားခဲ့ပါသည်။ ထို့အပြင် အနီးပတ်ဝန်းကျင်များနှင့် စစ်တွေမြို့သူမြို့သားများကလည်း ထိုကိစ္စကို ဆန္ဒပြကန့်ကွက်မှုများပြုလုပ်သွားရန် စီစဉ်လျက်ရှိသော်လည်း ဒေသအခြေအနေ များကြောင့် သည်းခံနေခြင်းဖြစ်ကြောင်းနှင့်မကြာခင် ဆန္ဒဖော်ထုတ်မှုတစ်ခုဖြစ်လာ နိုင်ခြေရှိကြောင်းလည်း ဒေသခံများပြောပါသည်။ (ဓါတ်ပုံ- စက်ရုံပုံ)
ရှောက်ပုံကျွန်း ရခိုင်လယ်သမားများထံမှ ပေါင်းတုပ်ရဲစခန်းမှ အဓမ္မငွေညှစ်

ရှောက်ပုံကျွန်း ရခိုင်လယ်သမားများထံမှ ပေါင်းတုပ်ရဲစခန်းမှ အဓမ္မငွေညှစ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာမှာရှိသည့် ရှောက်ပုံကျွန်းကျေးရွာ လယ်သမားများထံမှ ပေါင်းတုပ်မှာရဲစခန်းမှ အဓမ္မငွေညှစ်မှု တစ်ရပ် မကြာမီရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည်။ ရှောက်ပုံကျွန်းကျေးရွာမှာ မကြာသေးမီက ပဋိပက္ခဖြစ်ပွားခဲ့သည့် ပုရိန်ကျေးရွာ အနီးတွင်ကပ်လျှက်တည်ရှိပြီး မိမိတို့ပိုင်နွားများအား ကုလားများအဓမ္မခိုးယူခြင်း၊ ကုလားရွာနှင့် နီးနီးကပ်ကပ်ရှိနေသည့်အတွက် နွားများ၏ လုံခြုံရေးအတွက် စိတ်မချရခြင်းတို့ကြောင့် လယ်သမား ၃ ဦးခန့်ပိုင်ဆိုင်သော နွားကောင်ရေ ၂၈ ကောင်ကို မြရိပ်ကျွန်းကျေးရွာသို့ ပြောင်းရွှေ့ရန်စီစဉ်ခဲ့သည်ဟုဆိုသည်။ ထိုသို့ ပြောင်းရွှေ့ယူလာရာတွင် ပုရိန်ကျေးရွာမှ ကုလားမတစ်ဦး၏ မဟုတ်မမှန် သတင်းပေးချက်ကြောင့် ပေါင်းတုပ်ကျေးရွာတွင် အခြေစိုက်စခန်းချလျှက်ရှိနေ သော ရဲတပ်ရင်းခွဲမှ စခန်းမှုးနှင့် တပည့်များက အဆိုပါနွားများအား လာရောက် ဖမ်းဆီးယူသွားခဲ့ကြောင်းသိရသည်။ သို့ရာတွင် နောက်ဆုံးမှာ ကုလားမ သတင်းပေးပို့ချက် မမှန်ကန်ကြောင်းတွေ့ရှိသွားသော်လည်း ရဲစခန်းတာဝန်ရှိသူ တို့မှာ နွားရှင်တစ်ဦးစီထံမှ ငွေ ၃ သိန်းစီ အဓမ္မတောင်းယူခဲ့ကြောင်း၊ ယခုကိစ္စများကို မီဒီယာများသို့ ထုတ်ဖော်ပြောကြားလျှင် ပြဿနာရှာမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အမည်မဖော်လိုသူ လယ်သမားတစ်ဦးက ဆိုပါသည်။ From : RSV
အဆင့်အတန်းမမှီသော စာသင်ကျောင်းဆောက်လုပ်မှုကို ဒေသခံများက လက်မခံ

အဆင့်အတန်းမမှီသော စာသင်ကျောင်းဆောက်လုပ်မှုကို ဒေသခံများက လက်မခံ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စာသင်ကျောင်းပေါင်း (၁၁) ကျောင်းကို ဆောက်လုပ်ခွင့်ရရှိခဲ့ပါသည်။ ယခုအခါ ကျောင်းဆောင်အချို့ကို ဆောက်လုပ်ရာတွင် ပေါက်တောမြို့နယ် အ၀ကန်ကျေးရွာရှိ စာသင်ကျောင်းတွင် သစ်ပေါ့သားများ၊ သွပ်ပြားအညံ့စားများဖြင့် တည်ဆောက်နေရာတွင် ရွာခံသားများမှ မကျေနပ်ဘဲ ဆောက်လုပ်လက်စ အဆောက်အဦးကို ဆက်မဆက်လုပ်စေရန် ရွာသားများက ကန့်ကွက်လျှက်ရှိသည်ဟု သိရှိရပါသည်။ ထိုနည်းတူစွာ င/ခူးချောင်းကျေးရွာတွင်လည်း ကျောင်းဆက်လုပ်ရာတွင် သစ်ချောင်းများကို ပင်လယ်ကူးအဆက်များဖြင့် ဆောက်လုပ်လျှက်ရှိပြီး ရွာခံသားများမှ မကျေမနပ်ဖြစ်လျှက်ရှိသည်ဟု သိရှိရပါသည်။ င/ခူးချောင်းကျေးရွာမှ ရွာသားတစ်ဦးမှ “ ကျနော်တို့ ဒေသဆိုတာ ရာသီဥတု ကြမ်းတမ်းပါတယ်။ အခုက အောက်ခံ ဖောင်ဒေးရှင်းကလည်း မခိုင်းဘူး၊ ဖြစ်လိုလုပ်ပေးထားတယ်။ နောက်ပြီး အခေါင်းမိုး သွပ်ပြားတွေကလည်း စာရွက်လောက်တောင် အကောင်းဘူး။ မိုးရာသီ လေပြင်းတိုက်ခိုက်မှုကို ဘယ်လို့ ခံနိုင်မှာမဟုတ်ဘူး။ အဆိုးဆုံးက ကျနော်တို့ ရွာက ကလေးတွေကို ဒီလို ကျောင်းတွေမှာ စာပေးသင်ရာမှာကို ကျနော်တို့ စိုးရိမ်မိတယ်”ဟု RSV ကို ဖုန်းဆက်ပြီး ပြောပြခဲ့ပါသည်။ ပေါက်တောမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းကို ဇေယျအောင်ကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျှက်ရှိသည်ဟု သိရှိရပြီး သူတို့ အမြတ်ငွေများ ကျန်ရှိရန်အတွက် အစိုးရမှ စစ်ဆေးရေးများလာရောက်ရန် ခက်ခဲသော ဒေသများတွင် ယခုလို လုပ်ဆောင်လျှက်ရှိသည်ဟု စုံစမ်းသိရှိရပါသည်။ From : RSV
စစ်တွေမြို့တွင် ပုံစံ (၁၇) တစ်စောင်လျင် ငွေ ၁၅၀၀၀ ကျပ်အထိပေးနေရ

စစ်တွေမြို့တွင် ပုံစံ (၁၇) တစ်စောင်လျင် ငွေ ၁၅၀၀၀ ကျပ်အထိပေးနေရ

စစ်တွေမြိ့မှ ပုံစံ(၁၇) ထုတ်ပေးသည့် ဌာနတစ်ခုမှ ပုံစံ တစ်စောင်လျင် ငွေ ကျပ် တစ်သောင်းငါးထောင်အထိ တောင်းယူနေကြောင်းသိရသည်။ ထိုသို့တောင်းယူနေခြင်းသည် ပုံစံစာရွက်တစ်စုံအတွက် ထုတ်ပေးဈေးနုန်း အား အစိုးရမှ မည်ရွေ့မည်မျှ ပေးရမည်ဆိုသည်ကို မသိရှိရသော်လည်း ထိုသို့ ပေးနေရခြင်းအပေါ် ဒေသခံများ မကျေမနက်ဖြစ်နေကြကြောင်း သိရသည်။ ပုံစံ ၁၇ စာရွက်များ ထုတ်ယူသူတစ်ဦးက '' ဘယ်လောက်ပေးရမယ်ဆိုတာ ကို အစိုးရက သတ်မှတ်ချက်ထုတ်ပေးထားတာလည်းမရှိတော့ တောင်းသ လောက် ပေးခဲ့ရတာပဲ။ အဲဒါတောင် လျော့ပြိးပေးလိုက်တာလို့ ပြောသေး တယ်။ အစိုးရက တရားဝင် ယူခွင့်ပေးထားတာကို ဒီလိုလျော့ပေးလို့ရသလား။ သူတို့တောင်းချင်သလောက်တောင်းယူနေတာဖြစ်တယ်။ ဒါကြောင့် အစိုးရ အ နေနဲ့ စာရွက်စာတမ်းဆိုင်ရာ ထုတ်ပေးရတဲ့အပိုင်းမှာ ရုံးတွေကို တရားဝင်ယူ ခွင့် သတ်မှတ်ပေးထားဖို့လိုပါတယ်။ ဘယ်စာရွက်စာတမ်းလိုရင် ဘယ် လောက် ပေးဝယ်ရမယ်ဆိုတာမျိုးတွေလုပ်ထားသင့်တယ်။ ငွေ တစ် သောင်း ခွဲ ဆိုတာ နည်းတဲ့ ပမာဏမဟုတ်ဘူး။ ပြည်သူက ချွေးနဲ့ရင်းပြီးရှာ တာကို သူတို့တွေက ပေးရမယ်ဆိုတဲ့ ပုံစံနဲ့တောင်းယူနေကြတာ အခြားရုံးတွေ မှာလည်း ဒီလိုမျိုးတွေ ရှိနေမှာသေချာတယ်။ အစိုးရအဖွဲ့အနေနဲ့လည်း လုပ် သင့်တာလေးတွေလည်းလုပ်ကြပါလို့ ပြောချင်တယ'' ဟုမကြာသေးမီရက် အတွင်းက ပုံစံ ၁၇ စာရွက်စာတမ်း ၀ယ်ယူခဲ့ရသူတစ်ဥိးက ပြောပါသည်။ ထိုသို့ လဒ်စားမှုများ၊ အကျင့်ပျက်ခြစားမှုများ၊လက်ဖြန့်တောင်းယူနေခြင်း များ သည် အစိုးရသိက္ခာကျအောင်လုပ်နေခြင်းဖြစ်ပြီး ၀န်ထမ်းစည်းကမ်းနှင့်အညီ လုပ်ဆောင်ကြရန်လိုအပ်နေပြီဖြစ်ကြောင်း သိရသည်။ ထိုလိုအပ်ချက်များ တိုင်ကြား၍ ရမည်ဆိုလျင် ပြည်သူများအနေဖြင့် တိုင် ကြား ပေးမည်ဖြစ်ကြောင်း၊ ဘယ်သူ့ကို တိုင်ရမည်ဆိုသည်ကိုသာ အတိအလင်း ထုတ်ပြန်ရန် လိုအပ်ကြောင်းလည်းသိရသည်။ င်္င်္်င်္်from : RSV
ကိုဆိုဗိုဒေသခံတိုင်းရင်းသား ခရစ်ယာန်ဆာဘ် လူမျိုးတွေရဲ့ အဖြစ်ဟာ လွမ်းမော ရင်နင့်ဖွယ်ရာဖြစ်ပါတယ်။

ကိုဆိုဗိုဒေသခံတိုင်းရင်းသား ခရစ်ယာန်ဆာဘ် လူမျိုးတွေရဲ့ အဖြစ်ဟာ လွမ်းမော ရင်နင့်ဖွယ်ရာဖြစ်ပါတယ်။


ကိုဆိုဗိုဒေသခံတိုင်းရင်းသား ခရစ်ယာန်ဆာ့ဘ် လူမျိုးတွေနဲ့ ရခိုင်တ...ိုင်းရင်းသားတွေအဖြစ်ဟာ တော်တော်များများ တူညီနေတာကို တွေ့ရပါတယ်။

နှစ်ပေါင်း ၉၀၀ ကျော် ခရစ်ယာန်နိုင်ငံအဖြစ်တည်တံ့လာခဲ
့တဲ့ ကိုဆိုဗိုဒေသဟာ အခုတော့ ၉၂% မူဆလင်နိုင်ငံဖြစ်သွားပါပြီ။

ကျနော်တို့ မြန်မာလူမျိုးတွေ လည်း အချိန်ရှိတုန်း လုံလောက်တဲ့ ကြိုတင်ကာကွယ်မှုတွေ မလုပ်နိုင်ခဲ့ရင်....နောက်ပိုင်း ဒီလိုမျိုး ....ကိုယ့်နိုင်ငံမှာ နေရင်းထိုင်ရင်းနဲ့ လူနည်းစု ဖြစ်သွားပြီး .....မြန်မာလူမျိုးပျောက်ကွယ်သွားနိုင်ချေရှိပါတယ်။ လူဦးရေ အရ ကိုး......

နောက်ဆုံး ကိုဆိုဗိုဒေသခံတိုင်းရင်းသား ခရစ်ယာန်ဆာ့ဘ် လူမျိုးတွေဟာ မိမိဒေသမှာ နေရင်းထိုင်ရင်း နဲ့ကို မူဆလင်တွေရဲ့ လောက်ကောင်တွေလို သားဖေါက်ခြင်းအောက်မှာ လူနည်းစုဘ၀ ကျရောက်ပြီး နောက်ဆုံး ထွက်ကို ပြေးရတဲ့ ဘ၀ကို ကျရောက်သွားပါတယ်။

မူဆလင်တွေ upper hand အပေါ်စီး ရလာတဲ့ အချိန်မှာ မူဆလင်တွေ အရင်ဆုံးလုပ်တာ ကတော့ ခရစ်ယာန် ဘုရားကျောင်း ၁၅၀ ကျော် ကို မီးရှို့ဖျက်ဆီးပြီး ဗလီ အသစ် ၂၀၀ ကျော်ဆောက်တာပါပဲ။

မိမိဒေသမှာ နေရင်းထိုင်ရင်း နဲ့ကို မူဆလင်တွေရဲ့ လောက်ကောင်တွေလို သားဖေါက်ခြင်းအောက်မှာ လူနည်းစုဘ၀ ကျရောက်သွားတဲ့
ကိုဆိုဗိုဒေသခံတိုင်းရင်းသား ခရစ်ယာန်ဆာ့ဘ် လူမျိုးတွေဟာ

တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်ခရစ်ယာန်ဘုရားကျောင်းတွေကို မူဆလင်တွေက ယုတ်မာပက်စက်စွာ မီးရှို့ဖျက်ဆီးနေကြတာကို ကြည့်ရင်း....အံကြိတ်ငိုကြွေးရုံက လွဲလို့ ဘာမှ မတတ်နိုင်တော့ပါဘူး။

မူဆလင်တွေ က ဆတ်ဘ်လူမျိုးတွေကို သတ်ရုံတင်ပဲလား၊ လူကို သတ်ရုံတင် မက, ပါဘူး။ ဘာသာကို ချေမှုန်းဖို့ပါ။

အဓိက အချက် က....အစ္စလာမ်ကုရ်အာန်ညွှန်ကြားချက်အရ ( အစ္စလာမ်မဟုတ်တဲ့ ) ခရစ်ယာန်ဘုရားကျောင်းတွေ အားလုံးကို မီးရှို့ဖျက်ဆီးပြီး အစ္စလာမ်နယ်မြေလုပ်တာပါပဲ။

အခုလည်း မွတ်ဆလင်တွေ က ရခိုင်တိုင်းရင်းသားတွေကို သတ်ရုံတင်သာမက ( အဓိက အကျဆုံးအချက် က ) အစ္စလာမ်ကုရ်အာန်ညွှန်ကြားချက်အရ ( အစ္စလာမ်မဟုတ်တဲ့ ) ဘုန်းကြီးကျောင်းတွေကို မီးရှို့၊ စေတီပုထိုးတွေကို ဖျက်ဆီးပြီး ရခိုင်တစ်ခုလုံးက ဗုဒ္ဓသာသနာကို အပြီးတိုင်ဖျက်ဆီးပြီး အစ္စလာမ်နယ်မြေလုပ်ဖို့ ပါပဲ။

မူဆလင်တွေ ရဲ့ အဓိကဗျူဟာ က တော့ ...လောက်ကောင်တွေ လို ....မူဆလင်သားဖေါက်ခြင်းပါပဲ
မူဆလင်တွေရဲ့ ....လောက်ကောင်တွေလို ....သားဖေါက်ခြင်းကို ....
ဘယ်သို့သော လူသားမျိုးနွယ်ကမှ ...မူဆလင်တွေ တိရိစ္ဆာန်တွေ လို မွေးသလို ယှဉ်မမွေးနိုင်ပါဘူး။

မူဆလင်တွေရဲ့ လောက်ကောင်သားဖေါက်ခြင်းက ထွက်လာတဲ့ ......

မူဆလင် သားပေါက်လေးတွေ...အရွယ်ရောက်များပြားလာတဲ့အခါ ကိုဆိုဗိုဒေသခံတိုင်းရင်းသား ခရစ်ယာန်ဆာ့ဘ် လူမျိုးတွေကို သတ်ဖြတ်၊

ခရစ်ယာန်ဆာ့ဘ် မိန်းကလေးတွေကို မုဒိန်းကျင့်လည်လှီး
ခရစ်ယာန်ဆာ့ဘ် လူမျိုးတွေရဲ့ အိမ်တွေကို မီးရှို့ ၊ လယ်မြေတွေ ကို သိမ်း၊
ခရစ်ယာန်ဆာ့ဘ် လူမျိုးတွေ မနေရဲအောင် လုပ်

နောက်ဆုံး ကိုဆိုဗိုဒေသခံတိုင်းရင်းသား ခရစ်ယာန်ဆာ့ဘ် လူမျိုးတွေဟာ

မိမိဒေသမှာ နေရင်းထိုင်ရင်း နဲ့ကို မူဆလင်တွေရဲ့ လောက်ကောင်တွေလို သားဖေါက်ခြင်းအောက်မှာ .....လူနည်းစုဘ၀ ကျရောက်ပြီး နောက်ဆုံးမှာ.... ထွက်ကို ပြေးရတဲ့ ဘ၀ကို ကျရောက်သွားပါတယ်။

အခု ဘူးသီးတောင်၊ မောင်တောမှာ မူဆလင် ၉၄ % ၊ ရခိုင် ၄% ၊ သေပြီလေ။ ဒီပုံစံအတိုင်းပဲ

ဒါတွေ ဟာ ပေါ့သေးသေး မဟုတ်ပါဘူး။

မူဆလင်တွေ ရဲ့ အဓိကဗျူဟာ ဖြစ်တဲ့ လောက်ကောင်တွေ လို မူဆလင်သားဖေါက်ခြင်း ကို မထိန်းချုပ်နိုင်ရင် ....ဘာမှကို လုပ်လို့ မရတော့ဘူး။

အခု ဘင်္ဂလီတွေကို ကြည့်ရင် ....ဘင်္ဂလီပေါက်လေးတွေ... အများစုပါပဲ။

အဲဒီ ဘင်္ဂလီပေါက်လေးတွေကြီးလာတဲ့အခါ ...နောက်ထပ်. နှစ်ထပ်...သုံးထပ်လောက် ....မူဆလင်သားဖေါက် လိုက်ရင် တွေးသာ ကြည့်ပါတော့။

ကှိုဆိုဗို ပြည်နယ် က နေ.... နောက်ဆုံး ဆားဘီးယား နိုင်ငံကြီး တစ်ခုလုံး က.... ခရစ်ယာန်ဆာ့ဘ် လူမျိုးတွေ အကုန်လုံးတောင် ထွက်ပြေးရမဲ့ ဘ၀မျိုး ဖြစ်သွားပါလိမ့်မယ်

အခုလည်း မူဆလင်သားဖေါက်ခြင်း ကို မထိန်းချုပ်နိုင်ရင်....

ဘင်္ဂလားဒေရှ့်မွတ်ဆလင်လူဦးရေ သန်း ၁၇၀ ကျော် က ဒီအတိုင်းရပ်တည့်နေမှာ မဟုတ်ပါဘူး။

နောက် ပိုင်း မှာ.....

ဘင်္ဂလားဒေရှ့်မွတ်ဆလင်လူဦးရေ သန်း ၂၅၀ သန်း ၃၀၀ ကျော်လာအုန်းမှာပဲ၊

မြန်မာနိုင်ငံထဲကို နည်းမျိုးစုံ၊ အကြောင်းပြချက် အမျိုးမျိုး နဲ့ ၀င်လာအုန်းမှာပဲ

အဲဒီအချိန်မှာ မြန်မာတစ်နိုင်ငံလုံးပေါင်းမှ မြန်မာတိုင်းရင်းသား လူဦးရေ သန်း ၇၀ မပြည့်ရင် ဘယ်လိုလုပ် ကြတော့မလဲ။

ရခိုင်ပြည်နယ် က စပြီး ....နောက်ဆုံး မြန်မာတစ်နိုင်ငံလုံး က.... မြန်မာတိုင်းရင်းသား အားလုံးတောင် .....ထွက်ပြေးရမဲ့ ဘ၀မျိုးဖြစ်လာပါမယ်။

မွတ်ဆလင်နိုင်ငံတွေနဲ့ နယ်နမိတ်ထိဆက်...ကပ်လျက်နေကြရတဲ့ ....ဘာသာခြားနိုင်ငံအားလုံးဟာ ......

မွတ်ဆလင်တွေ ရဲ့ ကလေးမွေးနှုန်းတွေကို..... အမြဲ ချက်ခ်သင့်ပြီး ......

မိမိ နိုင်ငံမှာ လိုအပ်သလို .......စီမံချက်နဲ့ ( မွတ်ဆလင်တွေ မ၀ါးနိုင်အောင် ).....ဒေသခံတိုင်းရင်းသားလူဦးရေများအောင်၊

နိုင်ငံတော်စီမံချက်နဲ့....ကလေးများများမွေးတဲ့ပေါ်လစီကျင့်သုံးပြီး လူဦးရေတိုးပွားအောင် လုပ်သင့်ပါတယ်

အစ္စလာမ်ရဲ့ နည်းဗျူဟာကို က သူများနိုင်ငံတွေ ကို လူဦးရေနဲ့ ( လူ့အခွင့်အရေး ဗန်းပြပြီး ) သိမ်းပိုက်ဖို့ပါပဲ။
FROM : Islam Virus
အငြိမ်းစား ပုဂ္ဂိုလ်ကြီးတွေရဲ့ အိမ်အကူစရိတ် တိုင်းပြည်က ပေးဆောင်ရ

အငြိမ်းစား ပုဂ္ဂိုလ်ကြီးတွေရဲ့ အိမ်အကူစရိတ် တိုင်းပြည်က ပေးဆောင်ရ

ရာထူးကနေ အနားယူသွားပေမယ့် ဗိုလ်ချုပ် မှူးကြီး သန်း...ရွှေနဲ့ ပင်စင်စား ပုဂ္ဂိုလ်ကြီးတွေ အကျိုးခံစားခွင့်တွေ ဆက်ရနေဆဲ
နိုင်ငံတာဝန် ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေနဲ့ လက်ရှိ ပြည်ထောင်စု အဆင့် တာဝန် ထမ်းဆောင်နေကြသူတွေရဲ့ နေအိမ်ခ၊ နေအိမ် အလုပ်သမားခ၊ တယ်လီ ဖုန်းခတို့ ပေးဖို့ ကုန်ကျငွေ ကျပ်သန်းပေါင်း ၅၀၀ကျော်အတွက် မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက သာမန် အသုံးစရိတ် ဖြည့်စွက် ခွင့်ပြုဖို့ တောင်းခံတာကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီထဲမှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးတို့ အပါအဝင် အငြိမ်းစား အရာရှိ ၆၉ယောက်နဲ့ လက်ရှိ ပြည်ထောင်စုအဆင့် အရာရှိ ၁၀၄ယောက်၊ နေပြည်တော် ကောင်စီဝင် ၁၀ယောက်တို့အတွက် အသုံးစရိတ်တွေ ပါဝင်တယ်လို့ ဖေါ်ပြထားပါတယ်။
ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီးဌာန ရဲ့ ၂၀၁၂ခုနှစ် မေလ ၁၀ရက်နေ့ ရက်စွဲပါ စာအမှတ် ဘခ ၁ / ၃၁၀( ၁၇၂၂ / ၂၀၁၂ ) အရ နိုင်ငံတော် တာဝန် ထမ်းဆောင်လျက် ရှိတဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အငြိမ်းစား ပုဂ္ဂိုလ်ကြီးများရဲ့ အိမ်အကူ၊ ထမင်းချက်၊ ဥယျာဉ် လုပ်သားများအတွက် အပို ထောက်ပံ့ကြေးအဖြစ် တဦးလျင် တလ ကျပ် ၃သောင်း ခံစားခွင့် ရှိတယ်လို့လည်း ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီ ပါတီသစ်ရဲ့ ရန်ကုန်တိုင်း အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ထောက်ပြ ပြောဆိုတာမျိုး မရှိပဲ အတည်ပြုလိုက်တာဟာ လွှတ်တော်အမတ်တွေရဲ့ လစ်ဟာမှုလို့ ဝန်ခံ ပြောသွားပါတယ်။
နိုင်ငံအကြီးအကဲ ပုဂ္ဂိုလ်ကြီးတွေအတွက် လုံခြုံရေး ကိစ္စမျိုးတွေမှာ အသုံးစရိတ် ချပေးတာမျိုး လုပ်ကောင်း လုပ်သင့်ပေမယ့် ပင်စင်စား ပုဂ္ဂိုလ်ကြီးမျိုးတွေအတွက် အိမ်အကူဝန်ထမ်း စရိတ် ပေးတာမျိုးနဲ့ ပတ်သက်လို့တော့ ဘယ်အဆင့်ကို ဘယ်လောက်အထိ ပေးသင့်သလဲ ဆိုတာကို လွှတ်တော်မှာ ဆွေးနွေးသင့်ကြောင်းနဲ့ ၂၀၁၅ ခုနှစ် အစိုးရ ပြောင်းသွားရင် နောက်ထပ် ပင်စင်စားတွေ ပေါ်လာအုံးမှာမို့ တိုင်းပြည်အတွက် ကြည့်သင့်ကြောင်း အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

အေးချမ်းမွန်မှ Myanmar Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
ည်။
အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌအဖြစ် ဘရူနိုင်းဒါရူဆလမ်နိုင်ငံအား လွှဲပြောင်းပေးအပ်

အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌအဖြစ် ဘရူနိုင်းဒါရူဆလမ်နိုင်ငံအား လွှဲပြောင်းပေးအပ်

From : mrtv4

ဘရူနိုင်း ဒါရူဆလမ် နိုင်ငံဟာ အလှည့်ကျ အာဆီယံ ဥက္ကအဖြစ် တရားဝင် လွှဲအပ်ခံရပြီး  ၂၂ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို
အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရတော့မှာဖြစ်ကြောင်း သိရပါတယ်။ အလှည့်ကျ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းပေးအပ်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပခဲ့တဲ့ ၂၁ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားမှာ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပြီး ဘရူနိုင်းစော်ဘွားက လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။

၂၁ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားမှာ ကမ္ဘောဒီးယား ၀န်ကြီးချုပ်  Hun Sen က ၂၀၁၂ခုနှစ်အတွက် ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားမှုကို ဘရူနိုင်းနိုင်ငံသို့ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားမှာ ဘရူနိုင်းစော်ဘွားက မိန့်ခွန်းပြောကြားရာမှာ အာဆီယံအစိုးရ အဖွဲ့ဝင် ခေါင်းဆောင်များကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ ဘရူနိုင်းဒါရူဆလမ် နိုင်ငံမှာ ကျင်းပမယ့် ၂၀၁၃အာဆီယံ ထိပ်သီး ညီလာခံအတွက် ခေါင်းစဉ်ကတော့ Our People, Our Future Together ဖြစ်ပါတယ်။  အာဆီယံအဖွဲ့ကို ၁၉၆၇ခုနှစ်၊ သြဂုတ်လမှာ စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင်နိုင်ငံ ၁၀နိုင်ငံရှိကြောင်း သိရပါတယ်။



 Myanmar Express 
ရခိုင်ပြည်နယ် အတွက် ကုလထောက်ပံ့လေယာဉ် ထွက်ခွါ

ရခိုင်ပြည်နယ် အတွက် ကုလထောက်ပံ့လေယာဉ် ထွက်ခွါ

From : MON



 ရခိုင်ပြည်နယ်ရှိ အိုးအိမ်အဲ့ ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ယာယီတဲများ သည်ဆောင်လာသည့် ပထမ လေယာဉ်သည် ဒူဘိုင်းမြို့မှ သောကြာနေ့ န
ံနက်တွင် ထွက်ခွါလာပြီ ဖြစ်သည်။

ဒုက္ခသည် ၁၇,၅ဝဝ အတွက် မိသားစုဆံ့ ယာယီတဲ အလုံးပေါင်း ၃,၅ဝဝ သယ်ဆောင်လာသည့် လေယာဉ်နှစ်စီး ယခုသီတင်းပတ်အကုန်တွင်
မြန်မာနိုင်ငံသို့ ဆိုက်ရောက်ရန် စီစဉ်ထားကြောင်း ကုလ အရာရှိအား ကိုးကား၍ လဘနွန် အခြေစိုက် The Daily Star သတင်းတရပ်တွင်
ရေးသားထားသည်။

“ခိုလှုံစရာဟာ အလွန်အရေးကြီးပါတယ်။ အိုးအိမ်မဲ့သူတွေအတွက် အရေးတကြီး လိုအပ်ချက်ကတော့ လုံခြုံတဲ့နေရာပါပဲ” ဟု UNHCR
ပြောရေးဆိုခွင့်ရှိသူ Adrian Edwards က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် သတင်းထောက် များအား သောကြာနေ့က ပြောကြားလိုက်သည်။

အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းမြို့တော်မှာ UNHCR ၏ အရေးပေါ်သိုလှောင်ရာ ဌာနေတခု ဖြစ်သည်။

အောက်တိုဘာလအတွင်း တကျော့ပြန် ဖြစ်ပွားခဲ့သည့် လူမှုအသိုက်အဝန်း ပဋိပက္ခကြောင့် လူဦးရေ ၁၁၅,ဝဝဝ ကျော်မှာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး လက်ရှိ ကယ်ဆယ်ရေးစခန်းများတွင် မဆံ့နိုင်ပေ။

ထိုသူများအတွက် နေထိုင်ရာ၊ အစားအသောက်မပါသော အကူအညီ၊ စခန်းများနှင့် စီမံခန့်ခွဲမှုအတွင်တင်ပင် ၂ဝ၁၃ ခုနှစ်၊ ဇွန်လအထိ အမေရိကန်ဒေါ်လာ ၂၄.၃၅ သန်း လိုအပ်နေသည်ဟု ဆိုသည်။

ယနေ့အထိ လူဦးရေ ၅ဝ,ဝဝဝ အတွက် UNHCR မှ အစားအသောက် မပါသော ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးထားသည်။


 Myanmar Express 

ရခိုင့်ဝါရင့်နိုင်ငံရေးသမားကြီး ခွေးဘီလူးကွယ်လွန်

ရခိုင့်ဝါရင့်နိုင်ငံရေးသမားကြီး ခွေးဘီလူးကွယ်လွန်

အမျိုးသားရေးသား နိုင်ငံရေး လမ်းကြောင်းတွင် နှစ်ရှည်လများ ပါဝင် လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်သည့် ခွေးဘီလူး အမည်ဖြင့် လူသိများသော ဆရာဦးစံရွှေဦးသည် နိုဝင်္ဘာလ ၂၂ ရက်နေ့က ညနေ ၁၀ နာရီတွင် ကွယ်လွန်သွားခဲ့သည်။ ဦးစံရွှေဦးသည် ကွယ်လွန်ချိန်တွင် အသက် (၇၃) နှစ် ရှိပြီး လည်ချောင်း ကင်ဆာ ရောဂါဖြင့် ကွယ်လွန် အနိစ္စရောက်သွားကြောင်း သိရပါသည်။ သူသည် ရခိုင် အမျိုးသားရေး လူပ်ရှားမူတွင် အစဉ် တစိုက်ပါဝင်ခဲ့ပြီး စစ်အာဏာရှင် စနစ်အား ဆန့်ကျင်တော်လှန်ရာတွင် ထိပ်တန်း ခေါင်းဆောင် တစ်ဦး အဖြစ် ပါဝင်ခဲ့သည်။ သို့အတွက် ထောင်အကြိမ်ကြိမ် ကျခံခဲ့ရသူ ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ၈၈လေးလုံး ပြည်သူ့ အရေးတော်ပုံတွင်လည်း စစ်တွေမြို့တွင် ရှေ့တန်းပါဝင်ခဲ့သူ ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး ပြန်ကြားရေးဌာန တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ ၂၀၀၁ ခုနှစ်ကလည်း စစ်တွေတွင် ပေါ်ပေါက်ခဲ့သော ရခိုင်- ဘင်္ဂလီ မွတ်ဆလင် အရေးအခင်းတွင် ထောင် (၇) နှစ်ချမှတ်ခံခဲ့ရပြီး စစ်တွေ ဆန်ပြဿနာနေ့၊ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားများ ကျင်းပပြုလုပ်မူကြောင့်လည်း အကြိမ်ကြိမ် ဖမ်းဆီး ထောင်ချခဲ့ရသည်ဟု သားဖြစ်သူက နိရဉ္စရာသို့ ပြောသည်။ သူ့အား ဖခင်ဦးမဲနက်နှင့် မိခင်ဒေါ်မသိန်းနုမှ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီး တစ်ဦးနှင့် သား ဦးဝေခိုင်စံ၊ မောင်ရဲစံနှင့် သမီး ဒေါ်သိန်းသန်းစံ၊ ဒေါ်မိုးအေးစံနှင့် ထွန်းလင်းစံ တို့ကျန်ရစ်ခဲ့ကြောင်း သိရပါသည်။ ဆရာ ဦးစံရွှေဦး ( ဦးခွေးဘီလူး)အား ယနေ့ နိုဝင်္ဘာလ ၂၄ ရက်နေ့ နေ့လည် (၁) နာရီတွင် သဂြိင်္ုလ်မည် ဖြစ်ကြောင်း သိရပါသည်။ ( ဆရာခွေးဘီလူး ကွယ်လွန်သွားသဖြင့် သူမိသားစုများနှင့် ထပ်တူ ၀မ်းနည်းကြောင်း ဖေါ်ပြအပ်ပါသည်။) သတင်း= နိရဉ္ဇရာ
လ၀ကတွေ မွေးဖွားပေးလိုက်တဲ့ ရမ်းဗြဲက ကမန်အတုတွေ

လ၀ကတွေ မွေးဖွားပေးလိုက်တဲ့ ရမ်းဗြဲက ကမန်အတုတွေ

ရမ်းဗြဲမြို့နယ် တစ်မြို့နယ်တည်းမှာ အခုမကုန်ဆုံးသေးတဲ့ ၂၀၁၂-ခုနှစ် တစ်နှစ်တည်းမယ် ခိုးဝင်ဘင်္ဂါလီ ဘ၀ကနေ တိုင်းရင်းသားကမန်လူမျိုးအဖြစ်သို့ အသွင်ပြောင်းသွားတဲ့ လူဦးရေပေါင်း အယောက် နှစ်ရာကျော် ရှိနေပြီ လို့ ရမ်းဗြဲမြို့ (မြို့သူမြို့သားများ နဲ့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန) အသိုင်းအ၀ိုင်း က ပြောတယ်။ အဲသည်အော်ပရေးရှင်းမှာ အဓိကလှုပ်ရှားသူ (actor) အနေနဲ့ လ၀ကမြို့နယ် ဦးစီးမှူး ကို တွေ့မြင် ရပါတယ်။ ပြည်နယ်ဦးစီးကတော့ဖြင့် ဘယ်သူ ဘယ်ဝါတွေရဲ့ ဖိုင်တွေကို မြန်မြန်ထက်ထက် တင်ပေး ဖို့ တောင်းနေတဲ့အကြောင်း မြို့နယ်ဦးစီးမှူးက သူ့လက်အောက်ငယ်သား စုမှူးတွေဆီ ကို တောင်းခံ ပါတယ်တဲ့။ မြို့နယ်ဦးစီးအနေနဲ့ သူက လုပ်ချင်လို့လုပ်တာ မဟုတ် ဘဲ ပြည်နယ်မှူး ခိုင်းလို့ သာ လုပ်ရတဲ့ပုံစံမျိုး ပြောပြီး လုပ်ခိုင်းပါတယ်တဲ့။ အဲဒီတော့ ညွှန်ကြားခံရတဲ့ ၀န်ထမ်းတွေအနေနဲ့ မရှိ တာတွေကို အရှိပြ၊ လိမ်ညာဖြည့်စွက်ပြီးသကာလ ဖိုင်တွေကို ပြည်နယ်မှူးဆီ ရောက်အောင် ပို့ပေး လိုက်ပြီးတဲ့အခါ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေဟာ အုံဖွ အစွမ်းနဲ့ ကမန်တွေ ဖြစ်လာကြပါ သတဲ့။ အဲသလို ကမန်ဘ၀ကို ဘ၀ကူးကောင်းဖို့ အလို့ငှာ ကုန်ကျစရိတ်က ပုံမှန်ပေါက်ဈေး ဆိုရင် ပြည်နယ်မှူးကို (ကျပ်ငွေ)ဆယ်သိန်းပေးရပြီး၊ မြို့နယ်မှူးက သုံးသိန်းကနေ ငါးသိန်း ကြားယူပြီးတော့ အောက်က စုမှူးလောက်အဆင့် ၀န်ထမ်းတွေကိုတော့ တစ်သောင်း၊ တစ်သောင်းခွဲလောက်ပဲ ခွဲဝေပေးပါသတဲ့။ လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်လောက်က ခိုးဝင်လာပြီး ငွေပေးပြီး ကမန်ဖြစ်ခဲ့တဲ့ ဘင်္ဂလီတွေ ရဲ့ မြန်မာပြည် မှာမွေးတဲ့ ဒုတိယမျိုးဆက်တွေ ဟာ အခုအခါမှာ ကမန်လူမျိုးအဖြစ်နဲ့ တက္ကသိုလ် တက်နေကြ ပြီး ဖြစ်တယ်။ သူတို့လို မိသားစုတွေဟာ ပထမမျိုးဆက်ရော၊ ဒုတိယမျိုးဆက်ပါ ကမန်လူမျိုး အတုတွေ အဖြစ် (ဘုမသိ ဘမသိတဲ့ အစိုးရရဲ့ အမြင်မှာ ကမန်လူမျိုး အစစ်တွေအဖြစ်) ရပ်တည် ကြီးထွားရင်း သူတို့ရဲ့ မူလ ဇစ်မြစ် ဖြစ်တဲ့ ဘင်္ဂါလီ အသိုက်အ၀န်းကို ဒီတိုင်းပြည်ထဲမှာ အင်အားကြီးသထက်ကြီးစေခဲ့ပြီ။ ဒါ့တင်ဘယ်ကမလဲ၊ သူတို့နောက် လွန်ခဲ့တဲ့ ၉ နှစ် ၁၀နှစ်က ခိုးဝင်လာတဲ့ဘင်္ဂလီတွေလဲ အားကျမခံဘဲ ကမန်တွေ ဖြစ်နေကုန်ကြပါပြီ။ ဒီလိုပဲ မကြာခင်မှာ သူတို့ ဒီမှာ မွေးလိုက် ကြတဲ့ ကလေးတွေဟာလည်း အပြိုင်အဆိုင် ကမန်တွေပဲ ဖြစ်လာကြတာပဲပေါ့။ မှတ်ပုံတင်လုပ်ကြတဲ့အခါ ကမန်လူမျိုးဖြစ်ကြောင်းကို ကမန်လူမျိုး နှစ်ဦးရဲ့ အာမခံချက် (ထောက်ခံချက်) ကိုပူးတွဲတင်ပြရပြီး အဲဒီထောက်ခံချက်အတွက် လက်မှတ်ထိုးပေးရသူ ကမန် နှစ်ဦးကတော့ ဘင်္ဂလီတွေ အတွက် လုပ်ပေးရတာမျိုးဆိုရင် လက်မှတ်ထိုးခ ငွေတောင်းယူ ကြပါ တယ်။ နောက်ပိုင်း ဘင်္ဂလီတွေဟာ ကမန်လူမျိုး နာမည်ပေါက် သွားကြပြီးတဲ့အခါ ဘင်္ဂလီ အချင်းချင်း (ကမန်အတုတွေကပဲ) လက်မှတ် ထိုး ပေးကြတဲ့ အတွက် မူလကမန်တွေဟာ အရာမရောက်တော့ ဘဲ ဈေးကွက်ပျက် သွားပြီးတော့ လက်မှတ်ထိုးခ ငွေကြေးလည်း မရရှိတော့တဲ့အကြောင်း ကမန်တွေ ကလည်း ဖွင့်ဟ ၀န်ခံကြပါတယ်တဲ့။ ကမန်(ဆိုး)တွေဟာ အဲဒီလို တိုင်းပြည် နဲ့ လူမျိုးအပေါ်သစ္စာဖောက်တဲ့ လုပ်ရပ်တွေ လုပ်ကြတဲ့အပြင်၊ မူလကတည်းက အစဉ်အဆက် ရခိုင်တိုင်းရင်းသားတွေလို ၀တ်စားဆင်ယင် ပြောဆိုပြုမူလာခဲ့ကြတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို စွန့်ပယ်ပြီး အာရပ်ယဉ်ကျေးမှုတွေနဲ့ အတင်းအစားထိုးလာကြတာကို အတော်များများ တွေ့မြင်လာရတယ်။ ဘင်္ဂါလီသွေးနှောလာတဲ့ ကမန်လူမျိုးထုအကြားမှာ အရင်ကဆိုရင် ရခိုင်နာမည်တွေချည်းပဲ ထားရှိကြရာကနေ ရခိုင်နာမည်ကော ကုလားနာမည်ပါ ခံယူလာကြသူတွေ များလာတယ်။ ကမန်တွေ ရခိုင်ယဉ်ကျေးမှု မြန်မာယဉ်ကျေးမှုနဲ့ ကင်းကွာလာတာနဲ့အမျှ၊ ဘင်္ဂလီတွေနဲ့ မရောနှော ချင်ကြ တဲ့ နိုင်ငံသားလက်မှတ် အစစ်ကိုင်ဆောင်သူ ငွေကြေးတတ်နိုင်သူ ကမန်စစ်စစ်အချို့ကတော့ ရမ်းဗြဲ ကနေ ရန်ကုန်ကို ပြောင်းရွှေ့သွားခဲ့ကြတယ်။ ကမန်ခေါင်းဆောင်တစ်ဦးရဲ့ ပြောကြားချက်အရ ကမန်ဦးရေဟာ သုံးသောင်းလောက် သာရှိနိုင်တယ် ဆိုပေမယ့် ဒေသခံရခိုင်လူမျိုးတွေကတော့ ဒီ့ထက် ပိုနည်းနိုင်တယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာ ကမန်လူမျိုးတွေအဖြစ် နိုင်ငံသား စိစစ်ရေးကဒ် ကိုင်ဆောင်ထားသူတွေရဲ့ အရေအတွက် ဟာ သုံးသောင်းထက်မက အလွန်အမင်း များပြားစွာရှိနေခဲ့ပါပြီ။ အဲသည် ကမန်လူမျိုးအတုတွေရဲ့ လ၀က ရုံးထဲက အမှုတွဲဖိုင်တွေကို သာမန်ယေဘုယျ အမြင်လောက်နဲ့ လ၀က မဟုတ်တဲ့ အပြင်လူတွေက သမန်ကာလျှံကာ ကြည့်ရင် တောင်မှ လိမ်ထားမှန်း အလွယ်တကူ သိနိုင်ပါတယ်လို့ လ၀က ၀န်ထမ်းတဦးက ပြောပြ တယ်။ အထက်အရာရှိတွေကို မလွန်ဆန်နိုင်လို့ လုပ်ပေးခဲ့ရပေမယ့် သူတို့ရဲ့ ရင်ထဲမှာတော့ အလွန်နာကျင်ရတယ်လို့ပြောပြတယ်။ အလုပ်ပြုတ်မှာ ကိုတော့ လုံးဝ မကြောက်ပေမယ့် ထောင်တော့ အကျမခံနိုင်လို့ ကိုယ်တိုင်ဖော်ထုတ်ဖို့ မ၀ံ့ရဲဘူးလို့ ဆိုပါ တယ်။ ဒုတိယဗိုလ်ချုပ်ကြီးလှမင်းရဲ့ ပြီးခဲ့တဲ့ ရမ်းဗြဲနဲ့ ကျောက်နီမော်ခရီးစဉ်တွေမှာ ဒေသခံ ရခိုင်လူမျိုး တွေက လူအများရှေ့မှာ လက်ညှိုးတည့်တည့်ထိုးပြီး ဒီလူဟာဘင်္ဂလီပါ၊ ကမန်ဖြစ်အောင်လုပ်ထားတာပါ စသည်ဖြင့် လူပေါင်း များစွာကို ညွှန်ပြပြောဆိုခဲ့တဲ့ အခါ၊ အပြောခံရသူများ ဘက်က ခေါင်းငိုက်စိုက် ချတဲ့အမူအရာနဲ့ တုံ့ပြန်ကြပြီး ၀န်ကြီးတွေ တာဝန်ရှိသူတွေကတော့ မျက်နှာလွှဲပြီး ပါးစပ်ပိတ်တဲ့ ပုံစံနဲ့ တုံ့ပြန် ကြပါတယ်။ အဲ.. ဦးခင်ရီတော့ မပါဘူးပေါ့ဗျာ။ သူသာပါရင်တော့ ဘာပြောမလဲ မသိနိုင်ပါဘူး။ ခိုးဝင် ဘင်္ဂလီ မရှိပါဘူး။ အားလုံး ကမန်ဖြစ်သွားကြပါပြီ ခင်ဗျား လို့များ ခပ်တည်တည် နဲ့ ပြောချ လိုက်လေ မလားဆိုတာ စဉ်းစားမိပြီး ပြုံးမိပါသေးတော့တယ်။ (ရှင်မင်းယာ ရေးသားသည်။ http://www.eainmatnanntaw.com/2012/11/blog-post_8138.html fromCoral Arakan News ၊