မလေးရှားတွင် လိင်ကျွန် ၇ ဦးကို ကယ်တင်နိုင်ခဲ့

အဖွဲ့တစ်ဖွဲ့မှ ထိန်းချုပ်ထားသည့် အဓမ္မလိင် ကျွန်အဖြစ် စေခိုင်းခံရသော အင်ဒိုနီးရှား အမျိုးသမီး ၇ ဦးကို အီနာနမ်မြို့နယ်တွင် မလေးရှားရဲတပ်ဖွဲ့မှ ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ကိုတာ ကီနာဘာလူး ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဒီကမ်၏ပြောကြားချက်အရ ထိုအမျိုးသမီးများသည် အသက် ၂၀ မှ ၄၁ နှစ်အတွင်းရှိပြီး စားသောက်ဆိုင်တွင် အလုပ်ရမည်ဟုပြောကာ မလေးရှားသို့ ခေါ်ဆောင်ခံလာရကြောင်း၊ မလေးရှားသို့ ရောက်ချိန်တွင် အခန်းများအတွင်း ပိတ်လှောင်ထားခြင်းခံရကြောင်းသိရသည်။ ထိုအမျိုးသမီးများသည် အခန်းတွင်းထည့်ကာ သော့ပိတ်ထားပြီး ရိုက်နှက်ကာ အတင်းအဓမ္မ လိင်ကျွန်အဖြစ် ခိုင်းစေခြင်းခံခဲ့ရသူများဖြစ်သည်။ ထိုအမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ ပွဲစားနှစ်ဦးဖြစ်သည့် အသက် ၄၂ နှစ် အရွယ် အမျိုးသားတစ်ဦးနှင့်၊ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားကြောင်း၊ သူတို့နှစ် ယောက်ကို ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်တွင် ရှောင်တခင် ၀င်ရောက်စီးနင်းရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ပွဲစားများကို ၂၀၀၇ ခုနှစ် လူကုန်ကူးမှုဥပဒေဖြင့် အရေးယူသွားမည်ဟု ရဲအရာရှိကဆိုသည်။ ရဲတပ်ဖွဲ့သည် ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးချိန်တွင် နာမည်ကြီးနေသည့် ရပ်ကွက်များကို ရှောင်တခင် ၀င်ရောက် စစ်ဆေးရာ မူဆလင်အတွဲ ၁၆ တွဲကို ဖမ်းဆီးရမိခဲ့သည်။ ထိုစုံတွဲများတွင် ကျောင်းသားများ၊ အစိုးရ၀န်ထမ်းများ ပါဝင်ပြီး လက်ပူးလက်ကြပ် ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ နှစ်သစ်ကူးချိန်တွင် ရဲများက မြို့တော်ရှိ အပေါစား ဟိုတယ် ၁၈ လုံးကို ၀င်ရောက်စီးနင်းရာမှ ထိုသို့ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖမ်းဆီးမိသည့် အထဲတွင် အသက် ၁၉ နှစ်နှင့် ၂၀ နှစ်အရွယ် မူဆလင်အမျိုးသမီးများကိုလည်း အရက်သေစာများ သောက်စား နေစဉ် ဖမ်းဆီးရမိခဲ့သည်။ ထိုညက စစ်ဆင်ရေးအနေဖြင့် ဖမ်းဆီးပွဲတွင် စုစုပေါင်း ၃၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ သည်ဟုဆိုသည်။ မောက္ခနိုင်ငံတကာသတင်း

SHARE THIS
Previous Post
Next Post