တန်ဖိုးနည်း မိုဘိုင်းဖုန်းများအား လက်ရှိအချိန်ထိ တန်ဖိုးမသတ်မှတ်ရသေး ဟု ဆက်သွယ်ရေးမှဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၂။

၁ သိန်းဝန်းကျင်ခန့်ဖြင့် ဇန်နဝါရီလအတွင်း တန်းဖိုးနည်း မိုဘိုင်းဖုန်းများ
ကို မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချမည်ဟု ပြည်တွင်းသတင်းဌာနများမှ သိရှိရသော်လည်း အဆိုပါ ရောင်းချမည့် မိုဘိုင်းဖုန်းများ၏ တန်ဖိုးနှင့်
ရောင်းချမည့် ရက်ကို ယခုအချိန်ထိ တိတိကျကျ သတ်မှတ်ထားခြင်းမရှိသေး
ဟု မြန်မာ့ဆက်သွယ်ရေးမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးက မြန်မာ့ခေတ်သို့
ပြောကြားသည်။

ပြည်တွင်းထုတ် ဂျာနယ်များနှင့် သတင်းမီဒီယာများတွင် အဆိုပါရောင်းချ
မည့် မိုဘိုင်းဖုန်းများသည် ဇန်နဝါရီ ဒုတိယအပါတ်အတွင်း ဈေးကွက်တွင်း
သို့ ရောက်ရှိမည်ဖြစ်ပြီး တန်ဖိုးအားဖြင့် GSM ဖုန်းမှာ ၁ သိန်းကျသင့် မည်ဖြစ်ကြောင်းနှင့် WCDMA ဖုန်းများမှာ ၁ သိန်း ၂ သောင်းကျသင့်မည်
ဖြစ်ကြောင်း သိရသည်။

“ဈေးနှုန်းကော၊ ရောင်းချမယ့် ရက်ကော မသတ်မှတ်ရသေးဘူး။ သတင်း
မီဒီယာတွေကို ဘယ်နေ့မှာ ရောင်းမယ်လို့ ဖြေထားတာ မရှိပါဘူး။ လက်ရှိ
လည်း မသတ်မှတ်သေးပါဘူး” ဟု ဦးကျော်စိုးက ပြောကြားသည်။

ယမန်နေ့က အွန်လိုင်းသတင်းဌာနများတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
မှ အသစ်ရောင်းချမည့် GSM Sim Card များကို ကျပ်ငါးသောင်းဖြင့် လျှော့
ချရောင်းချပေးရန် ဆက်သွယ်ရေးဝန်ကြီးထံ ညွှန်ကြားထားကြောင်း ဖော်ပြ
ထားသည့် ကိစ္စနှင့်ပက်သက်၍ ၎င်းကပင် “၅ သောင်းနဲ့ ရောင်းချပေးဖို့ သမ္မတက ညွှန်ကြားထားတယ်ဆိုတဲ့ ကိစ္စ ကျွန်တော်တို့ ဘာမှမသိသေးဘူး။ တစ်ယောက်ယောက်က ကောလဟာလ လွှင့်တာပါ” ဟု ဆက်လက်ပြော
ကြားသည်။

ဝေယံ

မှ The Myanma Age
တန်ဖိုးနည်း မိုဘိုင်းဖုန်းများအား လက်ရှိအချိန်ထိ တန်ဖိုးမသတ်မှတ်ရသေး
ဟု ဆက်သွယ်ရေးမှဆို

အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

SHARE THIS
Previous Post
Next Post