မိုးညှင်း မြို့နယ် နန်းမား ဘူတာ အနီး မန္တလာ အဆန် ရထား ဖြတ်သန်းစဉ် ရထား သံလမ်း မိုင်းပေါက် ကွဲမှု ဖြစ်ပွား


အမှတ်(၅၇) မန္တလာ အဆန် ရထားသည် ဇန်နဝါရီ ၁ဝ ရက်က မိုးညှင်းမြို့နယ် နန်းမား ဘူတာ အလွန် ပေ ၁၅ဝ ခန့်အကွာ မိုင်တိုင် အမှတ် (၆၄၁/ ၂၄)နှင့် (၆၄၂/ ၁)အကြား တံတား အမှတ် (၆၈ဝ) အနီး ဖြတ်သန်းစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အဆိုပါ ပေါက်ကွဲ မှုကြောင့် လူထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း၊ သစ်သား ဇလီဖားတုံး တစ်တုံးသာ မီးလောင်ခဲ့ ကြောင်းနှင့် ရထားများ ပုံမှန် သွားလာလျက် ရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/localnews/item/4243-2013-01-13-08-48-27

SHARE THIS
Previous Post
Next Post