ရထားလမ်း မိုင်းကွဲ၊ တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲငယ်ဖြစ်

ရန်ကုန်၊ ဇန်နဝါရီ ၃ မကြာခဏ မိုင်းကွဲလေ့ ရှိသည့် ကချင်ပြည်နယ် မြစ်ကြီးနား - မန္တလေး လမ်းပိုင်း ပေါ်ရှိ ဟိုပင် ဘူတာနှင့် နန်းခွင် ဘူတာ ကြားတွင် ဒီဇင်ဘာ ၁ ရက်နေ့ ည ၁၁ နာရီ၌ ရထားလမ်း မိုင်းကွဲမှု ဖြစ်ပွား ခဲ့ပြီးနောက် တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ အပြန်အလှန် ပစ်ခတ် မှုများ ဖြစ်ပွား ခဲ့ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။ ယင်း မိုင်းခွဲမှုကို ကေအိုင်အေက လုပ်ဆောင်ခြင်း ဖြစ်ပြီး ရထားပိုင်းများ ပြတ်တောက် ပျက်စီးခဲ့သည့် အပြင် အမှတ် ၄၃ အဆန် ပါဆယ် အထူးရထား ဖြတ်သန်းချိန် ဖြစ်သဖြင့် ရထားထိန်း တွဲလည်း တွဲချော်မှု ဖြစ်ပွား ခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေး အဖွဲ့သို့ ပေးပို့သော သတင်း အချက်အလက် များအရ သိရသည်။ The Voice Weekly အနေဖြင့် အထက်ပါ အချက်အလက် များနှင့် ပတ်သက်၍ ကေအိုင်အေ ထံ အတည်ပြုချက် ရယူနေဆဲ ဖြစ်သည်။ မိုင်းပေါက်ကွဲမှု ဖြစ်ပွား ချိန်တွင် ရထားလမ်းပိုင်း တာဝန်ယူ ထားသော အမှတ် ၃၈၅ ခြေမြန် တပ်ရင်း တပ်စုတစ်စု ကိုလည်း ကေအိုင်အေက ပစ်ခတ် ခဲ့သည့်အတွက် နှစ်ဖက်ထိတွေ့ ပစ်ခတ် ခဲ့ကြပြီး ၁၂ နာရီ ၄၅ မိနစ်တွင် ပြီးဆုံး သွားကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး ရုံးသို့ ပေးပို့သော သတင်း အချက်အလက် များတွင် ဖော်ပြ ပါရှိသည်။ “ အသေအပျောက် က စိစစ် နေဆဲပါ။ ရထားလမ်း ကတော့ ဒီမနက် ၈နာရီခွဲ လောက်က ပြန်ကောင်း သွားပါပြီ” ဟု အထက်ပါ ရုံးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ယခုရက်ပိုင်း အတွင်း ရထားလမ်း ပိုင်းတွင် မကြာခဏ မိုင်းကွဲမှုများ ဖြစ်ပွားလျက် ရှိခြင်းကြောင့် ရထားဖြင့် ခရီးသွားလာ ရသည်မှာ စိုးရိမ် ကြောက်ရွံ့ နေရကြောင်း မိုးညှင်းမြို့ ဒေသခံများက တူညီစွာ ပြောဆိုကြသည်။ မှ The Voice Weekly

SHARE THIS
Previous Post
Next Post