ဒီဂျေ ဓာတ်ဘူး သို့မဟုတ် အသံသိမ်း ပုလင်း

04  JANUARY 2013

Re:Sound Bottle အမည်ရ ပုလင်းလေး ဖြစ်ပြီး ဂျပန်နိုင်ငံ Tama အနုပညာ တက္ကသိုလ်မှာ ကျောင်းသား
Jun Fujiwara မှ ဖန်တီးထား တာ ဖြစ်ပါတယ်။

စာတွေ၊ဘာတွေ သိမ်းထားတာထက် အသံကို ထိန်းထားမယ့် ဘူးဆိုတော့ စိတ်ဝင်စားစရာ ပါပဲ။ သိမ်းပေးရုံတင်မကပဲ သူက ဒီဂျေလိုလည်း အလုပ် လုပ်ပါသေးတယ်။ ထွက်သမျှ အသံတွေကို ဘူးထဲ ထည့်သိမ်းပေးပြီး Mixing တောင်လုပ်ပေးပါသေးတယ်။
2012 Mitsubishi Chemical Junior Designer Award ဆွတ်ခူးထားတဲ့ ပစ္စည်း ဖြစ်ပါတယ်။ အထဲမှာ ဝါယာကြိုးများပတ်ထားတဲ့ အီလက်ထရောနစ် ဆားကစ် တစ်ခုသာပါရှိပါတယ်။ ပရိုဂရမ် ရေးဆွဲပြီး ထည့်သွင်း ထားခြင်း ဖြစ်ပြီး အဖုံးဖွင့်လိုက်ရင် အသံထွက်ပါတယ်။ ပတ်ဝန်းကျင်အသံ၊ ကားသံ၊ ကြောင်သံ၊ လူသံ အားလုံးကို Record လုပ်ပေးနိုင်ပြီး သူ့ပါသူ Auto Mixing လုပ်ပေးပါတယ်။ ဒါကြောင့် အဖုံးဖွင့် လိုက်တဲ့အခါ သံချပ်ညီ တဲ့ သီချင်းသံကို ကြားရမှာ ဖြစ်ပါတယ်။
အသုံးပြုနေပုံ ဗီဒီယိုလေးကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://vimeo.com/42921558
ရိုးရာလေး

ဒီဂျေ ဓာတ်ဘူး သို့မဟုတ် အသံသိမ်း ပုလင်း

03 JANUARY 2013  

အေးချမ်းမွန်မှ   ရိုးရာလေး တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

SHARE THIS
Previous Post
Next Post