ကမ္ဘာ့ဖိုးဖိုးကြီး ကီမူရာ


ဂျပန်နိုင်ငံ အနောက်ဘက်က ကျိုတန်ကိုမြို့က ဂျီရိုအေမွန် ကီမူရာ ဟာ လက်ရှိ ကမ္ဘာ့အသက်အရှည်ဆုံးသူ အဖြစ် မှတ်တမ်းတင်ခံလိုက်ရပါတယ်။ သူဟာ အသက် ၁၁၅ နှစ် နဲ့ ရက်ပေါင်း ၂၅၀ ကျော် ရြှိပီး ကျန်းမာရေး
ကောင်းမွန်နေဆဲ၊ စိတ်ဓာတ်ပြင်းနေဆဲ လို့ ဆိုပါတယ်။

၁၈၉၇ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့သူ ဖိုးဖိုးကီမူရာဟာ စည်းစနစ်ကြီးပြီး အလေးအနက်ထားတတ်သူလို့ မိသားစုဝင်တွေက
ပြောပါတယ်။

မောင်နှမ ၅ ယောက်ရှိရာမှာလည်း ကျန်လေးယောက်ဟာ အသက် ၉၀ ကျော်အထိ နေသွားခဲ့ကြပြီး အငယ်ဆုံးညီဖြစ်သူဟာ အသက် ၁၀၀ မှာဆုံးပါးသွားပါတယ်။

စာတိုက်မှာ ၄၅ ကြာအလုပ်လုပ်ခဲ့သူ ဖိုးဖိုးကီမူရာဟာ ပင်စင်ယူပြီးတဲ့
နောက်ပိုင်းမှာလည်း သားဖြစ်သူရဲ့ စိုက်ခင်းမှာ အသက် ၉၀ အထိ ၀င်ရောက်ကူညီခဲ့ပါတယ်။

ဖိုးသက်ရှည် ဖွားသက်ရှည်အများဆုံး ရှိတဲ့ ဂျပန်နိုင်ငံမှာ ပျှမ်းမျှအသက်ဟာ ၈၃ နှစ် ရှိပါတယ်။ ပြီးခဲ့စက်တင်ဘာလ အထိ ဂျပန်နိုင်ငံမှာ အသက် ၁၀၀ ကျော်သူ ၅ သောင်းကျော် (၅၁၃၇၆ ဦး) ရှိသွားပါပြီ။

ဖိုးဖိုးကီမူရာလိုပဲ အသက် ၁၁၅ နှစ်ရှိသူကလည်း ဂျပန်နိုင်ငံသူ ဖွားဖွား ကိုတူအိုကူဘို ပါ။ သူကတော့ ဒီဇင်ဘာလ ၂၄ ရက်နေ့ကမှ ၁၁၅ နှစ်ပြည့်သွားပြီး ကမ္ဘာ့ဒုတိယ အသက်ရှည်ဆုံး ဖွားဖွားပါပဲ။
အမေရိကန်နိုင်ငံရဲ့ စစ်တမ်းအရ ကမ္ဘာမှာ အသက် ရာကျော်ရှိနေသူ ၈ သောင်းလောက်ရှိနေတယ်လို့ သိရပါတယ်။ M

Photo Courtesy of Kyotango City Hall
မှ Burma-Newselite

SHARE THIS
Previous Post
Next Post