စစ်ကြောရေးတွင် ညှဉ်းပမ်းနှိပ်စက်မှု ပပျောက်ရန် ကြိုးပမ်းမည်

စစ်ကြောရေးတွင်ညှဉ်းပမ်း နှိပ်စက်
မှုများကြောင့်အကျဉ်းသားများသေဆုံးလျက်
 ရှိနေသော မြန်မာ နိုင်ငံတွင် ရဲစခန်းအတွင်း
ဖမ်းဆီးစစ်ဆေးခံရသူများညှဉ်းပမ်း


 နှိပ်စက်ခံရမှုပပျောက် စေရန် နိုင်ငံရေး အကျဉ်း သား ဟောင်းများ အဖွဲ့ချုပ် က ကြိုးပမ်း သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူ ဦးသန်းမြင့်အောင် က The Voice Weekly သို့ ပြောကြားသည်။

အမှန်တကယ် ညှဉ်းပမ်း နှိပ်စက် ခံရသူများက နိုင်ငံရေး အကျဉ်းသား အဖွဲ့ချုပ် ထံ လာရောက် တိုင်ကြားပါက ညှဉ်းပမ်း နှိပ်စက်မှု ဟုတ်၊ မဟုတ် စိစစ်ပြီးအမှုနှင့်ပတ်သက်သောအချက်အလက်များ ကို တောင်းခံကာ ရှေ့နေများ ကွန်ယက်မှ အကျိုးဆောင် ရှေ့နေများနှင့်ညှိနှိုင်း ဆောင်ရွက် ပေး မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

“ရဲတွေကို ညှဉ်းပမ်း နှိပ်စက်တာတွေ မလုပ်ဖို့ စခန်းမှူးက တားမြစ် ထားတဲ့ ဆောင်ပုဒ် အောက်မှာပဲ ညှဉ်းပမ်း နှိပ်စက်မှု တွေက ရှိနေတယ်” ဟု ယင်းအဖွဲ့မှ ဒေါ်သက်သက်အောင် က ဆိုသည်။

စစ်ကြောရေး တွင် ညှဉ်းပမ်း နှိပ်စက်မှု ကြောင့် သေဆုံးသွားသော အကျဉ်းသား များကို နှလုံးရောဂါ ကြောင့် သေဆုံးသည်ဟု မှားယွင်းစွာ ပြောဆိုမှုများ ရှိကြောင်း၊ ညှဉ်းပမ်း ခံရသဖြင့် စခန်းမှူး ကို တိုင်ကြားပါက ခုခံသဖြင့် လုပ်ဆောင် ရသည်ဟု လိမ်လည် ပြောဆိုသည်များ ရှိကြောင်း ၄င်းက ပြောသည်။

ညှဉ်းပမ်း နှိပ်စက်မှု မြောက်သော အမှု တစ်ခုချင်း အလိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီနှင့် နိုင်ငံတော် သမ္မတတို့ထံ တင်ပြ ပေးမည်ဖြစ်ပြီး တစ်နှစ်စာလုံး လိုက်ပါ ဆောင်ရွက်ပေးခဲ့သော အမှုများကို စုစည်းကာ စာတမ်းတစ်စောင် ပြုစု သွားမည်ဖြစ် ကြောင်း ဦးသန်းမြင့်အောင် က ပြောပြသည်။

အဆိုပါ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်သည် အာရှ လူ့အခွင့်အရေး ကော်မရှင်၏ ဖိတ်ကြားချက် အရ ဒီဇင်ဘာလ အတွင်းက ဟောင်ကောင်သို့ သွားရောက်ကာ စစ်ကြောရေး တွင် ညှဉ်းပမ်းနှိပ် စက်မှုများ ပပျောက် ရေးကို ဆွေးနွေး ခဲ့သည်။

 နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် သည် လွတ်မြောက် လာသော နိုင်ငံရေး အကျဉ်းသား များဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင် ဦးရေ သုံးထောင်ခန့် ရှိကာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး နှင့် ပြန်လည် ထူထောင်ရေး ကို လုပ်ဆောင် နေသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

The Voice Weekly

SHARE THIS
Previous Post
Next Post