ဘောလုံးပညာ သင်ပေးမည့် ဘရာဇီး ကစားသမားဟောင်းများ စာရင်း ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၃

မြန်မာ လူငယ် ကစားသမား များကို အခြေခံ ဘောလုံးပညာ သင်ကြားပေးမည့် ဘရာဇီး ဘောလုံး ကစားသမား ဟောင်းများ၏ အမည်စာရင်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် ဘရာဇီး ကစားသမား များတွင် မြန်မာဘောလုံး ပရိသတ်များနှင့် ရင်းနှီး သည့် ဘီဘက်တို၊ အဲလ်ဒဲယား၊ အက်ဒီဆင်၊ မာဇင်ဟို၊ ပေါ်လိုဆာဂျီယို၊ မာဆီယို ဆန်းတို့စ် တို့ ပါဝင်မည် ဖြစ်ပြီး ၁၉၇၀ ပြည့်နှစ် ကမ္ဘာ့ဖလား ချန်ပီယံ အသင်း၏ အသင်းခေါင်းဆောင် ကားလို့စ် အဲလ်ဘာတို တောရက်စ်က နည်းပြအဖြစ် တာဝန် ယူမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက် အရ သိရသည်။

ကစားသမား ၂၀ ဦးပါဝင်သည့် ဘရာဇီး ဂန္ထဝင် အသင်းသည် ဇန်နဝါရီလ ၂၂ ရက်နေ့ တွင် သုဝဏ္ဏ ကွင်း၌ Football Clinic အစီအစဉ်ဖြင့် မြန်မာလူငယ် ကစားသမား များကို အခြေခံ ဘောလုံးပညာ သင်ကြား ပေးမည် ဖြစ်ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီတွင် သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်း၌ မြန်မာ့ လက်ရွေးစင်ဟောင်း များနှင့် ခြေစမ်းပွဲ ကစားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် ဘရာဇီး အသင်းမှ ကစားသမား များမှာ ဂိုး - ဂီလ်မာ၊ ဇက်တီ၊ နောက်တန်း - အဲလ်ဒဲယား၊ ဂွန်ကဲလ်ဗက်စ်၊ မာစီယိုဆန်းတိုစ်၊ ပီမန်တဲလ်၊ ရိုနယ်လ်ဒါအို၊ အလယ်တန်း - ဒွန်ဂါ၊ မာဇင်ဟို၊ ပက်ဒရင်ဟို၊ ရီကာဒို ရိုချာ၊ ဆာဗီအို၊ ဗဲလ်ဘာ၊ ဝီလီယံ၊ ရှေ့တန်း -ဘီဘတ်တို၊ ဒီဂျာမင်ဟာ၊ ဒိုနီဇက်တီ၊ အက်ဒီလ်ဆင်၊ ပေါ်လိုဆာဂျီယို၊ ဗီအိုလာ တို့ဖြစ်ပြီး ဧည့်သည် ကစားသမား အဖြစ် ဂျာမနီမှ အသင်း ခေါင်းဆောင်ဟောင်း လိုသာမာသီးယပ်စ် လည်း ပါဝင်မည် ဖြစ်သည်။

The Voice

SHARE THIS
Previous Post
Next Post