လာဘ်စားသူတရားသူကြီးနှင့်အဖွဲ့အား ဦးသိန်းညွှန့်ထံသို့ တိုင်ကြားထား


မင်းဟိန်းထက် (မြစ်မခ)
by Myit Makha Mediagroup on 4 Jan, 2013



 တရားခွင်တစ်ခု၌ လာဘ်စားမှုပြုလုပ်နေသည့် တရားသူကြီးနှင့် လူတစ်စုအား အခြားတရားသူကြီး တစ်ဦးမှ တရားဥပဒေစိုး မိုးရေးနှင့်   တည်ငြိမ်အေးချမ်းရေးကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ထံသို့ တိုင်ကြားစာပေးပို့ထားကြောင်း သိရသည်။

လာဘ်စားမှုအပေါ်အလိုမတူလို့ လာဘ်မယူတဲ့သူကို လာဘ်ယူတဲ့သူတွေက ၀ိုင်းပြီး ဖိအားပေးလို့ လာဘ်မယူတဲ့တရားသူကြီးက  တိုင်ကြားထားတာပါဟု သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောသည်။

အဆိုပါ မြို့နယ်နှင့်တရားသူကြီးအမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမပြုပဲ ၄င်းက လျှိုဝှက်ထားခဲ့ သည်။
 
 တိုင်ကြားမှုတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်းချမ်းရေး ကော်မတီသို့ တိုက်ရိုက်တိုင်ကြားထားခြင်း ရှိမရှိကိုမူ ၄င်းအနေဖြင့် မသိရှိကြောင်းကိုလည်း ဦးသိန်းညွှန့် က ဆိုသည်။

တိုင်စာကို တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်းချမ်းရေးကော်မတီသို့ တိုင်ကြားထားခြင်း ရှိ၊ မရှိတော့ မသိပါဘူး။ ဒါပေမယ့် ကျွန်တော့်ဆီကိုတော့ တိုက်ရိုက်လာတိုင်ကြားတာပါ။ဟု သင်္ကန်းကျွန်း မြို့နယ်မှ ပြည်သူ့လွှတ်တော်လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွှန့်ကပြောသည်။
 
 တိုင်လာသည့်အပေါ်တွင် သင်္ကန်းကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါကိစ္စအား လွှတ်တော်သို့ တင်ပြရန် စီစဉ်ထား ကြောင်းကိုလည်း သိရသည်။
 
တရားရုံးကိစ္စများတွင် လွှတ်တော်ကိုယ်စားလှယ်များက ၀င်ရောက်စွက်ဖက်၍ သြဇာလွှမ်းမိုးမှုများ လည်း ရှိနေသည်ဟု အဆိုပါတိုင်ကြားစာ၌ ပါဝင်ကြောင်းကိုလည်း သိရသည်။
 
တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်းချမ်းရေးကော်မတီတွင် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှူး ဦးဝင်းမြင့် အပါအ၀င် (၁၃)ဦးပါဝင်ပြီး အဖွဲ့ဝင်အများစုမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် အများစု ပါဝင်ကာ လက်ရှိတွင် ကော်မတီသို့ တိုင်ကြားထားသည့်အမှု (၂၀၀၀)ကျော်ရှိသည်။
 
ကောက်မရှင်အနေနဲ့ လက်ရှိမှာ နယ်တရားရုံးတွေကို သွားရောက်စစ်ဆေးနေပါတယ်၊ ရရှိလာတဲ့ အချက်အလက်တွေကို လွှတ်တော်ကို တင်ပြသွားမှာပါ ”ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီဝင်တစ် ဦးဖြစ်သူ   ဒေါ်ခင်စောဝေက ပြောသည်။
 
လက်ရှိတိုင်ကြားခံထားရသည့် လာဘ်စားသူတရားသူကြီးနှင့်အဖွဲ့ကိစ္စအား တေရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကော်မတီသို့ တိုင်ကြားမှု ရှိမရှိကိုမူ မသိရှိကြောင်းနှင့် တရားရုံးနှင့်ပတ်သက်သည့် တိုင်ကြားစာများတွင် မြို့နယ်အုပ်ချုပ်ရေးမှူး များက ၀င်ရောက်စွက်ဖက်နေခြင်းကြောင့် တိုင်ကြား သည့် အမှုများကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
 

SHARE THIS
Previous Post
Next Post