ပဋိပက္ခ ရဲ့ နောက်ကွယ်.

မြန်မာ လူမျိုးတွေကို အင်္ဂလိပ် အုပ်ချုပ်ရင်ပိုတောင် တိုးတက်ပြီး ပညာတတ်အုံးမယ်... ဒါပေမယ် မြန်မာတွေ အင်္ဂလိပ် အုပ်ချုပ်ခံချင်သလား... ဘယ်သူမှ သူများလူမျိုး အုပ်ချုပ်တာ မခံချင်ပါဘူး... ဒီလိုပါပဲ.. ကချင်တွေလဲ အင်္ဂလိပ်နဲ့ ပေါင်းခဲ့ရင် ပိုတိုးတက်မယ် ဆိုတာ မသိခဲ့တာမဟုတ်.. လွတ်လပ်ခြင်းကို လိုချင်လို့ မြန်မာ နဲ့ ပေါင်းခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော်... ကျနော်တို့ ကံမကောင်းခဲ့ဘူး... မြန်မာကျောင်းစာ နဲ့ မြန်မာစာပဲဖတ်ရင် တာတွေနားလည်မှာ မဟုတ်ပါဘူး... ဘာလို့လဲ ဆိုတော့ သမိုင်းလိမ်ထားလို့ပဲ... စာပေစိစစ်ရေး နှစ် ၅၀ လုပ်လာတာ မြန်မာလို ရေးထားတဲ့ နိုင်ငံရေး စာအုပ်နဲ့ သမိုင်း အမှန် စာအုပ် မရှိခဲ့ပါဘူး.. ဥပမာ.. ပင်လုံစာချုပ်အကြောင်း မြန်မာ ကျောင်းစာ သင်ရိုးညွန်းမှာ ထည့်ထားတာ မတွေ့ရဘူး။ ဒီနေ့ခေတ်မှာ ကချင်လူမျိုး တွေနဲ့ မြန်မာ လူမျိုးတွေကြား အမြင် မတူမှု ပိုများလာရခြင်းဟာ သမိုင်းအလိမ် တွေကြောင့် ဖြစ်ပါတယ်။ ကချင်တွေက ဘိုးဘွားတွေပြောလာတဲ့ စကား၊ သူတို့ ပြောပြတဲ့ သမိုင်းကြောင်း အမှန်တွေကို လူငယ်တွေကို ပြောပြတယ်။ နိုင်ငံ ရပ်ခြား ပညာသင်တဲ့ လူငယ်တွေများလာတာနဲ့ အမျှ သမိုင်းအမှန်တွေ ပိုသိလာတယ်။ ဝေငှတယ်။ မြန်မာ တွေက အမှန်ကို ဖုန်းကွယ်ထားလိုက်တယ်... မြန်မာ လူထုအများပိုင်းက သမိုင်းအမှန်ကို မသိတော့ဘူး... မြန်မာ့ ရာဇ၀င်မှာ မွန်၊ ရှမ်း၊ ရခိုင်၊ (မွန်-မြန်မာ၊ ရခိုင်-မြန်မာ) စသည်များပါရင် ပါလိမ့်မယ်... ဒါပေမယ့် ကချင်အကြောင်း မပါဘူး... ဘာလို့လဲ ဆိုတော့ ဘယ်တော့မှ ကချင်တွေဟာ မြန်မာ အောက် မရောက်ခဲ့ဖူးလို့ပဲ။ မြန်မာ့ ရာဇ၀င်မှာ ပူတာအို တို့ ဆွမ်ပရာဘွမ် တို့ ဆိုတာ မပါဘူး... ခေါ်ဘူဒဲတို့ ဆိုတာ မရှိဘူး.. ဒါပေမယ့် ကချင်တွေ နေလာတာ ရာစုနှစ်နဲ့ ချီ ဘိုးဘွားတွေရဲ့ သင်္ချိုင်း ရှိသေးတယ်။ ခွဲထွက်ရေးတို့ ဆိုတာ စစ်အုပ်စုရဲ့ ၀ါဒဖြန့်.. တနည်းပြောရရင် စစ်တိုက်ဖို့ လုံလောက်တဲ့ ဆင်ခြေ ဖြစ်လို့ပါပဲ။ ပြည်ထောင်စု စစ်စစ်မူကိုသာ လုပ်ဖို့ ဆန္ဒ တကယ် ရှိတယ် ဆိုရင် စစ်တိုက်စရာ မလိုပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကချင်တော်လှန်ရေးဟာ ခွဲထွက်ရေး မဟုတ်လို့ပဲ။ ဒါဆို သူတို့ ဘာလို့ စစ်တိုက်ချင်ရတာလဲ... ကိုယ်ပိုင် အကျိုးစီးပွါးလေးတွေ ရှိပါလိမ့်မယ်။ လက်ပံတောင်းတောင် အရေး ကချင် စစ်ပွဲသတင်းကြောင့် ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားပါပြီ။ ဒီအတောအတွင်း ပိုက်လိုင်းသွယ်တန်းမှုဟာလည်း ခပ်တုတ်တုတ် လုပ်နေတာ ပြီးခါနီးပါပြီ။ ရခိုင်က မထွက်ခင် ရခိုင်အရေး ဖြစ်ခဲ့တယ်.. ရခိုင် အရေးအခင်းမှာ ရခိုင်က ပိုက်လိုင်း ထွက်နိုင်ခဲ့တယ်။ အခု အားလုံး ပြီးခါနီးပါပြီ။ မှန်မယ် လို့တော့ တထစ်ချ မပြောလိုပါ။ တိုက်ဆိုင်တာလဲ ဖြစ်မှာပါ။ အစိုးရ ဟာ အခုလဲ လျှပ်စစ်ကိစ္စ ကေအိုင်အေ ကို လက်ညှိုးထိုးဖို့ ပြင်ဆင်နေကြောင်းပါခင်များ။ ဒါဟာ တရုတ်ဗျူဟာလဲ ဖြစ်ပါတယ်။ တရုတ်အစိုးရ ဟာ ပြည်တွင်း နိုင်ငံရေးမှာ အစိုးရကို ဝေဖန်မှုများလာတဲ့ အခါ နိုင်ငံပိုင်နက်များကို အစဖေါ်ပြီး နိုင်ငံရပ်ခြား နဲ့ ပဋိပက္ခ ဖန်တီးပြီး အမျိုးသား စည်းလုံးညီညွတ်မှု ရအောင် ဖန်တီး တတ်ပါတယ်။


မှ Duwa Kachin
ပဋိပက္ခ ရဲ့ နောက်ကွယ်.

 ******************

* မြန်မာ လူမျိုးတွေကို အင်္ဂလိပ် အုပ်ချုပ်ရင်ပိုတောင် တိုးတက်ပြီး ပညာတတ်အုံးမယ်... ဒါပေမယ် မြန်မာတွေ အင်္ဂလိပ် အုပ်ချုပ်ခံချင်သလား... ဘယ်သူမှ သူများလူမျိုး အုပ်ချုပ်တာ မခံချင်ပါဘူး... ဒီလိုပါပဲ.. ကချင်တွေလဲ အင်္ဂလိပ်နဲ့ ပေါင်းခဲ့ရင် ပိုတိုးတက်မယ် ဆိုတာ မသိခဲ့တာမဟုတ်.. လွတ်လပ်ခြင်းကို လိုချင်လို့ မြန်မာ နဲ့ ပေါင်းခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော်... ကျနော်တို့ ကံမကောင်းခဲ့ဘူး... မြန်မာကျောင်းစာ နဲ့ မြန်မာစာပဲဖတ်ရင် တာတွေနားလည်မှာ မဟုတ်ပါဘူး... ဘာလို့လဲ ဆိုတော့ သမိုင်းလိမ်ထားလို့ပဲ... စာပေစိစစ်ရေး နှစ် ၅၀ လုပ်လာတာ မြန်မာလို ရေးထားတဲ့ နိုင်ငံရေး စာအုပ်နဲ့ သမိုင်း အမှန် စာအုပ် မရှိခဲ့ပါဘူး.. ဥပမာ.. ပင်လုံစာချုပ်အကြောင်း မြန်မာ ကျောင်းစာ သင်ရိုးညွန်းမှာ ထည့်ထားတာ မတွေ့ရဘူး။ ဒီနေ့ခေတ်မှာ ကချင်လူမျိုး တွေနဲ့ မြန်မာ လူမျိုးတွေကြား အမြင် မတူမှု ပိုများလာရခြင်းဟာ သမိုင်းအလိမ် တွေကြောင့် ဖြစ်ပါတယ်။ ကချင်တွေက ဘိုးဘွားတွေပြောလာတဲ့ စကား၊ သူတို့ ပြောပြတဲ့ သမိုင်းကြောင်း အမှန်တွေကို လူငယ်တွေကို ပြောပြတယ်။ နိုင်ငံ ရပ်ခြား ပညာသင်တဲ့ လူငယ်တွေများလာတာနဲ့ အမျှ သမိုင်းအမှန်တွေ ပိုသိလာတယ်။ ဝေငှတယ်။ မြန်မာ တွေက အမှန်ကို ဖုန်းကွယ်ထားလိုက်တယ်... မြန်မာ လူထုအများပိုင်းက သမိုင်းအမှန်ကို မသိတော့ဘူး... မြန်မာ့ ရာဇ၀င်မှာ မွန်၊ ရှမ်း၊ ရခိုင်၊ (မွန်-မြန်မာ၊ ရခိုင်-မြန်မာ) စသည်များပါရင် ပါလိမ့်မယ်... ဒါပေမယ့် ကချင်အကြောင်း မပါဘူး... ဘာလို့လဲ ဆိုတော့ ဘယ်တော့မှ ကချင်တွေဟာ မြန်မာ အောက် မရောက်ခဲ့ဖူးလို့ပဲ။ မြန်မာ့ ရာဇ၀င်မှာ ပူတာအို တို့ ဆွမ်ပရာဘွမ် တို့ ဆိုတာ မပါဘူး... ခေါ်ဘူဒဲတို့ ဆိုတာ မရှိဘူး.. ဒါပေမယ့် ကချင်တွေ နေလာတာ ရာစုနှစ်နဲ့ ချီ ဘိုးဘွားတွေရဲ့ သင်္ချိုင်း ရှိသေးတယ်။ ခွဲထွက်ရေးတို့ ဆိုတာ စစ်အုပ်စုရဲ့ ၀ါဒဖြန့်.. တနည်းပြောရရင် စစ်တိုက်ဖို့ လုံလောက်တဲ့ ဆင်ခြေ ဖြစ်လို့ပါပဲ။ ပြည်ထောင်စု စစ်စစ်မူကိုသာ လုပ်ဖို့ ဆန္ဒ တကယ် ရှိတယ် ဆိုရင် စစ်တိုက်စရာ မလိုပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကချင်တော်လှန်ရေးဟာ ခွဲထွက်ရေး မဟုတ်လို့ပဲ။ ဒါဆို သူတို့ ဘာလို့ စစ်တိုက်ချင်ရတာလဲ... ကိုယ်ပိုင် အကျိုးစီးပွါးလေးတွေ ရှိပါလိမ့်မယ်။ လက်ပံတောင်းတောင် အရေး ကချင် စစ်ပွဲသတင်းကြောင့် ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားပါပြီ။ ဒီအတောအတွင်း ပိုက်လိုင်းသွယ်တန်းမှုဟာလည်း ခပ်တုတ်တုတ် လုပ်နေတာ ပြီးခါနီးပါပြီ။ ရခိုင်က မထွက်ခင် ရခိုင်အရေး ဖြစ်ခဲ့တယ်.. ရခိုင် အရေးအခင်းမှာ ရခိုင်က ပိုက်လိုင်း ထွက်နိုင်ခဲ့တယ်။ အခု အားလုံး ပြီးခါနီးပါပြီ။ မှန်မယ် လို့တော့ တထစ်ချ မပြောလိုပါ။ တိုက်ဆိုင်တာလဲ ဖြစ်မှာပါ။ အစိုးရ ဟာ အခုလဲ လျှပ်စစ်ကိစ္စ ကေအိုင်အေ ကို လက်ညှိုးထိုးဖို့ ပြင်ဆင်နေကြောင်းပါခင်များ။ ဒါဟာ တရုတ်ဗျူဟာလဲ ဖြစ်ပါတယ်။ တရုတ်အစိုးရ ဟာ ပြည်တွင်း နိုင်ငံရေးမှာ အစိုးရကို ဝေဖန်မှုများလာတဲ့ အခါ နိုင်ငံပိုင်နက်များကို အစဖေါ်ပြီး နိုင်ငံရပ်ခြား နဲ့ ပဋိပက္ခ ဖန်တီးပြီး အမျိုးသား စည်းလုံးညီညွတ်မှု ရအောင် ဖန်တီး တတ်ပါတယ်။


အေးချမ်းမွန်မှ  Duwa Kachin  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

SHARE THIS
Previous Post
Next Post