ဘင်္ဂလီစက်လှေပေါ်မှပေါ်မှတူမီးဖြင့်ပစ်ခတ် ရခိုင်တစ်ဦးပြင်းထန်ဒဏ်ရာရ

၇၊ဇွန်န၀ါရီ၊ ၂၀၁၃။ Coral Arakan News ( သတင်း)
 
 ပေါက်တောမြို့နယ်၊ သဲခုံကျွန်းမှရေလုပ်သားတစ်ဦးဖြစ်သူချင်းတောင်း(၃၅နှစ်)သည် ယနေ့နံနက် ၃နာရီခွဲခန့်တွင်အွင်စတာမီးပြအနီးပင်လယ်ပြင်တွင် ကမ်းဝေးငါးဖမ်းလှေတစ်စီးမှ ငါးဝယ်ယူနေစဉ် အနီးမှဖြတ်သွားသည့် ဘင်္ဂလီလှေတစ်စီးမှ တူမီးသေနပ်ဖြင့် ပစ်ခတ်သဖြင့်ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်းသိရသည်။ ဘင်္ဂလီ -ရခိုင်ပဋိပက္ခအပြီး ဘင်္ဂလီများသည် လုံခြုံရေးအားနဲသောနေရာများတွင် ရခိုင်များအား ရန်စတိုက်ခိုက်လေ့ရှိပြီးတရားခံများအားဖမ်းဆီးရမိသည်ဟုမကြားရပေ။ လွန်ခဲ့သောဒီဇင်ဘာလ (၂၆) ရက်နေ့ ကလည်း ဂဏန်းဖမ်းနေသောပေါက်တောမြို့နယ် စိုင်တုတ်ရွာသားရခိုင်ရေလုပ်သားနှစ်ဦးအား ဘင်္ဂလီများက ဖမ်းဆီးသွားသဖြင့်ဒေသခံများ ကသွားရောက်ကယ်ဆယ်ရာ ဒဏ်ရာများဖြင့်လွတ်မြောက်လာသည်။ ယနေ့ဒဏ်ရာရှိသော ကိုချင်းတောင်းအားစစ်တွေဆေးရုံကြီးသို့ယူဆောင်လာရာ စစ်တွေနာရေးကူညီမှုအသင်းမှ ဆေးရုံကြီးသို့ပို့ဆောင်ပေးလိုက်သည်ဟုသိရသည်။

SHARE THIS
Previous Post
Next Post