ဆီးရီးယား ပြည်တွင်း စစ်အား သတိကြီးစွာဖြင့် ချဉ်းကပ်လာသည့် အမေရိကန်

အမေရိကန် ပြည်ထောင်စုသည် ဂျော်ဒန်သို့ တပ်ဖွဲ့ဝင် အနည်းငယ် စေလွှတ်ခဲ့ရာ အဆိုပါ တပ်ဖွဲ့ဝင် များသည် ဆီးရီးယား ပြည်တွင်းစစ်သို့ ချဉ်းကပ်ရန် အရေးပါဆုံးသော အခွင့်အရေး တစ်ရပ် ဟုဆို နိုင်သည်။
ဂျော်ဒန်သို့ စေလွှတ်ခဲ့သော တပ်ဖွဲ့ဝင်များမှာ တက္ကဆပ် ပြည်နယ် Fort Bliss အခြေစိုက် အမှတ်(၁) သံချပ်ကာ တပ်မမှ တပ်ဖွဲ့ဝင်များ ဖြစ်ပြီး ဆီးရီးယား အရေးအား ဝင်ရောက် စွက်ဖက်ရန် မဟုတ်သော်လည်း အနာဂတ် ကာလတွင် အမေရိကန် အနေဖြင့် တိုက်ရိုက် စွက်ဖက်မှု ပြုလုပ်ရေး အတွက် ရွေးချယ်ရန် နည်းလမ်းများကိုလည်း စွန့်လွှတ်မည် မဟုတ်ပေ။ ဆီးရီးယား အခြေ အနေအား မည်ကဲ့သို့  ကိုင်တွယ်ရမည်ကို  မူဝါဒ ရေးဆွဲရာ၌ ဆီးရီးယား ပြင်ပရှိ နိုင်ငံများ အနေဖြင့် ကျယ်ပြန့်သော အရေး ကိစ္စရပ်များကို ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။
ဆီးရီးယား အတိုက်အခံ အုပ်စုတွင် ဂျီဟတ် စစ်သွေးကြွများ ပါဝင်ပြီး ၄င်းတို့ အနေဖြင့် တိုက်ခိုက်ရေး အတွေ့အကြုံများ၊ အဖွဲ့ဝင် အရေအတွက်နှင့် သြဇာကြီး ထွားလာမည်ကို နိုင်ငံ တကာမှ စိုးရိမ်လျက် ရှိသည်။ ဆီးရီးယား အတိုက်အခံများထံ လက်နက်များ ရောက်ရှိရေး အတွက် ဆောင်ရွက်ချက်သည် ဆီးရီးယား အရေးအပေါ် ပြည်ပ နိုင်ငံများက လွှမ်းမိုးမှု ရရှိစေမည့် နည်းလမ်း တစ်ရပ် ဖြစ်သည်။ သို့သော် ယင်းသို့ လက်နက် ထောက်ပံ့ခြင်းသည် ဆီးရီးယား အရေးအား လွယ်ကူစွာ ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ဆီးရီးယားတွင် အတိုက်အခံ အုပ်စု ရာနှင့်ချီ၍ ရှိနေပြီး ၄င်းတို့တွင် ကိုယ်ပိုင် လူမှုရေးနှင့် နိုင်ငံရေး ဝိသေသများ ရှိကာ တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား ရှုပ်ထွေးသော ဆက်ဆံရေးများ ရှိနေသည်။
အခြားသော ပြဿနာ တစ်ရပ်မှာ ဆီးရီးယား စစ်တပ်၏ လက်နက်များ ဖြစ်သည်။ ဆီးရီးယား စစ်တပ်တွင် အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေး လက်နက်များ၊ သင်္ဘောဖျက် ဒုံးကျည် များ၊ သံချပ်ကာ ယာဉ်များ၊  စိန်ပြောင်းများနှင့် ပဲ့ထိန်းဒုံးကျည် အများအပြား ရှိနေခြင်း ဖြစ်ပြီး အဆိုပါ လက်နက်များသည် ဟစ်ဇ်ဘိုလာ ကဲ့သို့သော စစ်သွေးကြွများထံ အလွယ်တကူ ရောက်ရှိ သွားနိုင် သည်။ ဟစ်ဇ်ဘိုလာများ ထံသို့ ထိုကဲ့သို့ လက်နက်များ ရောက်ရှိခြင်းမှ ကာကွယ်ရန် အစ္စရေးက ၂ဝ၁၃ ခုနှစ် အစောပိုင်းတွင် ဆီးရီးယားနိုင်ငံ အတွင်း လေကြောင်း တိုက်ခိုက်မှု အချို့ ပြု လုပ်ခဲ့သည်။ အကြီးမား ဆုံးသော ပြဿနာမှာ ဆီးရီးယား အစိုးရ၏ ဓာတုလက်နက်သို လှောင်ရုံများဖြစ်သည်။ ဆီးရီးယားရှိ ဓာတုလက်နက်များပျောက်ဆုံးခြင်း သို့မဟုတ် အသုံးပြုခြင်း ဖြစ်ပေါ် လာပါက စစ်ရေးအရ စွက်ဖက်မှု ပြုလုပ်မည်ဟု  အမေရိ ကန်က ရှင်းလင်း ပြတ်သားစွာ ပြောကြားခဲ့သည်။
အစ္စရေး အနေဖြင့်လည်း ဆီးရီးယားနှင့် ထိစပ်နေသော မြောက်ပိုင်း ဒေသတွင် ခြိမ်းခြောက်မှု မြင့်မားလာခြင်းနှင့် ရင်ဆိုင် နေရသည့်အပြင် ဟစ်ဇ်ဘိုလာ များက အဆင့်မြင့် လက်နက် စနစ်များ ရရှိသွားမည်ကို စိုးရိမ်လျက် ရှိသည်။ ထို့အတူ တူရကီ နိုင်ငံ အနေဖြင့်လည်း စစ်သွေးကြွများ၏ ရန်ကို သာမက ကာ့ဒ်သူပုန်များ ထကြွလာမည်ကို စိုးရိမ်လျက် ရှိသည်။ ဆီးရီးယား တွင် ဖြစ်ပေါ်ေ နသော ပြဿနာများ၏ အကျိုးဆက်သည် ဒေသတွင်း၌ မတည်ငြိမ်မှု များကို နှစ်ပေါင်းအတန် ကြာအောင် ဖြစ်ပေါ်စေမည် ဖြစ်သည်။ အမေရိကန် အနေဖြင့် အီရတ်၊ အာဖဂန် နစ္စတန်နှင့် လစ်ဗျား စစ်ပွဲတို့တွင် ငွေကြေး အမြောက်အမြား သုံးစွဲခဲ့ ရသဖြင့် ဆီးရီးယား အရေးအား ဝင်ရောက် စွက်ဖက်ရန် ရှောင်ရှားမည် ဖြစ်သည်။ ဆီးရီးယား ပြည်တွင်းစစ်နှင့် ပတ်သက်၍ အမေရိကန် သည် ရွေးချယ်ရန် နည်းလမ်းနှစ် ရပ်ရှိရာ ပြည်တွင်း စစ်အား အဖြေပေါ်သည် အထိ စောင့်ဆိုင်းခြင်းနှင့် စစ်ရေးအရ တိုက်ရိုက် စွက်ဖက်ခြင်း ဖြစ်သည်။
အမေရိကန် အစိုးရသည် ဆီးရီးယား အတိုက်အခံ များအား ဆက်သွယ်ရေးနှင့် ဆေးဘက် ဆိုင်ရာ အထောက်အပံ့များ ပေးအပ် ခဲ့သော်လည်း လက်နက်နှင့် လေကြောင်း အကူအညီ ပေး ရန် ငြင်းဆိုခဲ့သည်။ သို့သော် ဆီးရီးယား အတိုက်အခံ များအား လက်နက် ထောက်ပံ့ လိုသော နိုင်ငံများ ရှိနေပြီး အထူးသဖြင့် ဂျော်ဒန်နိုင်ငံတွင် ၄င်းတို့အား စစ်ရေး လေ့ကျင့်ပေးမှု ပြုလုပ်ခဲ့သည်။ အမေရိကန် အနေဖြင့် အတိုက်အခံများအား အကူအညီ   ပေးအပ်လို သော်လည်း ဒေသတွင်း၌  ဆိုးကျိုး ဖြစ်ပေါ်စေမည့် အထောက်အပံ့ ပေးလိုခြင်း မရှိပေ။
ဆီးရီးယားတွင် ဖြစ်ပေါ် လာနိုင်သော အရေးပေါ် အခြေအနေများနှင့် ပတ်သက်၍ ပင်တဂွန်ရှိ စီမံကိန်း ရေးဆွဲသူများက အစီအစဉ်များ ရေးဆွဲထားပြီး ဖြစ်သည်။ ဥပမာ အားဖြင့် ဆီးရီးယား တွင် လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးခြင်းမှ နေ၍ ဓာတုလက်နက် သိုလှောင် ရုံများအား စစ်ဆင်ရေး ပြုလုပ်ကာ ထိန်းချုပ်ခြင်း အထိ အစီအစဉ် ရေးဆွဲ ထားသည်။ ထို့အပြင် ဆီးရီး ယား စစ်နယ်ဝန်းသို့ ရောက်ရှိနေသော အမေရိကန် တပ်ဖွဲ့များ အနေဖြင့် အထူးစစ်ဆင်ရေး ပြုလုပ်ကာ စီးနင်း တိုက်ခိုက်ခြင်း သို့မဟုတ် သီးခြားနယ်မြေ တစ်ခုအတွင်း စစ်ဆင်ခြင်း တို့ ပြု လုပ်နိုင်ဖွယ် ရှိသည်။
သို့ရာတွင် အမေရိကန် နိုင်ငံ အနေဖြင့် ဆီးရီးယားတွင် မူလ အခြေအနေသို့ ပြန်လည် မရောက်ရှိမီ ကာလ တစ်လျှောက်လုံး သတိကြီးစွာ ချဉ်းကပ်မှု ပြုလုပ်နေမည် ဖြစ်သည်။ အကြောင်းအရင်း မှာ မှားယွင်းမှု၏ အကျိုးဆက်သည် ကြီးမားလာနိုင် သောကြောင့် ဖြစ်သည်။  အမေရိကန် နိုင်ငံ အနေဖြင့် ဆီးရီးယားတွင် အစွန်းရောက် စစ်သွေးကြွများ ကြီးထွား လာမည်ကို စိုးရိမ်လျက်ရှိပြီး အာဆတ် အစိုးရအဖွဲ့ ပြုတ်ကျခြင်းက အဖြေတစ်ရပ် မဟုတ် ကြောင်းကို သိရှိထားသည်။ လူမျိုးစု၊ ဘာသာရေး၊ ဝါဒရေး မတူညီသော အုပ်စုရာပေါင်း များစွာ အပေါ် အစိုးရသစ်က စိုးမိုးနိုင်မည် မဟုတ်သောကြောင့် ဆီးရီးယား အရေးအား လိုအပ်ပါက စစ်ရေးအရ စွက်ဖက်နိုင်ရန် အမေရိကန်သည် တပ်ဖွဲ့ဝင် အချို့ စေလွှတ်ခြင်းဖြင့်  သတိကြီးစွာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သုံးသပ် ရပါသည်။  
မြဝတီ   

SHARE THIS
Previous Post
Next Post