မြန်မာခေါင်းဆောင်တွေအပေါ် ဗီဇာပိတ်ပင်မှုအမေရိကန် ရုပ်သိမ်းလိုက်ပြီ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ ဆက်နွယ်နေသူတွေအပေါ် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားတာကို မေလ၂ရက်နေ့ကစပြီး ရုပ်သိမ်းလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ဖိနှိပ်ချုပ်ချ
ယ်မှုအပါအဝင် လူ့အခွင့်အရေး ချိုးဖေါက်မှုေ
တွကြောင့် မြန်မာနိုင်ငံအစိုးရကို အမေရိကန်
အစိုးရက ၁၉၉၆ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ဥပဒေအ
ရ မြန်မာနိုင်ငံဒီမိုကရေစီ ပြောင်းလဲရေးကို၊
ဆန့်ကျင်နှောင့်ယှက်တဲ့ မူဝါဒချမှတ် လုပ်ဆော
င်သူတွေနဲ့ အဲဒီလိုပြုမူဆောင်ရွက်မှုတွေကြော
င့် အကျိုးခံစားခွင့်ရရှိသူတွေ၊ သူတို့ရဲ့မိသားစုဝ
င်တွေကို အမေရိကန်နိုင်ငံ ဝင်ရောက်ခွင့် ဗီဇာ
ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာအစိုးရဟာ ၂ဝ၁၁ ခုနှစ်ကစြ
ပီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် နို
င်ငံရေး၊ လူမူရေး၊ စီးပွားရေးနယ်ပယ်တွေမှာ
သိသာထင်ရှားပြီး အရေးကြီးတဲ့ပြုပြင်မှုတွေ
ဆောင်ရွက်ခဲ့တာကြောင့် အခုလိုပိတ်ပင်မှုကို
ဆက်လက်ထားရှိဖို့ မလိုတော့ဘူးလို့ အမေရိ
ကန် နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ြ
ပထားပါတယ်။
အဲဒီလိုအရင်က ပြည်ဝင်ခွင့် ပိတ်ပင်ထားသူ အ
များအပြားဟာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးြ
ပုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ အခုပါဝင်
ဆောင်ရွက်နေကြပြီလို့လည်းဆိုပါတယ်။ မနှစ်
ကကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတလ
ွတ်လပ်မှုကြောင့် NLD ပါတီ ကိုယ်စားလှယ်ေ
တွ အနိုင်ရပြီး လွှတ်တော်အတွင်း ဝင်ရောက်နို
င်ခဲ့တာကိုလည်း ထင်ရှားတဲ့ပြောင်းလဲတိုးတ
က်မှု တစ်ခုဖြစ်တယ်လို့ အမေရိကန်အစိုးရက
ထောက်ပြပြောဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်
မှာ အခုလိုဗီဇာပိတ်ပင်မှုကို ရုပ်သိမ်းလိုက်တာ
ဟာ ဒီမိုကရေစီနဲ့ လူအခွင့်အရေး ပြုပြင်ပြော
င်းလဲမှုတွေကို မြန်မာအစိုးရက ကတိကဝတ်ပြု
ခဲ့တဲ့အတိုင်း နောက်ထပ်တိုးတက်ဆောင်ရွက်
ဖို့ အားပေးတိုက်တွန်းလိုတဲ့ အမေရိကန်အစိုးရ
ရဲ့ ရည်မှန်းချက်နဲ့အညီ ဆောင်ရွက်တာဖြစ်တ
ယ်လို့လည်း ဖေါ်ပြထားပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ စိန်ခေါ်မူတွေတော့ အ
များကြီးရှိနေသေးကြောင်း အဓိကအားဖြင် တို
င်းရင်းသားတွေနဲ့ အမျိုးသားရင်ကြားစေ့ရေး
ကိစ္စတွေပြီးပြတ်ရန်၊ ရခိုင်ပြည်နယ်မှာဖြစ်ပွါး
တဲ့ အဓိကရုဏ်းမျိုးတွေ ထပ်မံမဖြစ်ပွားအောင်
ဆောင်ရွက်ရန်၊ ကျန်ရှိနိုင်ငံရေးအကျဉ်းသားေ
တွ လွှတ်ပေးရန်၊ ပြီးတော့ မြောက်ကိုရီးယားနဲ့
စစ်ရေးဆက်သွယ်မူအားလုံးကို ရပ်ဆိုင်းရန် စ
တဲ့အချက်တွေဖြစ်ကြောင်း အမေရိကန်နိုင်ငံခြ
ားရေးဌာန အရာရှိတစ်ဦးက အမည်မဖေါ်ပဲပြေ
ာဆိုပါတယ်။
တပြိုင်နက်မှာပဲ အခုလိုဗီဇာပိတ်ပင်တဲ့ ဥပဒေ
ကို ရုတ်သိမ်းလိုက်ပေမယ့် မြန်မာနိုင်ငံအပေါ်
၁၉၉၇ ခုနှစ်ကပြဌာန်းခဲ့တဲ့ အရေးပေါ်စီးပွား
ရေးဆိုင်ရာအရေးယူမှု အက်ဥပဒေကိုတော့ေ
နာက်ထပ်တစ်နှစ် ဆက်လက်ထားရှိကြောင်း
လည်း နိုင်ငံခြားရေးဌာနအရာရှိကပြောပါတ
ယ်။ အဲဒီဥပဒေအရ အမေရိကန်ကုမ္ပဏီတွေဟ
ာ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို
ဆန့်ကျင်ဖိနှိပ်ခဲ့မှုမှာ ပါဝင်ပတ်သက်ခဲ့သူအဖြ
စ် အမေရိကန်အစိုးရက သတ်မှတ်ထားသူတေ
ွနဲ့ စီးပွားရေးအရ ဆက်သွယ်လုပ်ကိုင်ခွင့်မရှိပါ
ဘူး။

From RFA
http://maruthura.blogspot.com

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post