ဥက္ကံမြို့သတင်း

ဥက္ကံမြို့သတင်း

ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့မှာ မနေ့ညက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ လူ ၁၈ ဦးကို ဖမ်းဆီးထားတယ်လို့ ဥက္ကံရဲစခန်းက ပြောပါတယ်။

ပဋိပက္ခကြောင့် ၁ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရှိပြီး ၂ ဦးက စိုးရိမ်ရကြောင်း ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပဋိပက္ခဖြစ်စဉ်မှာ လှုံ့ဆော်သူတွေလို့ ယူဆရတဲ့ ၁၈ ဦးကို စစ်ဆေးနေပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ ပတ်သက်လို့တော့ မသိရသေးဘဲ အခြေအနေကိုတော့ ထိန်းသိမ်းနိုင်ပြီလို့ ဥက္ကံရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

မနေ့ညက ဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် ကျေးရွာ ၃ ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အိမ်ခြေ ၇၈ အိမ် မီးလောင် ပျက်စီးခဲ့တယ်လို့ ဥက္ကံမြို့ ဈေးအနီးမှာ နေသူတဦးက ပြောပါတယ်။

ဥက္ကံမြို့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အခက်အခဲဖြစ်နေတဲ့ ဒုက္ခသည်တွေဟာ လတ်တလော နေရာအတည်တကျ မရှိသေးဘဲ ကြုံသလို နေနေကြရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဖွဲ့အစည်းတချို့က ဆန်နဲ့ ရိက္ခာတွေ ဝေပေးနေတယ်လို့ မြို့ခံက ပြောပါတယ်။

DVB News
---------------------------------------
Thit Htoo Lwin blog 

SHARE THIS
Previous Post
Next Post