တာချီလိတ်မြို့တွင်ဆံပင်ညှပ်ပေးနေသူအား သေနတ်သမားတစ်ဦးမှ ပစ်ခတ်သွားရာ ပွဲချင်းပြီးသေဆုံး


ယနေ့ ည(၇)နာရီခန့်က တာချီလိတ်မြို့ ဆန်ဆို
င်း(က)ရပ်ကွက်အတွင်း (အများအခေါ် ပုံလို့လ
မ်းဆုံဟုလည်းခေါ်သည်) ဆန်ဆိုင်းလမ်းဆုံ ငုဝ
ါ ကားရေဆေးခုံ မျက်စောင်းထိုးရှိ ဆံသဆိုင်
တွင် အမည်မသိသူ လူတစ်ဦးမှ ဆိုင်အတွင်းသို့
ဝင်ရောက်လာပြီး ဆံပင်ညှပ်ပေးနေသူအားေ
သနတ်ဖြင့်(၃) ချက် ပစ်သွားရာ ဆံပင်ညှပ်ပေး
နေသူမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံး
သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အသက်(၃၂)အရွယ်ရှိ စိုင်းလုံးရှဲ
န်သည် ၎င်း၏ ဆိုင်သို့ လာရောက်ဆံပင်ညှပ်လို
သူအား ညှပ်ပေးနေစဉ်အတွင်း အမည်မသိ အ
မျိုးသားတစ်ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလ
ာပြီး သေနတ်ဖြင့် အနားကပ်၍ (၃)ချက်ပစ်ခ
တ်ကာ ဆိုင်ကယ်ဖြင့်ပင် မောင်းပြေး သွားခဲ့ပြီ
းနောက်
စိုင်းလုံးရှဲန်သည် ဦးခေါင်းအနောက်ဖက်နှင့် န
ားထင်အထက် အပြင် ကျောဘက်တို့တွင်လည်း
သေနတ်မှန်၍ ညှပ်လက်စ ကတ်ကြေးကိုင်
လျှက်ဖြင့် မှောက်လျှက်သား ပွဲချင်းပြီးသေဆုံး
နေ သည်ကို တွေ့ရှိရသည်။
သေဆုံးသူ၏ အကြောင်းအရာနှင့်ပတ်သက်၍
၎င်း၏ အနီးအနားဝန်း ကျင်၏ ပြောဆိုချက်အရ
"ဆိုင်ဖွင့်တာ နှစ်လလောက်ပဲ ကြာသေးတယ်၊
ဒါတောင် သင်္ကြန်အတွင်း ဆိုင်ပိတ်ပြီး ကျိုင်းတုံ
ဘက်ကို ဘုန်းကြီးသွားဝတ်နေတာ၊
သူသွားဝတ်တဲ့ နေရာကလည်း ကျိုင်းတုံမြို့ထဲမှ
ာမဟုတ်ဘူး၊ တောထဲ မှာလို့လည်းပြောတယ်၊
ဘုန်းကြီးထွက်ပြီး ဒီကို ပြန်ရောက်တာ မကြာ
သေးဘူး၊ ရက်ပိုင်းပဲ ရှိသေးတာ၊ ဆိုင်ကိုတော့
မနေ့ကမှ ဖွင့်တယ်၊ ဒီနေ့ လုပ်ကြံခံရတယ်ဆိုေ
တာ့ စဉ်းစားစရာပဲ"ဟု သိရသည်။
အခုလို သေဆုံးသွားတာနဲ့ပတ်သက်၍"သူ့မှာ န
က်နက်ရှိုင်းရှိုင်း အကြောင်းအရာတွေ ရှိမယ်လို
့ထင်တယ်ဗျ၊ တာချီလိတ်မှာ က တော်ရုံကိစ္စေ
တွဆိုရင် သေနတ်နဲ့ဖြေရှင်းတယ်ဆိုတာ မကြ
ားဖူးဘူး၊
ခုက လူငယ်ဆိုတော့ လူငယ်ကိစ္စလား အခြား
ကိစ္စလား ဆိုတာကိုတော့ စဉ်းစားစရာပဲဗျ၊ ဘာ
ပဲဖြစ်ဖြစ် မြို့လယ်ခေါင်မှာ ဒီလိုဖြစ်သွားတယ­
်ဆိုတော့ ကိုယ့်ကိုကိုယ် မလုံခြုံတော့သလိုခံစား
လိုက်ရတယ်"ဟု အခင်းဖြစ်ရာနေရာ သို့ လာေ
ရာက်ကြည့်ရှု့သူ အမျိုးသားတစ်ဦးမှလည်း ပြေ
ာကြားသွားသည်။
လာရောက်ပစ်ခတ်သူအား ရုတ်တရက် မြင်ေ
တွ့လိုက်ရသူတစ်ဦးမှလည်း " ဆိုင်ထဲမှာ သေန
တ်သံ သုံးချက်ကြားရတော့ ကျွန်တော်တို့ ထင်
တာက ကလေးတွေ ဗျောက်ဖောက်နေကြတ
ယ်လို့ ထင်တာ၊ သွားကြည့်လိုက်တော့ ဆံပင်ညှ
ပ်ဆရာ သေနေတာကို တွေ့လိုက်ရတယ်၊
သွားမကြည့်ခင် အသံကြားကြားချင်း ဆိုင်ပြင်
ကို ထွက်ကြည့်လိုက်တာ ဆံပင်ညှပ်ဆိုင်ထဲကေ
န ဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက် အေး
အေးဆေးဆေး ထွက်လာပြီး ကျွန်တော်တို့ဘ
က်ကို တစ်ချက်ကြည့်သွားပြီး ဆိုင်ကယ်နဲ့ မော
င်းထွက်သွားတာ ကိုတွေ့လိုက်ရတယ်၊ အဲ့ဒီလူ
ပုံစံအတိုင်းပဲ ဒီရက်ပိုင်းက ဒီနေရာကို ဝှေ့ လ
ည် ဝှေ့လည် လုပ်နေတာကိုတော့ သတိထားမိ
တယ်"ဟု ပြောကြား လာသည်။
ဆံပင်ညှပ်ခံနေသူမှာ အနီးအနား၏ ပြောဆိုချ
က် အရ ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ေ
ပြးသွားခဲ့သည်ဟုလည်း သိရသည်။
See More Photo & News Click Here
http://www.tachileik.net/2013/05/­
santa.html
Posted From Tachileik Online News

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post