မင်းပြား ၊ ဆင်ကြီးပြင်ရွာတွင် ဘင်္ဂလီတစ်ချို့ မိမိနေအိမ်ကို မီးရှို့ ပြီး ကယ်ဆယ်ရေးရယူရန် ကြိုးပမ်း


(၅-၅-၂၀၁၃ လေးမြို့ ညနေခင်းသတင်း)

---------------------------
ယနေ့ (၅၊၅၊၂၀၁၃)နေ့ ၊ ညနေ (၄း၃၀)အချိန်တွင် ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ် ၊ ဆင်ကြီးပြင် (ဘင်္ဂလီ)ကျေးရွာ၌ ဘင်္ဂလီတစ်ချို့ 
ကယ်ဆယ်ရေးရယူလိုမှုကြောင့်
နေအိမ်များကို မီးရှို့ ပြီး အကြမ်းဖက်ခဲ့ကြောင်း သိရသည်။

ညနေ(၅း၀၀)နာရီခန့် လောက်ထိ
ု မီးခိုးများဆက်လက်ထွက်ပေါ်နေမှု
ကြောင့် မင်းပြားမြို့ ၊ မီးသတ်တပ်ဖွဲ့ က လိုက်လံမီးသတ်နေကြောင်း သိရသည်။

ဖြစ်စဉ်အား မီးသတ်တပ်ဖွဲ့ မှ အတိအကျထုတ်ပြန်မှုမရှိသေးသော်လည်း ဆင်ကြီးပြင်မှ ရွာသားတစ်ဦးအား လေးမြို့ ကဖုန်းဆက်မေးမြန်းရာ မီးလောင်မှုသည် ဘင်္ဂလီတို့ ကိုယ်တိုင်ရှို့ မီးများပင်ဖြစ်ကြောင်း
ထိုရွာမှ ကိုမောင်အေးက လေးမြို့ သို့ ပြောသည်။

ယခုအခါ မီးလောင်မှုမှာ မီးသတ်တပ်ဖွဲ့ နှင့် မိုးရွှာသန်းမှုကြောင့် ရပ်တန့် သွားပြီဟု သိရသော်လည်း
ပျက်စီးဆုံးရှုံးမှုစာရင်းကို မသိရသေးကြောင်း ကိုမောင်အေးက
ဆက်ပြောခဲ့ပြီး ထိုကဲ့သို့ မိမိနေအိမ်ကို  မီးရှို့ ပြီးကယ်ဆယ်ရေးတောင်းခံခြင်းသည်
ဘင်္ဂလီတို့ ၏ဆူပူအကြမ်းဖက်မှုတစ်မျိုးပင်ဖြစ်
ပြီး OIC ၏ ကယ်ဆယ်ရေးမက်လုံးကြောင့် ရခိုင်
ပြည်၏ အေးချမ်းတည်ငြိမ်မှုကို ပျက်ပြားအောင် လုပ်နေကြခြင်းဖြစ်
သည်ဟု ကိုမောင်အေးက လေးမြို့ သို့ ဆက်လက်ပြောကြားခဲ့ပါသည်။

မီးလောင်ပျက်စီးမှုအပြည့်အစုံကို
ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မာရုသူရ
လေးမြို့ သတင်းမီဒီယာ
http://maruthura.blogspot.com

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post