ကွမ်ပနီကို ပေါင်(၂၆)သန်း ဈေးပေးခေါ်ယူရန်မိုနာကို ဆန္ဒရှိနေ


မိုနာကို အသင်းသည် မန်ချက်စတာ စီးတီး အ
သင်းခေါင်းဆောင် ဗင်းဆင့် ကွမ်ပနီကို ပေါင်
စတာလင် (၂၆)သန်းဖြင့် ဝယ်ယူရန် စီစဉ်နေေ
ကြာင်း သိရှိရသည်။
အသင်းကို ငွေကုန်ကြေးကြ အလုံးအရင်း အ
သုံးပြု တည်ဆောက်ရန် စီစဉ်နေသည့် ပြင်သစ်
တန်းတက် ကလပ်အသင်းသည် အက်သလက်
တီကို မက်ဒရစ် တိုက်စစ်မှူး ရာဒါမယ် ဖယ်လ်
ကာအိုကို ချိတ်ဆက်နေပြီး ယခုတစ်ဖန် ဘယ်
လ်ဂျီယံ လက်ရွေးစင် ဗဟိုခံစစ်မှူးထံ ဦးလှည့်
လာခြင်း ဖြစ်သည်။ မန်စီးတီး အနေဖြင့် အစ်
တီဟတ်မှ ကွမ်ပနီ ထွက်ခွာ မသွားနိုင်ရေးအ
တွက် ကြံ့ကြံ့ခံ ကြိုးပမ်းရဖွယ် ရှိနေသည်။ ကွမ်
ပနီ အနေဖြင့် မန်နေဂျာ ရောဘတ်တို မန်စီနီ
ရာထူးမှ ထုတ်ပယ် ခံရသည့်နောက် အသင်း၏
ရှေ့အလားအလာကို စောင့်ကြည့်နေဆဲ ဖြစ်သ
ည်။
မိုနာကိုသည် လာမည့်ရာသီ ပြင်သစ် လီဂူးဝမ်း
တွင် အားကောင်းမောင်းသန် ယှဉ်ပြိုင်ရန်အ
တွက် အသင်းအင်အားကို အလုံးအရင်း တည်ေ
ဆာက်နေပြီး ပေါ်တိုမှ တောင်ပံတိုက်စစ်သမာ
း ဂျိမ်းစ်ရိုဒရီဂွတ်ဇ်နှင့် ကွင်းလယ်လူ ဂျိုအို မော်
တင်ဟိုတို့ကိုလည်း ချိတ်ဆက်နေဆဲ ဖြစ်သည်။
မိုနာကိုအသင်း လက်ထောက်နည်းပြ ဂျင်းပီတ
စ်က မိမိတို့ အနေဖြင့် ဖယ်လ်ကာအိုအပြင် အ
ရည်အသွေး အမြင့်မားဆုံး ကစားသမား နော
က်ထပ် သုံးလေးဦး ထပ်မံ ဝယ်ယူမည်ဖြစ်ကြေ
ာင်း ယခင်ကတည်းက အတည်ပြု ပြောဆိုထား
သည်။
မိုနာကိုသည် ရုရှား ဘီလျံနာ သူဌေးကြီး ဒီမီထ
ရီ ရိုင်ဘိုလိုလက်ဗ်၏ ကျောထောက်နောက်ခံ ဓ
နအင်အားဖြင့် ကစားသမားသစ်များ ဖြည့်တင်
း ဝယ်ယူနေခြင်း ဖြစ်သည်။ ၎င်းသည် Forbes
မဂ္ဂဇင်း၏ လေ့လာမှု စာရင်းအရ ကမ္ဘာ့အချမ်း
သာဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် အဆင့်(၁၉၉)၌
ရပ်တည်လျှက်ရှိသည်။
Ref: Daily Mail

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post