အင်္ဂလိပ်စာကို တတိယတန်းက စသင်ကြားရမည်


Monday, May 7, 2013
အင်္ဂလိပ်စာဘာသာရပ်အား အခြေခံပညာတတိယတန်းမှပင် စတင်သင်ကြားပေးတော့မည်
ဖြစ် ကြောင်း သိရသည်။
ယင်းသို့သင်ကြားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိနေပြီဖြစ်သော်
လည်း မည်သည့်ပညာသင်နှစ်တွင်စတင်
သင်ကြားမည်ကို မပြောနိုင်သေးကြောင်း ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
"အေ၊ ဘီ၊ စီကစပြီး အင်္ဂလိပ်စာဘာသာရပ်ကို
တတိယတန်းကပဲ စာသင်ရတော့မှာ ဖြစ်ပါတ
ယ်။ မူကြိုတန်း၊ ပထမ၊ ဒုတိယတန်းတို့မှာတော့
သက်ဆိုင်ရာတိုင်းရင်းသားဘာသာစာပေ ဥပ
မာ-မြန်မာ ဆိုရင် မြန်မာစာ၊ ရှမ်းဆိုရင် ရှမ်းစ
ာ၊ ရခိုင်ဆိုရင် ရခိုင်စာဆိုပြီး ကိုယ့်ဘာသာစာေ
ပကို သင်ကြရမှာ ဖြစ်ပါတယ်" ဟု အဆိုပါတာ
ဝန်ရှိသူက ထပ်မံပြောသည်။
အင်္ဂလိပ်စာကို တတိယတန်းတွင်မှ စတင်သင်ြ
ကားစေခြင်းသည် ပညာရေးပြုပြင်ပြောင်းလဲ
မှုများမှ တစ်ခုဖြစ်ပြီး အခြေခံပညာမူလတန်းေ
အာက်အဆင့်တွင် မိခင်ဘာသာစာပေကို တစ်ြ
ပိုင်နက်သင်ကြား နေခြင်းသည် ကလေးများအ
တွက် အခက်အခဲဖြစ်စေနိုင်သောကြောင့် ယခု
ကဲ့သို့ပြောင်းလဲ သင်ကြား စေခြင်းဖြစ်နိုင်သ
ည်ဟု အမှတ် (၃) အခြေခံပညာဦးစီဌာနမှ တာ
ဝန်ရှိသူတစ်ဦးက ယင်း၏ယူဆချက် ကို ပြော
သည်။
ယင်းနှင့်ပတ်သက်၍ အမျိုးသားပညာရေးဖောင်
ဒေးရှင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါ်မြမြစန်းက "အဂ
င်္လိပ်စာ ကို အခြေခံပညာ မူလတန်း (သူငယ်တ
န်း) ကတည်းက စသင်သင့်တယ်။ အင်္ဂလိပ်စာ
ကို အထင်ကြီး လို့တော့မဟုတ်ဘူး။ လူရာဝင်ေ
အာင်လို့၊ နိုင်ငံတကာသုံးအင်္ဂလိပ်စာကို ငယ်င
ယ်ကတည်းကသင်မှ ကျွန်မတို့ရဲ့ ကလေးတွေ
သူများထက် နောက်မကျမှာ" ဟုပြောသည်။
ယခုလက်ရှိတွင် အင်္ဂလိပ်စာဘာသာရပ်၏ သင်
ရိုးများကိုပြောင်းလဲရေးဆွဲနေပြီဖြစ်ကြောင်း၊
အင်္ဂလိပ် စာကို တတိယတန်းမှစ၍ သင်ကြားရ
သော်လည်း ယင်းအတန်းရှိကလေးများ၏ သင်
ယူနိုင်မှုစွမ်းရည် ပေါ်မူတည်၍လည်းကောင်း၊
ဆက်လက်သင်ကြားသွားမည့် အတန်းများအ
တွက်ပါ ကိုက်ညီသော သင်ရိုးများကို ပြောင်း
လဲရေးဆွဲသွားမည်ဖြစ်သည်။
The Yangon Time Daily

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post