ဗဟန်းမြို့နယ် ဈေးကြီး အရှေ့ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝတွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ဈေးကြီး အရှေ့ရပ်ကွက် မဟာစည် သာသနာ့ ရိပ်သာလမ်း အမှတ် ၄၅ (ဗ)ရှိ ဒေါ်ဆင့်ဆင့် အောင်ပိုင် နှစ်ထပ်တိုက် အဆောက်အအုံ အပေါ်ထပ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှု ဖြစ်ပွားရာသို့ ရန်ကုန် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးကြည်ဝင်း၊ မီးသတ် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူရ ဦးဆောင်သည့် မီးသတ်ယာဉ် ၂၂စီး၊ ကွပ်ကဲမှုယာဉ် လေးစီး တို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ကြရာ အခြား ဘေးအိမ် များသို့ ကူးစက်မှုမရှိဘဲ မွန်းလွဲ ၁ နာရီ ၁ဝ မိနစ်ခန့်တွင် မီးညွန့် ကျိုးသွားခဲ့သည်။

မီးလောင်မှုကြောင့် လူထိခိုက်မှု မရှိဘဲ အဆောက်အအုံ အပေါ်ထပ်ရှိ အခန်းသုံးခန်း မီးလောင်ကျွမ်းပြီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ၂၇ သိန်းခန့်ဖြစ်ကြောင်း တာမွေမြို့ မီးသတ် ဦးစီးမှူး ရဲသူရိန် ဌေးဝင်း ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ မီးလောင်မှုကို ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

http://bit.ly/12uSH1q

SHARE THIS
Previous Post
Next Post