အမေရိကန်၏ MV-22 Ospreys ဒုတိယမြောက် လေယာဉ် တပ်ရင်းအား အိုကီနာဝါ ကျွန်းတွင် တပ်ဖြန့် ချသွားမည်

ဂျပန်နိုင်ငံတွင် လေယာဉ်များ၏ လုံခြုံ စိတ်ချရမှုနှင့် စပ်လျဉ်း၍ စိုးရိမ် ပူပန်မှုများ နှင့် ဆန္ဒပြမှုများ ဖြစ်ပွား နေသော်လည်း
ယခုနှစ် နွေရာသီတွင် အမေရိကန် ပြည်ထောင်စု၏ MV-22 Ospreys လေယာဉ် ၁၂ စင်း ပါဝင်သည့် ဒုတိယမြောက် လေယာဉ်တပ်ရင်းကို အိုကီ နာဝါကျွန်း၌ တပ်ဖြန့် ချသွားမည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချက်ဟာဂယ်လ်က ဧပြီ ၂၉ ရက် တွင် ပြောကြားခဲ့သည်။

ဂျပန် ကာကွယ်ရေး ဝန်ကြီး အစ်ဆူနိုရီ အိုနိုဒီရာနှင့် ပင်တဂွန် စစ်ဌာနချုပ်တို့ ပူးတွဲ ပြုလုပ်သော သတင်းစာ ရှင်းပွဲတွင် ဟာဂယ်လ်က ယခုကဲ့သို့ ထုတ်ဖော် ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ Osprey လေယာဉ် သည် လေယာဉ် တစ်စင်းကဲ့သို့ ပျံသန်းနိုင်ပြီး ရဟတ်ယာဉ် ကဲ့သို့ ဆင်းသက် ထွက်ခွာနိုင်ကြောင်းနှင့် ၎င်းတို့ သည် အမှတ် (၂၆၂) Marine Medi-um Helicopter တပ်ရင်းမှ ရောက်ရှိ လာမှာ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဟာဂယ်လ်နှင့် အိုနိုဒီရာတို့ သည် အရှေ့တရုတ် ပင်လယ်အတွင်း တင်းမာမှုများနှင့် မြောက်ကိုရီးယား နိုင်ငံ၏ ဒေသတွင်း မတည်မငြိမ်ဖြစ်စေသော အပြုမူများနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ ကြပြီး ရေဒါစနစ်ကို ခြေရာ ခံနိုင်သော ဒုတိယမြောက် TPY-2 ပဲ့ထိန်းဒုံးကျည် အား ဂျပန်နိုင်ငံ အတွင်း တပ်ဖြန့် ချထားရန် အစီအစဉ်နှင့် စပ်လျဉ်း၍လည်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
မြ၀တီ

http://bit.ly/ZADK0O

SHARE THIS
Previous Post
Next Post