နိုင်ငံပိုင် သတင်းစာတွေရဲ့ ရေးသားဖော်ပြချက် လွှတ်တော်ဝေဖန်

ပြည်ထောင်စုလွှတ်တော်နဲ့နိုင်ငံတော်သမ္မတတို့
အကြား ပေးပို့တဲ့သဝဏ်လွှာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ မသိရှိရသေးဘဲ
နိုင်ငံပိုင်သတင်းစာတွေမှာ ဖေါ်ပြတာဟာ ပြည်သူတွေ လွှတ်တော်အပေါ် အထင်လွဲအောင် လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဌ ဦးနန္ဒကျော်စွာက ဒီနေ့ လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဌ ဦးနန္ဒကျော်စွာက သမ္မတက လွှတ်တော်ထံပေးပို့တဲ့ ဥပဒေနှစ်ရပ်ကိစ္စနဲ့ ပတ်သက်ပြီး တင်သွင်းစဉ် အခုလို ထည့်သွင်းပြောခဲ့တာပါ။
“၅.၈.၂ဝ၁၃ ရက်နေ့ နေ့စွဲဖြင့်ပေးပို့လာတဲ့ သဝဏ်လွှာနဲ့ ၇.၈.၂ဝ၁၃ ရက်နေ့ နေ့စွဲဖြင့်ပေးပို့လာတဲ့ သဝဏ်လွှာများကို ပူးတွဲဖော်ပြသော သတင်းထုတ်ပြန်ချက်များသည် နိုင်ငံတော်သမ္မတက လိုက်နာရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၁ဝ၅၊ ၁ဝ၆ ပါ ပြဌာန်းချက်အတွက် အကျုံးမဝင်သည့်အပြင် ဥပဒေအရသော်လည်းကောင်း၊ ဥပဒေပြုလုပ်ငန်းဆိုင်ရာကျင့်ဝတ်ဖြင့်သော်လည်းကောင်း လျော်ကန်သင့်မြတ်မှုမရှိပါဟု သုံးသပ်ရရှိပါသည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားသော အခွင့်အရေး၊လုပ်ပိုင်ခွင့်များကို ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းမရှိသည့်အခါ အထင်အမြင်လွှဲမှားမှုများ၊ မလိုလားအပ်သောြ
ပဿနာများမှတဆင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ထိခိုက်ဆုံးရှူံးနစ်နာမှုများ ရှိလာနိုင်ပါတယ်”
ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ၂ဝ၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းနှစ်ရပ်ကို သမ္မတက အခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ပြည်ထောင်စုလွှတ်တော်ထံ သုံးသပ်ချက်နဲ
့ ပြန်လည်ပေးပို့ခဲ့တာပါ။

အုပ်ချုပ်ရေးပိုင်းက ဥပဒေတစ်ရပ်ရပ်ကို ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်လိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သက်ဆိုင်တဲ့ ဥပဒေ၊ နည်းဥပဒေတွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ တာဝန်ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

RFA

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post