လီဗာပူးလ် အသင်းသည် လစ်လပ်နေသည့် နောက်ခံလူ တစ်နေရာ အတွက် ဗလင်စီယာ အသင်းဧ။် ပြင်သစ်လက်ေ၇ွးစင်နောက်ခံလူ အေလိုင် ဆစ်ဆိုခို
( Aly Cissokho ) အားတစ်ရာသီ အငှါး စာချုပ် တစ်ရပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီ
ဖြစ်ကြောင်း သိရသည်။
အသက် ၂၅ နစ် အရွယ် ရှိပြီ ဖြစ်သည့် ပြင်သစ် နောက်ခံလူသည် ဒီအပတ် အစောပိုင်းမှ ကြိုးကြာနီ များနှင့် ဆေးစစ်မှု အောင်မြင်ခဲ့ပြီး အသင်းနင့် အတူ လေ့ကျင့်ခန်း စတင် ဆင်းနေပြီ ဖြစ်ကြောင်းသိရသည်။ အဂ်လန်ရဲ့ ဥရောပ အအောင်မြင်ဆုံး အသင်းကြီး ဖြစ်သည့် အန်ဖီးလ် ကလပ်နှင့် စာချုပ်ချုပ်နိုင်ခဲ့ သဖြင့်ပျော်၇ွှင်ကျေနပ်နေသည့် ဆစ်ဆိုခိုက လီဗာပူးလ် ကလပ်ဝက်ဘ်
ဆိုဒ် သို့  ပြောကြားခဲ့ရာတွင် " တစ်နေ့  နေ့ မှာ ဒီလိုဒဏ္ဍာရီ ဆန်လွန်းတဲ့ တကယ့် အသင်းကြီး တစ်သင်းမှာ ကစားခွင့် ရဖို့ ဆိုတာ ကျနော် အမြဲတမ်း မက် နေတဲ့ အိပ်မက်တစ်ခုပါ။ ခုတော့ တကယ့် ကြီးကျယ် ခန်းနားလွန်း တဲ့ အ
သင်းကြီး တစ်သင်း မှာ ကစားခွင့် ရတော့မှာဖြစ်ပြီး ထိပ်ဆုံး နေရာ တွေ အတွက် တိုက်ပွဲ ၀င်ရမယ့် အခွင့်အရေး နင့် လီဗာပူးလ် အသင်း လို ဖန်တစီ ဆန်လွန်း တဲ့ အသင်းအတွက် ကစားခွင့် ကို ကံကောင်းစွာ ရ၇ှိခဲ့ပါပြီ
" ဟု ကျေနပ် အားရစွာ ဖြင့် ပြောကြား သွား ခဲ့ကြောင်း သိရသည်။
http://football-cafe.com/index.php
