23 AUGUST 2013
ကမ္ဘာ့ရွှေဈေး ကျဆင်းနိုင်ခြေ ရှိသောကြောင့် ပြည်တွင်း ရွှေဈေးပါ လိုက်ပါ ကျဆင်းနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
“ပြည်တွင်း ရွှေဈေးက ပြန်အေးနိုင်တဲ့ အခြေအနေမှာ ရှိတယ်။ နောက်ပြီး ပြည်တွင်း အခေါက်ရွှေတစ်ကျပ်သားကို ခုနစ်သိန်းဝန်းကျင်လောက်မှာပဲ ရှိလောက်တယ်။ နောက်ပြီး ကမ္ဘာ့ဈေးက ၁၃၃၀ ဒေါ်လာ ဝန်းကျင်လောက်ထိ ကျသွားလောက်တယ်” ဟု ၎င်းကဆိုသည်။ ရွှေဈေးဆက်တိုက်တက်နေသည့် အတွက် ပြန်ကျနိုင်ခြင်း ဖြစ်ကြောင်း တိတ်စိန်ရွှေဆိုင် လုပ်ငန်းရှင် ဦးဇော်အောင်က ပြောဆိုသည်။ ယခု တစ်ပတ်အတွင်း ရွှေဈေး ကျဆင်းနိုင်
ခြေရှိသောကြောင့် ဈေးကွက် အတွင်း အရောင်းအဝယ် ပါးနေကြောင်း ရွှေလုပ်ငန်းရှင် များက ပြောကြားသည်။
သြဂုတ်လ၂၁ ရက်နေ့က ပြည်တွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၇၀၅,၇၀၀၊ ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၆၁ ဒေါ်လာ ဖြစ်ကြောင်း ရွှေဘုံသာလမ်းရွှေဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။
Voice
