မြန်မာ့အသက်ကြီးဆုံး ပန်းချီဆရာအား ပန်းပုထု၍ ဂုဏ်ပြု

မြန်မာ့အသက်ကြီးဆုံး ပန်းချီဆရာအား ပန်းပုထု၍ ဂုဏ်ပြု

Sunday, March 31, 2013

ယနေ့နံနက်မှ စတင်ကာ တံကောင်းခန်းမ၌ လက်ရှိပန်းချီများ ရေးဆွဲလျက်
ရှိသော အသက်ကြီးဆုံး ပန်းချီဆရာဖြစ်ပြီး လွတ်လပ်ရေးမော်ကွန်းဝင်၊ BDA တပ်မတော်သား တစ်ဦးဖြစ်သည့် ဦးစန်းလှိုင်အား ပန်းပုပညာရှင် ကျော်ကျော်
မင်းက ပန်းပုထုလုပ်ဂုဏ်ပြု၍ ပန်းချီရွှေမြင့်က ပန်းချီရေးဆွဲဂုဏ်ပြုကြကြောင်း
တကောင်းခန်းမ တာဝန်ခံ ကိုအောင်သန့်ဖြူက ပြောကြားသည်။

“အသက်အရွယ်ကြီးလာတဲ့ သမိုင်းတွင်မဲ့အနုပညာရှင်ကြီးတွေရဲ့စိတ်ကို
ပြန်လည်ဂုဏ်ပြုမြှင့်တင်ပေးတာပါ။ အရင်လည်းအခြားပန်းချီဆရာကြီးတွေ
ကိုပုံတူထုလုပ် ဂုဏ်ပြုခဲ့ပြီးပါပြီ။ နောက်ထပ်လေးစား ဂုဏ်ပြုထိုက်သူတွေ
ကို ဆက်လက်ပြီး လုပ်ပေးသွားဦးမှာပါ။”ဟု ၎င်းပန်းပုထုလုပ် ဂုဏ်ပြုရပုံနှင့် ပတ်သက်၍ ပွဲစီစဉ်သူ ပန်းပုပညာရှင် ကျော်ကျော်မင်းက ပြောကြားသည်။

ပန်းချီဆရာ ရွှေမြင့်ကလည်း ၎င်းအနေဖြင့် ယခုကဲ့သို့ သမိုင်းတွင်ကျန်ရစ်စေမည့် ပုဂ္ဂိုလ်များ၏ ပုံတူများကို လိုက်လံ ရေးဆွဲရသည်မှာ များစွာ ဂုဏ်ယူမိကြောင်း
ပြောကြားသည်။

ပန်းချီဆရာကြီး ဦးစန်းလှိုင်၏ မြေးဖြစ်သူ မသီရိကို က “ ကျွန်မတို့မှာ အခုလို အဘိုးရှိတာကို အရမ်းဂုဏ်ယူပါတယ်။ ဒါပေမဲ့ အဘိုးရဲ့ အမွေကိုဆက်ခံမယ့် မျိုးဆက်မရှိတာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။ အဘိုးကတော့ခုအချိန်ထိ
အသက်ကိုးဆယ်ကျော်နေပေမယ့် မျက်မှန်မတပ်ဘဲ ပန်းချီဆွဲနေသေးတယ်။
ကျွန်မတို့ကိုလည်း ငယ်ငယ်က သင်ပေးခဲ့ပေမယ့် မတတ်မြောက်ခဲ့ကြပါဘူး” ဟု ပြောကြားသည်။

ပန်းချီဆရာကြီး ဦးစန်းလှိုင်က ပြောရာတွင် ၎င်းသည် ငယ်စဉ်ကတည်း
ကပင် ခေတ်ကိုထင်ဟတ်စေသော ပန်းချီများကို သမိုင်းအမွေအဖြစ် ရေး
ဆွဲခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ရေးဆွဲနေသေးကြောင်း၊ ထိုကဲ့သို့ ပန်းချီ
ဆွဲသော လက်နှင့်ပင် စစ်တိုက်ခဲ့ရကြောင်းကိုလည်း ပြောကြားသည်။

အောင်သိုက်
The Myanma Age
http://themyanmaage.com/

http://themyanmaage.com
ဧပြီလမှစ ကျပ်ငွေ၂သောင်း ၀န်ထမ်းလစာတိုးမည်ဟု သမ္မတ ဦးသိန်းစိန်က  ထည့်သွင်းပြောကြား

ဧပြီလမှစ ကျပ်ငွေ၂သောင်း ၀န်ထမ်းလစာတိုးမည်ဟု သမ္မတ ဦးသိန်းစိန်က ထည့်သွင်းပြောကြား

ဒုတိယ အချက်အနေနဲ့ ၀န်ထမ်းများရဲ့ လစာနဲ့ ထောက်ပံ့ကြေး ကိစ္စဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေ ရငွေ သုံးဆွဲရသည့် ဘတ်ဂျတ်ပေါ်မှာ တွက်ချက်ပြီး အခါအားလျော်စွာ တိုးမြင့်ထောက်ပံ့ ပေးသွားမှာ ဖြစ်ကြောင်း ကျွန်တော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ယခု ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ် ခန့်မှန်းခြေ ရငွေ သုံးငွေ စာရင်းမှာ ၀န်ထမ်းများအတွက် လစာနှင့် ပင်စင် တိုးမြှင့်ပေးနိုင်ဖို့ တွက်ချက်ပြီး ကျပ်ငွေ (၃၈၅) ဘီလီယံ ထည့်သွင်း ပြီး လွှတ်တော်ကို တင်ပြ တောင်းခံခဲ့ပါတယ်။ ပြည်ထော်စုလွှတ်တော်ကလည်း ၀န်ထမ်းများရဲ့ အခက်အခဲ ကို စာနာပြီး ဒါကြောင့် ယခင်ထောက်ပံ့ပေးထားခဲ့တဲ့ ကျပ်ငွေ သုံးသောင်းကို ယခင်အတိုင်းထောက်ပံ့ ကြေးငွေ အဖြစ်ဆက်လက်သတ်မှတ်ပြီး ယခု ကျပ်ငွေ နှစ်သောင်းကို လစာငွေအဖြစ်ဧပြီလ မှ စပြီး ထပ်မံ၍ တိုးပေးသွားမှာ ဖြစ်ပါတယ်။
လေလံတင် ရောင်းချ ပွဲနှင့် ဆေးဝါးများ မီးရှို့ဖျက်ဆီး

လေလံတင် ရောင်းချ ပွဲနှင့် ဆေးဝါးများ မီးရှို့ဖျက်ဆီး

မွန်ပြည်နယ် မော်လမြိုင်မြို့ စစ်ကဲကုန်း ရပ်ကွက် ကမ်းနား လမ်းရှိ မြို့နယ် အကောက်ခွန် ဦးစီး ဌာနရုံး အစည်း အဝေး ခန်းမ၌ မတ် ၂၈ ရက် နံနက် ၁ဝ နာရီက ဈေးပြိုင် စနစ်ဖြင့် လေလံတင် ရောင်းချ ပွဲနှင့် အများ ပြည်သူ စားသုံးရန် မသင့်သည့် အစား အသောက်နှင့် ဆေးဝါးများ မီးရှို့ ဖျက်ဆီးပွဲ ကျင်းပသည်။ အခမ်း အနား သို့ ပြည်နယ် အကောက်ခွန် ဦးစီး ဌာန (ယာယီ) ပြည်နယ်မှူး လက်ထောက် ညွှန်ကြား ရေးမှူး ဦးဇော်မျိုးအောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူး မျိုးသန့်၊ မြို့နယ် အကောက်ခွန် ဦးစီး အရာရှိ ဦးဝင်းအောင်နှင့် တာဝန် ရှိသူများ တက်ရောက် ကြသည်။

အခမ်း အနားတွင် လေလံတင် ရောင်းချရေး အဖွဲ့ ဥက္ကဋ္ဌမှ အမှာ စကား ပြောကြားပြီး တက်ရောက် လာသည့် စီးပွားရေး လုပ်ငန်းရှင် များက လေလံ အုပ်စု ၁၆ စုအနက် ၁၂ စုကို ဈေးပြိုင် စနစ်ဖြင့် လေလံ အောင်မြင် ခဲ့ကြောင်း သိရ သည်။

ဆက်လက်၍ အများ ပြည်သူ စားသုံးရန် မသင့်သည့် အစား အသောက်နှင့် ဆေးဝါး စုစုပေါင်း တန်ဖိုး ငွေကျပ် ၄၈၇ ဒသမ ၈ သိန်း တန်ဖိုးရှိ ဝက် အူချောင်း ၄၈ ဖာနှင့် ဆေးဝါး မျိုးစုံ တို့ကို မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း သိရသည်။
မြ၀တီ

http://bit.ly/YLphhw
သံတွဲမြို့တွင် ရခိုင်အမျိုးသမီးတို့ ဘ၀လုံခြုံရေး ဆန္ဒဖော်ထုတ်ပွဲပြုလုပ်မည်

သံတွဲမြို့တွင် ရခိုင်အမျိုးသမီးတို့ ဘ၀လုံခြုံရေး ဆန္ဒဖော်ထုတ်ပွဲပြုလုပ်မည်

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ရခိုင်အမျိုးသမီးများ ဘ၀လုံခြုံမှုရှိစေရေးအတွက် လာမည့် ဧပြီလ(၄)ရက်နေ့တွင် ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သည့် ရခိုင်လူမှုကွန်ယက်၏ ခေါင်းဆောင်များက ဆိုသည်။အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို လူ(၂၀၀)ခန့် ဖြင့်ပြုလုပ်မည်ဖြစ်ပြီး၊ ယင်းနေ့ နံနက် (၈)နာရီမှ ၁၀ နာရီအထိ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒဖော်ထုတ်သွားမည်ဟု စီစဉ်သူများက ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲ ခွင့်ပြုချက်နှင့်ပတ်သက်၍ သံတွဲလူမှုကွန်ယက် အဖွဲ့ဝင် ဦးမြင့်မိုးက " အစပိုင်းမှာ ဧပြီ ၃ ရက်နေ့ လုပ်မယ် ဆုံးဖြတ်ထားပေမယ့် ယင်းနေ့က သံတွဲမှာ ရှင်ပြုပွဲရှိနေတော့ သက်ဆိုင်ရာနှင့် ဆွေးနွေးပြီး၊ ဧပြီ ၄ ရက်ကို ပြောင်းလိုက်ရတယ်။ ပြီးတော့မှ မတ်လ၂၉ ရက်နေ့၊ နေ့လည်ပိုင်းမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးဆီကို ကျနော်တို့ ခွင့်ပြုချက်တင်ပါတယ်။ မြို့နယ်မှူးကလည်း လက်ခံတယ်။ သက်ဆိုင်ရာက ကန့်ကွက်မယ့် လက္ခဏာကိုတော့မတွေ့ရသေးဘူးဗျ။ " ဟု ဆိုသည်။

ယခု ဆန္ဒဖော်ထုတ်ပွဲ ပေါ်ပေါက်လာရခြင်းမှာ " လွန်ခဲ့သည့် ဇန်န၀ါရီ ၂၅ ရက်နေ့ကသံတွဲမြို့နယ်၊ ဆိပ်ကြီးကျေးရွာ၌ ရခိုင်အမျိုးသမီးတစ်ဦးကို ဘင်္ဂလီမူဆလင်တစ်ဦးက မုဒိမ်းကျင့်ခဲ့သည့် အမှုအားခရိုင်တရားရုံး၏ တရားစီရင်မှု အလွန်နှောင့်နှေးကြန့်ကြာနေခြင်း" နှင့်"ဘင်္ဂလီများကျူးလွန်ထားသည့် အမှု ၁၀ ကျော်ကို စီရင်ချက်မချ သေးဘဲထားရှိခြင်း" တို့ကြောင့် ဖြစ်ရသည်ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများက ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲ၏ တောင်းဆိုချက်များမှာ ရခိုင်အမျိုးသမီးများ၏ ဘ၀လုံခြုံရေးတောင်းဆိုချက်အပြင် လက်ရှိသံတွဲတရား ရုံး၏ တရားစီရင်ရေး ကဏ္ဍနှောင့်နှေးကြန့်ကြာနေမှုအား ကန့်ကွက်ခြင်းအပါအ၀င် ရခိုင်အရေးနှင့်သက်ဆိုင်သည့် တောင်းဆိုချက် (၇) ချက်ကို တောင်းဆိုသွားမည်ဟု သိရသည်။

၂၀၁၃၊ မတ်လအတွင်း စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ တောင်ကုတ် မြို့နယ်များ၌ "ဘင်္ဂလီများအား နိုင်ငံသားစီစစ်ခြင်းမရှိဘဲ အိမ်ရာဆောက်ပေးမည့် အစီအစဉ်အပေါ်ဆန္ဒဖော်ထုတ်" ကန့်ကွက်ခဲ့ရာတွင် ခွင့်ပြုချက်မရဘဲလုပ်သည်ဟုဆိုကာ အနည်းဆုံးလူ ၉ ဦးကို အရေးယူထားကြောင်းကိုလည်း သိရသည်။

http://arakantimes.net/burmese
ရွှေလုပ်သားများထံမှ KIA ဆက်ကြေး
ကောက်နေ

ရွှေလုပ်သားများထံမှ KIA ဆက်ကြေး ကောက်နေ

မတ်လ ၃၁ ရက် ၂၀၁၃
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ရွှေလုပ်ငန်းဆောင်ရွက်နေကြသော ဒေသခံများထံမှမတ်လ(၂၉) ရက်နေ့တွင် KIA အဖွဲ့မှ ကချင်စစ်ဘေးဒုက္ခသည်
များအတွက်ဟု ခေါင်းစဉ်ပြုကာ ငွေကြေးကောက်ခံသွား ခဲ့ကြောင်း သိရသည်။

KIA တပ်မဟာ(၃)လက်အောက်ခံ
လမိုက်ယန်တိုက်နယ်မှူးနှင့် အဖွဲ့ဝင်(၅)ဦးခန့်သည် မတ်လ(၂၉) ရက်နေ့ နေ့လည်ပိုင်းတွင် ရွှေကူမြို့နယ်၊
ပလင်ကျေးရွာအနီးတစ်ဝိုက်ရှိ ရွှေလုပ်ငန်းရှင်များ
ထံသို့ ရောက်ရှိလာခဲ့ပြီး ရွှေကျင်းတစ်ကျင်းလျှင် (၁)သိန်းကျပ်နှုန်း တောင်းယူသွားခဲ့ကြောင်း
သိရသည်။

အဆိုပါ ရွှေမှော်တွင် လုပ်ကိုင်နေသာ
လုပ်ငန်းရှင်(၇)ဦးခန့်ရှိပြီး
KIA မှ စုစုပေါင်း(၇)သိန်း၊ တောင်းယူသွားခဲ့ြ
ခင်းဖြစ်သည်။ “ သူတို့လာတောင်းတာကတော့
ကချင်စစ်ဘေးဒုက္ခသည်တွေ
အတွက်လို့ ပြောသွားတာဘဲ၊ အရင်လထဲမှာလည်း အခုလိုမျိုး
လာတောင်းသွားတာတွေရှိပါတယ်။ ကျွန်တော်တို့ဆီက တောင်း
သွားတဲ့ ငွေကို သူတို့ပြောသလို သုံးစွဲမယ်ဆိုရင်တော့ ကျွန်တော်တို့ ကုသိုလ်ရတာပေါ့၊ ဒါပေမယ့် သူတို့ကိုယ်ကျိုးအတွက်ပဲ သုံးမှာပါ။
ကြောက်လို့သာပေးလိုက်ရတာ၊ စိတ်ထဲကတော့ သိနေပါတယ်” ဟု ဒေသခံ ရွှေလုပ်ငန်းတစ်ဦးထံမှ သိရပါသည်။
အစိုးရငြိမ်းချမ်းရေးအဖွဲ့များနှင့်
KIA တို့သည် ပြီးခဲ့သည့်
မတ်လ(၁၁)ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ခဲ့
ကြပါသည်။
KIA ခေါင်းဆောင်ပိုင်းများမှ
ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် လက
်အောက်ခံ KIA တပ်ရင်းများမှ
အဖွဲ့ဝင်များသည် ၎င်းတို့၏ ကိုယ်ကျိုး အတွက် ဆက်ကြေးကောက်ခံခြင်း၊ ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်ကာ ငွေကြေးဖြင့် ပြန်လည်ရွေးယူ ခိုင်းခြင်း၊ တရားမ၀င်သစ်များ၊ သတ္တုတူးဖော်ခြင်း၊
မူးယစ်ဆေးဝါးလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်နေကြ ပါသည်။

ဧပြီလ အလယ်ပိုင်းတွင် မြစ်ကြီးနားမြို့၌ KIA
ဆက်ဆံရေးရုံးတွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း မြစ်ကြီးနားမြို့ရှိ ဒေသခံများမှ
ပြောဆိုလျက်ရှိကြောင်း သိရသည်။

(ကချင်နေ့ စဉ်သတင်း)
---------------------
LAY MRO
http://laymro.co.nr

Published with Blogger-droid v2.0.10
ဂျိတ္တော အုပ်ချုပ်ရေးမှူးနှုတ်ထွက်ပေးရန် ဆန္ဒပြ

ဂျိတ္တော အုပ်ချုပ်ရေးမှူးနှုတ်ထွက်ပေးရန် ဆန္ဒပြ

(31.3.2013)
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊
ဂျိတ္တောရွာအုပ်ချုပ်ရေးမှူးမှာ ဘင်္ဂလီများဘက်မှ ရပ်တည်နေသဖြင့် အုပ်ချုပ်ရေးမှူးမှ နုတ်ထွက်ပေးရန် ရွာသားများက မတ်လ ၃၁ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြ တောင်းဆိုရာတွင် ဘင်္ဂလီ
အလိုတော်ရိအုပ်ချုပ်ရေးမှူး အလိုမရှိ၊ မော်လဝီ လူလေး နှုတ်ထွက်ပေး၊ ကျေးရွာလူထုကို ကိုယ်စားမပြုသော
အုပ်ချုပ်ရေးမှူး အလိုမရှိ၊ ကျေးရွာလူထုကို နှောင့်ယှက်နေသော အုပ်ချုပ်ရေးမှူး အလိုမရှိ၊ ရခိုင်ပြည်ကို ရခိုင်လူမျိုးလောက် မည်သူမျှ မချစ်၊ အစရှိသော ပိုစတာများကို ကိုင်ဆောင်၍ ၈နာရီခွဲကနေ ၁၀နာရီခွဲအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း လူမှုကွန်ယက်အဖွဲ့ဝင် ကိုစိန်ချစ်က
ပြောသည်။

(ဓါတ်ပုံ-ရခိုင်လူမှုကွန်ယက်) ဂျိတ္တောရွာသူ၊ ရွာသားများ လမ်းလျှောက်ဆန္ဒထုတ်ဖော် ချီတက်လာကြစဉ်

ဂျိတ္တောရွာသူ၊ ရွာသားများ
လမ်းလျှောက်ဆန္ဒထုတ်ဖော်ချီတက်လာကြစဉ်
ဂျိတ္တောကျေးရွာတွင် မတ်လ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ဘင်္ဂလီ အိမ်တစ်အိမ်နှင့် ရွာသားများ ပဋိပက္ခဖြစ်ပေါ်ခဲ့ရာ အဆိုပါ ပဋိပက္ခတွင် ဦးဆောင်ပါဝင်သူဟု ယူဆရသူများအား ကျေးရွာ
အုပ်ချုပ်ရေးမှူ၏ တိုင်းကြားချက်ဖြင့် ရဲစခန်းမှလာရောက်ဖမ်းဆီးခဲ့ခြင်းအပေါ် အုပ်ချုပ်ရေးမှူးအား နုတ်ထွက်ပေးရန် ရွာသူ၊ ရွာသား ၄၀၀ခန့်က လတ်တလော ဆန္ဒပြခဲ့ကြကြောင်း ရွာသားတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာ
ဒေါ်အမာနေအိမ်တွင် ဘင်္ဂလီအမျိုးသားနှင့် အမျိုးသမီးတစ်ဦးတို့မှာ ပတ်ဝန်းကျင်မမြင်တွင် မဖွယ်မရာနေထိုင်သဖြင့် မတ်လ ၂၉ ရက်ရက်နေ့က ရွာသားများ ခဲနှင့်ပစ်ပေါက်မောင်းထုတ်ခဲ့သဖြင့် မတ်လ
၃၀ ရက်နေ့ ညတွင် အဆိုပါဘင်္ဂလီအမျိုးသမီးမှာ ဓာတ်ဆီများဖြင့် ရောက်ရှိလာခဲ့ရာ ကျေးရွာလူထုမှာ စိုးရိမ်မှုဖြင့် တဖန် မောင်ထုတ်ခဲ့ကြောင်း သိရပါသည်။

ဂျိတ္တောကျေးရွာ ပဋိပက္ခဖြစ်ပွားရာတွင် ခေါင်းဆောင်သည်ဟု ယူဆကာ ကိုထွန်းဝင်းနှင့် အမျိုးသမီး၂ဦးကို မတ်လ ၃၀ ရက်နေ့ ည ၁နာရီခန့်တွင် သံတွဲမြို့မ ရဲစခန်းမှ လာရောက်ဖမ်းဆီးသွားခဲ့ရာ ရွာသား (၂၀၀) ခန့်မှ ဂျိတ္တောရဲစခန်း
ရှေ့တွင်စုဝေးကာ ချက်ချင်းပြန်လွှတ်ပေး ရန်တောင်းဆိုခဲ့သဖြင့် မတ်လ (၃၁) ရက်နေ့ နံနက်(၄) ကျော်ခန့် တွင် ပြန်လွှတ်ပေးခဲ့သည်။

"ဒီဖြစ်စဉ်ကလူမျိုးရေးထက် အိမ်ရှင်က ရွာသားတွေနဲ့နဂိုကတည်းကအဆင်မပြေမှုပိုများပုံရတယ်။ အိမ်ကိုသွားပြီးမေးမြန်းမှုမှာအပြန်အ
လှန်ထိခိုက်မှုအနည်းငယ်ရှိခဲ့ပေမယ့်စွပ်စွဲခံရသူတွေဟာအမှန်တကယ်ပြစ်မှုကျူးလွန်
ကြောင်း အလီဘိုင် မပြနိုင်လို့ပြန်လွှတ် ပေးလိုက်တာပါ"ဟု သံတွဲရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပြသည်။

ဒေါ်အမာမှာ သံတွဲမြို့နယ်၊ ခြံပြင်ကျေးရွာမှာ ပြောင်းရွှေ့လာကာ ဂျိတ္တောကျေးရွာတွင်လာရောက်နေထိုင်ပြီး ဘင်္ဂလီများအား လက်ခံထားသဖြင့် အဆိုပါ မျိုးသမီးအား ကျေးရွာတွင် နေထိုင်ခြင်းကို ရွာသားများက လက်မခံနိုင်ကြောင်းကို
အုပ်ချုပ်ရေးမှူးအားတိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်မှု မရှိခြင်း၊ ပဋိပက္ခဖြစ်ပေါ်ရာတွင် အုပ်ချုပ်ရေးမှူးမှ မဟုတ်မမှန် တိုင်ကြားခြင်းကြောင့် ဖမ်းဆီးခံရ၍ ရွာသားများက လတ်တလော ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်းသိရသည်။

ဂျိတ္တောရွာမှာ သံတွဲမြို့တောင်ဖက် ၁၀မိုင် အကွာရှိ အိမ်ခြေ၂၀၀၀ကျော်သည့်
ရွာကြီးတရွာဖြစ်ကာ၊ ယခုအခါ ဆန္ဒပြမှု ဖြစ်စဉ်ကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူး
၊မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ရောက်ရှိနေပြီး
လုံခြုံရေးအင်အား ၃၀ကျော် တို့နှင့်အတူ စီမံကွပ်ကဲလျက်ရှိသည်။
တချိန်တည်းတွင် သံတွဲမြို့ပေါ်၌လည်း တပ်နှင့်ရဲတို့ပူးပေါင်းလျက် လုံခြုံရေးအင်အားကို ယခင်
ကထက် ပိုမို တင်းကြပ်စွာချထားကြောင်းသိ
ရသည်။
ဆန္ဒပြမှုနှင့်ဆက်စပ်၍ ယခုအချိန်ထိ အာဏာပိုင်များကနောက်ထပ်ဖမ်းဆီးမှုတစုံတရာ မရှိသေးသော်လည်း အုပ်ချုပ်ရေးမှူးနေအိမ်တွင် သက်ဆိုင်ရာလူကြီးများ တံခါးပိတ် ဆွေးနွေးနေကြောင်း သိရသည်။

http://www.arakantimes.net/burmese

Published with Blogger-droid v2.0.10
သဲကုန်းအခြေအနေ ယခုထိတင်းမာဆဲ

သဲကုန်းအခြေအနေ ယခုထိတင်းမာဆဲ

(31-3-2013)
ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်
ဆူပူမှုတွေဖြစ်ပွားအောင် မီးရှို့ဖျက်ဆီးမှုတွေလုပ်ဖို့ လူအုပ်စုတချို့ကနေ ကြိုးစားလုပ်ဆောင်လာတဲ့အတွက် ပဲခူးတိုင်းဒေသကြီး သဲကုန်းခရိုင်ထဲမှာ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားရပါတယ်။ စစ်တပ်က မြို့ထဲမှာ တပ်စိပ်တွေအင်အားတိုးချထားပြီး မြို့ခံလူထုနဲ့ ပူးပေါင်းလုံခြုံရေးယူထားရတဲ့ အနေအထားဖြစ်တယ်လို့ သဲကုန်းဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲက ပုတီးကုန်းမြို
့တွင်းမှာ ဗလီတလုံးအပါအဝင် အိမ်တချို့ အ
ဖျက်ခံခဲ့ရပြီး မြို့မနဲ့ အင်းမဘက်မှာတော့ေ
ဈးဆိုင်တွေ နဲ့ နေအိမ်တချို့ အဖျက်ဆီးခံခဲ့ရ
ပါတယ်။
သဲကုန်းမြို့မှာတော့ အထိအခိုက်မရှိဘူးလို့
သဲကုန်းဒေသခံ ဦးသိန်းထွန်းက ပြောပါတ
ယ်။ သဲကုန်းမြို့နယ်ထဲမှာတော့ ဘာသာရေး
အဆောက်အဦးကို ဖြိုဖို့အတွက် လူအုပ်စုလို
က် အကြမ်းဖက်ဖို့ ရောက်လာတဲ့အချိန်မှာ စ
စ်တပ်က လုံခြုံရေးအပြည့် ယူပေးထားတဲ့အ
တွက် နောက်ဆုတ်သွားကြတယ်လို့လည်း
သူကဆက်ပြောပါတယ်။
“နယ်ဘက်ကလူတွေက ဗလီဖျက်ဖို့ဆိုပြီး တ
က်လာတယ်။ တက်လာတော့ တပ်က ရော
က်နေပြီလေ။ တပ်ကရောက်နေပြီဆိုတော့
တပ်က မဖျက်ဖို့ပြောတယ်။ ဖျက်ရင်ပစ်မယ်
လို့ပြောတယ်။ သေနတ်တွေ ဘာတွေ မောင်းတင်တော့ ပြန်သွားကြတယ်။ ပုတီးကုန်းမှာ ဗလီအဖျက်ခံရတယ်။  နေအိမ် နှစ်လုံးသုံးလုံး အဖျက်ခံရတယ်။ ဆိုင်နှစ်ခု အဖျက်ခံရတယ်။ အင်းမဘက်မှာလည်း ဆိုင်တွေအဖျက်ခံရတယ်။”
သဲကုန်းမြို့နယ်တွင်းက မူစလင်တွေကို ဒေ
သခံတွေက လုံခြုံတဲ့နေရာတွေမှာ ဖွက်ပေး
ထားပြီး မြို့ခံလူငယ်တွေက လုံခြုံရေးယူထားကြတယ်လို့ သိရပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ သဲကုန်းမြို့ထဲမှာ ည ၆ နာရီ
ကနေ မနက် ၅ နာရီ ညမထွက်ရအမိန့်ထုတ်
ပြန်ထားပြီး မြို့နယ်တွင်းမှာ လူအုပ်စုလိုက်
သွားလာခွင့်မပြုဘဲ မသင်္ကာသူမှန်သမျှကို စစ်ဆေးနေပြီး ပုဒ်မ ၁၈၈ ထုတ်ပြန်ထားပါ
တယ်။ သဲကုန်းမြို့နယ်တွင်း မြို့တွေမှာတော့
စစ်တပ်က တပ်စိပ်တွေတိုးချထားပြီး မြို့လယ်တွေမှာ နေရာယူပြီး တပ်စွဲထားတယ်လို့လည်း သိရပါတယ်။

“ည ၆ နာရီနဲ့ မနက် ၅ နာရီ curfew ထုတ်ထားတယ်။ ညဆို
လူတွေအားလုံးစစ်တယ်။ လူအုပ်စုနဲ့လက်
မခံဘူး။ တပ်ကရောက်ပြီးတော့ မြို့လယ်ခေါင်က စာကြည့်တိုက်မှာ ချထား
တယ်။ ဇီးကုန်းမှာလည်း ဒီလိုပဲ။ မြို့လယ်ခေါင်က ပြန်ကြားရေးတနေရာမှာ တပ်ဆွဲထားတယ်။”

သဲကုန်းဘက်မှာ ဒီနေ့အခြေအနေကတော့ ငြိမ်သက်နေပြီး ပဲခူးတိုင်း အနောက်ဘက်ခြမ်း တလွှားက နတ္တလင်း၊ ဇီးကုန်း၊ မင်းလှ၊အုတ်ဖို၊ ကြို့ပင်ကောက်မြို့တွေမှာ ပုဒ်မ ၁၄၄
ထုတ်ပြန်ထားဆဲဖြစ်ပြီး စစ်တပ်နဲ့ရဲလုံခြုံေ
ရးတွေက လုံခြုံရေး တင်းတင်းကျပ်ကျပ် ချ
ထားတယ်လို့သိရပါတယ်။

ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်
မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း မိ
တ္ထီလာခရိုင် မိတ္ထီလာမြို့ထဲမှာတော့ ဒီနေ့မှာ
မြို့မဈေးကြီးပြန်ဖွင့်လိုက်ပြီဖြစ်ပြီး မြို့တွင်း
အခြေအနေဟာ တည်ငြိမ်စပြု လာနေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ခြုံရေးအခြေအနေ ကောင်းလာပြီဖြစ်လို့ ဒု
က္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ မူစ
လင်တချို့ကလည်း သူတို့ရဲ့ နေအိမ်တွေဆီကို
ပြန်ခွင့်တောင်းပြီး ပြန်နေကြတဲ့ အတွက်ေ
ဒသခံလူငယ်အဖွဲ့တွေက လိုက်လံပို့ဆောင်ေ
ပးနေတယ်လို့ မိတ္ထီလာမြို့ခံ ဒေါ်မြင့်မြင့်အေးကပြောပါတယ်။
“ဒီနေ့တော့ ဈေးပြန်ဖွင့်တယ်လို့ ကြားတယ်
။ အခု တချို့ အမှတ် (၃) ကျောင်းက မူစလင်
တချို့က ဆိုလို့ရှိရင် သူတို့ရပ်ကွက်က မီးလည်းမလောင်တဲ့အတွက် ပြန်ချင်ပါတယ်လို့
ဆိုပြီး ဌာနဆိုင်ရာကို ပြောပေးပါဆိုလို့ ကျမ
စောစောကပဲ ပြောပေးလိုက်တယ်။ ပြန်ချင်
လို့ရှိရင် ကိုယ့်အိမ်ကိုယ်ပြန်လို့ရတယ်လို့ဆို
တော့ သူတို့ပြန်လို့မရသေးလို့ပါတဲ့။ အဲဒီနေ
ရာတွေမှာ နေရတာကတော့ အဆင်မပြေနိုင်ဘူးဆိုတာတော့ ရှိမှာပေါ့လေ။ စိုးရိမ်တာကတော့ မြန်မာလူမျိုးတွေကလည်း စိုးရိမ်တာပဲ။ မူစလင်တွေကလည်း စိုးရိမ်တာပဲ။ အခြေအနေတခုကို စိတ်အေးချမ်းသာတဲ့ အခြေအနေတခုရောက်အောင်တော့ အချိန်နည်းနည်း စောင့်ရမယ်ထင်တယ်။”

အရေးပေါ်အခြေအနေ မရုပ်သေးတဲ့ မိတ္ထီ
လာမြို့တွင်းအခြေအနေကတော့ ပုံမှန်အနေ
အထားအထိ မရောက်သေးပေမဲ့လည်း လုံခြုံရေးကို မြို့ခံလူထုနဲ့အတူ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက အလှည့်ကျမြို့ကိုပတ်ပြီး ကင်းလှည့်နေကြတယ်လို့ ဒေါ်မြင့်မြင့်အေးကပြောပါတယ်။

“မြို့ထဲကတော့ ပုံမှန်ပြောလို့ရပါတယ်။ ည
ညတော့ စောင့်နေကြရတယ်။ ည ၇ နာရီက
နေ မနက်ခင်း ၅ နာရီအထိအောင် အလှည့်
ကျ လှည့်ကြတယ်တဲ့။ ရဲကတော့ အထိုင်ပဲပေါ့။ စစ်ကားတွေလှည့်တယ်တဲ့။ စစ်ကားပေါ်မှာ တက်လိုက်တဲ့သူက နောက်တပတ် ခြေလျှင် လှည့်တယ်တဲ့။ ခြေလျှင်လှည့်တာရော၊
ကားနဲ့လှည့်တာရော အဲဒီလိုမျိုး မြို့မိမြို့ဖတေ
ွက ပြောတာပေါ့။ လုပ်ငန်းတွေကလည်း နည်းနည်းတော့ ပြန်စနေပြီဒီမှာ။ စခန်းတေ
ွမှာလည်း လှူတာလေးတွေတော့ ဆက်တော့လာနေတယ်လို့ ကြားမိတယ်။ ဒါပေမဲ့ ရေအခက်အခဲ ဆိုတာလေးတွေလည်း နည်းနည်းတော့ ရှိတယ်။ အခြေအနေက ပြန်တည်
ငြိမ်အောင် ကြိုးစားနေရတဲ့ အနေအထား
လို့ ပြောလို့ရတယ်။”

ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်
နေ့က ထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်အ
မှတ် ၁/၂၀၁၃ ထဲမှာတော့ မတ်လ ၂၀ ရက်
နေ့ကနေ ဒီနေ့အထိ မြို့နယ် ၁၅ မြို့နယ်မှာ
လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရသူ၈၆ ဦးရှိကြောင်း၊ အဆောက်အဦး ၁,၃၅၅လုံး နဲ့ ယာဉ်မျိုးစုံ ၃၉ စီးပျက်စီးဆုံးရှုံးကြောင်း၊ လူဦးရေ ၁၁,၃၇၆ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၆ ခုမှာ လူဦးရေ
၉,၀၆၅ ဦးကို စောင့်ရှောက် ထားကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြစ်မှု ကျူးလွန်
သူ ၆၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့အညီ
အရေးယူရန် ဆောင်ရွက်နေကြောင်းလည်း
ဖော်ပြထားပါတယ်။
From : VOA

Published with Blogger-droid v2.0.10
မလေးရှားတွင် " ကယန်းအလှ" ရုပ်ရှင်ဇာတ်
ကား ဆု ၂ ဆုအတွက် လျာထားခြင်းခံရ

မလေးရှားတွင် " ကယန်းအလှ" ရုပ်ရှင်ဇာတ် ကား ဆု ၂ ဆုအတွက် လျာထားခြင်းခံရ

Sunday, March 31, 2013
မလေးရှားနိုင်ငံတွင်ကျင်းပသော AIFFA 2013ရုပ်ရှင်ပြိုင်ပွဲတွင် ဒါရိုက်တာ
အောင်ကိုလတ် ရိုက်ကုူးထားသော ကယန်းအလှ ဇာတ်ကားမှအကောင်းဆုံး
ဆု ၂ ဆုအတွက်နေရာလျာ
ထားချင်းခံရသည်ဟု သိရပါသည်။
၎င်းဆုများမှာ (Best Film Photography (အောင်ကိုလတ်) နှင့် Best supporting actress(Rose Mary) တို့ဖြစ်ပြီး ဆုများကို ဒီနေ့ညနေကြေငြာမှာဖြစ်ပါတယ်။

Popular Myanmar News Journal

Published with Blogger-droid v2.0.10
သင်္ကြန်သေနတ်တွေ လာပြီ

သင်္ကြန်သေနတ်တွေ လာပြီ

Sunday, March 31, 2013
တန်ခူးလ သင်္ကြန်ပွဲ နီးလာတာနဲ့အမျှ
သင်္ကြန်နဲ့ပတ်သက်တဲ့မြင်ကွင်းတွေကို
လည်း စုံစုံလင်လင် မြင်တွေလာပါပြီ။
ဒီအထဲမှာသင်္ကြန်ရောက်ရင်အပျော်ဆုံးဖြစ်မယ့် ကလေးတွေအတွက် သင်္ကြန်ရေကစားစရာပစ္စည်းတွေကို စတိုးဆိုင်၊ ကုန်တိုက်တွေက အစ ရပ်ကွက်ဈေးတွေမှာပါ တွေ့နေရပါတယ်။

ရေသေနတ်တွေက ကလေးတွေအကြိုက် သင်္ကြန် ရာသီစာ ဖြစ်ပါတယ်။
လူကြီးတချိုကလည်း ရေသေနတ်နဲ့ သင်္ကြန်မှာကဲကြ၊ ရေပက်ကြတာ
ကိုလည်း တွေ့ဖူးကြမှာပါ။
ရေသေနတ်ရဲ့ အကြီးဆုံးသော အားသာချက်ကတော့ ရေကုန်သက်သာခြင်းဖြစ်ပါလိမ့်မယ်။

ငွေကုန်တာတော့ သက်သာမယ်မဟုတ်ပါ။အခု ဈေးကွက်မှာ
ရေသေနတ်တွေရဲ့ ဈေးနူန်းတွေက ၁,ဝဝဝ ကနေ ၅,ဝဝဝ အတွင်း ရှိနေပါတယ်။
http://blog.irrawaddy.org/2013/03/blog-
post_7140.html#more

Published with Blogger-droid v2.0.10
အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟို
ကော်မတီဖွဲ့ 

အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟို ကော်မတီဖွဲ့ 

Sunday, March 31, 2013
သမ္မတ ဦးသိန်းစိန်ဟာလတ်တလောဖြစ်နေ
တဲ့ မတည်ငြိမ်မှု၊ ဆူပူအကြမ်းဖက်မှုတွေကို ထိန်းသိမ်းကိုင် တွယ် ဆောင်ရွက်ဖို့အတွက် အရေးပေါ် ကာလ စီမံခန့်ခွဲရေး
ဗဟိုကော်မတီကို ဖွဲ့စည်း တာဝန်ပေးလိုက်ပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာ အမှတ် ၊ ၃၄ /၂၀၁၃
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်
(၂၀၁၃ ခုနှစ်၊မတ်လ ၃၀ ရက်)
အရေးပေါ်ကာလ စီမံခန့်ခွဲရေး
ဗဟိုကော်မတီဖွဲ့စည်းခြင်း
၁။ လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်း ကိုင် တွယ် ဆောင်ရွက်နိုင်ရန် အတွက် " အ
ရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ "
ကို အောက်ပါ အတိုင်း ဖွဲ့စည်းလိုက်ပါသည်-
(က) ဒုတိယဗိုလ်ချုပ်ကြီး ကိုကို - ပြည်ထောင်စု
ဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန - ဥက္ကဋ္ဌ
(ခ) ဦးအောင်မင်း- ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန (၄) - ဒုတိယဥက္ကဋ္ဌ
(ဂ) ဦးအုန်းမြင့်- ပြည်ထောင်စုဝန်ကြီး မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန - အဖွဲ့ဝင်
(ဃ) ဦးခင်ရီ - ပြည်ထောင်စုဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန -
အဖွဲ့ဝင်
(င) ဦးဝင်းမြင့် - ပြည်ထောင်စုဝန်ကြီး စီးပွား
ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန -
အဖွဲ့ဝင်
(စ) ဗိုလ်မှူးချုပ်အောင်သော်- ဒုတိယဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန - အဖွဲ့ဝင်
(ဆ) ဗိုလ်ချုပ် ဇော်ဝင်း - ဒုတိယဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန - အဖွဲ့ဝင်
(ဇ) ဦးရဲထွဋ် - ဒုတိယဝန်ကြီး ပြန်ကြားရေး
ဝန်ကြီးဌာန -အဖွဲ့ဝင်
(ဈ) ဦးဘုန်းဆွေ - ဒုတိယဝန်ကြီး လူမှုဝန်ထမ်း
၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန - အဖွဲ့ဝင်
(ည) ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း - ဒုတိယဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန - အတွင်းရေးမှူး
၂။ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်
များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ -
(က) အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား
ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန်။
(ခ) ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင် မြန်မြန် သွားရောက် နှိမ်နင်း နိုင်ရေး (Rapid Response) စီမံပေးရန်။
(ဂ) လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေး ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန်။
(ဃ) နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
တားဆီး ကာကွယ်နိုင်ရန် အတွက် အဓိကကျသည့် လှုံ့ဆော်သူများကို ဖော်ထုတ်ပြီး ဖမ်းဆီး ထိန်းသိမ်းရန်နှင့် ဥပဒေအရ အရေးယူ နိုင်ရန်။
(င) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်
သူကို ဗဟိုပြုသော ရဲလုပ်ငန်း စနစ်အား
မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်း ဆက်စပ် ဆောင်ရွက်ပေးသွားရန်။
(စ) လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကိုရယူပြီး ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက် ပေးသွားရန်။
၃။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း အလားတူ အဖွဲ့အစည်းမျိုး ဖွဲ့စည်းဆောင်ရွက် သွားရန် ဖြစ်ပါသည်။

http://blog.irrawaddy.org/2013/03/blog-
post_2435.html#more

Published with Blogger-droid v2.0.10
ILO ရန်ကုန် ရုံးခွဲ နေရာသစ်ကို ပြောင်း

ILO ရန်ကုန် ရုံးခွဲ နေရာသစ်ကို ပြောင်း

Sunday, March 31, 2013
အလုပ်သမားနစ်နာချက်တွေတိုင်တန်းလိုသူ
တွေ သိထားဖို့ အတွက် သတင်းတခုပါဘဲ။ ရန်ကုန်မှာဖွင့်လှစ် ထားရှိတဲ့ ကမ္ဘာအလုပ်သမားအဖွဲ့ချုပ် ILO ဆက်သွယ်ညှိနှိုင်းရေးအရာရှိ ရုံးခန်း နေရာပြောင်းရွှေ့ သွားပါပြီ။

ယခင်က ၁၂ ထပ်၊ ကုန်သည်ကြီးများ ဟိုတယ်၊အမှတ် ၂၂၃၊ ဆူးလေဘုရား
လမ်း ကနေ ဧပြီလ ၁ ရက်နေ့ က စတင်ပြီး နေရာ သစ်ဖြစ်တဲ့ အမှတ် ၁ (က) ကန်ဘဲ့၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ် ကို ပြောင်းရွှေ့ဖွင့် လှစ်လိုက်ပြီ ဆိုတဲ့ အကြောင်း ယနေ့ ထုတ် မြန်မာ့
အလင်းသတင်းစာမှာ အသိပေးထားပါတယ်။
ဆက်သွယ်ရမယ့် ဖုန်းနံပတ်တွေကတော့ ဖုန်း၀၁- ၅၆၆၅၃၈၊ ၅၆၆၅၃၉၊ ၅၇၈၉၂၅၊ ၅၇၉ ၉၅၆တို့ဖြစ်ပြီး ဖက်စ် ကတော့ ၀၁-၅၆၆၅၈၂ ဖြစ်ပြီး Po Box: 679 ဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အတင်း အဓမ္မ
အလုပ်ခိုင်းစေမှု၊ ကလေးစစ်သား၊ အလုပ်
သမားရေးဆိုင်ရာ စတဲ့ ပြဿနာ တွေ ဖြေရှင်း ဖို့အတွက် ILO နဲ့ မြန်မာ
အစိုးရတို့ နားလည်းမှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ရန်ကုန်မှာ ကိုယ်စားလှယ်ထားကာ ရုံးစိုက်ဖို့ လုပ်ဆောင်လာခဲ့တာပါ။
အခုတော့ အဆိုပါ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ဆောင်ရွက­်လိုသူတွေအတွက် ILO ရုံး သစ်ကိုဘဲ သွားနိုင်ကြပါပြီ။
http://blog.irrawaddy.org/2013/03/­
ilo.html#more

Published with Blogger-droid v2.0.10