အာဆင်နယ်ဖန်တို့ရဲ့အနာကို ဆားပက်ပေးခဲ့တဲ့ အီဗရာ

အာဆင်နယ်ဖန်တို့ရဲ့အနာကို ဆားပက်ပေးခဲ့တဲ့ အီဗရာ

ရော်ဘင် ဗန်ပါစီကြောင့် နာကျင်နေဆဲ အာဆင်နယ်အသင်း ပရိသတ်များရဲ့ ဒဏ်ရာအပေါ် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ အီဗရာက ဆားနဲ့ထပ်မံ ပက်ခဲ့တယ်လို့ ယူကေရှိ သတင်းစာတွေက ရေးသားခဲ့ကြပါတယ်။
မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွေ့လာခဲ့တဲ့ အာဆင်နယ် သူရဲကောင်းဟောင်းဟာ ယခုအချိန်မှာတော့ အမ်းမရိတ်ရှိ သူ့ပရိသတ်ဟောင်းများရဲ့ နံပါတ်တစ် ရန်သူတော် ဖြစ်နေပါတယ်။ အမ်းမရိတ်မှာ ရှစ်နှစ်ကြာ ကျင်လည်ခဲ့တဲ့ ဒီဒတ်ခ်ျတိုက်စစ်မှူးဟာ အောင်မြင်မှုများကို ဆာလောင်နေသည့် ပြင်းပြသည့် စိတ်ဓါတ်ဖြင့် အင်္ဂလန်၏ အအောင်မြင်ဆုံး အသင်းကြီးဆီကို ယခုနှစ် ရာသီအစတွင် ပြောင်းရွေ့ရောက်ရှိ လာခဲ့တာဖြစ်ပါတယ်။ ထိုသို့ပြောင်းရွေ့ခဲ့ပြီး အသင်းသစ်အား စံချိန်တင် ချန်ပီယံဖြစ်စေရန် စိတ်ရောကိုယ်ပါ နှစ်မြုပ်ကူညီခဲ့ခြင်း၊ ပရိုဖက်ရှင်နယ် ပီသသည့် စိတ်ဓါတ်ဖြင့် ထူးထူးချွန်ချွန် ကြိုးစားအားထုတ်မှုများကြောင့် သရဲနီ အသင်းသားများသာမက ပရိသတ်များ၏ ချစ်ခင်လေးစားမှုကို ခံယူခဲ့နိုင်ပါတယ်။ အဆိုပါဖြစ်ရပ်ဟာ အသင်းဟောင်း ပရိသတ်များအတွက် စိတ်ပျက်နာကျင်ဖွယ်ရာ ဖြစ်ခဲ့ရပြီး ၎င်းတို့ဟာ ဗန်ပါစီနှင့် ထိပ်တိုက်တွေ့ဆုံမှု နှစ်ကြိမ်စလုံးတွင် အဆက်မပြတ် အော်ဟစ်ရှုံချခဲ့ကြပါတယ်။ ဒါကြောင့် ပက်ထရစ် အီဗရာက အာဆင်နယ် ပရိသတ်များအနေဖြင့် မိမိတို့၏ ကစားသမားဟောင်းအပေါ် လေးစားမှု ပြသသင့်ကြောင်း တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်အတွက် သူဘာတွေ လုပ်ပေးခဲ့တယ်ဆိုတာ လူတွေက မေ့နေကြပုံပဲ။ ဒါပေမယ့် ဗန်ပါစီဟာ သူရွေးချယ်ခဲ့တာဟာ မမှားခဲ့ဘူးဆိုတာ သူတို့ကို ပြသနိုင်ခဲ့ပါပြီ။ သူအဲ့ဒီမှာ ရှိနေတဲ့ ကာလမှာ အမှတ်ပေးဖလားကို ရယူဖို့ အချိန်အကြာကြီး ဖြုန်းတီးခဲ့ရပါတယ်။ အခုသူ ဒီကိုပြောင်းရွေ့လာပြီးတော့ အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ခဲ့တယ်။ အာဆင်နယ်အတွက် အများကြီး ကူညီပေးခဲ့တဲ့ လူတစ်ယောက် ပြန်လည်ရရှိတဲ့ ဝေဖန်မှုတွေ အတွက် ကျွန်တော်တော့ စိတ်ပျက်မိပါတယ်။ သူ့ရဲ့ ခံယူချက်ကတော့ အရမ်းကောင်းမွန်တယ်လို့ ကျွန်တော်တော့ထင်တယ်။ သူကန်သွင်းခဲ့တဲ့ ပင်နယ်တီကို ကြည့်ပါ။ ကမ္ဘာ့အဆင့် ကစားသမား ဆိုတာ ဘယ်လိုလည်းဆိုတာ သူကောင်းကောင်း ပြသွားနိုင်ခဲ့တယ် မဟုတ်လား။ သူဟာ သူ့ရဲ့ ခံစားမှုတွေကို ထိန်းချုပ်ပြီး ပင်နယ်တီကို ကန်သွင်းနိုင်ခဲ့တယ်။ သူ့အစား ကျွန်တော်ပျော်ရွှင်မိတယ်။”

Myanmar Manchester United
၁၅၀၀ တန် ဖုန်းများ မြို့နယ်ကျော် ယူဆောင်အသုံးပြုလို့မရ

၁၅၀၀ တန် ဖုန်းများ မြို့နယ်ကျော် ယူဆောင်အသုံးပြုလို့မရ

ဧပြီလ ၂၄ ရက်က ၁၅၀၀ နှင့်ရောင်းချပေးခဲ့သော CDMA 800 MHZ ဖုန်းများသည် ရန်ကုန်မြို့ ပြင်ပမြို့နယ်အချို့ တွင် လိုင်းမမိခြင်းများဖြစ်ပေါ် နေကြောင်း သိရသည်။
““ကျွန်တော်မနေ့က အလုပ် ကိစ္စနဲ့ သိမ်ဇရပ်ကိုသွားရပါတယ်။ ကျွန်တော်အခုရောင်းချပေးတဲ့ ၁၅၀၀ တန် CDMA 800 MHZ ဖုန်းကိုယူသွားတယ်။ ရန်ကုန်မြို့ အတွင်းမှာတော့ လိုင်းမိပါသေး တယ်။ မြို့ပြင်ရောက်တော့ လိုင်း မမိတော့ဘူး။ အလုပ်လုပ်ရမယ့် သိမ်ဇရပ်ရောက်တော့လည်း လိုင်းကမမိဘူး””ဟု ဒဂုံတောင်ပိုင်း မြို့နယ် ၁၅၀၀ ဖုန်းဝယ်ယူသုံးစွဲ ခဲ့သူတစ်ဦးကပြောသည်။
““ကျွန်မရန်ကုန်နဲ့ နေပြည် တော်ကို ခေါက်တုံ့ခေါက်ပြန် သွားနေရတဲ့သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ ၂၄ ရက်က ၁၅၀၀ တန် ဖုန်းတွေကို ရောင်းချပေးတယ်။အခုရောင်းပေးတဲ့ဖုန်းတွေကို ကိုင် ကြည့်ချင်တာနဲ့ ညီမလေးဆီက နေယူသွားကြည့်တယ်။ ဒါပေမဲ့ ရန်ကုန်မြို့ပြင်ရောက်တော့ လိုင်း တွေကမမိတော့ဘူး။ နေပြည် တော်ကို အဲဒီဖုန်းကိုယူသွားတော့ လမ်းတောက်လျှောက်မှာ လိုင်း တွေက မမိဘူး။ ဖြူးကိုရောက် တော့ ဒီဖုန်းတွေက တိုင်တောင် မပေါ်ဘူး””ဟု ဗဟန်းမြို့နယ်နေ ၁၅၀၀ ဖုန်းသုံးစွဲသူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာ့ဆက် သွယ်ရေးမှ အင်ဂျင်နီယာဦးစိုး အောင်က ““အခုရောင်းချပေးတဲ့ CDMA 800 MHZ ဖုန်းတွေက ပြောလို့ရတဲ့မြို့တွေမှာ ရောင်းချ ပေးတာပဲဖြစ်ပါတယ်။ အခြားမြို့ တွေကို သယ်သွားရင်တော့ ပြော လို့ရမှာမဟုတ်ပါဘူး။ နောက်ပြီး မြန်မာတစ်နိုင်ငံလုံးသယ်ဆောင် ပြီးတော့ ပြောနိုင်ဖို့ဆိုတာ အခု လောလောဆယ်တော့ ရနိုင်ဦး မှာမဟုတ်ပါဘူး””ဟု ပြောကြားခဲ့ သည်။မှ-HN

၊ သတင်းစုံလင် ဖေ.ဘုတ်တခွင်

ဖြိုးအောင်
ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့

ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့

UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည်ပစ်လို့ရတဲ့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်များကို ရရှိခဲ့ကြောင်း ဧပြီ ၂၉ ထုတ် Janes Intelligence သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ UWSA အမြန်လက်နက်ပြန်လည် တပ်ဆင်ရေးအတွက် လုပ်ရပ်ဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လ အစပိုင်းမှာလည်း TY-90 လက်နက် တပ်ဆင်ထားသော စစ်သုံး Mi-17 Hip အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို ၀တပ်ကို ပေးပိုခဲ့ကြောင်းကို မြန်မာတိုင်းရင်းသား သတင်းရပ်ကွက်နှင့် မြန်မာအစိုးရ သတင်းရပ်ကွက်အရ သိရကြောင်းဖော်ပြထားပါတယ်။

တရုတ်နယ်စပ်တလျှောက် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှာနေရာဖြန့်ကျက်ထားတဲ့ UWSA ဟာ လက်ရှိမှာ မြန်မာအစိုးရတပ်နဲ့ မခိုင်မြဲလှသော အပစ်ရပ်ရေးသဘောတူညီချက်ရယူထားပါတယ်။

အခု Mi-17 ရဟတ်ယာဉ်တွေကို တရုတ်နိုင်ငံကနေ တိုက်ရိုက်မဟုတ်ဘဲ လာအိုဘက်က တဆင့် မဲခေါင်မြစ်ကို ဖြတ်ပြီး ၀နယ်ကို ပေးပို့ခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့ကပြောဆိုပြီး စုစုပေါင်း ရဟတ်ယာဉ် ၅ စီးပေးပို့ခဲ့ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရသတင်းရပ်ကွက်ကတော့ ရဟတ်ယာဉ်များ UWSA လက်ထဲသို့ရောက်ရှိကြောင်း အတည်ပြု ခဲ့ပေမဲ့ ရဟတ်ယာဉ် ၂ စီးကိုသာ ပေးပို့သည်ဟု ဆိုပါတယ်။

Mi-17 ရဟတ်ယာဉ်များကို ဝေဟင်အချင်းချင်း ပစ်နိုင်သည့် TY-90 လက်နက်တပ်ဆင်ထားတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် သတင်းရပ်ကွက်အဆို မှန်ကန်ခဲ့မယ်ဆိုရင် တပ်မတော်ရဲ့ ရုရှက မကြာသေးခင်ကမှ ၀ယ်ယူထားသော Mi-24P Hind စစ်ရဟတ်ယာဉ်ကို ဟန့်တားနိုင်မှာ ဖြစ်တယ်လို့ Janes Intelligence သတင်းက ဆိုပါတယ်။

အဲဒီစစ်ရဟတ်ယာဉ်ကို တပ်မတော်က ကချင်လွတ်မြောက်ရေးတပ် KIO ကို တိုက်ခိုက်ခဲ့စဉ်က အသုံးပြုခဲ့ တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာ့သားကောင်း

ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့ 

ဧပြီ-၃၀

ခင်မေဇော် (Burma-Newselite) က Janes Intelligence သတင်းကိုဘာသာပြန်ဆိုပါတယ်။
“QPR သို့ အပြောင်းအရွှေ့အပေါ် ခရစ်ဆမ်ဘာ ဖွင့်ဟ”

“QPR သို့ အပြောင်းအရွှေ့အပေါ် ခရစ်ဆမ်ဘာ ဖွင့်ဟ”

ပေါင်စတာလင် (၁၂)သန်းမျှ ပြောင်းရွှေ့ကြေး ပေးရသလို တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ဝန်းကျင်ထိ ပေးချေရသော ကစားသမားသည် QPRကို အတိုင်းအတာ တစ်ခုထိ ဆွဲတင်နိုင်မည်ဟု ပရိသတ်များက မျှော်လင့်ခဲ့သော်လည်း အသင်းမှာ ရာသီမကုန်မီ တန်းဆင်းသွားခဲ့သည်။
မိမိအနေဖြင့် QPRအသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ရာတွင် ကြိုတင် ပြင်ဆင်မှု လုံလောက်စွာ မရှိခဲ့ဟု နောက်ခံလူ ခရစ်ဆမ်ဘာက ဝန်ခံ ပြောကြားလိုက်သည်။ ရာသီအစ ကတည်းက ပရီးမီးယားလိဂ်တွင် ရုန်းကန်ခဲ့ရသော လန်ဒန်ကလပ်သည် ကွန်ဂို လက်ရွေးစင် ခံစစ်မှူး ဆမ်ဘာကို ဇန်နဝါရီ ဈေးကွက် ကာလတွင် အားကိုးတကြီး ခေါ်ယူခဲ့သည်။ ပေါင်စတာလင် (၁၂)သန်းမျှ ပြောင်းရွှေ့ကြေး ပေးရသလို တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ဝန်းကျင်ထိ ပေးချေရသော ကစားသမားသည် QPRကို အတိုင်းအတာ တစ်ခုထိ ဆွဲတင်နိုင်မည်ဟု ပရိသတ်များက မျှော်လင့်ခဲ့သော်လည်း အသင်းမှာ ရာသီမကုန်မီ တန်းဆင်းသွားခဲ့သည်။

ဘလက်ဘန်းရိုဗာနှင့်အတူ ခြေစွမ်းပြ ကစားဖူးသည့် ဆမ်ဘာက ဇန်နဝါရီတွင် QPRသို့ အလောတကြီး ပြောင်းခဲ့မှုတွင် မိမိအနေဖြင့် အဆင်သင့် မရှိခဲ့ဟု ယခုအခါ ထုတ်ဖော် ဖွင့်ဟလာခဲ့သည်။ "တန်းဆင်းရတယ် ဆိုတာက ကြီးမားတဲ့ ရှုံးနိမ့်မှု ခံစားချက်မျိုးကို ဖြစ်လာစေပါတယ်။ ကျွန်တော်တို့ ကစားသမားတွေ အားလုံးလိုလိုက အသင်းကို ကူညီဖို့ ရည်စူးခဲ့တာပါ။ အသင်းမှာ လူကောင်းတွေ ရှိပါတယ်။ အသင်းပိုင်ရှင် တိုနီ ဖာနန်ဒက်စ်ဟာ အလုပ်တွဲလုပ်ရတာ သိပ်ကောင်းတဲ့ ပုဂ္ဂိုလ်ပါ။ QPRကို ကြီးမားတဲ့ အသင်းတစ်ခု ဖြစ်လာဖို့ သူပြောင်းလဲချင်ခဲ့တယ်။ ဒါပေမဲ့ လက်တွေ့ ဖြစ်မလာခဲ့ဘူး။ အနာဂတ်အတွက် ကျွန်တော်တို့ အားတင်းထားဖို့ လိုပါတယ်။ ကလပ်အတွက် ထိုက်တန်တဲ့ အရာကို ပြန်ယူဖို့ ကြိုးစားရပါမယ်"ဟု ဆမ်ဘာက ပြောဆိုခဲ့သည်။

၎င်းက "ကျွန်တော့် တစ်ဦးတည်း ခြေစွမ်းနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ပရီးမီးယားလိဂ်ကို ပြန်လာကစားဖို့ ဆုံးဖြတ်ချိန်မှာ ကျွန်တော် ကောင်းကောင်း ပြင်ဆင်ချိန် မရှိလိုက်ဘူး။ ပရီးမီးယားလိဂ်ဟာ ကြံ့ခိုင်မှု အပိုင်းအရ အခက်ခဲဆုံး လိဂ်ပြိုင်ပွဲပါ။ တကယ်တမ်း ပြိုင်ပွဲဝင်နိုင်စွမ်း ရှိဖို့အတွက် ကျွန်တော် အပြည့်အဝ ကြံ့ခိုင်နေဖို့ လိုပါတယ်။ ဖြစ်ခဲ့တာတွေကတော့ ပြီးသွားပါပြီ။ တကယ်တော့ QPRအနေနဲ့ အခြေအနေဆိုးက ရုန်းထွက်ဖို့ အခွင့်အလမ်း တော်တော်များများ ရခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီသဘောသဘာဝက ဘောလုံးမှာ ကြုံရတတ်ပါတယ်"ဟုလည်း ညည်းညူသွားသည်။
QPR သို့ အပြောင်းအရွှေ့အပေါ် ခရစ်ဆမ်ဘာ ဖွင့်ဟ

Planet Myanmar Network
ညအိပ်ခါနီး သီချင်း နားထောင်ပါ

ညအိပ်ခါနီး သီချင်း နားထောင်ပါ

ကျနော်ပြောတာ မဟုတ်ဘူနော်။ အနောက်တိုင်း ဆေးပညာ ရှင်တွေ ပြောထားတာပါ။
ညအိပ်ရာဝင်ခါနီး သီချင်းနားထောင်ခြင်းက မှတ်ဥာဏ်ကောင်းစေပြီး စိတ်ရှုပ်ထွေးနေမှုကို လျော့ချပေးတယ်လို့ ဆိုပါတယ်။
အချို့ ဆို နားကြပ်နားမှာ တပ်ရင်းနဲ့တောင် အိပ်ပျော်ပါတယ်။ အဲဒါမျိုး ကျ မကောင်းပါဘူး။ တပ်ထားတဲ့ နားကြပ်ကြောင့် နား နဲ့ ဦးနှောက်တစ်ဝိုက် ကျန်းမာရေးကိုတောင် ထိခိုက်စေနိုင်ပါသေး တယ်။ အလွယ်ကူဆုံး ကတော့ ဖုန်းစပီကာကနေပဲ ဖြစ်ဖြစ် timer ပေးပြီး သီချင်းနားထောင်လို့ အိပ်တာမျိုးပေါ့။ MP4 ရှိရင်လည်း အဆင်ပြေ ပါတယ်။
ဖွင့်ရမယ့် သီချင်းက ဆူညံနေလို့ မရပါဘူး။ acoustic အမျိုးအစားကို ပိုဦးစားပေးပြီး ဆူညံပွက်လော ရိုက်နေမယ့် သီချင်းတွေ ကိုတော့ ရှောင်ဖို့ လိုပါမယ်။ ညအိပ်ခါနီး သီချင်းရဲ့  သံစဉ် လှိုင်း ရိုက်ခက်မှုကြောင့် ဦးနှောက်အတွင်းက ဆဲလ်တို့ရဲ့  လုပ်ဆောင်ချက်ကို ပိုမို ကောင်းမွန် စေတယ်လို့ ဆိုပါတယ်။ အခြား အချိန်မှာ နားထောင်တာနဲ့ ညတိတ်ဆိတ်လို့ အနားယူခါနီး အချိန် နားထောင် ရတာနဲ့ အကျိုး သက်ရောက်ပုံ မတူဘူးပါဘူး။
ဒါကြောင့် အိပ်ရာဝင်ခါနီး သီချင်းနားထောင်ခြင်းက ဦးနှောက် ကျန်းမာရေးကိုအထောက်အကူ ပြုကြောင်း သိရပါတယ်။

မြ၀တီ

http://bit.ly/156aKSR
UNOCHA ကိုယ်စားလှယ် EUမှာ မြန်မာအကြောင်း ရှင်းပြ

UNOCHA ကိုယ်စားလှယ် EUမှာ မြန်မာအကြောင်း ရှင်းပြ

Tuesday,April30,2013
ကုလသမဂ္ဂဆိုင်ရာ လူသားချင်း စာနာတဲ့ ကိစ္စရပ်များ ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာကိုယ်စားလှယ် Barbara Manzi
ဟာ EU အဖွဲဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ မနေ့က ဘရပ်ဆဲလ်စ်မြို့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာဒေသတွေက အခြေအနေတွေနဲ့ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး ကြိုးပမ်း ဆောင်ရွက်မှုတွေ အကြောင်း ရှင်းလင်း ပြောပြခဲ့ပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ပြင်နေတဲ့ မြန်မာနိုင်ငံမှာ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ တွေ့ကြုံရတဲ့
အခက်အခဲတွေ အကြောင်း Barbara Manziကို ဘီဘီစီက ဆက်သွယ်မေးခဲ့ရာမှာ နေရာ ဒေသအလိုက် အခက်အခဲ အမျိုးမျိုး တွေ့ရပါတယ်
လို့ သူက ပြောပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ
ဒါ့အပြင် အကြမ်းဖျဉ်း ပြောရမယ် ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ကယ်ဆယ်ရေးအကူအညီ လိုအပ်နေသူတွေဆီ အရောက်သွား
နိုင်ရေးမှာ ရှုပ်ထွေးပြီး အရာမရောက်တဲ့ ဗျူရိုကရက်စည်းမျဉ်းစည်းကမ်းတွေကြောင့် အခက်အခဲ တွေ့ရလေ့ ရှိတယ်လို့ Barbara Manziက ဆိုပါတယ်။
ကချင် ဒေသမှာဆို ဒေသခံ အဖွဲ့တွေရဲ့ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်မှုတွေ က အတိုင်းထက် အလွန် ကောင်းမွန်တယ်လို့ ဆိုရပေမယ့်
အဲဒီမှာ အကူအညီတွေ လိုအပ်နေဆဲမို့ ဒေသခံတွေ နဲ့ နိုင်ငံတကာ အဖွဲ့တွေ အတူပူးပေါင်း ဆောင်ရွက်နိုင်ရေးဟာ သိပ်ကို အရေးကြီး ပေမယ့် ကချင်ဒေသက KIA ထိန်းချုပ်တဲ့ နယ်မြေတွေဆီ ကုလသမဂ္ဂအဖွဲ့ သွားရောက် အကူအညီ
ပေးမှုတွေကို တိုက်ပွဲအခြေအနေတွေကြောင့်
July လကစပြီး ဆိုင်းငံ့ထားခဲ့ရတယ်လို့
Barbara Manzi က ရှင်းပြခဲ့ပါတယ်။
တခါ ရခိုင်ဒေသက ပဋိပက္ခ ကတော့ လူမျိုးအုပ်စုနှစ်စုကြား ဖြစ်တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ပြောပြရာမှာ ဒုက္ခသည်စခန်း တချို့ဆီ ပြည်တွင်းကရော ပြည်ပကပါ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး အကူအညီတွေ ပေးရေးနဲ့ ပတ်သက်လို့ အဲဒီက လူမှု အသိုင်းအဝိုင်းက အဖွဲ့ဝင်
တချို့က သိပ်လိုလိုလားလား မရှိတာမို့ အတော်လေး စိုးရိမ်မိပြီး မကြာခင် မုတ်သုံ ရာသီ စတော့မှာ ဆိုတော့ အဲဒီက ဒုက္ခသည်စခန်းတွေမှာ
ကယ်ဆယ်ရေး အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ Barbara Manzi က ဆိုပါတယ်။
ဒီတော့ OCHA အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ
အာဏာပိုင်တွေဘက်က ပူးပေါင်းဆောင်ရွက်မှု
အတိုင်းအတာကရော ဘယ်လောက်ရှိပါသလ­
ဲလို့ ဘီဘီစီက မေးမြန်းရာမှာ အာဏာပိုင်တွေ
ဘက်က နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုး ရှိတယ်လို့ တထစ်ချ ပြောနိုင်ပေမယ့်လည်း ဖြစ်ပျက်နေတဲ့ အခြေအနေ
တွေနဲ့ ပတ်သက်လို့ သတင်း အချက်အလက်တွေ ပေးရာမှာ ပွင့်လင်း မြင်သာမှု ရှိရေးမှာတော့ လိုအပ်မှု တချို့ ရှိနေတယ်လို့ သူက ထောက်ပြ
ခဲပါတယ်။
ဒီအတွက် အာဏာပိုင်တွေ နဲ့ ထိတွေ့ ဆက်ဆံမှု
တွေပြီး တဖြည်းဖြည်းချင်း လုပ်သွားဖို့ ပြင်ဆ
င်ထားသလို တခါ နိုင်ငံတကာ အသိုင်းအဝိုင်း
ဘက်ကလည်း ပဋိပက္ခ ဖြစ်ရာနေရာတွေက ပြဿ
နာတွေ ကို ကူညီ ဖြေရှင်းပေးဖို့ တာဝန်ရှိပါတ
ယ် ၊ ကယ်ဆယ်ရေး အကူအညီတွေ ပေးနေရုံ
တင်မက ဒီဒေသတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခေ
တွကို ရေရှည် ပြေလည်သွားစေမယ့် နည်းလမ်
းတွေနဲ့ ကူညီ ဖြေရှင်းပေးဖို့လည်း လိုတယ်လို့
Barbara Manzi က ဆိုသွားခဲ့ ပါတယ်။
မြန်မာနိုင်ငံ ရှေ့လျှောက် ရင်ဆိုင်ကြုံတွေ့ရမ
ယ့် အခက်အခဲတွေနဲ့ ပတ်သက်လို့ EU အဖွဲ့ဝင်
နိုင်ငံတွေက အကူအညီ ဆက်လက်ပေးနိုင်မှုကို
မေးမြန်းတဲ့ အခါ ဒီမိုကရေစီ အသွင်ကူးပြောင်
းနေတဲ့ နိုင်ငံတွေအနေနဲ့ တွေ့ကြုံ ရင်ဆိုင်ရမ
ယ့် စိန်ခေါ်မှာ အခက်အခဲတွေကတော့ အတေ
ာ်လေး ကြီးမား ရှိပေမယ့် ကျမတို့အနေနဲ့က
တော့ အတွေ့အကြုံ ဗဟုသုတ နဲ့ ပတ်သက်လို့ပဲ
ဖြစ်ဖြစ် ဖွဲ့စည်းပုံ အဆောက်အအုံ တည်ဆော
က်ရေးမှာပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသား လူမျိုး ပေါ
င်းစုံရဲ့ ရှုထောင့် အမြင်တွေ ပါဝင်ပြီး ပွင့်လင်း
မြင်သာတဲ့ နိုင်ငံ့ အနာဂါတ် တည်ဆောက်ရာမှ
ာပဲ ဖြစ်ဖြစ် ကူညီ ဆောင်ရွက်သွားမှာပါလို့
Barbara Manzi က ရှင်းပြခဲ့ပါတယ်။
ဒါတွေနဲ့ ပတ်သက်လို့လည်း EU ကိုယ်စားလှယ်
တွေကို တင်ပြမှာ ဖြစ်ပေမယ့် အရေးကြီးတာ
က လောလောဆယ်မှာ EU အဖွဲ့ဝင် နိုင်ငံတွေနဲ့
မြန်မာ နိုင်ငံအကြား ထိတွေ့ ဆက်ဆံမှုတွေ ရှိ
လာနေရာမှာ ငွေကြေး အကူအညီတင်မက လူ
့အခွင့်အရေး ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေ၊
လူသားချင်း စာနာမှု ဆိုင်ရာ နိုင်ငံတကာ စည်း
မျဉ်း ဥပဒေတွေ ကို သိလာအောင် လုပ်ပေးဖို့နဲ့
အစိုးရကိုတင်မက အစိုးရ မဟုတ်တဲ့ တခြား
အဖွဲ့အစည်းတွေကိုပါ အကူအညီပေးခြင်းအာြး
ဖင့် အားလုံးပါဝင်တဲ့ တလုံးတဝတည်းသော မြ
န်မာနိုင်ငံအဖြစ် တည်ထောင်နိုင်ဖို့ကို ကူညီေ
ဆာင်ရွက်သွားဖို့ ဖြစ်တယ်လို့ Barbara Manzi
က ပြောသွားခဲ့ ပါတယ်။
BBC Burmese News

Published with Blogger-droid v2.0.10
ခိုးဝင်ဘင်္ဂါလီ ၁၆ ဦး မင်္ဂလာဒုံတွင် ဖမ်းမိ၊ နှစ်ဦး လွတ်မြောက်

ခိုးဝင်ဘင်္ဂါလီ ၁၆ ဦး မင်္ဂလာဒုံတွင် ဖမ်းမိ၊ နှစ်ဦး လွတ်မြောက်

်Monday,April 29 , 2013
တပ်မတော် တပ်ရင်းတပ်ဖွဲ့ အခြေစိုက် စခန်းများတည်ရှိရာ မင်္ဂလာဒုံမြို့နယ် သစ်ဆိမ့်ကုန်း ရပ်ကွက် မလိခလမ်း၌ ဧပြီလ၂၇ ရက်နေ့ နံနက်၃နာရီ မိနစ် ၃၀ ခန့်က ဆူပါ ကာစတန် ၈ဈ /၈၁၆၃ မော်တော်ယာဉ် ပေါ်၌ ရခိုင်ပြည်နယ်ဘ
က်မှ ခိုးဝင်လာသော ဘင်္ဂါလီ အမျိုးသား ၁၆ ဦးကို ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင် ခဲ့သော်လည်းဘင်္ဂါလီ အမျိုးသမီး နှစ်ဦး လွတ်မြောက်နေကြောင်း မင်္ဂလာဒုံ မြို့နယ်မှူးရုံး၏ တာဝန်ကျ ရဲအရာရှိက
The Voice သို့ပြောကြားသည်။

အဆိုပါ လွတ်မြောက်သွားသော ဘင်္ဂါလီအမျိုးသမီး နှစ်ဦးကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ စုံစမ်းရှာဖွေနေပြီး ဖမ်းမိထားသည့် ဘင်္ဂါလီအမျိုးသား ၁၆ဦးကို လူဝင်မှုကြီးကြပ် ရေး (လ.ဝ.က)
အက်ဥပဒေနှင့် အညီ စွဲချက်တင်သွားမည် ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်တွင် ရှိသော တစ်ဖက် အိမ်နီးချင်းနိုင်ငံမှ ဘင်္ဂါလီလူမျိုး များသည် ရခိုင်ပြည်နယ်မှ တစ်ဆင့် ပြည်တွင်းသို့ နည်းလမ်းပေါင်းစုံဖြင့် ခိုးဝင်လျက် ရှိကြရာ ဗုဒ္ဓဘာသာ ရဟန်းတော်များ အသွင်ဆောင်ကာ
သင်္ကန်းဝတ်၍ လည်းကောင်း၊ ခရီးသည်တင် အဝေးပြေးယာဉ်များ၏ ဝမ်းဗိုက်အတွင်းမှ လိုက်ပါ၍လည်းကောင်း နည်းလမ်း ပေါင်းစုံဖြင့် ခိုးဝင်လျက် ရှိကြသည်။

ွှTheVoiceWeekly

Published with Blogger-droid v2.0.10
ရခိုင်အစီရင်ခံစာ ထုတ်ပြန်ပြီ

ရခိုင်အစီရင်ခံစာ ထုတ်ပြန်ပြီ

Monday, April 29, 2013

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ လူပေါင်း ၂ ထောင်ကျော်အား ကွင်းဆင်းမေးမြန်းချက်များအပေါ် အခြေခံသည့် အစီရင်ခံစာကို ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်က အများပြည်သူသို့ ယနေ့ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် နိုင်ငံသားဖြစ်ပိုင်ခွင့်ကိစ္စ၊ ယာယီနေရာချထားရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးများ၊ နယ်စပ်ပိုင်နက်လုံခြုံရေးနှင့် လူဦးရေ ပြန့်ပွားမှုနှုန်းမြင့်မားသည့် ကိစ္စရပ်များဆိုင်ရာ အကြံပြုချက်များအပါအ၀င် အခန်း ၁၄ ခန်းနှင့် စာမျက်နှာ ၁၃၈ မျက်နှာ ပါရှိသည်။

လူပေါင်း ၁သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခသည်များဖြစ်ခဲ့ပြီး၊ အသက်မွေးဝမ်းကြောင်း ခက်ခဲမှုများကြောင့် မိသားစုစားဝတ် နေရေးများ ထိခိုက်မှုရှိနေကြောင်း၊ အမျိုးသမီးနှင့်ကလေးသူငယ်များ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ တိုးပွားလာနေကြောင်း ဖော်ပြထားသည်။

ထို့အတူ လူမျိုးစု တစ်စုနှင့်တစ်စုအကြား မယုံကြည်မှုများတိုးပွားလာနေခြင်း၊ ဆက်ဆံရေး ပြတ်တောက်ခြင်းနှင့် တင်းမာမှုများမြင့်တက်နေခြင်းများလည်း ဖြစ်ပေါ်နေရာ ယင်းကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် လုံခြုံရေးတပ်အင်အားများ ရုတ်တရက် များပြားစွာ လျှော့ချခြင်းမပြုရန်၊ တပ်မတော်ရေတပ် အင်အားတိုးချဲ့ချထားရန်၊ ကမ်းခြေစောင့် ရေဒါစခန်းများ၊ ကင်းလှည့်ရေယာဉ်များ၊ CCTV စောင့်ကြည့်ရေး ကင်မရာများ၊ လူလုပ် အတားအဆီးများချထားရန် စသည့်အချက်များ ပါဝင်သည့် အကြံပြုချက် ၁၆ ချက်ကိုလည်း အကျဉ်းချုပ်ဖော်ပြထားသည်။

ထို့ပြင် လ.၀.က ၀န်ထမ်းများနှင့် ပတ်သက်သည့်အချက်များ၊ စစ်ဘက် အရပ်ဘက် ထောက်လှမ်းရေးများ ပါဝင်သည့် အထူးအဖွဲ့များ ဖွဲ့စည်းရေး ဆိုင်ရာအချက်များ၊ ရခိုင်ပြည်နယ်တွင်း လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်များ၊ တရားစီရင်ရေးဆိုင်ရာနှင့် ပတ်သက်သည့် အကြံပြုချက်များလည်း ပါဝင်သည်။

ကလေးသူငယ်များ၏ အာဟာရ ချို့တဲ့မှုဆိုင်ရာ ပြဿနာနှင့် စာတတ်မြောက်မှုနှုန်းဆိုင်ရာ ကိစ္စရပ်များကိုလည်း သီးခြားထည့်သွင်း အကြံပြုထားသည်။

ယင်းအစီရင်ခံစာတွင် ပါဝင်သည့် တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ဆက်လက် အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတ အမိန့် ဖြင့် ၂၀၁၂ နှစ်ကုန်ပိုင်းက ဖွဲ့စည်းထားသည့် ကော်မတီခွဲ ၇ ခုက တာဝန်ဆက်လက်ယူသွားမည် ဖြစ်ကြောင်း စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

“အခု ကျနော်တို့ ရင်ဆိုင်နေရတာတွေက လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာကတည်းက ပြဿနာဟောင်းတွေပါ။ ကျနော်တို့က ဒုက္ခသည်တွေ အမိုးအကာနဲ့ အစားအစာရရှိရေးအတွက်ကို အဓိကထား စဉ်းစားမယ်။ လူသားတယောက် အသက်ရှင် ရပ်တည်နိုင်ခွင့်နဲ့ ပတ်သက်ပြီး အလေးအနက်ထား စဉ်းစားသွားမယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

ယင်းအစီရင်ခံစာတွင် ဖော်ပြချက်အရ ၂၀၁၂ခုနှစ် ပဋိပက္ခများအတွင်း လူပေါင်း ၁၉၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်ပေါင်း ၈၆၁၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်းအစီရင်ခံစာတွင် ရခိုင်နှင့် ဘင်္ဂါလီဟု သုံးစွဲထားသည်။

မြန်မာနိုင်ငံတွင်း နေထိုင်လျှက်ရှိသည့် ဘင်္ဂါလီလူမျိုးများနှင့် ပတ်သက်၍ နိုင်ငံသားဖြစ်သင့်သူများကို နိုင်ငံသားဖြစ်ရေးနှင့် မဖြစ်သင့်သူများကိုလည်း နိုင်ငံတကာ သဘောတူညီချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သင့်ကြောင်း စုံစမ်းရေးကော်မရှင်က အကြံပြုထားသည်။

ယင်းအချက်နှင့်ပတ်သက်၍ ဦးကိုကိုကြီးက“နိုင်ငံသားဆိုရင် နိုင်ငံအပေါ်မှာ သစ္စာစောင့်သိဖို့ လိုအပ်တဲ့အကြောင်းတွေကို နိုင်ငံသားလျှောက်ထားသူတွေ လေးလေးနက်နက် လက်ခံ လာအောင် အများကြီး လုပ်ဖို့လိုအပ်တယ်။ အစိုးရကလည်း နိုင်ငံသားအားလုံးကို နိုင်ငံသားအခွင့်အရေး တန်းတူပေးဖို့ လိုအပ်တယ်။ ဒါမှ လစ်ဘရယ် ဖြစ်လာမယ်၊ နိုင်ငံအပေါ် သစ္စာစောင့် သိမှုတွေရှိလာမယ်။ လူမျိုးစုတွေကြားမှာ သဟဇာတ ဖြစ်မှုတွေရှိလာမယ်” ဟု ဆက်လက်ပြောသည်။

ယင်းအစီရင်ခံစာကို အဖွဲ့ဝင် ၂၅ ဦးပါဝင်သည့် ကော်မရှင်အဖွဲ့က ၇ လကြာ စုံစမ်းစစ်ဆေးခဲ့ပြီး ယနေ့ အများပြည်သူသို့ မီဒီယာများတဆင့် ယနေ့ထပ်မံထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ လက်ထောက်ဒါရိုက်တာ ဖေလ်ရောဘတ်ဆန်ကမူ ယခု အစီရင်ခံစာတွင် “ယမန်နှစ် ဇွန်လနဲ့ အောက်တိုဘာလမှာ ဖြစ်ပွားခဲ့တဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုန်း သန့်စင်မှုတွေအတွက် တာဝန်ခံဖို့ လိုအပ်တာကို ထောက်ပြပြောဆိုမှုတွေ မပါဝင်ဘူး” ဟု ပြောဆိုကြောင်း အေပီသတင်းတပုဒ်က ရေးသားထားသည်။

ပြီးခဲ့သည့်အပတ် အဆိုပါ အဖွဲ့က ယမန်နှစ်အတွင်း ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော သွေးစွန်းသော အဓိကရုဏ်းနှင့် အစုအပြုံလိုက် သတ်ဖြတ်မှုများကို လူသားမဆန်သော ရာဇ၀တ်မှုများအဖြစ် ဖော်ပြခဲ့ပြီး မြန်မာအာဏာပိုင်များနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ရခိုင်ပြည်ရှိ မွတ်စလင်များကို “လူမျိုးတုန်းသန့်စင်ရေး” လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲထားသည်။
ဧရာဝတီ

ကလေးသူငယ်များ၏ အာဟာရ ချို့တဲ့မှု၊ စာတတ်မြောက်မှု များကိုလည်း သီးခြားထည့်သွင်း အကြံပြုထားသည် (ဓာတ်ပုံ – Reuters)

The Voice Weekly
ပြည် လူသတ်မှု စစ်ခုံရုံးမှ အရပ်သားများကို ခေါ်ယူစစ်ဆေး

ပြည် လူသတ်မှု စစ်ခုံရုံးမှ အရပ်သားများကို ခေါ်ယူစစ်ဆေး

တပ်မတော်သားများ ပါဝင်ပတ်သက်နေသည်ဟု ယူဆရသော ပြည်မြို့ န၀ဒေး တံတားအောက် လုယက် အသတ်ဖြတ်ခံရသော အမှုကို တပ်မတော် စစ်ခုံရုံးမှ အရပ်သား သက်သေ ထွက်ချက်များ ရရှိရန် ခေါ်ယူစစ်ဆေးမေးမြန်းကြောင်း သိရသည်။

အမှုတွင် အဓိက သက်သေအဖြစ် အသက်ရှင်ကျန်ရစ်ခဲ့သော မအိဇင်မိုးကိုကိုလည်း ဆေးရုံတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး မအိဇင်မိုးကို၏ ဖခင်ဖြစ်သူကိုလည်း ခလရ ၇၅ တပ်ထဲတွင် တပ်မတော်အရာရှိကြီး ၃ ဦးက အမှုဖြစ်စဉ် အစအဆုံးကို ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရသည်။

မအိဇင်မိုးကို၏ ဖခင် ဦးမြင့်ကိုက “၂၇ ရက်နေ့က ကျနော့်ကို တပ်ထဲကို ခေါ်စစ်တယ်။ (အခင်းဖြစ်တဲ့နေ့က) ကျနော့်သမီး ဆေးရုံကို ဘယ်အချိန်ရောက်တယ်၊ ရဲစခန်းကို ဘယ်အချိန်သွားတယ် ဆိုတာတွေကို အချိန် အတိအကျ မေးတယ်။ ဒီလောက် အရေးကြီးတဲ့အချိန်မှာ နာရီ တကြည့်ကြည့်လုပ်ပြီး ကျနော် မှတ်နေနိုင်မလားဗျာ။ ဘာလို့ တပ်မတော်သားတွေကို တရားခံအဖြစ် စွပ်စွဲပြီး အမှုဖွင့်ရတာလည်း မေးတယ်။ သူတို့ကို တရားခံလို့ တပ်အပ်စွပ်စွဲရဲလားလို့ မေးတော့ စွဲရဲတယ်လို့ ပြောခဲ့တယ်။ ကျနော့်သမီးကိုလည်း ဖြစ်တဲ့နေရာကို ခေါ်သွားပြီးတော့ မေးချင်တယ်လို့ ပြောပါတယ်။ သမီးမှာ နှလုံးရောဂါရှိတဲ့အတွက် ကျန်းမာရေးကို တာဝန်ယူပေးနိုင်ရင်တော့ ခေါ်သွားလို့ ပြောထားပါတယ်” ဟု ဧရာဝတီကို ပြောဆိုသည်။

ပြည်မြို့ တဘက်ကမ်း သစ်ဆိမ့်ပင်ရွာရှိ ကိုအေးထွေး၊ ကိုမြင့်ရွှေနှင့် ကိုရဲနိုင်တို့အားလည်း ဧပြီလ ၂၇ ရက်နေ့ ညနေ ၆ နာရီခန့်က စစ်ဆေး မေးမြန်းရန် ခေါ်ဆောင်သွားခဲ့ပြီး ဧပြီလ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ၄င်းတို့၏ မိသားစုဝင်များက ပြည်မြို့ အမှတ် ၂ ရဲစခန်းသို့ သွားရောက်မေးမြန်းခဲ့ရာ စခန်းမှူးမှ စိတ်မပူရန်နှင့် မေးမြန်းစရာရှိ၍ဟု ပြောဆိုသည်။

ထိုသူများ ယခုအခါ ရွာပြန်ရောက်လာကြပြီး မေးမြန်းရာတွင် တစုံတရာ ခြိမ်းခြောက်ခြင်းမျိုးမရှိဘဲ ကောင်းမွန်စွာ ဆက်ဆံမေးမြန်းကြောင်း၊ တရားခံအဖြစ် သံသယရှိ၍ မဟုတ်ဘဲ အသတ်ခံရသည့်စုံတွဲအား အခင်းမဖြစ်ပွားမှီက မြင်သောလူများတွင် ၎င်းတို့ပါဝင်နေကြောင်း သတင်းရ၍ ခေါ်ယူမေးမြန်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ဧပြီလ ၂၃ ရက် ည ၉ နာရီခန့်က ပြည်မြို့ ဆင်စုရပ်ကွက်အနီး ဧရာဝတီ မြစ်သောင်ပြင်ပေါ် (နဝဒေး တံတားအောက်) တွင် သမီးရည်းစား ဘာသာဘာဝ ချိန်းတွေ့နေသည့် ကိုဇော်မင်းဦးနှင့်ကမအိဇင်မိုးကိုတို့ စုံတွဲအား လူ ၃ ဦးမှ ပစ္စည်းယူ လူသတ်မှုဖြစ်ခဲ့ရာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိပြီး တပ်မတော်သားများ ဖြစ်နေခဲ့သည်။

အဖမ်းခံရသည့် တပ်သား ရဲကိုဦးနှင့် တပ်သား သန်းထိုက်အောင်တို့ကို ရဲတပ်ဖွဲ့က ခလရ (၇၅) တပ်ရင်းသို့ ပြန်လွှဲခဲ့ရာ ချုပ်နှောင်ထားကြောင်း၊ လွတ်မြောက်သွားသူ တပ်သား သန်းဝင်းအောင် တပ်ရင်းသို့ ပြန်အလာတွင်လည်း ဖမ်းဆီးပြီး အချုပ်ချထားခဲ့သည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူရဲတပ်ဖွဲ့များ ပူးပေါင်းဖြေရှင်းသွားမည် ဖြစ်ကြောင်း စစ်ခုံရုံး ဥက္ကဋ္ဌ ဒု ဗိုလ်မှူးကြီးနေဝင်းက သေဆုံးသူ ကိုဇော်မင်းဦး၏ ဈာပနတွင် ပြောဆိုခဲ့သည်

ပြည်မြို့ လူသတ်မှုအတွက် သောင်္ကြာနေ့က စစ်ခုံရုံးဥက္ကဌနှင့် တပ်မတော်အရာရှိကြီးများ အခင်းဖြစ်ပွားရာ နေရာသို့ လာရောက်စစ်ဆေးခဲ့ (ဓာတ်ပုံ – ကောင်းမြတ်မင်း)
ဧရာဝတီ

..................................................
Copy from Thuyaaung Thuyaaung Thuyaaung

၁၅၀၀ တန်ဖုန်းက နယ်မြေကန့် သတ်ချက်
ရှိနေ

၁၅၀၀ တန်ဖုန်းက နယ်မြေကန့် သတ်ချက် ရှိနေ

Monday, April 29, 2013
ဧပြီလ ၂၄ ရက်က ၁၅၀၀နှင့်ရောင်းချပေးခဲ့သော CDMA 800 MHZ ဖုန်းများသည်ရန်ကုန်မြို့ပြင်ပ မြို့နယ်အချို့ တွင် လိုင်းမမိခြင်းများဖြစ်ပေါ်
နေကြောင်း သိရသည်။
““ကျွန်တော်မနေ့က အလုပ် ကိစ္စနဲ့ သိမ်ဇရပ်ကိုသွားရပါတယ်။ ကျွန်တော်အခုရောင်းချပေးတဲ့ ၁၅၀၀ တန် CDMA 800 MHZ ဖုန်းကိုယူသွားတယ်။ ရန်ကုန်မြို့ အတွင်းမှာတော့ လိုင်းမိပါသေး တယ်။ မြို့ပြင်ရောက်တော့ လိုင်း မမိတော့
ဘူး။အလုပ်လုပ်ရမယ့်သိမ်ဇရပ်ရောက်
တော့လည်း လိုင်းကမမိဘူး””ဟု ဒဂုံတောင်ပိုင်း မြို့နယ် ၁၅၀၀ ဖုန်းဝယ်ယူသုံးစွဲ ခဲ့သူတစ်ဦးကပြောသည်။
““ကျွန်မရန်ကုန်နဲ့ နေပြည် တော်ကို ခေါက်တုံ့ခေါက်ပြန်သွားနေရတဲ့သူတစ်
ယောက်ပါ။ ပြီးခဲ့တဲ့ ၂၄ ရက်က ၁၅၀၀ တန် ဖုန်းတွေကိုရောင်းချပေးတယ်။အခုရောင်း
ပေးတဲ့ဖုန်းတွေကို ကိုင် ကြည့်ချင်တာနဲ့ ညီမလေးဆီက နေယူသွားကြည့်တယ်။
ဒါပေမဲ့ ရန်ကုန်မြို့ပြင်ရောက်တော့ လိုင်း တွေကမမိတော့ဘူး။ နေပြည် တော်ကို အဲဒီဖုန်းကိုယူသွားတော့လမ်းတောက်
လျှောက်မှာ လိုင်းတွေက မမိဘူး။ ဖြူးကိုရောက်တော့ဒီဖုန်းတွေကတိုင်တောင် မပေါ်ဘူး””ဟု ဗဟန်းမြို့နယ်နေ ၁၅၀၀ ဖုန်းသုံးစွဲသူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာ့ဆက် သွယ်ရေးမှ အင်ဂျင်နီယာဦးစိုး အောင်က ““အခုရောင်းချပေးတဲ့ CDMA 800MHZဖုန်းတွေကပြောလို့ရတဲ့မြို့တွေမှာ ရောင်းချ ပေးတာပဲဖြစ်ပါတယ်။ အခြားမြို့ တွေကို သယ်သွားရင်တော့ ပြောလို့ရမှာမဟုတ်ပါဘူး။ နောက်ပြီး မြန်မာတစ်နိုင်ငံလုံးသယ်ဆောင် ပြီး
တော့ ပြောနိုင်ဖို့ဆိုတာ အခု လောလောဆယ်တော့ ရနိုင်ဦး မှာမဟုတ်ပါဘူး””ဟု ပြောကြားခဲ့ သည်။

ဖြိုးအောင်
HotNewsWeekly

Published with Blogger-droid v2.0.10
ရခိုင်စုံစမ်းစစ်ဆေးရေးအစီအရင်ခံစာနှင့်
ပတ်သက်ပြီး ရှင်းလင်း

ရခိုင်စုံစမ်းစစ်ဆေးရေးအစီအရင်ခံစာနှင့် ပတ်သက်ပြီး ရှင်းလင်း

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့စပ်လျဉ်းတဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့ခင်း ၂ နာရီမြန်မာငြိမ်းချမ်းရေး
စင်တာမှာ ရခိုင်ကော်မရှင်အစီရင်ခံစာနဲ့ ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်တာဝန်ရှိသူတွေက အချက်အလက်ရှာဖွေခြင်းနဲ့ နောက်
နောင်မဖြစ်ပွားအောင်အကြံပြုတင်ပြတဲ့
အပိုင်း၂ပိုင်းကိုဦးစားပေးဆောင်ရွက်ခဲ့
ကြောင်းရှင်းလင်းပါတယ်။

ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုကြီးက “ဒီကော်မရှင်ရဲ့ ဆောင်ရွက်ရမယ့်အပိုင်း ၂ ပိုင်းရှိပါတယ်။တပိုင်းကအချက်အလက်ရှာ
ဖွေပြုစုခြင်းပါ။ အဲဒါက ဒီကိစ္စဖြစ်ပေါ်တဲ့ လတ်တလော အကြောင်းရင်းတွေနဲ့ ဒီကိစ္စဖြစ်ပေါ်စေတဲ့ အခြေခံ အ
ကြောင်းရင်းတွေ။ အဲဒါတွေကို အတတ်နိုင်ဆုံးလူတွေ့မေးမြန်းချက်တွေနဲ့ ကိုယ်တိုင် ကွင်းဆင်းလေ့လာမှုတွေ၊ နောက်ပြီးတော့ သမိုင်းစာရွက်စာတမ်း အထောက်အထားမှတ်တမ်းများနဲ့
စာကြည့်တိုက်များကနေရှာဖွေစုဆောင်းတဲ့ အချက်အလက်တွေ အစရှိသဖြင့် အတတ်နိုင်ဆုံးရှာဖွေပြုစုခဲ့ပါတယ်။”
“နောက်တခုကတော့ အကြံပြုချက်အပိုင်းပါ။လက်ရှိဖြစ်နေတာ
တွေကို ကျနော်တို့က ပကတိအတိုင်း လက်ခံနိုင်အောင်၊ နားလည်နိုင်အောင်
ကြိုးစားပြီးတော့ နောက်နောင် ဒါမျိုးထပ်မဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ပဋိပက္ခဖြစ်နေတဲ့ကာလမှာ အနိမ့်ဆုံးအဆင့် နောက်တကြိမ် မဖြစ်
ပွားအောင် ဘယ်လိုကြိုတင်စီမံမှုတွေ၊ အကာကွယ်တွေလုပ်ကြမလဲ။ ပြီးရင် တဖြည်းဖြည်းချင်း ပျော့ပျောင်းတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းက ခေါင်းေ
ဆာင်တွေအချင်းချင်းတွေ့ဆုံညှိနှိုင်းတာ
တွေကစပြီး ပုံမှန်အခြေအနေ ပြန်ရောက်အောင်ဘယ်လိုဆောင်ရွက်ကြ
မလဲ ဆိုတဲ့ လူမှုရေးသဟဇာတဖြစ်အောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ အကြံပြုတင်ပြထားတယ်။”
“တဆက်တည်းမှာပဲ အင်မတန်အကဲဆတ်တဲ
့ကိစ္စဖြစ်တဲ့ ကျနော်တို့ နိုင်ငံသားတွေ၊ တိုင်းရင်းသားတွေရဲ့ စိတ်ခံစားမှု၊ စိုးရိမ်ထိတ်လန့်မှု၊ နောက်ပြီးတော့ နှစ်ဘက်ကြားထဲမှာ ရှိတဲ့ မယုံသင်္ကာမှု၊ အဲဒါတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖို့ ကျနော်တို့ ရေရှည်အချိန်ယူသွားရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီပြဿနာကို ဖြေရှင်းတဲ့အခါမှာ ရှုထောင့်အသီးသီးကနေ ပြည့်ပြည့်စုံစုံ ချဉ်းကပ်နိုင်ဖို့ ကော်မရှင်က ကြိုးစားခဲ့ကြောင်းနဲ့ ကော်မရှင်အစီရင်
ခံစာမှာ ပထမဦးဆုံး နံပါတ် ၁ ဦးစားပေးဖော်ပြထားတဲ့ ကဏ္ဍဟာ ဒုက္ခသည်များကိစ္စဖြစ်ကြောင်း၊ ဘာဖြစ်လို့လည်းဆိုတော့ လူ့အခွင့်အရေး
နဲ့ပတ်သက်တဲ့ ရှုထောင့်၊ လူသား အသက်ရှင်နေထိုင်ခွင့်နဲ့ ပတ်သက်လို့ ဘယ်လောက်အလေးထားတယ်ဆိုတာ အထင်အရှားပေါ်လွင်ကြောင်း ရှင်းပြသွားပါတယ်။
ဒါဟာ ဒုက္ခသည်တွေ အစားအစာနဲ့ အမိုးအကာရရှိရေးကိစ္စကို နံပါတ် ၁ ဦးစားပေးအနေနဲ့ ဖော်ပြထားကြောင်း ဦးကိုကိုကြီးက ရှင်းလင်းပြောဆိုခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ လူမှုရေး၊ စီးပွားရေး၊ပညာရေးနဲ့ ပြန်လည်သဟဇာတဖြစ်ဖို့အတွက်
ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေ အစရှိသဖြင့် ကျနော်တို့ အခန်းကဏ္ဍ ၁၂ ခု ခွဲထားပြီးတော့ ပြုစုထားပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ဖြစ်တဲ့အတွက် စီမံခန့်ခွဲနိုင်တဲ့ အခွင့်အာဏာမရှိကြောင်းနဲ့ ကော်မရှင်အနေနဲ့ကတော့တွေ့ရှိတဲ့အချက်အလက်တွေ၊ဖြစ်သင့်ဖြစ်ထိုက်တဲ့အကြံပြု
ချက်တွေ တင်ပြတာသာဖြစ်ပြီး ပံ့ပိုးကူညီ၊ ဖြေရှင်းမယ့်ကိစ္စတွေကိုတော့ သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက လုပ်ကိုင်ဆောင်ရွက်သွားမယ်
လို့ ဦးကိုကိုကြီးကရှင်းလင်းပြောပြသွားပါ
တယ်။

From DVB TV News
-http://maruthura.blogspot.com-

Published with Blogger-droid v2.0.10
ဗဟန်းမြို့နယ် ရွှေဂုံတိုင် ကမ္ဘောဇဘဏ်အနီးမီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွား

ဗဟန်းမြို့နယ် ရွှေဂုံတိုင် ကမ္ဘောဇဘဏ်အနီးမီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွား

ဗဟန်းမြို့နယ် ရွှေဂုံတိုင် ကမ္ဘောဇဘဏ်အနီး ရွှေဂုံတိုင်တာဝါ အနောက်ဘက်ရှိ နေအိမ်တစ်လုံးတွင် ယနေ့ နံနက် ၆ နာရီခွဲ ခန့်မှစ၍ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားနေပြီး လက်ရှိအချိန်တွင် မီးသတ်တပ်ဖွဲ့ဝင်များမှ ဆက်လက် မီးငြိမ်းသတ်ဆဲဖြစ်ကာ မီးလောင်ကျွမ်းမှု အကြောင်းအရင်းကိုမူ မသိရသေးပေ။

မီးလောင်ကျွမ်းမှု ဖြစ်ပွားသည့်နေရာမှာ အမှတ် ၅၄၊ ကိုယ်မင်းကိုယ်ချင်း ရပ်ကွက်၊ ဗဟန်းမြို့နယ်ရှိ RC ၂ ထပ်တိုက် ဖြစ်ပြီး နံနက် ၆ နာရီ မိနစ် ၄၀ အချိန်တွင် မီးသတ်ရုံးမှ စတင်သတင်းရရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို အုပ်ချုပ်မှုယာဉ် ၇ စီး၊ ထောက်ကူပြုယာဉ် ၂ စီး၊ မီးသတ်ယာဉ် ၄၁ စီးဖြင့် ငြိမ်းသတ်ခဲ့ကာ နံနက် ၇ နာရီ ၁၀ မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၇ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှု အကြောင်းအရင်းမှာ နေအိမ်အပေါ်ထပ်တွင် အမွှေးတိုင်ထွန်းရာမှ ဆိုဖာပေါ်သို့ မီးစကျပြီး စတင်လောင် ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
Myawady News

အေပြီ ၂၉ ရက် ၂၀၁၃

စစ်တွေမြို့ရှိ မေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်းမှ မျက်မမြင်ကျောင်းသားသစ်များအတွက် အခြေခံမျက်မမြင်စာအရေး၊ အဖတ်တို့အား တစ်လကြိုတင်သင်ကြားပေးမည်

စစ်တွေမြို့ရှိ မေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်းမှ မျက်မမြင်ကျောင်းသားသစ်များအတွက် အခြေခံမျက်မမြင်စာအရေး၊ အဖတ်တို့အား တစ်လကြိုတင်သင်ကြားပေးမည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်းမှ မျက်မမြင်ကျောင်းသားသစ်များ အတွက် အခြေခံမျက်မမြင်စာအရေး၊ အဖတ်တို့အား တစ်လကြိုတင်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်အတွင်း မေတ္တာဝတီမျက်မမြင် ပညာသင်ကျောင်း၌တက်ရောက်သင်ကြား ကြမည့်ကျောင်းသားသစ်များအနေဖြင့် ဇွန်လအတွင်းဖွင့်လှစ်သင်ကြားပေးမည့် အခြေခံပညာသင်ကျောင်းများ တွင် အချိန်မီတက်ရောက်ပညာသင်ယူနိုင်ရန်အတွက် မျက်မမြင်စာအရေး၊ အဖတ်တို့အား ယခုကဲ့သို့ တစ်လ ကြိုတင်ကာ သင်ကြားပေးရန်စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့သင်ကြားပေးနိုင်ရန်အတွက် မေလ ၁ ရက်နေ့မှစတင်ကာ အဆိုပါမျက်မမြင်ကျောင်းမှ ကျောင်းသားသစ်များအား လက်ခံခေါ်ယူနေပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် အဆိုပါကျောင်း၌ ကျောင်းသူ၊ ကျောင်းသား ၁၁ ယောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မျက်မမြင်များအား လူတစ်လုံးသူတစ်လုံးဖြစ်လာစေရန်နှင့် ဘဝကိုအရှုံးမပေး ဘဲ ကြိုးစားချင်စိတ်ရှိလာစေရန်အတွက် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ၊ ရန်တားရပ်ကွက်နေ မျက်မမြင်ဦးကျော်ကျော်ဝင်းဦးစီး၍ အဆိုပါမေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်းကို ၂၀၀၉ ခုနှစ်၊ ဒီဇင် ဘာလ ၂၀ ရက်နေ့တွင် စစ်တွေမြို့၊ လမ်းမကြီးရှိ မဟာကုသလကျောင်းတော်ကြီးခြံဝင်းအတွင်းတွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ အသက် ၆ နှစ်မှ ၂၅ အရွယ်မျက်မမြင်များအား မျက်မမြင် စာအရေးအဖတ်တို့အပြင် သက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သည့် ဂျပန်-မြန်မာအကြောအနှိပ်ပညာ၊ ကြိမ်ဝါးလက်မှုပညာနှင့် ဂီတပညာတို့ကို အခမဲ့တာဝန်ယူသင်ကြားပေးလျက်ရှိပြီး ယင်းတို့၏စားရေး၊ သောက် ရေး၊ နေရေးထိုင်ရေးနင်္ှဲင့် ကျန်းမာရေးတို့အား ကျောင်းမှအခမဲ့စီစဉ်ပေးကြောင်း သိရသည်။
စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှစ၍ ယနေ့အထိ အဆိုပါကျောင်း၏ရန်ပုံငွေအား ပုဂ္ဂလိကအလှူရှင်များ၏ ထောက်ပံ့ငွေများဖြင့်သာရပ်တည်နေရပြီး ပွင့်လင်းရာသီများတွင် ကျောင်းအုပ်ကြီးဦးကျော်ကျော်ဝင်းဦးစီးပြီး မျက်မမြင်ကျောင်းသူ၊ ကျောင်းသားများနှင့်အတူ ရခိုင်ပြည်နယ်အတွင်း မြို့နယ်တစ်ချို့ရှိ ကျေးရွာများသို့ သွားရောက်ဖြေဖျော်ကာ ကျောင်းအတွက်ရန်ပုံငွေရှာဖွေနေရသည်။

စေတနာရှင်အလှူရှင်များအနေဖြင့် တစ်ရက်လုံး (နံနက်စာနှင့် ညနေစာ)အတွက် တစ်ရက်လျှင် ငွေကျပ် ၁ သောင်းခွဲကျပ်ဖြင့် အဆိုပါကျောင်းတွင် ထမင်းကျွေးမွေးနိုင်ပြီး မိမိတို့၏အလှူမင်္ဂလာပွဲများ၊ မင်္ဂလာ လက်ခံပွဲများ မွေးနေ့အထိမ်း အမှတ်နေ့များတွင်လည်း ကျွေးမွေးနိုင်ကြောင်းနှင့် ကျောင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဦးကျော်ကျော်ဝင်း(ကျောင်းအုပ်ကြီး၊ မေတ္တာဝတီ မျက်မမြင်ပညာသင်ကျောင်း၊ ဖုန်း-ဝ၉၄၂၁၇၁၂၇၂ဝ)ထံ ဆက်သွယ်စုံစမ်းနိုင်သည်။

ဓာတ်ပုံ - မေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်း
RSV

RSV

စစ်တွေမြို့ရှိ မေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်းမှ မျက်မမြင်ကျောင်းသားသစ်များအတွက် အခြေခံမျက်မမြင်စာအရေး၊ အဖတ်တို့အား တစ်လကြိုတင်သင်ကြားပေးမည်
---------------------------------------------------

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်းမှ မျက်မမြင်ကျောင်းသားသစ်များ အတွက် အခြေခံမျက်မမြင်စာအရေး၊ အဖတ်တို့အား တစ်လကြိုတင်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်အတွင်း မေတ္တာဝတီမျက်မမြင် ပညာသင်ကျောင်း၌တက်ရောက်သင်ကြား ကြမည့်ကျောင်းသားသစ်များအနေဖြင့် ဇွန်လအတွင်းဖွင့်လှစ်သင်ကြားပေးမည့် အခြေခံပညာသင်ကျောင်းများ တွင် အချိန်မီတက်ရောက်ပညာသင်ယူနိုင်ရန်အတွက် မျက်မမြင်စာအရေး၊ အဖတ်တို့အား ယခုကဲ့သို့ တစ်လ ကြိုတင်ကာ သင်ကြားပေးရန်စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့သင်ကြားပေးနိုင်ရန်အတွက် မေလ ၁ ရက်နေ့မှစတင်ကာ အဆိုပါမျက်မမြင်ကျောင်းမှ ကျောင်းသားသစ်များအား လက်ခံခေါ်ယူနေပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် အဆိုပါကျောင်း၌ ကျောင်းသူ၊ ကျောင်းသား ၁၁ ယောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မျက်မမြင်များအား လူတစ်လုံးသူတစ်လုံးဖြစ်လာစေရန်နှင့် ဘဝကိုအရှုံးမပေး ဘဲ ကြိုးစားချင်စိတ်ရှိလာစေရန်အတွက် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ၊ ရန်တားရပ်ကွက်နေ မျက်မမြင်ဦးကျော်ကျော်ဝင်းဦးစီး၍ အဆိုပါမေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်းကို ၂၀၀၉ ခုနှစ်၊ ဒီဇင် ဘာလ ၂၀ ရက်နေ့တွင် စစ်တွေမြို့၊ လမ်းမကြီးရှိ မဟာကုသလကျောင်းတော်ကြီးခြံဝင်းအတွင်းတွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ အသက် ၆ နှစ်မှ ၂၅ အရွယ်မျက်မမြင်များအား မျက်မမြင် စာအရေးအဖတ်တို့အပြင် သက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သည့် ဂျပန်-မြန်မာအကြောအနှိပ်ပညာ၊ ကြိမ်ဝါးလက်မှုပညာနှင့် ဂီတပညာတို့ကို အခမဲ့တာဝန်ယူသင်ကြားပေးလျက်ရှိပြီး ယင်းတို့၏စားရေး၊ သောက် ရေး၊ နေရေးထိုင်ရေးနင်္ှဲင့် ကျန်းမာရေးတို့အား ကျောင်းမှအခမဲ့စီစဉ်ပေးကြောင်း သိရသည်။
စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှစ၍ ယနေ့အထိ အဆိုပါကျောင်း၏ရန်ပုံငွေအား ပုဂ္ဂလိကအလှူရှင်များ၏ ထောက်ပံ့ငွေများဖြင့်သာရပ်တည်နေရပြီး ပွင့်လင်းရာသီများတွင် ကျောင်းအုပ်ကြီးဦးကျော်ကျော်ဝင်းဦးစီးပြီး မျက်မမြင်ကျောင်းသူ၊ ကျောင်းသားများနှင့်အတူ ရခိုင်ပြည်နယ်အတွင်း မြို့နယ်တစ်ချို့ရှိ ကျေးရွာများသို့ သွားရောက်ဖြေဖျော်ကာ ကျောင်းအတွက်ရန်ပုံငွေရှာဖွေနေရသည်။

စေတနာရှင်အလှူရှင်များအနေဖြင့် တစ်ရက်လုံး (နံနက်စာနှင့် ညနေစာ)အတွက် တစ်ရက်လျှင် ငွေကျပ် ၁ သောင်းခွဲကျပ်ဖြင့် အဆိုပါကျောင်းတွင် ထမင်းကျွေးမွေးနိုင်ပြီး မိမိတို့၏အလှူမင်္ဂလာပွဲများ၊ မင်္ဂလာ လက်ခံပွဲများ မွေးနေ့အထိမ်း အမှတ်နေ့များတွင်လည်း ကျွေးမွေးနိုင်ကြောင်းနှင့် ကျောင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဦးကျော်ကျော်ဝင်း(ကျောင်းအုပ်ကြီး၊ မေတ္တာဝတီ မျက်မမြင်ပညာသင်ကျောင်း၊ ဖုန်း-ဝ၉၄၂၁၇၁၂၇၂ဝ)ထံ ဆက်သွယ်စုံစမ်းနိုင်သည်။

ဓာတ်ပုံ - မေတ္တာဝတီမျက်မမြင်ပညာသင်ကျောင်း။
သောက်သုံး ရေ ပြတ်လပ်မှု ကြုံတွေ့ နေရသော ကျေးရွာ များတွင် နယ်မြေခံ တပ်မတော်သား များက သောက်သုံး ရေများ ဖြန့်ဝေ လှူဒါန်း

သောက်သုံး ရေ ပြတ်လပ်မှု ကြုံတွေ့ နေရသော ကျေးရွာ များတွင် နယ်မြေခံ တပ်မတော်သား များက သောက်သုံး ရေများ ဖြန့်ဝေ လှူဒါန်း

 နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ သောက်သုံးရေ ရှားပါးလျက် ရှိသော ကျေးရွာများအား နယ်မြေခံ တပ်မတော်သား များက ဧပြီ ၂၇ ရက်တွင် ရေသယ်ယာဉ် များဖြင့် သောက်သုံးရေ ဖြန့်ဝေပေးလျက် ရှိရာ နန်းသြကျေးရွာ အုပ်စု၊ နန်းသြ ကျေးရွာနှင့် ဒိုးပင်ခုံကျေး ရွာတို့အား အိမ်ထောင်စု တစ်စုလျှင် ရေ ၁ဝ ဂါလန်နှုန်းဖြင့် သောက် သုံးရေ စုစုပေါင်း ဂါလန် ၆၇ဝဝ အား လည်းကောင်း၊ ရေဆင်းကျေး ရွာအုပ်စု၊ ကန်သာအေး ကျေးရွာ ၊ အောင်ချမ်းသာ ကျေးရွာနှင့် ချောင်းဖျားကျေးရွာ တို့သို့ ၂ဝ လီတာ ဆံ့ရေသန့်ဘူး ၁၇၅ ဘူးအား လည်းကောင်း၊ ပျဉ်းမနား အရှေ့ခြမ်း တောင်ပေါ်ဒေ သ ကျောက်ဖျာကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁ဝဝဝ အားလည်းကောင်း၊ ခေတ်အေး ကျေးရွာနှင့် ရင်ကွဲ ပင် ကျေးရွာတို့သို့ သောက်သုံးရေဂါလန် ၁၁ဝဝဝ အားလည်းကောင်း အသီးသီး ဖြန့် ဝေ ပေးခဲ့သည်။
အလားတူ ဧပြီ ၂၈ ရက်တွင် ဇေယျာသီရိ မြို့နယ် လေသာတောင် ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၂၂ဝဝ အား လည်းကောင်း၊ တပ်ကုန်းမြို့နယ် ဝက်ခြံရိုး ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၅ဝဝ အား လည်းကောင်း အသီးသီး ဖြန့်ဝေ ပေးခဲ့သည်။
အဆိုပါ သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရသော ကျေးရွာများသို့ သောက်သုံးရေ လိုအပ်ချက်ပေါ် မူတည်၍ မိုးရွာသွန်းပြီး ရေပြန်လည် ရရှိသည် အထိ နယ်မြေခံ တပ်မတော်သားများက ဆက်လက် ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

http://bit.ly/186DQQz