ကုလ အထူးကိုယ်စားလှယ်နဲ့ ဝန်ကြီးဦးအောင်မင်းကချင်ဒုက္ခသည်စခန်း
တွေကို သွားရောက်

ကုလ အထူးကိုယ်စားလှယ်နဲ့ ဝန်ကြီးဦးအောင်မင်းကချင်ဒုက္ခသည်စခန်း တွေကို သွားရောက်

်RFA Burmese
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အိုနဲ့
ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး သမ္မတရုံးဝန်ြ
ကီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းေ
ရး ကိုယ်စားလှယ်အဖွဲ့နဲ့ ကုလသမဂ္ဂ အတွင်းေ
ရးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး
နမ်ဘီးယာတို့ဟာ ဒီကနေ့မှာ မြစ်ကြီးနားနဲ့ ဝို
င်းမော်မြို့နယ်ထဲက စစ်ဘေးရှောင်စခန်းသုံးခု
ကို သွားရောက်လေ့လာခဲ့ပါတယ်။
စစ်ပြေးဒုက္ခသည်တွေ မကြာခင် မိမိတို့ရပ်ရွာ
တွေမှာ ပြန်လည်နေထိုင်ဖို့ ထူထောင်ရေးလုပ်
ငန်းတွေကို အစိုးရနဲ့ ကုလသမဂ္ဂအပါအဝင် နို
င်ငံတကာ အဖွဲ့အစည်းတွေက အတတ်နိုင်ဆုံး
ကူညီသွားမယ်လို့ ဝိုင်းမော်မြို့ သာဂရသရက်ေ
တာ ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစ
ခန်းမှာ ဝန်ကြီးဦးအောင်မင်းက အခုလို ပြော
ပါတယ်။
"ကျနော်တို့ဟာ ကချင်တိုင်းရင်းသားခေါင်းေ
ဆာင်တွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးပွဲလုပ်ခဲ့ပါ
တယ်၊ ဒီအချိန်ကတော့ အောင်မြင်မှုရလဒ်လို
့လည်း ပြောရမှာဖြစ်ပါတယ်၊ ကျနော်တို့ သေ
ဘာတူညီချက်လက်မှတ်တွေ ရေးထိုးပါတယ်၊
တိုက်ပွဲတွေမဖြစ်အောင်လုပ်ကြမယ်၊ ဒီလိုကို
ယ့်အိမ်ကိုယ့်ယာကို ပစ်ပြီးတော့ပြေးတဲ့မိသား
စုတွေကို ကိုယ့်နေရာကိုယ်ပြန်ရောက်အောင်
လုပ်ကြမယ်ဆိုပြီးတော့ အဲအစီအစဉ်တွေပါပြီး
သားဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ဒီမှာရှိတဲ့အဖွဲ­
့တွေအားလုံးက ကိုယ့်အိမ်ကို မကြာခင်ပြန်ရ
တာ့မှာဖြစ်ပါတယ်၊ ဒီကနေပြန်တဲ့အခါ ခင်ဗျား
တို့အားနဲ့အင်နဲ့ ကိုယ့်ရွာဖွံ့ဖြိုးတိုးတက်အောင်
ကိုယ့်လူမျိုးတွေတိုးတက်အောင် အဲဒါတွေကြိုးစ
ားပြီးတော့ ဆောင်ရွက်ဖို့လိုအပ်တယ်၊ ကလေး
တွေလည်း စာတတ်အောင်လုပ်ပေးဖို့လိုအပ်တ
ယ်၊ ကျနော်တို့လည်း ဝိုင်းကူပြီးတော့ဆောင်ရ
ွက်သွားမှာဖြစ်ပါတယ်"
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စာ
းလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားကတော့ "ဒုက
္ခသည်တွေ အားလုံး မိမိအိုးအိမ်တွေမှာ ပြန်လ
ည်နေထိုင်နိုင်ဖို့ မနေ့က ဆွေးနွေးပွဲအပြီးမှာ ပို
နီးစပ်လာပြီလို့ ပြောနိုင်ပါတယ်။ အစိုးရပြည်ေ
ထာင်စုဝန်ကြီး ဦးအောင်မင်း၊ ဒုဗိုလ်ချုပ်ကြီးြ
မင့်စိုးနဲ့ ကေအိုင်အို ခေါင်းဆောင်တွေရဲ့ ကြိုးပ
မ်းမှုကြောင့် ဒုက္ခသည်တွေအားလုံး မကြာတေ
ာ့တဲ့ အနာဂတ်မှာ မိမိအိုးအိမ်တွေမှာ ပြန်လည်
နေထိုင်ကြရတော့မှာဖြစ်ပါတယ်" လို့ ပြောသ
ွားခဲ့ပါတယ်။
ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေ
းအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကလ
ည်း ဒေသခံပြည်သူတွေ လုံခြုံစွာပြန်လည်အြေ
ခချ နေထိုင်နိုင်ဖို့အတွက် မြေမြှုပ်မိုင်းရှင်းလင်
းရေးအပါအဝင် လိုအပ်တဲ့ကူညီဆောင်ရွက်မှုေ
တွအားလုံးကို အတတ်နိုင်ဆုံးဆောင်ရွက်သွား
ပေးမယ်လို့ ဆိုပါတယ်။
အလားတူ ကချင်လွတ်မြောက်ရေးတပ်မတော်
(KIA) ရဲ့ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် ဦးေ
ဆာင်တဲ့ ကေအိုင်အိုငြိမ်းချမ်းရေး ကိုယ်စားလှ
ယ်အဖွဲ့ကလည်း အဖွဲ့လေးဖွဲ့ခွဲပြီး ကုလသမဂ
္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ
္စတာဗီဂျေနမ်ဘီးယားနဲ့အတူ မြစ်ကြီးနားနဲ့ ဝိုင်း
မော်မြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတွေကို
သွားရောက်လေ့လာခဲ့ပါတယ်။

Published with Blogger-droid v2.0.10
လားရှိုးအဓိကရုဏ်းမှာ တစ်ဦးသေ လေးဦးဒဏ်ရာရ

လားရှိုးအဓိကရုဏ်းမှာ တစ်ဦးသေ လေးဦးဒဏ်ရာရ

လားရှိုးမှာ ယနေ့ ညနေ နှစ်နာရီကျော်တွင် ထပ်မံ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရတယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောဆိုခွင့်ရှိသူ ဦးရဲထွဋ်Facebook မှာဖော်ပြပါတယ်။
”နှစ်ဖက် အပြန်အလှန်ဖြစ်ပွားခဲ့တယ်။ ရဲတပ်ဖွဲ့ကလည်း သေနတ် ပစ်ဖောက်လူစုခွဲခဲ့ရတယ်လို့လည်း သိရပါတယ်။” ၄င်းက ထပ်မံဖော်ပြ
ထားပါတယ်။ယင်းအကြမ်းဖက်မှုမျးကို ဖြေရှင်းရန် ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေး ဒုတိယ၀န်ကြီးလည်း လားရှိုးမြို့ ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ရှမ်း/တရုတ်/ ဗုဒ္ဓဘာသာဝင် မအေးအေးဝင်းကို ကျိုင်းတုံကလာတဲ့ အစ္စလာမ် ဘာသာဝင် နေ၀င်းက မေလ ၂၇ ရက်နေ့ ညနေ ၅နာရီ ခွဲခန့်မှာ ဓာတ်ဆီပတ် မိးရှို့ခဲရာမှ စတင်ကာ လားရှိုး
တွင် ပဋိက္ခများ ဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ - ဧရာဝတီ

Published with Blogger-droid v2.0.10
သစ်ပင်ကျိုးကျရာမှတစ်ဆင့် ဓာတ်တိုင်ကျိုးကျ၊ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ

Wednesday, 29 May, 2013

မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ အိုးဘိုတောင်ကွေ့တွင် ယနေ့ညနေ လေးနာရီခွဲခန့်တွင် လမ်းဘေးရှိ တမာပင်ကျိုးကျရာမှာ တစ်ဆင့် ဓာတ်တိုင်ပါ ကျိုးကျရာ လမ်းပေါ်တွင် ဆိုင်ကယ်မောင်းနှင်နေသော အမျိုးသမီးတစ်ဦးပေါ်သို့ အဆိုပါ ဓာတ်တိုင် လဲကျပိကျမှု ဖြစ်ပွားခဲ့သည်။

"တမာပင်က အထဲမှာ ဆွေးနေလို့နဲ့တူတယ်၊ မိုးလေးနည်းနည်းကျနေတဲ့အချိန်မှာ ကျိုးကျသွားတယ်။ အဲဒီတမာပင်က ဓာတ်ကြိုးတွေပေါ် ပိသွားတဲ့အချိန်မှာ ဟိုဘက်က ဓာတ်တိုင်ကပါ လိုက်ပြီးလဲကျသွားတယ်။ ဟို အမျိုးသမီးက တော်တော် ကံဆိုးပါတယ်။ အဲဒီဓာတ်တိုင်အောက်မှာမှ ဆိုင်ကယ်ရော၊လူပါ ပိသွားတယ်။ အခုတော့ ဆေးရုံပို့လိုက်တယ်ပြောတယ်" ဟု အိုးဘိုတောင်ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။

အခင်းဖြစ်ပြီး မကြာခင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ ရောက်ရှိလာပြီး လမ်းမပေါ် လဲကျနေသော သစ်ပင်နှင့်ဓာတ်တိုင်ကို ဖယ်ရှားရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။

ThanLarWaddy Times

ရခိုင်ပြည်အနံ NLD ရုံးများရုပ်သိမ်းပေးရန်ရခိုင်လူငယ်များမှဆောင်ရွက်သွားမည်။

ရခိုင်ပြည်အနံ ဖွင်လှမ်းထားသွာ အမျိုးသား NLD အား ရခိုင်ပြည်မှ အပြီးပိုင်ဖျက်သိမ်းသွားရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းရခိုင်မျိုးချစ်လူငယ်များအသင်းမှသိရပါသည်။ကျွန်တော်တိုကဗုဒ္ဓဘာသာလူမျိုးဗျာဘာသာမပျောက်ရအောင်ငါတိုလူငယ်တွေမှာတာဝန်ရှိတယ်..ဘင်္ဂလီ ကုလားတွေကို အားပေးနေတယ် NLD ပါတိ ကို ကျွန်တော်တိုလူမျိုးတွေ လက်မခံနှိင်ပါNLDကခေါင်းဆောင် တွေ..ကုလားသားဖောက်နှုန်းတွေကိုမထိန်းချုပ်သင့်ဘူးဆိုတဲ့ခေါင်းဆောင်တွေ ဘင်္ဂလီကုလားတွေကို မြန်မာနှိင်ငံ အနံသွားလာခွင် တားမြတ်ထားတာ လူအခွင်အရေးချိုးဖေါက်မူဖြစ်တဲ့အတွက် တားမြတ်ခွင်ကိုပိုတ်ပင်ပေးဖို့ (ကုလားတွေကိုမြန်မာအနံနေထိုင်ခွင်ပေးဖို့ )လိုပါတယ်…
ယခင်ကပင် ပြဋ္ဌာန်းထားခဲ့သည့် လူဦးရေ ထိန်းချုပ်ခြင်းဆိုင်ရာ အမိန့်ဖြစ်ပြီး ယင်းအမိန့် ထုတ်ပြန်ခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်ရာ မရောက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ များ ပြောထားပြီးဖြစ်သည်။

ရခိုင်မျိုးချစ်လူငယ်များ

စိန့်မေရီ ဘုရားကျောင်း တာဝန်ခံက ရဲတိုက်ကို စတိုက်ခိုက်ခြင်း မဟုတ်ဟု ငြင်းဆို

Re-post By ACM 29-5-2013

ရန်ကုန်မြို့ စိန့်မေရီ ကသီဒြယ် ဘုရားကျောင်း တာဝန်ရှိသူများက သရုပ်ဆောင် ရဲတိုက်ကို စတင် ထိုးကြိတ်ခြင်း မဟုတ်ဘဲ ရဲတိုက်က
စတင် တိုက်ခိုက်သည်ကို ပြန်လည် ခုခံခြင်းသာဖြစ်ကြောင်း အဆိုပါ ဘုရားကျောင်း၏ ကျောင်းထိုင် ဆရာတော် ဒေါမနစ် ဦးသက်တင်က ဧရာဝတီသို့ ပြောသည်။

မေလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် သရုပ်ဆောင်ရဲတိုက်က စိန့်မေရီ ကသီဒြယ် ဘုရားကျောင်း ဝန်းအတွင်း တကိုယ်တော် ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ဧရာဝတီက သွားရောက်မေးမြန်းရာ ကျောင်းထိုင် ဆရာတော်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင်ရဲတိုက်က မေ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တခါ၊ မွန်းတည့် ၁၂ နာရီကျော်တွင် တခါ၊ နေ့လယ် ၂ နာရီကျော်တွင် တတိယ အကြိမ် ဘုရားကျောင်းအတွင်း ဝင်ရောက်လာပြီး တကိုယ်တော် ဆန္ဒပြခဲ့သည့် အတွက် ဘုရားကျောင်းမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ရဲစခန်းသို့ ဖုန်းဆက်ခေါ်လိုက်ရာ ဗိုလ်တထောင် ရဲစခန်းမှ တာဝန် ရှိသူများက ရဲတိုက်အား လာရောက် ခေါ်ဆောင်သွားခဲ့သည့် ဖြစ်ရပ်
ဖြစ်ပေါ်ခဲ့သည်။

အင်တာနက် စာမျက်နှာများတွင် ရဲတိုက်က ဘုရားဝင်ဖူးခြင်းကို ဘာသာမတူ၍ ပိတ်ပင်ခံရကြောင်း၊ ဘုရားကျောင်းမှ ဝိုင်းဝန်း ထိုးနှက်ကြကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားသည့် အပေါ် “ဘယ်ဧည့်သည်မဆို ဘာသာတူတူ မတူတူ ၀င်ထွက် လေ့လာနိုင်
ပါတယ်။ မြန်မာပြည်မှာ ကျောင်းတက်နေတဲ့ ဗိသုကာ ကျောင်းသားတွေ အများစု လေ့လာနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် လေ့လာသူတွေကို ကူညီပေးတယ်။ ဘယ်သူမလာရဘူး၊ဘယ်သူလာရမယ်ဆိုတာမရှိဘူး” ဟု ဖာသာ ဒေါမနစ် ဦးသက်တင်က ရှင်းပြသည်။

သရုပ်ဆောင် ရဲတိုက်သည် ဘုရားကျောင်းအတွင်း မလျော်ကန်သည့် အပြုအမူများ ပြုလုပ်ခဲ့ရုံမက မီဒီယာသမားများကို ခေါ်ဆောင်လာကာ တကိုယ်တော် ဆန္ဒပြခြင်း ပြုလုပ်ခဲ့သည့်အတွက် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

“ကက်သလစ် ဘာသာဝင်တွေရဲ့ အထွက်အမြတ် ထားတဲ့ နေရာတခု
ဖြစ်တဲ့ အတွက် တနေရာရာကို ၀တ်ပြုဖို့ သွားမယ်ဆိုရင် သင့်မြတ်လျောက်
ပတ်တဲ့ ရိုသေ သမှုရှိရမယ်။ ကက်သလစ် ဘာသာဝင်တွေရဲ့ ၀တ်နည်းကို မသိရင်တောင်မှ Respect ရှိရမယ်။ ပထမအကြိမ်လာတဲ့အခါမှာ ရဲတိုက်
ဆိုတဲ့လူက ဘုရားကျောင်း လိုက်ကြည့်တယ်၊ အေးအေးဆေးဆေးပဲ။ အဲဒီအချိန်မှာ ဘုရားကျောင်းက ဝန်ထမ်းတွေရှိတယ်။ ဘယ်သူလာလာ သူတို့ သတိမထားမိဘူး။ သူတို့ သတိထားမိတဲ့ အချက်က စန်ကျူရီ တံခါး ဖွင့်တာ ပိတ်တာကိုပဲ သတိထားမိတယ်” ဟု ကျောင်းထိုင် ဆရာတော်က ဆက်ပြောသည်။

စန်ကျူရီတံခါးဆိုသည်မှာ ခရစ်ယာန် ဘာသာဝင်များပင် ဝင်၍မရသည့်
နေရာ ဖြစ်ကြောင်း၊ စန်ကျူရီ တံခါး ဖွင့်သံကို ဝန်ထမ်းများ ကြားလိုက်
ချိန်တွင် ရဲတိုက်က အထဲရောက်နေပြီ ဖြစ်သောကြောင့် ဝန်ထမ်းများက အထဲဝင်၍ မရဘဲ အပြင်မှ ကြည့်ရှုပါရန် ပန်ကြားကြောင်း သိရသည်။

ဆရာတော်က “ဝန်ထမ်းတွေက ကောင်းကောင်းမွန်မွန် ပြောပြီး သူလည်း နားထောင်တယ်။ ပြီးသွားတော့ သူ ထွက်သွားပါတယ်။ ဒုတိယအကြိမ်
နေ့လယ်ပိုင်း ၁၂ နာရီ ၁၀ မိနစ်မှာ ပြန်ရောက်လာတယ်။ ဘုရားကျောင်းက ၈ ခွဲကနေ ၁၂ နာရီအထိ၊ ၂ နာရီကနေ ၆ နာရီအထိပဲဖွင့်တော့ သူလာတဲ့
အချိန် တံခါးပိတ်နေပြီ၊ ဒါကြောင့် ဘုရားကျောင်းထဲ ၀င်လို့မရတော့ဘူး။
ဝတ်ပြုချင်ရင် ဗိမာန်တော် ရှိတယ်ဆိုပြီး ကျောင်းက ကိုတင်ဦးနဲ့ ကိုရေမွန်က လိုက်ပြတယ်။ ကျနော်တို့ အထွတ်အမြတ် ထားတဲ့ ကိုယ်တော် ဗိမာန်
ရောက်တော့ အထဲမှာ ၀တ်ပြုသူနှစ်ဦး ရှိတာတောင်တံခါးကို ဆောင့်ပြီး
ဝုန်းကနဲ တွန်းဖွင့်တယ်”ဟု စိန့်မေရီ ကျောင်းထိုင် ဆရာတော်က ဆိုသည်။

ရဲတိုက်သည် ဗိမာန်တော်ကို နောက်ကျောပေး၍ တခြားသူများနှင့် ပြောင်း
ပြန် ၀တ်ပြုကြောင်း၊ နေကာမျက်မှန်နှင့် ဦးထုပ် ဝတ်ထားသဖြင့် ချွတ်ခိုင်း
လိုက်ရကြောင်း သူက ဆက်ပြောသည်။

“ကျနော်တို့က ခွင့်လွှတ်လို့ ရပေမယ့် ဘာသာဝင်တွေ အတွက် စော်ကားခြင်း
တမျိုးလည်း ဖြစ်တယ်။ သူများတွေ ဘယ်ဘက်လှည့်လဲ၊ဘယ်လိုထိုင်လဲ
မြင်နေတာပဲ။ အထွက်အမြတ်ထားတဲ့ ကိုယ်တော်မြတ်ဆိုတဲ့ ကိုးကွယ်
တဲ့ နေရာကို ကျောခိုင်းပြီးတော့ သူ့ရဲ့ အပြုအမူက မထီမဲ့မြင် ဖြစ်နေတယ်
ပေါ့နော်။ နောက်ပြီး ဘုရားရဲ့ မယ်တော်ဂူကိုလည်း သူက ကျောခိုင်းပြီး ထပ်ဝတ်ပြုပါတယ်။ ဒါ ကျနော်တို့ အထွတ်အမြတ်ထားတဲ့နေရာပေါ့” ဟု ကျောင်းထိုင်ဖာသာ ဒေါမနစ် ဦးသက်တင်က ဆိုသည်။

ရဲတိုက်သည် စာရွက်ကိုင်၍ ဆန္ဒမပြမီပင် ကက်သလစ် ဘာသာဝင်များ၏ ဓလေ့ထုံးစံများကို ပြောင်းပြန် ပြုလုပ်နေကြောင်း၊ ထိုကဲ့သို့သော အပြုအမူမျိုးကို တားမြစ်ရမည်ဖြစ်ကြောင်း၊ ဘာသာဓလေ့ကို နားမလည်လျှင်လည်း တခြားသူများကို ကြည့်၍ ဝတ်ပြုနိုင်ကြောင်း ဖာသာက ရှင်းပြသည်။

“တတိယအကြိမ်မှာ သူ စာရွက်ကိုကိုင်ပြီး ပြန်လာတယ်။ ကျနော်တို့က ကျနော်တို့ ဘာသာမှာ ဆန္ဒပြတယ် ဆိုတာ မလုပ်ကြဘူး။ ၈၈ အရေးအခင်းမှာတောင် ကျနော်တို့ ကက်သလစ် ဘာသာဝင်တွေ အပြင်ထွက်ပြီး ဆုတောင်း မေတ္တာပို့တယ်၊ ပုတီး စိတ်ကြတယ်။ ဒို့အရေးလို့ အော်ပြီး ဆန္ဒမပြကြဘူး။ ဖယောင်းတိုင်ထွန်းတယ်၊ ဆုတောင်းပေးတယ်၊ ဒီလိုဆန္ဒပြခြင်းကို ကျနော်တို့ဘာသာမှာ လက်မခံကြဘူး။ နောက် ကျနော်တို့ကိုလည်း ဆန္ဒပြလို့ မရဘူး။ ဒါ ပြည်သူပိုင် နယ်မြေမဟုတ်ဘူး။ ဘုရားကျောင်းဝင်း ဆိုတာ ဘာသာပိုင် နယ်မြေ” ဟု ၎င်းက ပြောသည်။

ရဲတိုက်က ဆန္ဒပြရာတွင် “ဘုရားဝတ်ပြုခြင်းမှာ ဆူပူအုံကြွမှု ပြုလုပ်ခြင်း မဟုတ်” ဆိုသည့် စာတန်းကို ကိုင်ဆောင်ထား သော်လည်း ရဲတိုက် အနေဖြင့် ဆူပူအုံကြွမှု ဖြစ်စေရန် ပြုလုပ်နေခြင်းဟု ယုံကြည်၍ ရနိုင်ကြောင်း၊ ရဲတိုက် ဘုရားကျောင်းသို့ တတိယအကြိမ် ပြန်လာရာတွင် မီဒီယာများကို ခေါ်လာကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းမှာ ဘာသာသာသနာကို ညှိုးနွမ်း စေရန် ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“သူတို့ ၀က်ဘ်ဆိုက်တွေမှာ သတင်းအမှားတွေ တင်ကြတယ်။ ဒါ ကျနော်တို့ ခရစ်ယာန်ဘာသာကို စော်ကားတာပဲ။ ဘာသာရေး အဓိကရုဏ်း ဖြစ်အောင် လုပ်တဲ့ ရည်ရွယ်ချက်တခုပဲလို့ ကျနော်တို့ ဆိုလို့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကက်သလစ် ဘာသာဝင်တွေ သူများနဲ့ အဓိကရုဏ်းဖြစ်တာ တခါမှ မရှိဘူး။ ကိုယ့်ဘုရားကို ချစ်လို့ ကိုယ့်ဘာသာကိုယ် တိတ်တိတ်ဆိတ်ဆိတ်
နေနေကြတာ။ ကျနော်တို့နဲ့ ဗုဒ္ဓဘာသာတွေနဲ့ ဘာပြဿနာမှ မရှိဘူး။ ကျနော်တို့ ကျောင်းဝင်းထဲကို ဗုဒ္ဓဘာသာ ဘုန်းကြီးတွေလည်း ၀င်နေ သွားနေတာပဲ” ဟု ကျောင်းထိုင် ဆရာတော်က ဆိုသည်။

ရဲတိုက် ဆန္ဒပြနေသည့် အချိန်တွင် မီဒီယာ သမားများက ဓာတ်ပုံများ ရိုက်နေ၍ ဝန်ထမ်းများက သာသနာ့ အကျိုးဆောင် လူကြီးများနှင့် ရဲစခန်းကို ဖုန်းဆက် ခေါ်လိုက်ကြောင်း သိရသည်။

ဆရာတော်က “ကျနော်တို့က မထိရဲဘူး။ ကျနော်တို့ကသွားပြီး ရိုက်လို့
လည်း မရဘူး။ ဘာဖြစ်လဲ၊ ဘာပြဿနာရှိလဲလို့  မေးတော့လည်း သူက မပြောဘူး။ သူ့ကို ထိုးနှက်ကြတယ်လို့ သူက ပြောတယ်။ ရဲတွေ
ရောက်တဲ့အချိန်မှာ ဒီဘုရားကျောင်းက ကိုတင်ဦးကို သူ စထိုးလိုက်
တယ်။ ပြန်ခုခံလိုက်တဲ့ အချိန်မှ မီဒီယာသမားတွေ အဲဒီဓာတ်ပုံကို အမိအရ ယူလိုက်ပြီး ဘုရားကျောင်းကလူတွေက ထိုးနှက်ပါတယ်လို့ ပြောတယ်။ သူအရင်လုပ်တယ်ဆိုတာ သူဝန်ခံပါတယ်၊ဒါပေမယ့် ၀က်က်ဆိုက်တွေမှာ တက်နေတာက ကျနော်တို့ လုပ်ပါတယ်လို့ တက်နေတယ်။ အဲဒါက သတင်းအမှားပါ” ဟု ဆိုသည်။

ရဲတိုက်ကို ဝိုင်းဝန်း ထိုးနှက်ကြသည်ဟူသော သတင်းနှင့် ပတ်သက်၍
ဖြစ်စဉ် အစအဆုံးတွင် ရှိနေခဲ့သည်ဟု ဆိုသော ဘုရားကျောင်းမှ ကိုတင်ဦးကလည်း ရဲတိုက်က စတင် ထိုးခြင်း ဖြစ်ကြောင်း ပြောသည်။

“သူက အရင်ကျနော့်ကို စထိုးတာပါ။ ထိုးတဲ့အချိန်မှာလည်း ရဲတွေရှိပါတယ်။ ကျနော်က ကာလိုက်တဲ့အချိန်မှာ ကျနော့်လက်က သူလည်ပင်းနား ရောက်
သွားတယ်။ ဒါပေမယ့် သူစထိုးတယ်၊ သူလုပ်တယ်ဆိုတာ နောက်တော့ ရဲတွေရှေ့မှာ ၀န်ခံပါတယ်၊ တောင်းပန်ပါတယ်။ ဘာမှမဟုတ်ဘူး၊ ပြီးသွားပြီ ဆိုပြီး ဆိုင်းဘုတ်ကို ချလိုက်တယ်။ ရဲတွေရောက်လာတော့ သူကိုယ်တိုင်က ဖမ်းပါ၊ ကျနော့်ကို ဖမ်းပါလို့ ပြောတယ်” ဟု ကိုတင်ဦးက ရှင်းပြသည်။

ရဲတိုက်က သူကိုယ်တိုင် ဆန္ဒပြခြင်းဖြစ်သည်ဟု ရဲများရှေ့တွင် ဝန်ခံကြောင်း၊ ယခုကဲ့သို့ ဆန္ဒပြရန် ခွင့်တောင်း ခြင်းလည်း မပြုခဲ့ကြောင်း ပြောသည်ဟု သိရသည်။

“ရဲတိုက်က အသည်းကွဲရင် မျက်ရည်လည်းကျတယ်ဆိုလား ပြောသွား
သေးတယ်။ ဆန္ဒပြဖို့ နေရာလည်း မဟုတ်ဘူး၊ သူမှားနေတယ်။ အပြန်
အလှန်လေးစားမှု ရှိရမှာပေါ့” ဟု ကိုတင်ဦးက ဆိုသည်။

ဆိုင်းဘုတ်ကိုင်၍ ဆန္ဒပြနေချိန်တွင် ရဲတိုက်က အင်္ဂလိပ်ဘာသာဖြင့် စကားများ ပြောနေကြောင်း၊ ဘုရားကျောင်း သာသနာပြု အဖွဲ့ဥက္ကဋ္ဌ
ဦးရစ်ချက်က ရေတဗူးနှင့် အအေးတဗူး တိုက်ခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဗိုလ်တထောင် ရဲစခန်း တာဝန်ရှိသူ တဦးက “ဘုရားကျောင်းက သာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဦးရစ်ချက်က အကြောင်းကြားလာလို့ သွားရောက် ထိန်းသိမ်းတာပါ။ သူ့ကို လက်ရှိတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၀/ ၂၉၅ (က) နဲ့ အမှုဖွင့် ဆောင်ရွက်နေပါတယ်။ ဘာသာသာသနာကို ညှိုးနွမ်းစေအောင် ရည်ရွယ်ကြံစည်ပြုမူမှု ဆိုတဲ့ ပုဒ်မပါ။ဒီအမှုက ပုဒ်မအရတော့ အာမခံမရပါဘူး။ လောလောဆယ်တော့ ထိန်းသိမ်းထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး သရုပ်ဆောင်ရဲတိုက်ကို ဆက်သွယ်ရာ ၎င်း၏ဖုန်းမှာ စက်ပိတ်ထား သကဲ့သို့ ရဲတိုက်နှင့် နီးစပ်ရာ မိတ်ဆွေများ
ထံမှလည်း သတင်းမရပေ။

ရဲတိုက် ဆန္ဒပြမှု ဖြစ်စဉ်နှင့် ပတ်သက်၍ စိန့်မေရီ ဘုရားကျောင်းမှ တာဝန်ရှိ
သူများကမူ မည်သည့် တုန့်ပြန်ခြင်းမျှ မပြုလိုကြောင်း၊ ဘာသာရေး အထိ
ကရုဏ်းများလည်း မဖြစ်လိုကြောင်း၊ ငြိမ်းချမ်းစွာ ပြီးဆုံးလိုကြောင်း ပြော
သည်။

“ကျနော်တို့ကတော့ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်။ နောက် ဘာသာရေးအရ မတော်မတရားတဲ့ သတင်းတွေ ဖြစ်နေတာ၊ တက်နေတာကိုလည်း ရပ်စေချင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ဆက်လုပ်သွားမယ် ဆိုတာ ရည်ရွယ်ချက် မရှိဘူး။ ကျနော်တို့က သူပြေငြိမ်းရင် ပြေငြိမ်းချင်တယ်။ အဖြစ်မှန်ကိုတော့ ပေးစေချင်တယ်။ ဘာသာ တခုနဲ့တခု အကြားမှာ ဒီသံသယတွေ မဖြစ်စေချင်ဘူး” ဟု စိန့်မေရီ ကျောင်းထိုင်ဆရာတော်က ဧရာဝတီသို့ ပြောသည်။

စိန့်မေရီ ကသီဒြယ် ကက်သလစ် ဘုရားကျောင်းသည် ယခင်က ဘားလမ်း (မဟာဗန္ဓုလ ပန်းခြံလမ်း) တွင် နှစ် ၃၀၀ ရှိခဲ့ပြီး ယခု ဗိုလ်ချုပ်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်တွင် နှစ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ ဘုရားကျောင်းတွင် ဝတ်ပြုကိုးကွယ်သည့် အသင်းဝင် ၈၀၀၀ ရှိကြောင်း သိရသည်။

ဆက်လက်၍ ဆရာတော်က “သူဘာ ဘာသာ ကိုးကွယ်လည်း ဆိုတာ ကျနော်တို့မသိဘူး။ ကျနော်တို့က သူဘာဘာသာပဲ ကိုးကွယ်နေပါစေ
တရားမှန်ရင် မေတ္တာရှိရမယ်လို့ ခံစားရတယ်။ အချင်းချင်း လေးစားရမယ်၊ ကျနော်လည်း စေတီပုထိုးတွေ သွားရင် ဖိနပ်ချွတ်ရမယ်၊ ရိုသေသမှု ပြုတဲ့ အမူအရာမျိုးနဲ့ နေထိုင်ရမယ်။ ကျနော်က သွားပြီး ငါ ဒီဘာသာ မယုံကြည်
ဘူး လုပ်ချင်တာလုပ်မယ်ဆိုပြီး သွားလုပ်လို့မရဘူး။ ဒါက ဆူပူမှုကို ဖန်တီးချင်တာပဲ။ ကျနော်တို့က တည်ငြိမ်အေးချမ်းချင်တယ်။

ကျနော်တို့က ဘာသာတရား လုပ်နေတဲ့သူတွေမို့လို့ သူ့ကို ဘာမှမလုပ်
ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ဧရာဝတီ

တမျိုးလည်း ဖြစ်တယ်။ သူများတွေ ဘယ်ဘက်လှည့်လဲ၊ဘယ်လိုထိုင်လ

ဲ ပုဒ်မ (၁၄၄)ထုတ်ပြန်ခဲ့သော်လည်း ဒေသခံများနေအိမ်အပြင်သို့မထွက်ရဲ

Wednesday, May 29, 2013
လားရှိုးမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက်မှုဆက်လက်မဖြစ်ပေါ်စေ
ရန် လုံခြုံရေး အပြည့်ဖြင့် စောင့်ကြည့်လျက် ရှိပြီး ပုဒ်မ(၁၄၄)ထုတ်ပြန်ခဲ့သော်လည်း ဒေသခံများအနေဖြင့် နေအိမ်ပြောင်းရွှေ့သူ များ နှင့် အပြင်သို့မထွက်ရဲသူများ ရှိနေကြောင်း သိရှိရသည်။
“ကြောက်တာပေါ့ အိမ်အပြင်ဘယ်လိုမှ
မထွက်ရဲဘူး ၊ အိမ်မှာအရင်ရက်က ၀ယ်ထားတဲ့ ဟင်းချက်စရာတွေ ရှိနေသေးလို့ အဆင်ပြေနေသေးတယ်။ “ဟု လားရှိုးမြို့ ရပ်ကွက် (၁၀)နေ ဒေသခံတစ်ဦးက ပြောသည်။
ပဋိပက္ခဖြစ်ပွားရာရပ်ကွက်အချို့တွင် မေလ
(၂၉)ရက်နေ့ နေ့လည်(၁၁)နာရီမတိုင်ခင် ဈေးဆိုင်များအားလုံး ပိတ်ထားရမည်ဆိုခြင်းကြောင့် ကုန်ပစ္စည်းအရောင်းဆိုင်များ ၊ အင်တာနက်
ဆိုင်များနှင့်ဈေးဆိုင်အချို့ကိုပိတ်ထားကြ
ကြောင်းသိရှိရသည်။
“ကွန်ပျူတာဆိုင်တော့ ပိတ်ထားလိုက်ပြီ ဈေးဆိုင်အသေးလေးတွေတော့ ဖွင့်ထားကြတာပေါ့ဒါပေမယ့် သူတို့လည်း အပြင်မထွက်ရဲကြပါဘူး။ ဘယ်နေ့မှာ ဒီလိုပြဿနာစဖြစ်မယ်ဆိုတာကို
တစ်ချို့ လူတွေက သိလို့ နေအိမ်ပြောင်း တာတွေ လုပ်ပြီးနေကြပြီ ၊ တစ်ချို့လူတွေဆိုရင် ဒီမြို့ကနေ ပြောင်းရွှေ့နေကုန်ကြပြီ “ ဟု မန္တလေး
လမ်းရှိ ရပ်ကွက်(၄)တွင် နေထိုင်သူ မတူးက ပြောသည်။
လားရှိုးမြို့တွင် ပဋိပက္ခဖြစ်ပွားရခြင်းမှာ မေလ(၂၈)ရက် ညနေ (၄)နာရီခန့်က အသက်(၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ကျိုင်းတုံမြို့တွင်
နေထိုင်သည့် အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဓာတ်ဆီနှင့် ပတ်၍ မီးရှို့ခဲ့ရာမှ စတင်ခြင်းဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
မီးရှို့ခဲ့သည့် အမျိုးသားကို ဖမ်းဆီးပြီး စစ်ဆေးရာတွင် (WY)တံဆိပ်ပါသည့် စိတ်ကြွဆေး နှစ်ပြားတွေ့ရှိ ခဲ့ခြင်းကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၇ ၊ ၄၃၆ ၊ ၃၂၆)အပါအ၀င် မူးယစ်ပုဒ်မ
၁၅/၁၆(ဂ)ဖြင့်အမှုဖွင့်အရေးယူထား
ကြောင်းပြန်ကြားရေးမှ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ထားသော်လည်း သက်ဆိုင်ရာရဲစခန်း
သို့ မေးမြန်းရာတွင် တစ်စုံတစ်ရာမှ ဖြေကြားခဲ့ခြင်းမရှိပေ။
“လုံခြုံရေးတွေတော့ အများကြီး အစောင့်ချထားပြီးပါပြီ ကျန်တဲ့အပိုင်းကတော့ ကျွန်တော်တို့
အခုချိန်မှ ပြောပြလို့မရသေးပါဘူး ပြောပြခွင့်လည်းမရှိသေးပါဘူး” ဟု လားရှိုးမြို့ရှိ ရဲစခန်းတစ်ခုမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောသည်။
လူမျိုးဘာသာမတူသူများထက် ဘာသာတူချင်းဖြစ်သည့် ရာဇ၀တ်မှုနှင့် အငြင်းပွားမှု အရေအတွက်သည် ပို၍ များသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က လူမှုရေးစာမျက်နှာတွင် သုံးသပ်ပြောဆိုထားသည်။
မေလ(၂၈)ရက်နေ့တွင် လားရှိုးမြို့ရှိ ရပ်ကွက်(၃)တွင် ည (၇)နာရီ ၀န်းကျင်က လူတစ်စုသည်ဘာသာရေးအဆောက်အဦး နှင့် မိဘမဲ့ကလေးကျောင်းအောက်ရှိ ဈေးဆိုင်အချို့ကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် လူသေဆုံးမှု မ
ရှိသော်လည်းဆူပူမှုကြီးထွားမှုမဖြစ်ပေါ်စေ
Aန် ည(၉)နာရီဝန်းကျင်က ပုဒ်မ (၁၄၄)ထုတ်ပြန်
ထားကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အုပ်ချုပ်ရေး အဖ
ွဲ့အစည်းများ၊ ဘာသာရေး နှင့် လူမှုရေး အဖွဲ့အ
စည်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြော
င်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်
အရ သိရှိရသည်။
http://myitmakhamediagroup.com/­
detail.php?newid=4660

Published with Blogger-droid v2.0.10
လားရှိုးမြို့ နောက်ဆုံးရသတင်း

လားရှိုးမြို့ နောက်ဆုံးရသတင်း

29-5-2013
လားရှိုးမြို့တွင် စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များ
ပြည်သူများအတွက်လုံခြုံရေးကောင်း
ကောင်းပေး ထားသည့် အတွက် ကျေနပ်နေကြကြောင်းယနေ့ နံနက် 10 နာရီအချိန်တွင် ဆက်သွယ်မေးမြန်း ချက်အရသိရသည်။
မနေ့ညက ရှိုးခဲ့သော မီးကြောင့် မြိုမဗလီ နှင့်ဆိုင်ခန်းများ မီးရှိုခံရခြင်း၊ နာမည်ကြီး အစ္စလာမ်ဘာသာဝင် အချို့အိမ်များ ဖျက်ဆီးခံခဲ့ရမှုများရှိခဲ့ပြီး ယနေ့ နံနက် 1 နာရီ၄၅မိနစ်အချိန်တွင်မီးလောင်မှုများအား ငြိမ်းသတ်နိုင်ခဲ့ကြောင်းလားရှိုးမြို့ ဒေသခံတစ်ဦးကပြောသည်။
ယနေ့ နံနက်အချိန်တွင် မြို့မဈေး ပတ်လည်ရှိဆိုင်ခန်းများ မှာ စိုးရိမ်မှုများကြောင့် ဆိုင်များပိတ် ထားသော် လည်းအခြားနေရာများရှိဆိုင်ခန်းများမှာပုံ
မှန်အနေအထားအတိုင်း အရောင်း
အ၀ယ်လုပ်နေ ကြကြောင်း လားရှိုးမြို့ ဒေသခံသတင်းထောက်တစ်ဦးကပြော
သည်။
Ref: Sithu Lwin
From...အင်းလေးမီဒီယာ

Published with Blogger-droid v2.0.10
မြောက်ဥက္ကလာနှင့်ဒဂုံမြောက်တို့ဆက်သွယ်ထားသည့်ကြိုးတံတားကို သဲစက်လှေတိုက်မိ၍သံကြိုး ၁၀ ချောင်းပြုတ်ကျ

၂၉.၅.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန် ငမိုးရိပ်ချောင်းအတွင်း ရွှေပေါက္ကံဘက်မှဒဂုံမြောက်ဘက်သို့ စိန်မြင့်၊ ၅၅နှစ်(ဘ)ဦးငြိမ်း၊ ရွှေပေါက္ကံနေသူ မောင်းနှင်လာသည့် အဏ္ဏ၀ါမင်း သဲစက်လှေသည် မြောက်ဥက္ကလာနှင့် ဒဂုံမြောက်မြို့နယ်တို့ ဆက်သွယ်ထားသည့် ကြိုးတံတားအောက်သို့ဖြတ်မောင်းစဉ် ကြိုးတံတားဘောင်အား စက်လှေ၏ဦးနှင့်တိုက်မိသဖြင့် ကြိုးတံတားရှိချိတ်ဆွဲထားသော သံကြိုး ၁၀ ချောင်းပြတ်သွားခဲ့ကာ စက်လှေနှင့်တံတားငြိနေရာမှ ၁၀၀၀ အချိန်ခန့်တွင် အခြားစက်လှေ တစ်စီးဖြင့် ဆွဲဖယ်ခဲ့၍တံတားနှင့်လွတ်သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း၊ အဆိုပါနေရာသို့မြောက်ဥက္ကလာပမြို့နယ် လမ်းတံတားဌာနမှ လက်ထောက်အင်ဂျင်နီယာဦးဆန်းဝင်းနှင့်အဖွဲ့ ရောက်ရှိစစ်ဆေးကာ ခရိုင်အင်ဂျင်နီယာရုံးသို့ဆက်လက်တင်ပြပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် အမြန်ပြုပြင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Yangon Police

ကချင် ပြည်နယ် လွတ်မြောက်ရေး အဖွဲ့  KIO နှင့် အစိုးရ ဒုတိယ နေ့  ဆွေးနွေး ပွဲ ဆက်

ကချင် ပြည်နယ် လွတ်မြောက်ရေး အဖွဲ့  KIO နှင့် အစိုးရ ဒုတိယ နေ့  ဆွေးနွေး ပွဲ ဆက်

Wednesday, May 29, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့  တွင် မြန်မာ အစိုးရ ကိုယ်စားလှယ်များနှင့်
KIO ကိုယ်စားလှယ်များ ဒုတိ ယနေ့  အဖြစ် ဆွေးနွေး ရာ ပထမ နေ့  က ဆွေးနွေး ရန် သဘောတူ ထား သည့် စစ်ဘက် ဆိုင်ရာ
ကိစ္စရပ် များ ကို သီးသန့်  ဆွေးနွေးကြသည် ဟု သိရသည်။

စစ်ဘက် ဆိုင်ရာ ကိစ္စ ရပ် များ အတွက် ကာကွယ်ရေး ဦးစီး
ချုပ် မှ တာဝန်ပေး အပ်ခြင်း ခံရသူ ဗိုလ်ချုပ်ကြီး မြင့်စိုး နှင့် KIO
ဘက် မှ စစ်ဦးစီး ချုပ် ဗိုလ် ချုပ် ဂွမ်မော် တို့  ဆွေး နွေး ကြသည်။

ဆွေးနွေး ပွဲ ၏ အသေးစိတ် အကြောင်း အရာ များ ကို နောက်ဆုံး
နေ့  မှ ထုတ် ပြန် မည် ဖြစ်သည်။

KIO / KIA သည် ၎င်း တို့  ဌာန ချုပ် သို့  ပြန် လည် မထွက် ခွာ မှီ
တွင် ကချင်ပြည်သူ လူထု နှင့် တွေ့ ဆုံ မည် ဖြစ်သည်။

SK(FNG)

စက်မှုဇုန်များ မီးပြတ်နေမှု ဖြေရှင်းပေးမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကတိပြု

ရန်ကုန်ရှိ စက်မှုလုပ်ငန်း ၉၀ ရာခိုင်နှုန်း လျှပ်စစ်မီးလုံးဝမရရှိနေမှုအား ယခုကုန်တွင် အတတ်နိုင်ဆုံး ဖြေရှင်းပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ကတိပြုပြောကြား လိုက်သည်။

ဦးမြင့်ဆွေက “အခုလောလောဆယ်တော့ဦးစားပေးအနေနဲ့ အအေးခန်းစက်ရုံတွေကိုပေးထား တယ်။ ထပ်ပြီးတော့ ရနိုင်သလောက်ထပ်ပေးဖို့လျှပ်စစ်ဝန်ကြီးကိုတောင်းဆိုထားတယ်။ ဒီလကုန်ရင်မီးရမယ်။ ၂၄နာရီရအောင်တော့ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်" ဟု ပြောကြားသည်။

ယင်းနှင့်စပ်လျဉ်း၍ ဦးမြင့်ဆွေက မေလ၂၈ရက်တွင် လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် ကျင်းပသည့် လှိုင်သာယာစက်မှုဇုန် အသင်းသားစုံညီ အစည်းအဝေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ကာ စက်မှုဇုန်များအနေဖြင့် လက်ရှိအချိန်တွင် ၂၄ နာရီပတ်လုံး ပြတ်နေရာမှ အပြည့်အ၀ မဟုတ်သော်လည်း အတိုင်းအတာ တစ်ခုအထိ ပြန်လည်ရရှိအောင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ယင်းအနေဖြင့် တောင်းဆိုမှု ပြုလုပ်ထားကြောင်း ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်များမှ စက်မှုလုပ်ငန်းများအား မေလ ၆ ရက်တွင် လျှပ်စစ်မီး လုံးဝဖြတ်တောက်ခဲ့ရာမှ မေလ ၁၆ ရက်တွင် လျှပ်စစ်အမြဲမပြတ် လိုအပ်သော အအေးခန်း စက်မှုဇုန်များအား လျှပ်စစ်ပြန်ပေးခဲ့သော်လည်း စက်ရုံ၉၀ရာခိုင်နှုန်းသည် မီးလုံးဝပြတ်တောက် နေဆဲဖြစ်သည်။

ယင်းနှင့်စပ်လျဉ်းကာ ဦးမြတ်သင်းအောင် (လှိုင်သာယာစက်မှုဇုန် ဥက္ကဌ) က “လျှပ်စစ်မီးကို ၂၄နာရီ မဟုတ်ရင်တောင် ရနိုင်သလောက် ၄ နာရီလောက်လေးပဲ ဖြစ်ဖြစ်ပေးစေ ချင်ပါတယ်။ ဒီဇယ်နဲ့လည်ရင် လျှပ်စစ်နဲ့လည်တာရဲ့ နှစ်ဆလောက် ဖြစ်နေတဲ့အတွက် ရေရှည်မှာ အလုပ်ရှင်တွေလည်း မလုပ်နိုင်ဘူး။ မလုပ်နိုင်တော့ အချိန်ပို မရှိတော့တဲ့အတွက် အလုပ်သမားတွေပါ ထိခိုက်သွားနိုင်တယ်” ဟု ထိုအခမ်းအနား တွင် ပြောကြား ခဲ့သည်။

ထိုကဲ့သို့ လျှပ်စစ်မီးဖြတ်တောက်ခံထားရသဖြင့် စက်မှုလုပ်ငန်းများသည် ဒီဇယ်ဆီကို အသုံးပြု၍ လည်ပတ်နေရသောကြောင့် အရှုံးများလာသဖြင့် အများစုသည်လုပ်ငန်းတစ်ဝက်တစ်ပြက်ရပ်နားခြင်း၊ လုံးဝ ရပ်နားခြင်းများ ပြုလုပ်ထားရကာ ရွှေပြည်သာ စက်မှုဇုန်တွင်မူ စက်ရုံ၉၀ရာခိုင်နှုန်းသည် လုံးဝ ရပ်ဆိုင်း သွားပြီဖြစ်ကြောင်း လုပ်ငန်းရှင်များက မကြာမီရက်ပိုင်းက မဇ္စျိမသို့ ပြောကြားခဲ့သည်။

Mizzima News

အမှုတွဲတွင် ပါဝင်နေခြင်းကြောင့် အလုပ်သမားတစ်ဦး ထပ်မံ ဖမ်းဆီးခဲ့

မေလ ၂၉ ရက် ၂၀၁၃

ရွှေပြည်သာမြို့ ၀ါးတစ်ရာရွာရှိ တော်ဝင်သစ်အချောထည်စက်ရုံ အလုပ်ရှင်မှ အလုပ်သမား(၄၂)ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် တရားရုံးတွင် နံနက်(၁၁)နာရီခန့် ရုံးချိန်းပြုလုပ်ရာ၌ လာရောက်တွေ့ဆုံသည့် အလုပ်သမားတစ်ဦးကို အမှုတွဲပါဝင်သည်ဟုဆိုကာ ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရုံးချိန်းကို မေလ(၂၈)ရက်နေ့တွင် ရွှေပြည်သာမြို့နယ် တရားရုံး၌ ပြုလုပ်ခဲ့ပြီး အလုပ်ရှင်မှ ပိုင်နက်ကျူးလွန်မှု ပုဒ်မ (၄၅၂)ဖြင့် အလုပ်သမား (၄၂)ဦး တရားစွဲဆိုခဲ့သော်လည်း (၁၂)ဦးသာ ဖမ်းဆီးရသေးကြောင်း သိရှိရသည်။

တရားစွဲသည့်အမှုထဲတွင် ပါဝင်သည်ဟုဆိုတာ ထပ်မံ ဖမ်းဆီးခံရသူမှာ မလဲ့လဲ့ဝင်းဖြစ်ပြီး တရားရုံးသို့ ရောက်လာချိန်၌ ရွှေပြည်သာမြို့နယ် စခန်းမှူးမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ မလဲ့လဲ့ဝင်းကိုယ်တိုင်မှလည်း အလုပ်ရှင်အား အမှုဖွင့်ထားပြီး ဖြစ်ကြောင်း သိရသည်။

တော်ဝင် အလုပ်သမား(၄၂)ဦးကို အလုပ်ရှင်မှ ပုဒ်မ(၄၅၂) ပိုင်နက်ကျူးလွန်မှုဖြင့် ရွှေပြည်သာမြို့နယ် တရားရုံးမှ မေလ(၁၅)ရက်နေ့က တရားစွဲဆိုကာ ရုံးထုတ်ခဲ့ကြောင်း သိရှိရသည်။

“ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေကို အားပေးဖို့အတွက်လာတယ်။ သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ အတွက် အမိန့်ကျလာတယ်။ ဆိုပြီးတော့ ဖမ်းသွားတယ်။ မဖမ်းခင်မှာ မလဲ့လဲ့ဝင်းက အလုပ်ရှင်ကို တရားစွဲ ထားတာရှိတယ်။ အလုပ်သမားတွေကို အသေရိုက်သတ်တာဖြစ်တဲ့အတွက် ပုဒ်မ(၃၅၂)နဲ့ စွဲသလဲလို့မေးတော့ စကားများ တာတွေရှိခဲ့တယ်။ စခန်းမှူးကိုယ်တိုင်ရောက်လာပြီး ဖမ်းသွားတာပါ။”ဟု ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောသည်။

ဖမ်းဆီးခံရသူ မလဲ့လဲ့ဝင်းသည် ကိုယ်ဝန် (၄)လ လွယ်ထားရသူဖြစ်ပြီး ရှေ့နေမှ အာမခံရရန် နောက်ရုံးချိန်း များတွင် စာတင်ကာ အာမခံလျှောက်ထားမည်ဖြစ်ကြောင်း သိရသည်။

“သူဟာကိုယ်ဝန်သည်တစ်ယောက်ဖြစ်တယ်။ အလုပ်သမား (၁၃)ယောက်လုံးအတွက် အာမခံတောင်းဆိုမယ်။ ရုံးချိန်းမှာ အာမခံလျှောက်ထားခဲ့တယ်။ မြန်မာနိုင်ငံတရားရုံးများလက်စွဲ အပိုဒ် (၁၅၄) အပိုဒ်ခွဲ (၁၂)အရ တရားရုံးကိုလျှောက်လဲချက် တင်ဆက်တဲ့အခါမှာ နှုတ်နဲ့သာ လျှောက်လဲရမယ်ဆိုတဲ့ အချက်နဲ့ အညီ နှုတ်နဲ့ လျှောက်ခဲ့တယ်။ တရားရုံးက စာနဲ့တင်ပါလို့ပြောလို့ပြောတဲ့ နောက်ရုံးချိန်းကျရင် စာနဲ့တင်ပါ့မယ်။” ဟု အလုပ်သမားရှေ့နေ ကိုအောင်သူရိန်ထွန်းက ပြောသည်။

အဆိုပါ အပြန်အလှန် တရားစွဲဆိုမှုများဖြစ်ပေါ်နေရခြင်းမှာ အလုပ်ရှင်-အလုပ်သမား ပဋိပက္ခဖြေရှင်းရာတွင် အမြင့်ဆုံးဖြစ်သည့် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို အလုပ်ရှင်မှ မလိုက်နာခြင်းကြောင့်ဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူတို့က ဆိုသည်။

“တရားမျှတမှုနဲ့ အမှန်တရားကိုဖော်ထုတ်ဖို့လိုတယ်။ တစ်ဘက်စောင်းနင်းဖြစ်နေတဲ့ တရားဥပဒေတွေကိုတော့ လက်မခံနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် အလုပ်ရှင်ရော အလုပ်သမားရော တရားမျှတစွာနဲ့ အမှန်တရားကို ဖော်ဆောင် ပေးဖို့အတွက်ကို တောင်းဆိုထားတယ်။ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အလုပ်ရှင်က မလိုက်နာဘူး။ ဒီမတိုင်ခင်မှာလည်း အဆင့်ဆင့် ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်။ အဲ့ဒီအတွက် ဒီလို အကျိုးဆက်တွေ ဖြစ်ခဲ့ တယ်လို့မြင်တယ်။”ဟု (၈၈) မျိုးဆက် ကျောင်းသူ အလုပ်သမားရေးရာ ဒု-တာဝန်ခံ မသက်သက်အောင်က ပြောသည်။

ရွှေပြည်သာမြို့နယ်တရားရုံးမှ နှုတ်ဖြင့် အာမခံလျှောက်ထားခြင်းကို လက်မခံဘဲ စာတင်ကာ အာမခံ လျှောက်ထားခိုင်းကြောင်းနှင့် ဇွန်လ(၆)ရက်နေ့တွင် တရားစွဲခံထားရသူများကို ရုံးချိန်းပေးလိုက်ကြောင်း အဆိုပါ မြို့နယ်တရားရုံးက သိရှိရသည်။

Myit Makha Mediagroup

လားရှိုးမြို့မဈေး မီးကူးဆက်မည်ကို ဒေသခံ စိုးရိမ်

လားရှိုး၊ မေ ၂၈။
လားရှိုးမြို့မဈေးတွင် အလှကုန်ဆိုင်ဖွင့်ထားသော၊
အမှတ် (၁၀)ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက
“အန်တီ့ မျက်စိအရှေ့မှာပဲ ဆိုင်ကယ် နှစ်စီး မီးရှိ့နေတာတွေ့တယ်၊ ဗလီဘက်မှာ မီးခိုးတွေ တအားထွက်လာတယ်၊ အန်တီတို့ကတော့ ဈေးကို မီးကူး
စက်လာမှ ကြောက် နေရတယ်။ ဗလီထဲမှာ
တော့ လူတွေရှိတာ တွေ့တယ်။ ခဲနဲ့လှမ်းပေါက်လို့ အန်တီ့
ခေါင်းကို လာထိသေးတယ်။ ဆိုင်ကယ် ဦးထုပ်ဆောင်းထားလို့သာ
ဘာမှ မဖြစ်တာ”ဟု ပြောကြားသည်။
From Myanmar Age

Published with Blogger-droid v2.0.10
ယနေ့ ညနေပိုင်းက စတဲ့
လားရှိုးအဓိကရုဏ်း

ယနေ့ ညနေပိုင်းက စတဲ့ လားရှိုးအဓိကရုဏ်း

လားရှိုးမြို့ တွင် မေလ 28 ရက်နေ့ နေ့လည် ၃နာရီ ၀န်းကျင်ခန့်တွင် ဓါတ်ဆီရောင်းနေသော
အမျိုးသမီးငယ်လေး အား အစ္စလာမ်ဘာသာဝင်တစ်ဦးမှ ဓါတ်ဆီဝယ်ယူရာတွင် ဓါတ်ဆီမပြည့်ကြောင်း ပြောပြီး
ဆီဘူး နှစ်ဘူးအား အမျိုးသမီးငယ်လေး ကိုယ်ပေါ်သို့ လောင်းထည့်ပြီး အသင့်ပါလာသော မီးခြစ် ဖြင့် ရှိုးခဲ့ခြင်းကြောင့် အမျိုးသမီးလေးမှာ
ဆေးရုံသို့ တက်ရောက်ဆေးကုသနေရပြီး အစ္စလာမ်ဘာသာဝင် အမျိုးသားအား သက်ဆိုင်ရာရဲစခန်းမှ ဖမ်းဆီးစစ်ဆေးနေကြောင်း လားရှိုး
မြို့ခံ တစ်ဦးက ပြောသည်။
အဆိုပါ ပြဿနာမှ အစပြုခဲ့ပြီး ညပိုင်းအချိန်တွင် မြို့လူငယ်များမှ မြို့မ ဗလီအား မီးရှိုးခြင်းများ ပြုလုပ်ခဲ့ကြပြီး ၊ အစ္စလာမ်ဘာသာဝင် မိဘမဲ့ စာသင်ကျောင်းကိုလည်း မီးရှို့ခဲ့ကြသဖြင့် ဗလီဘေးရှိ ဆိုင်ခန်းများ မီးလောင်ကြွမ်းမှုများဖြစ်ပေါ်နေကြောင်း မေလ ၂၈ ရက်နေ့ ည ကိုးနာရီ
အချိန်ခန့် တွင် လားရှိုးမြို့ဒေသခံ သတင်းထောက်တစ်ဦး ကပြောကြားခဲ့သဖြင့် သိရသည်။
မြို့ပေါ်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအပြင် စစ်တပ်မှလည်းလုံခြုံရေးတာဝန်ယူနေရ
ကြောင်းမြို့ ခံများက ပြောသည်။
Credit News From Sithu Lwin

Published with Blogger-droid v2.0.10
မိုဘိုင်းလ်ကြောင့် ကျေးလက် လူမှုစီးပွား အရွေ့ 

Tuesday, May 28, 2013
မကွေးတိုင်း ဒေသကြီး စေတုတ္တရာ မြို့လေးသို
့သွားနေသော ခြောက်ဘီး ရှစ်တန်ကားကြီး တ
စ်စီးပေါ်တွင် ကုန်သည် ဒေါ်ခင်ဝင်းတစ်ယော
က် လိုက်ပါလာခဲ့သည်။
တောင်တန်းဒေသ နေသူတစ်ဦးဖြစ်သော်လ
ည်း သူ့လက်ထဲတွင် CDMA MHz ဖုန်းတစ်လုံး
ကို ကိုင်ဆောင် လာခဲ့သည်။ သူက သူ့မိုဘိုင်းလ်
ဖုန်းကလေးကိုကိုင်ရင်း ဂဏန်းတွေကိုနှိပ်လျ
က် ပြုံးနေသည်ကို မြင်နေရ ပါသည်။
သတင်းကိစ္စနှင့် စေတုတ္တရာမြို့နယ်လေးသို့ ခ
ဏ ရောက်ရှိနေသော ကျွန်တော်နှင့် ခရီးသည်
များ အပါအဝင် ထို ခြောက်ဘီး ရှစ်တန်ကားေ
ပ်ါတွင် ခိုင်ခံ့သော ဘေးကာများကာရံ၍ ကား
အပြည့် ဆန်အိတ်တွေ၊ မုန့်တွေ၊ ဂေါ်ဖီထုပ်၊ ခ
ရမ်းချဉ်သီးသေတ္တာ၊ ကြက်ဥသေတ္တာတွေကို မို
းရေကာဖျင်အုပ်လျက် တောင်တက်လမ်းအတိုင်
း ကားကြီးက သွားနေ ပါသည်။
ကုန်တင် ကားကြီးပေါ်တွင် ကုန်သည်များနှင့်
ကျွန်တော် လိုက်ပါရင်း ခရီးတစ်ထောက်ကို
ကံပြားကျေးရွာ လေး၌ နားခဲ့ပြီး ထမင်းစားကြ
ပါသည်။ ဒေါ်ခင်ဝင်းတစ်ယောက်ကတော့ ထမ
င်းစားပြီးသည်နှင့် သူ့မိုဘိုင်းလ် ဖုန်းကိုနှိပ်ပြီး
သမီးရေ ရွာမှာမတ်ပဲ ဘယ်ဈေးလဲ၊ ပဲတီစိမ်းေ
ရာ ဘယ်ဈေးပေါက်နေလဲ ဆိုပြီး ပဲဈေးတွေေ
မးနေသည်ကို ကြားလိုက်ရသည်။
ထိုသို့ စကားပြောပြီးနောက် မပြီးနိုင်သေးဘဲ
နောက်ထပ် သူဖုန်းဆက်နေတာကို မြင်လိုက်ရ
သည်။ ဟဲလို မောင်လေး ဒီနေ့ ဘယ်ဈေးပေါ
က်လဲ အေးအေး ကျေးဇူးတင်ပါတယ်ကွယ်ဟု
ပြောပြီး သူသိလိုသမျှသိရ၍ စိတ်ကျေနပ်နေဟ
န် ပေါ် လွင်နေသည်။
သူမတစ်ယောက် အလုပ်ရှုပ်နေချိန်မှာ ကျွန်ေ
တာ့် GSM က တိုင်တစ်တိုင်မှ မရှိတော့ကြောင်
း မိုဘိုင်းလ်ဖုန်း မျက်နှာပြင်မှာ ပြသနေပြီ ဖြစ်
သည်။ ကားတစ်စီးလုံး သူမတစ်ယောက်တည်
းသာ အလုပ်ရှုပ်နေပြီး အခြား သူများနှင့် ကျွန်
တော်ကတော့ သူ့ကိုငေးကြည့်ရင်း လူ့အသိုင်း
အဝိုင်းနှင့် ခေတ္တ အဆက်အသွယ်ပြတ် တော
က် နေလေသည်။
ကုန်သည် တစ်ယောက်ဖြစ်သော ဒေါ်ခင်ဝင်း
ကတော့ သမီးရေ တစ်တင်း ၂ဝဝ ပိုပေးပြီး ရ
သလောက်သာ ဝယ်ထား လိုက်တော့၊ အမေတ
စ်ခါတည်း အောက်ပြန်ဆင်းမယ်ဟု ဖုန်းပြော
နေသောကြောင့် ကျွန်တော် အံ့အားသင့်စြွာ
ဖင့် ကြည့်နေမိသည်။ စိတ်ထဲကလည်း ဒီလော
က်ပင်ပန်းတဲ့ ခရီးကိုဒီအမျိုးသမီး အနားမနေ
ဘဲပြန်ဆင်းမည် ဟု ပြောနေပြန်သောကြောင့်
ကျွန်တော့်အနေဖြင့် ဖြစ်နိုင်ပါ့မလားဟု တွေး
ထင်မိနေသည်။ ထမင်းစားပြီးနောက် ကားက
ဆက်လက် ထွက်ခွာလာသည်။
မိုဘိုင်းလ်ဖုန်း အလုံးအရင်းဖြင့် ရောင်းချနေေ
သာ ယခုချိန်တွင် ယခင်က အရေးပါမော်ကြွာ
းနိုင်သော မြန်မာ့ ဆက်သွယ်ရေးက ဖွင့်လှစ်ေ
ပးထားသည့် PCO ခေါ် အများပြည်သူသုံး တယ်
လီဖုန်း ခေါ်ဆိုမှုများမှာ တစ်နေ့ ထက်တစ်နေ့
ကျဆင်းလာနေပြီး စီးပွားရေးမြို့တော်ဖြစ်သေ
ာ ရန်ကုန်မှာပင် များပြားလှသော PCO ဝန်ထ
မ်း ကလေးများမှာ စိုးရိမ်ပူပန်မှု ဖြစ်ပေါ်နေကြ
သည်။ ''ဝင်ငွေထက်ဝက်ကျော် ကျဆင်းနေတာ
ပါ။ အရင်က တစ်နေ့ ၅ဝဝဝ လောက် ဆိုတာ
မပြောပလောက်ပါဘူး။ အခုတော့ တစ်နေ့ ၂၅
ဝဝ လောက်တောင် အနိုင်နိုင် ဖြစ်နေပါတယ်''
ဟု ဂျပန်ဆေးရုံကြီးရှေ့ရှိ PCO ဝန်ထမ်း အမျိုး
သမီး တစ်ဦးက ပြောတာ ကြားခဲ့ဖူးသည်။
နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုတွင် အရေ
းပါလှသော ဆက်သွယ်ရေး ဖုန်းကဏ္ဍသည် ယ
ခင်က လူနည်းစုသာ ကိုင်ဆောင်နိုင်သောကြေ
ာင့် အကန့်အသတ် ရှိခဲ့သည် ဆိုကြသည်။ ယခု
အချိန်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာ
အတော်အတန် ပွင့်လင်းလာပြီဟု ဆိုနိုင်ပြီး အ
ရှေ့တောင်အာရှ နိုင်ငံ တစ်နိုင်ငံ ဖြစ်သော က
မ္ဘောဒီးယား နိုင်ငံနှင့် ယှဉ်ပါက မြန်မာ့ဆက်သ
ွယ်ရေး ဝန်ဆောင်ခများမှာ ဈေး ကြီးမြင့် နြေေ
ကာင်း နိုင်ငံတကာ ဓာတ်ပုံဆရာ တစ်ဦးဖြစ်သူ
ကိုလင်းအောင်ပြည့်က ပြောကြားခဲ့သည်။
မိုဘိုင်းလ်ဖုန်းများ ပိုမိုဝယ်ယူခွင့် ရလာသေြာေ
ကာင့် မြန်မာ့စီးပွားရေး အသိုက်အဝန်းတွင် အ
ဓိက အသုံးပြုမှု အကျိုး သက်ရောက်သော နယ်
ပယ်မှာ အသေးစားနှင့် အလတ်စား ကုန်သည်
နှင့် စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ကြသည်။
အထူးသဖြင့် စီးပွားရေးဆိုင်ရာ သတင်းအချက်
အလက်များဖလှယ် ကူးသန်း စီးဆင်းမှု မြန်ဆ
န် ပြောင်းလဲသွားပြီး ဆက်သွယ်ရေးကြောင့်
လုပ်ငန်းငယ်များ အရောင်းအဝယ် ပိုမိုဖွံ့ဖြိုးေ
အာင်မြင် လာခဲ့သည်။
ကြားခံ ပွဲစားများ၏ အဆင့်ခံမှု နည်းပါးသွားပြီး
ရပ်ရွာရှိ ငွေကြေး ရင်းနှီးမြှုပ်နှံသူများကို ဆက်
သွယ်ရေး လုပ်ငန်းဖွံ့ဖြိုး လာမှုက အကျိုး ဖြစ်ထ
ွန်းစေသည့်အပြင် ဒေသခံ တောင်သူများအဖို­
့လည်း ငွေကြေး ပိုမိုရရှိ စေလာသည်။ မိုဘိုင်း
လ်ဖုန်း များကြောင့် တောင်သူလယ်သမားများ
က တောင်သူ စိတ်ကြိုက်ဈေးကွက် ဖော်ဆောင်
ရေးကို ပိုမို ကြိုးစား လာနိုင်ကြ သည်။
ယခင်က ကုန်သည်ကြီးများ ဈေးဖွင့်ပြီး ပွဲစား
အဆင့်ဆင့်၊ အဝယ်တော် အဆင့်ဆင့်၏ ဈေးန
ှုန်းကို ပေါက်ဈေး အဖြစ် လက်ခံကြရတာ၊ ခေါ
င်းပုံ အမျိုးမျိုး ဖြတ်ခံခဲ့ရသော ကျေးလက်ဒေသ
ရှိ တောင်သူများမှာ ယနေ့အချိန် Tablet နှင့် မို
ဘိုင်းလ်ဖုန်း ချိတ်ဆက်ပြီး ကြားခံမလိုတော့ဘဲ
ပြည်တွင်း ကုန်သည်ကြီးများကို တိုက်ရိုက် ရော
င်းချရန်နှင့် နိုင်ငံ တကာပေါက်ဈေး ဈေးနှုန်းမျာ
းကို ရယူကြည့်ရှုနိုင်ရန် ပြင်ဆင်လုပ်ဆောင်ေ
နကြပြီ ဖြစ်သည်။
ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး အ
ခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုများ ပို
မိုကောင်းမွန် လာပါ က တောင်ပေါ်မြေပြန့်ေ
ဒသအားလုံး မိုဘိုင်းလ်ဖုန်း ကောင်းစွာ ကိုင်တ
ွယ် အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုအခါ အဓိက
အကျိုးဖြစ်ထွန်းစေမည်မှာ ကျေးလက်ဒေသ ဖြ
စ်ပေမည်။ အချိန်နှင့် တစ်ပြေးညီ ပြောင်းလဲေ
နသော စီးပွားရေး၊ လူမှုရေးနှင့် ဒေသတွင်း အ
ဖြစ်အပျက်များအားလုံးကို အချိန်နှင့်တစ်ပြေး
ညီ သိရှိနိုင်မည် ဖြစ်သောကြောင့် စီးပွားရေး၊
လူမှုရေး၊ ဒေသတွင်း ဖြစ်ပျက်မှုများအပြင် သ
ဘာဝပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာနိုင်
သည့် ဘေးအန္တရာယ်များကို သိရှိနိုင်ပြီး ကျေး
လက်နေ ပြည်သူများ တစ်ဖက်တစ်လမ်းမှ ဖွံ့ဖြို
းလာမည်ဟု ဆိုရမည်ဖြစ်သည်။ ကျွန်တော်သ
ည် မိုဘိုင်းလ်ဖုန်းဖြင့် တောင်ပေါ်၌ ကျန်ရစ်ခဲ့ေ
သာ သမီး ဖြစ်သူနှင့် မိတ်ဆွေများထံ သီးနှံဈေး
စုံစမ်းမေးမြန်း လျက်ရှိသော ဒေါ်ခင်ဝင်းကိုြ
ကည့်ရင်း သို့ကလိုတွေးမိနေ ပါသည်။ ။
မြ၀တီ

Published with Blogger-droid v2.0.10