သင်းကွဲကြယ်နီ

သင်းကွဲကြယ်နီ

သင်းကွဲကြယ်နီ
****************************
(လေးမြို့ ကဗျာပြခန်း)
****************************

ဂရက်ဒေါက်ပြန်သွားလို့ 
တက်ခေါက်သံပါးလိုက်တာနဲ့ 
ထွက်ပေါက် တံခါးတွေပိတ်
နှိပ်ကွပ်ကြစမ်းဟေ။

တကယ် မကြောက်တရားနဲ့ 
အပယ်ရောက်လားပစေ
သွေဖေါက်သွားမှာ မဟုတ်။

နယ်ချဲ့ ဆန့် ကျင်ရေး
အမျိုးသားလွတ်မြောက်ရေး
အရေးနှစ်ပါးလုံး
အလေးထားဆုံးနဲ့ စွန့် ဝံ့သူက
ဦးဥတ္တမဆရာတော် ဆိုတာ
ကမ္ဘာကသိ ကနေ့ ထိပဲလေ။

ဟော-မြန်မာတွေ လွတ်ကျွတ်ပြီ
ခိုင်ကျည်တဲ့ လွတ်လပ်ရေးကျောက်တိုင်ဖြူ
စိုက်ထူကြ မြို့ တော်ရန်ကုန်မှာ ….
ရှာကြည့်လိုက်စမ်း
ဆရာတော်ရဲ ၏့အမည်နာမ လမ်းနဲ့ 
ခမ်းနားတဲ့ ကိုယ်တူရုပ်ပွား
တွေ့ များ တွေ့ မိသလားလို့ …။

သာတင်မြ (မင်းပြား)

(၉ .၉ .၂၀၁၃ နေ့ ဆရာတော်ဦးဥတ္တမအား ဂုဏ်ပြုခြင်း တေးကဗျာ)

ပြည်နယ်တရားသူကြီးကို အယုံအကြည် မရှိကြောင်းအဆိုပြည်နယ်
လွတ်တော်အမတ်များ တင်သွင်း

ပြည်နယ်တရားသူကြီးကို အယုံအကြည် မရှိကြောင်းအဆိုပြည်နယ် လွတ်တော်အမတ်များ တင်သွင်း


ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ် လွတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ် ပြည်နယ် တရားသူ
ကြီး ဒေါ်စီစီကို အယုံကြည် မရှိကြောင်း အဆိုကို လွတ်တော်အမတ်များ တင်းသွင်း လိုက်ကြောင်းသိရသည်။

အဆိုပါ အယုံအကြည်မရှိကြောင်း အဆိုကို
ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်မှ ဦးဆောင်ကာ လွတ်တော်ကိုယ်စားလှယ် ၁၄
ဦးမှလက်မှတ်ရေးထိုးတင်သွင်းလိုက်ခြင်းဖြစ်သည်။ပြည်နယ်တရားသူကြီးကို အယုံအကြည်မရှိ အဆို
တင်သွင်းရသည့်ကိစ္စနှင့်ပတ်သတ်ပြီး ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ယခု
ကဲ့သို့ပြောသည်။“ အဓိကတော့ ဒေါ်စီစီရဲ့ လုပ်ဆောင်မှုတွေကို ပြည်သူတွေကတင်ပြလာတဲ့အတွ
က် ဒီလို အဆိုတင်သွင်းရတာ ဖြစ်ပါတယ်။

မြောက်ဦးမြို့ကဒေါ်မသန်းတင်ဆိုတဲ့အမျိုးသမီးကဆန်စပါးရောင်းဝယ်ရေးနဲ့ပတ်သတ်တဲ့ လူ ပေါင်း ၉၀ ကျော်ဆီက ကျပ်သိန်း ပေါင်း ၄၃၀၀ ကျော်
လိမ်လည်ထားတဲ့ အမှုတခုရှိတယ်။

ဒီအမှုနဲ့ ပတ်သတ် ပြီး ဒေါ်စီစီက ငွေကြေးအပေးအယူလုပ်ပြီး သူ့အချိန်ဝါကို အသုံးချ ဖုံးကွယ်ထားတဲ့ ကိစ္စ
တခုရှိတဲ့အတွက် ပျက်စီးနေတဲ့ တရားရေးမဏ္ဍိုင်ကို
ခွင့်လွတ်လို့မရတော့ဘူးဆိုပြီး ကျွန်တော်တို့ဒီအဆိုကို တင်သွင်းလိုက် တာ ဖြစ်ပါတယ်။”အဆိုပါ
ငွေကြေးလိမ်လည်မှုမှာ ၂၀၁၂ ခုနှစ်က မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
အလိမ် ခံရသူများက ဒေါ် မသန်းတင်ကို တရားစွဲဆိုရန် မြို့နယ်၊ ခရိုင်အဆင့်တို့တွင် တရားစွဲ
ဆိုခဲ့သော်လည်း ဒေါ်မသန်းတင်က ပြည် နယ်အဆင့်ဒေါ်စီစီကို ငွေးကြေးတချို့ပေးချဉ်းကပ်ကာ
ဒေါ်စီစီမှ သူ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ဒေ
ါ်မသန်း တင်ကို တရားစွဲခွင့်မရှိဟုဆိုကာ ပယ်ချထားသည်ဟု ဆိုသည်။ယခုအခါ ငွေကြေးလိမ်လည်ခ
ံရသူများမှာ ပြည်နယ်အဆင့် တရားသူကြီးမှ ပယ်ချထားသည့်အတွက် တိုင်ကြား စရာ မရှိသည့်အတွ
က် လွတ်တော်ကိုယ်စားလှယ်များကို တိုင်ကြားရာမှယခုကဲ့သို့ ပြည်နယ် တရားသူကြီး ပါဝင်ပတ်သတ်
မှုရှိနေကြောင်း ပေါ်ပေါက်လာခြင်းဖြစ်
သည်။

ယခုအခါ စုံစမ်းစစ်ဆေးရေးကော်မတီအဖ
ွဲ့နှင့် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး စစ်ဆေး တွေ့ရှိချက်များကို လာ မည့် လွတ်တော်အစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်း ဦးအောင်မြကျော်က ဆက်ပြောသည်။“ အခုကျွန်တော်တို့ စုံစမ်းစစ်ဆေးရေး ကော်မီတီတခုဖွဲ့ဖို့ထားပါတယ်။

အဲဒီအဖွဲ့က အမှုနဲ့ ပတ်သတ်ပြီး အားလုံးကို ကွင်းဆင်းစစ်ဆေးမယ်။ အဲဒီစစ်ဆေးချက်တွေကို နောက်တခေါက် လွတ်တော်မှာ တင်ပြပါတယ်။ ကော်မီတီရဲ့တွေ့ရှိချက်တွေ မှန်ကန်
တယ်။ လွတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ လက်ခံရင်ဒေါ်စီစီကို ဖြုတ်ချ နိုင်မှာဖြစ်ပါတယ်” ဟုဆိုသည်။

ဥပဒေပုဒ်မ ၃၁၁ တွင်လည်း လွတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ပုံ သဘောတူလျှင် ပြည်နယ် တရားသူကြီ
းကို ဖြုတ်ချနိုင်ကြောင်း ဖော်ပြထားကြောင်
း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တရားရေးမ
ဏ္ဍိုင်မှာ အထူးပျက်စီးနေသည့်အတွက် တရားရေးမဏ္ဍိုင် သန့်ရှင်းရေနှင့် တည့်မတ်နိုင်ရေးမှာ အထူးအရေးကြီးနေပြီ ဖြစ်ကြောင်းလည်း ဦးအောင်မြကျော်က ပြောဆိုသွားသည်။

နိရဉ္စရာ

Published with Blogger-droid v2.0.10
ဝက်ခြံအမာရွတ်တွေ
ွနှုတ်ဆက်ဖို့အချိန်တန်ပြီ

ဝက်ခြံအမာရွတ်တွေနှုတ်ဆက်ဖို့အချိန်တန်ပြီ


Saturday, August 31, 2013
ဆယ်ကျော်သက်ရွယ်ကစလို့ ၊ သွေးဆုံးပြီးနောက်၃-နှစ်ခန့် တိုင်အောင် ဟိုမုန်းတွေပြောင်းလဲမှုကြောင့် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးမှာ ပျမ်းမျှ အားဖြင့် ၉.၉၉ ဦးခန့်  အနည်းနဲ့ အများဆိုသလို ၀က်ခြံမပေါက်ဖူးတဲ့ သူရယ်လို့ မရှိကြပါဘူး။ ကျန် ၀.၀၁ ဦး က တော့ရှားပါးလွန်းတဲ့အသားအရေကံထူးရှင်တွေလို့ ဆိုနိုင်ပါတယ်။

အသင်အတင့် ၀က်ခြံပေါက်ပြီးနောက် ၃-ရက် နဲ့ ၁-ပတ် အတွင်းမှာ အမာရွတ်တွေ သူ့ အလိုလိုပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် အချို့ အသား အရေပိုင်ရှ
င်တွေမှာတော့ရုပ်အလှပျက်လောက်အောင် ၀က်ခြံအမာရွတ်တွေ စွဲကျန်နေရစ်ခဲ့ရှာတုန်းပါဘဲ။

အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးနည်းလမ်း (၈)သွယ်ထဲက တစ်ခုခုနဲ့  အဆင်ပြေသွား
ပြီဆိုရင်တော့ သင့်မျက်နှာ ပေါ်က *** ၀က်ခြံအ
မာရွတ်တွေကို…..တာ့တာ *** လို့ သာဆိုလိုက်ပါတော့နော်။

(၁) နံ့ သာဖြူမှုန့် နဲ့  နှင်းဆီရည်။
နံ့ သာဖြူမှုန့် နဲ့ နှင်းဆီရေကို ပျစ်ပျစ်ဖျော်စပ်ပြီး၊ အမာရွတ်ပေါ်တိုက် ရိုက်လိမ်းပေးပါ။ အချိန် ၁နာရီကျော်ထားပါ(သို့ မ ဟုတ်) တညလုံးလိမ်းအိပ်နိုင်ပါတယ်။ ပြီးရင်ရေအေးဖြင့်မျက်နှာသ
စ်လိုက်ပါ။ အသားအရေအေးမြတဲ့ခံစားမှုကို
ချက်ချင်းသိရမှာပါ။ အမာရွတ်တွေ သိသိသာသာလျော့ပါး သက်သာလာစေပါတယ်။(rose water
လို့ ခေါ်တဲ့ နှင်းဆီရေကို အလှကုန်ပစ္စည်းဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်)
(၂) သံလွင်ဆီ။
သံလွင်ဆီနဲ့ အမာရွတ်ကို နေ့ စဉ်လိမ်းပေးကြည့်ပါနော်။

အစိုဓာတ်ထိန်းပေးနိုင်တဲ့အစွမ်းသတ္တိ
ပါရှိတဲ့ သံလွင်ဆီအစွမ်းကြောင့် အသားအရေနူးညံ့ချောမွတ်ကာ အမာရွတ်တွေလည်း ပြေပျောက်သွားနိုင်ပြီပေါ့ရှင်။

(၃) သခွားသီး။
အသားအရေထိန်း အလှကုန်ပစ္စည်းတွေကို ဘာ့ကြောင့် သခွားသီးနဲ့ ဖော်စပ်ထုတ်လုပ်ထားရပါသလဲ? အဖြေကတော့ ရှင်းရှင်း လေးပါ။ သခွာ
းရည်က အသားရေကိုနူးညံ့ချောမွေ့ အေးမြစေပြီး၊ ၀က်ခြံအမာရွတ်တွေကိုလည်း ပျောက်ကင်းသက်သာစေလို့ ပါ ဘဲ။

(၄) ရှာစောင်းလက်ပပ်။
ရှေးယခင်ကစလို့  ရှားစောင်းလက်ပပ်ပင်ရဲ့  ဂျယ်လီတွေကို အသားအရေအတွက် အိမ်တွင်းသမားတော်အဖြစ် သုံးစွဲလာခဲ့ကြ ပါတယ်။ သူက မျက်နှာအသားအရေကို ကျမ္မာသိပ်သည်းကြံ့ခိုင်စေပြီး တင်းတိပ်၊ ၀က်ခြံ နဲ့ ဝက်ခြံကြောင့်စွဲကျန်ရစ်တဲ့
အမာရွတ်တွေကိုသက်သာပျောက်ကင်းစေတယ်နော်။

(၅) ရေ။
တစ်နေ့ ကို သောက်ရေ ဖန်ခွက် ၈-ခွက်စာထက်မနဲ သောက်ဖြစ်အောင်သောက်ကြနော်။ ရေသောက်ခြင်းက ခန္ဒာကိုယ်အရေ ပြားရှိ အဆိပ်အတောက်များကို ဖယ်ရှားသန့် စင်စေပြီး၊ အရေပြားဆဲလ်အသစ်များကို မွေးဖွားပေးကာ၊ ၀က်
ခြံကြောင့်ဖြစ်တဲ့ ဆဲလ်အသေတွေ/အမာရွတ်တွေကို ဖယ်ရှားသန့် စင်စေပေးတယ်လေ။

(၆) သံပုရာသီး။
ဝက်ခြံအမာရွတ်ကြောင့် ညစ်နေတဲ့ အသားအရေကို သံပုရာရည်က ပြန်လည်ဝင်းပလာစေပါတယ်။
ဝါဂွမ်းလုံးလေးမှာ သံပုရာ ရည် လတ်လတ်ဆတ်ဆ
တ်နှစ်စိမ်ပြီး အမာရွတ်တွေပေါ် ကြပ်ထုပ်ထိုးပေးပါ။

(၇) နာနတ်သီး။
နာနတ်သီးထဲရှိ သဘာဝ ascorbic အက်ဆစ်အစွမ်းက ၀က်ခြံအမာရွတ်ညိုမဲမဲတွေကိုပြေပျောက်စေပြီး အသားအရေပြန်လည် တောက်ပလာစေလို့  နာနတ်သီးကို စားလည်းစားပါ။ နာနတ်သီးစိပ်က
လေးနဲ့ လည်း အမာရွတ်တွေကို ပွတ်ပေးကြပါနော်။

(၈) အက်စ်ပရင်ဆေးပြား(Aspirin)
ဖျားနာကိုက်ခဲပျောက်ဆေး တစ်မျိုးဖြစ်တဲ့ အက်စ်ပရင်ဆေးဝါးထဲမှာပါတဲ့ salicylic အက်ဆစ်က ၀က်ခြံအမာရွတ်တွေကို အလွှာ လိုက်ကွာကျစေလို့ ဆေးပြား ၂-ပြားကို အမှုန့် ကြိတ်၊ ရေနဲ့ ပျစ်ပျစ်ဖျော်ပြီး အမာရွတ်ပေါ် အစက်ချပေးပါ။

၁၅ မိနစ်ခန့် အကြာ ရေအေးဖြင့် မျက်နှာသစ်ပေးလိုက်ရုံပါဘဲ။
(ပေါက်ပေါက်….မျှဝေသည်)

(မှီငြမ်း။ Daily Health Tips)
ကျန်းမာရေးစာတိုများစုစည်းမှု

Published with Blogger-droid v2.0.10
မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုများကို
၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်း အ
ထိ လျှော့ချသွားနိုင်ရန် ပြုပြင်ပြောင်းလဲသွားမည်

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုများကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်း အ ထိ လျှော့ချသွားနိုင်ရန် ပြုပြင်ပြောင်းလဲသွားမည်

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုကို
၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းအထိလျှော့ချသွားနိုင်ရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သမ၀ါယမ ၀န်ကြီးဌာနနှင့် ကိုရီးယား နိုင်ငံတို့အကြား ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မူဝါဒနှင့်
ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဗဟုသုတ ဖလှယ်ရေး ဖိုရမ်အခမ်းအနားတွင် သိရသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ
့အစည်းတစ်ခုဖြစ်သော UN-ESCAP ၏ စစ်တမ်းများအရ ဆင်းရဲနွမ်းပါးမှုနှုန်းသည်
၂၀၁၀ ပြည့်နှစ် မတိုင်မီ ၃၂ ရာ ခိုင်နှုန်းရှိ
ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ၂၆ ရာခိုင်နှုန်းခန်
့သာ ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက
်အောင် ဆင်းရဲမှု ၂၆ ရာခိုင်နှုန်းကို
၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းအထိ
လျှော့ချသွားနိုင်အောင် နိုင်ငံရေး၊ စီးပွား
ရေး၊ အုပ်ချုပ်ရေး၊ ပုဂ္ဂလိက လုပ်ငန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးစသည့် မဟာဗျူဟာများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဝင်ငွေအနေနဲ့လည်း နည်းပါတယ်။ အရင်းအနှီးလည်း ချို့တဲ့ပါတယ်။ လျှပ်စစ်မီး၊ ရေသန့်၊မိလ္လာစနစ်ကအစ ချို့တဲ့မှုတွေ ရှိပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ သင့်လျော်တဲ့ အဆောက်
အအုံများ နေရာချထားရေးမှာလည်း အားနည်းမှု ရှိပါတယ်...
သမ၀ါယမ ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေး
မှူး ဦးမြသန်းက ''ကျွန်တော်တို့ မြန်မာနို
င်ငံဟာ ၀င်ငွေအနေနဲ့လည်း နည်းပါတယ်။

အရင်းအနှီးလည်း ချို့တဲ့ပါတယ်။ လျှပ်စစ်မီး၊ ရေသန့်၊ မိလ္လာစနစ်ကအစ ချို့တဲ့မှုတွေ ရှိပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ သင့်လျော်တဲ့
အဆောက်အအုံများ နေရာချထားရေးမှာလည်းအားနည်းမှု ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းကိုသာ လုပ်ကိုင်နေတဲ့ အတွ
က်ကြောင့် ထုတ်ကုန်စွမ်းအား မြှင့်တင်ဖို့ ဖ
ွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျေးလက်ဒေသနဲ့ သူတို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသာလျှင်ပိုပြီးအရေးကြီးပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုတာ ဆက်နွှယ်မှု ရှိနေပါတယ်'' ဟု
ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံတွင် အစိုးရသစ် တာဝန်ယူသည့် လ၃၀ အတွင်း ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်
ရေးအတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု
များ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု
များ၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုမျာ
းနှင့် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲမှုမျာ
း ဆောင်ရွက်ခဲ့ပြီး ကျန်လ ၃၀ အတွင်း ပြည်သူ့ဗဟိုပြု လူမှုစီးပွား ဖွံ့ဖြိုးရေးဦးစာ
းပေး လိုအပ်ချက်များဖြစ်သော လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်
စွာရရှိရေး၊ အလုပ်အကိုင်များ တိုးတက်ရရှိနိုင်မည့် အသေးစား၊ အလတ်စား စီးပွားရေး
လုပ်ငန်းများ၊ စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

Eleven

Published with Blogger-droid v2.0.10
"အင်းစိန်မှာ ကျူးကျော်ရပ်ကွက်သားတွေ လမ်းလျှောက်ဆန္ဒပြ"

"အင်းစိန်မှာ ကျူးကျော်ရပ်ကွက်သားတွေ လမ်းလျှောက်ဆန္ဒပြ"


ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဒညင်းကုန်း၊ အောင်ဆန်း၊ စဉ့်ငူနဲ့ ဖော့ကန် ရပ်ကွက်မှာေ
နထိုင်တဲ့ ကျူးကျော်အိမ်ပိုင်ရှင် တစ်ရာကျော်က လက်ရှိ
နေရာတွေမှာ ဆက်လက်နေထိုင်ခွင့်ပြုဖို့ ဒီနေလမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ပုလဲလမ်းကနေ အင်းစိန်စည်ပင်သာယာရုံး
ရှေ့အထိ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူတစ်ဦးဖြစ်သူ ကိုဇော်လင်းက သားသမီးတွေကျောင်းတက်နေတဲ့အချိန်ဖြစ်တာကြောင့် ပြောင်းရွှေ့ဖို့ အခက်အခဲ ရှိကြောင်း ပြောပါတယ်။

"စည်ပင်က သူတို့ ဖျက်ဖို့ ပြုဖို့ စာတွေကပ်တယ်ဗျ။ကျွန်တော်တို့က ကျောင်းသားတွေ ရှိတော့
ကျောင်းပိတ်တဲ့ အထိနေစေချင်တယ်။ကြားထဲမှာ
ပြောင်းရွှေ့ရမယ်ဆိုရင် ကျွန်တော်တို့ အိုး
မဲ့အိမ်မဲ့ ဒုက္ခတော်တော်ရောက်မယ်ခင်ဗျ။"
ဆန္ဒပြကြသူတွေဟာကျူးကျော်အိမ်တွေကို ဖျက်မယ်ဆိုရင် အကုန်ဖျက်ပေးဖို့၊ ကျူးကျော်နေအိမ် ပြည်သူတွေကို မဲထည့်ခိုင်းတာဘယ်သူတွေလဲ၊ မြန်မာ
နိုင်ငံသားတွေဟာ ကျူးကျော်တာမဟုတ်ပါ၊ နေစ
ရာမရှိလို့ပါ စတဲ့စာတမ်းပါ ပိုစတာတွေကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

RFA

Published with Blogger-droid v2.0.10
"သတင်းမီဒီယာတွေ ထိန်းသိမ်းရေးသားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း"

"သတင်းမီဒီယာတွေ ထိန်းသိမ်းရေးသားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း"

မီဒီယာတွေအနေနဲ့ ဖေ့စ်ဘွတ်လို လူမှုရေး စာမျက်နှာတွေအပါအ၀င် သတင်းရေးသားဖော်ပြမှုတွေမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ မှန်မှန်ကန်ကန်ဖြစ်အောင် ဂရုစိုက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ကဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

နေပြည်တော် ပြည်သူ့လွှတ်တော်တရား ဥပဒေ စိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းမှာ သတင်းမီဒီယာ သမ
ားတွေနဲ့တွေ့ဆုံစဉ် သတင်းသမား တစ်ဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားရင်း အခုလိုတိုက်တွန်း
ပြောဆိုခဲ့တာပါ။
"အန်တီက မီဒီယာတွေကို ပြန်ပြီး မေးချင်တယ်။အခုဖေစ့်ဘုတ်ဆိုတာ တင်ချင်တိုင်း တင်တာပဲ၊ရေးချင်တိုင်း ရေးတာပဲ။ယုံတဲ့သူကလည်း ယုံတာပဲ။ဒါကို မီဒီယာသမားတွေက စဉ်းစားရမှာ၊ဘာမှလည်း တားဆီးလို့ မရဘူး"
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ၊ ခပ်စိပ်စိပ်ဖြစ်လာနေတဲ့ ဘာသာရေး
ဆန်ဆန် အကြမ်းဖက် ပဋိပက္ခ အပြင် လက်ရှိ အပြောင်းအလဲ ကဏ္ဍတွေနဲ့ ပတ်သက်တဲ့ မေးမြန်းတွေကိုလည်း ဖြေကြားခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို အာအက်ဖ်အေ ၀ိုင်းတော်သားဦးဝင်းနိုင် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

From : RFA

လေးမြို့ သတင်းမီဒီယာ
Website : http://maruthura.blogspot.com
Apk : http://db.tt/vkYgMMlO
Facebook page : https://m.facebook.com/profile.php?id=384855384925559&refid=7&_ft_=qid.5917721553121399243%3Amf_story_key.1221578265946189491

စီးပွားရေးဇုန်ကြောင့် တရုတ်လုပ်ငန်းရှင်များ မြေဈေးကစားမည်ကို စိုးရိမ်နေကြ

စီးပွားရေးဇုန်ကြောင့် တရုတ်လုပ်ငန်းရှင်များ မြေဈေးကစားမည်ကို စိုးရိမ်နေကြ


ရန်ကုန်- ရှမ်းပြည်မြောက်ပိုင်းတွင် စီးပွားရေးဇုန်ဖွင့်လှစ်ရန် စီစဉ်နေခြင်းကြောင့် တရုတ်စီးပွားရေးသမားများအတွက် မြေဈေးကစားရန်အခွင့်အရေးများဖြစ်လာမည်ကို စိုးရိမ်ကြောင်း မူဆယ်မြို့ စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

“ဒီမှာက စီမံကိန်းရှိတာနဲ့ တရုတ်တွေကျုံးဝယ်တာပဲ။ မကြုံဖူး၊ မကြားဖူးတဲ့ ဈေးတွေ ရက်ပိုင်း၊ လပိုင်းအတွင်း ဖြစ်သွားတယ်”ဟု မူဆယ်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမင်းသိန်းက သြဂုတ် ၂၉ ရက်တွင် ပြောကြားသည်။

မူဆယ် နယ်စပ်ကုန်သွယ်ရေးကို အခြေခံပြီး မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့ တစ်ဝိုက်တွင် နိုင်ငံတကာအဆင့်မီ စီးပွားရေးဇုန်
ဖွင့်လှစ်ရန်စီစဉ်နေကြောင်းရှမ်းပြည်နယ်
မြောက်ပိုင်း သိန်းနီမြို့နယ်တွင် ရပ်မိ၊ ရပ်ဖများနှင့် တွေ့ဆုံပွဲတွင် ဒုတိယ
သမ္မတဒေါက်တာစိုင်းမောက်ခမ်းကပြောကြားသည်။

ထို့အပြင် မူဆယ်မြို့ရှိ အိမ်ရာစီမံကိန်း၊ ယာဉ်ရပ်နားစခန်း၊ မြို့ရှောင်လမ်း စီမံကိန်းများရှိသည်ဟု သတင်းထွက်ပေါ်ပြီးေ
နာက် လယ်တစ်ဧကလျှင် ကျပ် သိန်း ၁၀၀၀၊ ၁၅၀၀ ထိ ဈေးများ ဖြစ်ခဲ့ပြီး မြို့ပေါ်၌ ယခင်က ကျပ် သိန်း ၁၀၀၀ တန် မြေကွက်များမှာ ကျပ်သိန်း ၃၀၀၀မှ ၄၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း မူဆယ်မြို့မှ ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်များက ခြံမြေများတွင် ရင်းနှီးမြှုပ်နှံရာတွင် ယူနန်ပြည်နယ်မှ လုပ်ငန်းရှင်များက ပြည်တ
ွင်းမှ အဆက်အသွယ်များဖြင့် ၀ယ်ယူခြင်း၊ ပြည်တွင်း တရုတ်လုပ်ငန်းရှင်များကလည်း ငွေထုပ်ပိုက် ၀ယ်ယူမှုများရှိခဲ့သည်။
ထို့နောက် ဈေးနှုန်းများမြင့်တက်လာပါက ပြန်လည်ရောင်းချပြီး သိန်းပေါင်းများစွာ အမြတ်ငွေကို ပြန်ယူသွားသဖြင့် ကျန်ရှိခဲ့သည့် လုပ်ငန်းရှင်များမှာ ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရလေ့ရှိကြောင်းလုပ်ငန်းရှင်အချို့ကဆိုသည်။

“စီမံကိန်းလို့ အသံမကြားနဲ့ ကြားတာနဲ့ ငွေထုပ်ပိုက်ပြီး ပထမဆုံးရောက်လာတာ တရုတ်တွေပဲ”ဟု အိမ်ခြံမြေ အကျိုးဆော
င် တစ်ဦးကဆိုသည်။
စီမံကိန်းများရှိပါက ၎င်းအနီးတစ်ဝိုက်တွင် မြေအရောင်းအ ၀ယ်ကောင်းပြီး တန်ဖိုးများမြင့် တက်ခြင်းမှာ မြန်မာနိုင်ငံ၏ အ
လေ့အထတစ်ခုဖြစ်ကြောင်း မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်မှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးကဆိုသည်။

မြေ၀ယ်ရောင်းကစားမှုများကြောင့်တံတားစီမံကိန်းအပါအ၀င် ဒလမြို့နယ်တွင် အကောင်အထည်ဖော်မည့် အခြားဖွံ့ဖြိုးရေးစီမံကိန်းအားလုံးကို သမ္မတဦးသိန်းစိန်အစိုးရသက်တမ်း ၂၀၁၅ ခုနှစ်အတွင်းအကောင်အထည်
ဖော်ဆောင်ရွက်မည် မဟုတ်ကြောင်း
နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က သြဂုတ် ၂၃ ရက်နေပြည်တော် ၌ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ စီးပွားရေးဇုန်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို စီးပွားဖြစ်လုပ်ငန်းများအဖြစ် ဆောင်ရွက်ပြီးတန်ဖိုးမြင့်ထွက်ကုန်ပစ္စည်းများကို ဈေးကွက်ကြီးမားသော အိမ်နီးချင်းတရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။

“စီးပွားရေးဇုန်လုပ်မယ့်ကိစ္စကို အသေးစိတ် အချက်အလက်တွေ ပြောလို့မရသေးပါဘူး။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး သဘေ
ာတူညီမှုတွေ၊ လမ်းပန်းဆက်သွယ်ရေး စတာတွေကို ညှိနှိုင်းမှု အရင်လုပ်ရဦးမှာပါ”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။

From : 7 Days New

လေးမြို့ သတင်းမီဒီယာ
Website : http://maruthura.blogspot.com
Apk : http://db.tt/vkYgMMlO
Facebook page : https://m.facebook.com/profile.php?id=384855384925559&refid=7&_ft_=qid.5917721553121399243%3Amf_story_key.1221578265946189491

လက်နက်ခဲယမ်းများလျှို့ဝှက်သိမ်းဆည်းထားမှုရှိမရှိ အိမ်တိုင်ရာရောက်စစ်ဆေးမည်

လက်နက်ခဲယမ်းများလျှို့ဝှက်သိမ်းဆည်းထားမှုရှိမရှိ အိမ်တိုင်ရာရောက်စစ်ဆေးမည်


Friday, August 30, 2013
လက်နက် ခဲယမ်းများ ကြိုတင်စုဆောင်းပြီး မသမာသူတစ်စုက အကြမ်းဖက် မှုများပြုလုပ်မည်ဟုကြားသိရ သည့်သတင်းများအရ တိုင်းနှင့် ပြည်န
ယ်အသီးသီးရှိ ရပ်ကွက်နှင့် မြို့နယ်အချို့ရှိ နေအိမ်များတွင်လက်နက်ခဲယမ်းများလျှို့ဝှက် သိမ်းဆည်းထားမှုရှိမရှိကို လုံခြုံ ရေးရဲတပ်ဖွဲ့ဝင်များက လိုက်လံ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိ
ရသည်။

ယင်းကဲ့သို့စစ်ဆေးမှုများ ကို လုံခြုံရေးဆိုင်ရာရဲတပ်ဖွဲ့ဝင် များနှင့်အတူ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမာခံသ တင်းပေးများဖြင့် ဆောင်ရွက်သွား မည်ဖြစ်ပြီး တရားမဝင်လက်နက် ကိုင်ဆောင်မှုများတွေ့ရှိပါက
လက်နက်ကိုင်ဆောင်မှုဥပဒေ ဖြင့် ထိရောက်စွာအရေးယူသွား မည်ဖြစ်ကြောင်း မြန်မာနိုင်
ငံရဲ တပ်ဖွဲ့ဌာနချုပ်မှ အဆင့်မြင့်အ ရာရှိတစ်ဦးက ပြောသည်။

ယင်းနှင့်ပတ်သက်၍''ကန့် ဘလူအကြမ်းဖက်မှုဖြစ်ရပ်မှာ စုံစမ်းတွေ့ရှိတာတွေအရ ဓား၊ ဂျင်ကလိ၊ တုတ်နဲ့အခြားသေစေနိုင်တဲ့လက်နက်စုဆောင်းထားမှု တွေရှိတယ်။

တခြားမြို့နယ်ဒေသ တွေမှာလဲ ဒီလိုကြိုတင်စီမံထားတာတွေမ ရှိ
ဘူးလို့ မပြောနိုင်ဘူး။ ဒါ့ကြောင့် ရှာဖွေ
မှုတွေပြုလုပ်ရမယ်။

လာမယ့်ရက်ပိုင်းအတွင်း
လုပ်ဆောင် သွားမှာပါ''ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင်လည်းယင်းကဲ့သို့အကြမ်းဖက်မှုများဖြစ် ပွားနေစဉ်အချိန်တွင် လက်နက်ခဲယမ်းများစုဆောင်းခြင်းမပြုရန်၊ သုံး ရက်အတွင်းပြန်အပ်ရန် စသဖြင့် ညွှန်ကြားချက်များပြုလုပ်ခဲ့ပြီး ညွှန် ကြားချက်မလိုက်နာသည့်သူများ ကို တရားမဝင်လက်နက်ကိုင်ဆောင် မှုဖြင့် အ
ရေးယူဆောင်ရွက်ခဲ့သည့် ဖြစ်ရပ်များရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ''ကျွန်တော်တို့ရခိုင်ပြည်နယ်မှာတော့ အဲဒီလိုလုပ်တာ ထိရောက်မှုရှိတယ်။ အ မာခံသတင်းပေးတဲ့သူတွေနဲ့ စုံစမ်း ပြီး တစ်အိမ်ဆင်းတစ်အိမ်တက်လိုက်ရှာတာ။ မရှာခင် အရင်ကြေ ညာတယ်။ သုံး
ရက်အချိန်ပေး တယ်။ ပြီးတော့မှ ရှာလို့လက်နက်တွေတွေ့ရင် အရေးယူတယ်''ဟု ပြောသည်။

အကြမ်းဖက်ပဋိပက္ခများ မှာ မြန်မာနိုင်ငံတွ
င်ပြီးဆုံးခြင်းမရှိသေးဘဲ မကြာခဏဖြစ်ပွား နေသေးကြောင်း သိရသည်။

Yangon Media Group

Published with Blogger-droid v2.0.10
ကင်ဂျုံအန်၏ ရည်းစားဟောင်းကို သေဒဏ်ပေးဟုဆို

ကင်ဂျုံအန်၏ ရည်းစားဟောင်းကို သေဒဏ်ပေးဟုဆို

လက်ရှိ အာဏာရ တိုင်းပြည်ခေါင်းဆောင် ကင်ဂျုံအန်၏ ရည်းစားဟောင်းဟု ဆိုကြသူ မြောက် ကိုရီးယားတွင် လူသိများသော စင်မြင့် ဖျော်ဖြေသူ ဒါဇင်ခန့်အနက် တစ်ဦးအပါအဝင် ဖြစ်သော တေးသံရှင် ဟွန်ဆောင်ဝူးကို ညစ်ညမ်းရုပ်ရှင်
ရိုက်သည့် ဥပဒေ ချိုးဖောက်မှုဖြင့် လက်ဖြောင့်တပ်ဖွဲ့ကို အသုံးပြုကာ ပစ်ခတ် သေဒဏ်ပေးခဲ့ကြောင်း တောင်ကိုရီးယား သတင်းစာ The
Chosunilbo က ရေးသား ဖော်ပြထားသည်။

သေဆုံးသူ ဟွန်ဆောင်ဝူးသည် မွန်ကျုံဂျင်း အမည်ဖြင့် ကျော်ကြား ကာ မြောက်ကိုရီးယား သံစုံ တီးဝိုင်းကြီး တစ်ခု၏ ခေါင်းဆောင်ဖြစ်ပြီး
သြဂုတ်လ ၁၇ ရက်နေ့က လိင်ရုပ်ရှင်များ ရိုက်ကူးသည်ဆိုသော စွပ်စွဲချက်ဖြင့် အဖမ်းခံရခြင်းဖြစ်ကာ သုံးရက်အကြာ ၂၀ ရက်နေ့တွင် လူအုပ်၏ ရှေ့မှောက်၌ သေဒဏ်ပေးခံရခြင်း ဖြစ်သည်ဟု တရုတ် နယ်စပ်မှ သတင်းရင်းမြစ်များက ဆိုသည်။

ယင်းတင်ဆက် ဖျော်ဖြေသူ အမျိုးသမီးနှင့်အတူ အန်ဟာဆု သံစုံတီးဝိုင်း မှ တေးသံရှင်များ၊ ဂီတပညာ
ရှင်များ၊ ကချေသည်များလည်း သေဒဏ်ပေးမှုတွင် ပါဝင်သွားပြီး ၎င်းတို့ လိင်ဆက်ဆံနေသည့်
ဗီဒီယိုကို အချင်းချင်း ပြန်ရိုက်ကြကာ ရောင်းစားခဲ့ကြခြင်း ဖြစ်ကာ ယခုဆိုလျှင် အဆိုပါ ဗီဒီယိုခွေသည် တရုတ်နိုင်ငံတွင်ပင် ပျံ့နှံ့လျက် ရှိပေသည်။

၎င်းတို့ကို နိုင်ငံရေး အတိုက်အခံများကဲ့သို့ ဆက်ဆံခဲ့ကြကြောင်း တောင် ကိုရီးယား သတင်းစာ၏ မြောက်ကိုရီးယား ပြည်တွင်း သတင်းရင်းမြစ်များ က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်က ခေါင်းဆောင် ကင်ဂျုံအန်နှင့် ဟွန်ဆောင်ဝူးတို့ စတင် တွေ့ဆုံခဲ့ကြပြီး ထိုစဉ်က တိုင်းပြည်ခေါင်းဆောင် ကင်ဂျုံအီ၏ အ
မိန့်ဖြင့် လမ်းခွဲခဲ့ကြကာ ဟွန်သည် စစ်သား
တစ်ဦး နှင့် လက်ထပ်ခဲ့သည်။

လက်ရှိခေါင်းဆောင်၏ ဇနီးဖြစ်သူ ရီဆိုဂျူးသည်လည်း အန်ဟာဆု သံစုံ တေးဂီတဝိုင်းမှ အဖွဲ့ဝင် တစ်
ဦးပင် ဖြစ်ခဲ့သည်။

သေဒဏ်ပေးခံရသည့် အနုပညာသမားများ ပါဝင်သည့် အန်ဟာဆု သံစုံတီးဝိုင်းနှင့် ဝမ်ဂျေးဆန် အလင်းရောင် တီးဝိုင်းတို့ကိုလည်း လက်ရှိ ပြဿနာ ဖြစ်
ပွားနေစဉ်တွင်ဖျက်သိမ်းထားသည်ဟုလည်း ယင်းသတင်းက ဖော်ပြထားသည်။

“အန်ဟာဆု၊ ဝမ်းဂျေးဆန်အလင်းရောင်က ဂီတသမားတွေနဲ့ သူတို့ရဲ့မိသားစုတွေကို စက်သေနတ်နဲ့ သေဒဏ်ပေးခဲ့ပါတယ်” ဟု သတင်းရင်းမြစ်က ပြောကြားသည်။

ဟွန်ဆောင်ဝူးသည် မြောက်ကိုရီးယားတွင် နာမည်ကျော်သော အနုပညာရှင် ဖြစ်ပြီး အကျိုးပြုပေါ်လစီ သီချင်းများ၊ ဝါဒဖြန့် သီချင်းများ လည်း သီဆိုခဲ့သူ ဖြစ်သည်။

The Voice Weekly

Published with Blogger-droid v2.0.10