သံတွဲတွင် နေအိမ်တစ်လုံး မီးရှို့ခံရ

သံတွဲတွင် နေအိမ်တစ်လုံး မီးရှို့ခံရ

ရန်ကုန်၊ စက်တင်ဘာ ၃၀

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဗုဒ္ဓဘာသာ သာသနာ့အလံကို ဘင်္ဂါလီတစ်ဦးက ဖျက်ဆီးခဲ့မှု ဂယက်ကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဘင်္ဂါလီများ ပိုင်ဆိုင်သည့်နေအိမ်တစ်လုံးမီးရှို့ခံခဲ့ရကြောင်း သံတွဲမြို့ခံများထံဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။

သာသနာ့အလံကို ဖျက်ဆီးခဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်လိုက်သဖြင့် ဒေသခံများက မကျေမနပ်ဖြစ်ကာ မီးရှို့မှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ သံတွဲမြို့ခံအမျိုးသားတစ်ဦးကပြောကြား
သည်။

“သာသနာ့အလံကို ဖျက်ဆီးလို့ ဖမ်းထားတဲ့သူကို ပြန်
လွှတ်လိုက်တော့ ဒေသခံတွေ မခံမရပ်နိုင် ဖြစ်တာပေါ့” ဟု ၎င်းကဆိုသည်။
သံတွဲမြို့ ရပ်ကွက် ၃ ရှိ ဂန္ဓာမာလမ်းနှင့် တာဝတိံသာ လမ်းထောင့်ရှိ ဘင်္ဂါလီများ နေထိုင်သည့် နေအိမ်တစ်လုံး မီးရှို့ခံခဲ့ရခြင်း ဖြစ်သည်ဟု ရခိုင်ဒေသခံများက ပြောဆိုသော်လည်း ဘင်္ဂါလီများ
ကမှု အိမ်ကြီးတစ်လုံး၊ အိမ်သေးတစ်လုံးနှင့် ဗလီတစ်လုံး မီးရှို့ခံခဲ့ရကြောင်း ပြောဆိုကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သံတွဲမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ စက်တင်ဘာ ၂၉ ရက်နေ့ည ၉ နာရီ မိနစ်၄၀အထိ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။
သံတွဲမြို့တွင်းတွင် လုံခြုံရေးများ ချထားသဖြင့် မြို့တွင်းဝင်ခွင့် မရရှိကြောင်း သံတွဲမြို့
သစ်ရပ်တွင် နေထိုင်သူ ဦးသိန်းဇံက ပြောကြားသည်။

စက်တင်ဘာ ၂၈ရက်နေ့က သံတွဲမြို့ မြို့တော်ခန်းမအနီးရှိ ငပလီ အထွေထွေပစ္စည်း ရောင်းဝယ်ရေးဆိုင်တွင် လာရပ်သော သုံးဘီးယာဉ်၏ ယာဉ်မောင်းကို ဆိုင်ပိုင်ရှင် ဘင်္ဂါလီက ဆဲဆိုပြီး ယာဉ်တွင် တပ်ဆင်ထားသော သာသနာ့အလံကို ဖျက်ဆီးသဖြင့် အနီးပတ်ဝန်းကျင်မှ လူအယောက် ၂၀၀ ခန့် ဝိုင်းအုံမှု ဖြစ်ပွားခဲ့ပြီးနောက် သာသနာ့အလံ
ဖျက်ဆီးသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

သံတွဲမြို့တွင် တောင်ကုတ်မြို့သူတစ်ဦး ဇွန်လ ၃၀ရက်နေ့က အဓမ္မကျင့်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ နေအိမ်အချို့ မီးရှို့ခံခဲ့ရပြီး ပဋိပက္ခ အရှိန်မြင့်လာသဖြင့် ညမထွက်ရ
အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကထုတ်ပြန်ထားသည်။

From : The Voice Weekly

ရခိုင်တိုင်းရင်းသားများ မကာကွယ်ပါက မြန်မာမြေပုံ ယခုအတိုင်း မရှိနိုင်ဟု သူရဦးရေ
ွှမန်းဆို

ရခိုင်တိုင်းရင်းသားများ မကာကွယ်ပါက မြန်မာမြေပုံ ယခုအတိုင်း မရှိနိုင်ဟု သူရဦးရွှေမန်းဆို

ရန်ကုန်၊ စက်တင်ဘာ ၃၀
ထူးခြားသည့် ပထဝီ အနေအထားအရ ရခိုင်ပြည်နယ်တွင် နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေးအတွက် ရခိုင်တိုင်းရင်းသားများ ခက်ခက်ခဲခဲ ကာကွယ်နေရပြီး ရခိုင်တိုင်းရင်းသားများ သာ မကာကွယ်ခဲ့ပါက မြန်မာနိုင်ငံ မြေပုံသည် ယခုအတိုင်း တည်ရှိနေမည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရန်ကုန်မြို့တော် International Business Centre (IBC) တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု မရှိဘူးဆိုရင်။ ရခိုင်တွေ အဆမတန် ခက်ခက်ခဲခဲ
ထမ်းဆောင်နေကြတဲ့ နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်မြဲရေး များစွာ အခက်အခဲရှိမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

လုံခြုံရေး မျက်ခြည်ပြတ် မခံနိုင်သည့် ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် တရားဥပဒေ
စိုးမိုးမှု မရှိသေးကြောင်း ဦးရွှေမန်းက ပြောကြားသည်။
“လုံခြုံရေးနဲ့ တည်ငြိမ်ရေး၊ အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ရှိလားဆိုရင် မရှိ
သေးဘူးလို့ ဖြေရမှာပဲ။ ရှိတယ် ဆိုရင်လည်း မလုံလောက်သေးဘူးလို့ ကျွန်တော်ပြောရမှာ
ဖြစ်တယ်” ဟု ဦးရွှေမန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာတွင် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရုံဖြင့် ငြိမ်းချမ်းရေးဟု ပြောဆို၍ မရကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများသည်လည်း ငြိမ်းချမ်းရေးကို အကောင်အထည် မဖော်ေ
ဆာင်နိုင်သည့် ပဋိပက္ခများ ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသား လုံခြုံရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွင်း ဥပဒေများ ပြဋ္ဌာန်းကာ အကာအကွယ်ပေးရန် လိုအပ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့မှာ လွန်စွာ အရေးပါကြောင်း အထက်ပါ ဆွေးနွေးပွဲကို တက်ရောက်သည့် ရခိုင်ပြည်နယ် ကိုယ်စားလှယ်များ၏
တင်ပြချက်များအရ သိရှိရသည်။

“နယ်စပ်မှာ ခြံစည်းရိုး ကာထားရုံနဲ့ လုံခြုံမှု မရှိသေးဘူး။ ခြံစည်းရိုးမရှိတဲ့ ချောင်းတွေက နေ့စဉ်နဲ့အမျှ လှေတွေ ဝင်ထွက်နေကြတယ်။ ပိုက်ဆံတစ်ထောင် ပေးလိုက်ရင် နတ်မြစ်ကို လှေနဲ့ ထွက်လို့ရတယ်” ဟု ရခိုင်ပြည်နယ်ကိုယ်စား တင်ပြသည့် တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူက ပြောကြားသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး အနီးရှိ ကျေးရွာများတွင် လက်နက်ကိုင် အုပ်စုများ ဝင်ရောက်မှုကို မကြာခဏ ကြုံတွေ့နေရပြီး ရခိုင်ပြည်နယ်တွင် RSO ခေါ် လက်နက်ကိုင် တပ်ဖွဲ့များ စစ်သင်တန်း ပေးနေသည်ဆိုသည့် သတင်းများကြောင့် ဒေသခံများ စိုးရိမ်မှု မြင့်တက်နေကြောင်း၊ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်မည်ဆိုသည့် အစီအစဉ်ကြောင့် နယ်စပ်က ခိုးဝင်မှုများ များပြားလာကြောင်း ရခိုင်ပြည်နယ် ကိုယ်စားလှယ်များက ဆိုသည်။

ရခိုင်နှင့် ဘင်္ဂါလီလူဦးရေ အလွန်ကွာဟသည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တိုင်းရင်းသား ကျေးရွာများကို တိုးမြှင့်ချပေးရန်၊ ဒေသခံများကို ပြည်သူ့စစ် သင်တန်းများပေးရန် လိုအပ်ကြောင်း ၎င်းတို့၏ တင်ပြချက်များအရ သိရှိရသည်။

ယခုနှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ နယ်စပ်ဒေသသို့ အနည်းနှင့်အများ ဂယက်ရိုက်မှုများ ရှိနိုင်သဖြင့် နယ်စပ် အခြေအနေများကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများစုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

From : The Voice Weekly

နိုက်ဂျီးရီးယား ကောလိပ်တစ်ခုကို ဘိုကိုဟာရမ်တို့စီးနင်းပြီး ကျောင်း သားများကို သတ်ဖြတ်

နိုက်ဂျီးရီးယား ကောလိပ်တစ်ခုကို ဘိုကိုဟာရမ်တို့စီးနင်းပြီး ကျောင်း သားများကို သတ်ဖြတ်


Monday, September 30, 2013

တနင်္ဂနွေနေ့ နံနက်ပိုင်းက နိုင်ငံမြောက်ပိုင်း ယိုဘီပြည်နယ်ရှိ ကောလိပ် တစ်ခုကို သေနတ်သမား
တစ်စုက ဝင်ရောက်ပစ်ခတ် သွားခဲ့သည်။

နိုက်ဂျီးရီးယား ကောလိပ်တစ်ခုကို ဘိုကိုဟာရမ်တို့စီးနင်းပြီး ကျောင်း သားများကို သတ်ဖြတ်နိုက်ဂျီးရီးယား နိုင်ငံတွင် ဘိုကိုဟာ ရမ် အစ္စလာမ်
မစ် အစွန်းရောက် စစ်သွေးကြွများကစီးန
င်းသတ်ဖြတ်မှုကြောင့် ကောလိပ်ကျောင်းသား
(၄၀)ကျော်သေဆုံးသွားကြောင်းသိရှိရသည်။
တနင်္ဂနွေနေ့ နံနက်ပိုင်းက နိုင်ငံမြောက်ပိုင်
း ယိုဘီပြည်နယ်ရှိ ကော လိပ်တစ်ခုကို သေနတ်သမား
တစ်စုက ဝင်ရောက်ပစ်ခတ် သွားခဲ့သည်။ ကောလိပ်ကျောင်းသား (၄၇)ဦး အသက်ဆုံးရှုံးစေခဲ့သည့်
တိုက်ခိုက်မှုသည် နိုက်ဂျီးရီးယား အစိုးရကို အကြမ်းဖက် ဆန့်ကျင်နေသည့် ဘိုဟိုဟာရမ်တို့၏ လုပ်ရပ်ဟု
ယုံကြည်ရကြောင်း သတင်းများက အခိုင်အမာ ဖော်ပြခဲ့သည်။

ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် ကျောင်းသားအ
များစုသည် အဆောင်ထဲတွင် အိပ်စက်နေဆဲ ဖြစ်သည်။
ပြည်နယ်မြို့တော် ဒါမာတူရူမှ ကီလိုမီတာ
(၅၀)မျှအကွာတွင် တည်ရှိသည့် ဂူဂျဘား စိုက်ပျိုးရေး ကောလိပ်တွင် သေနတ်သမားများက တွေ့
သမျှ ကျောင်းသားတိုင်းကို ပစ်ခတ်သွားခြင်းဖြစ်သည်။

"လောလောဆယ်တော့ အလောင်း(၄၇)လောင်းကို
ကျွန်တော်တို့ ရှာတွေ့ထားပြီးပြီ။ ကော
လိပ်ကျောင်း အတွင်းဘက်ရော၊ အပြင်ဘက်မှာရောပဲ။ အဓိက ပစ်အသတ်ခံရတာ အမျိုးသားတွေပါ။ အကြောင်းမဲ့သက်သက် သူတို့ရဲ့ အသက်ကို စတေးလိုက်ရတာတော့ ဝမ်းနည်းစရာပါပဲ"ဟု ကောလိ
ပ်ဝန်ထမ်း တစ်ဦးဖြစ်သူ အလီမိုဟာမက်က Xinhuaသို့ ပြောကြားခဲ့သည်။

မိုဟာမက်က ဟင်းလင်း
ပြင်ထဲတွင် အလောင်းများကို တန်းစီချထားသည်ကို တွေ့ရှိရသူတိုင်းလိုလို ဝမ်းနည်းစွာ ငိုကြွေးခဲ့ကြောင်းလည်း ဆိုသည်။ "အစိုးရ တာဝန်ရှိသူတချို့ ကောလိပ်ကို ရောက်လာပြီး တာဝန်ရှိသူတေ
ွကို စာနာစကား ပြောပါတယ်။ ကိစ္စတစ်ခုလုံးကတော့ အရမ်းကို ကြေကွဲစရာပါပဲ"ဟုလည်း ၎င်း
က မှတ်ချက်ပြုခဲ့သည်။

ရှာဖွေရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေပြီး နောက်ထပ် သေ ဆုံးသူ အရေအတွက် တိုး
လာဖွယ် ရှိနေကြောင်းလည်း သတင်းများက ဆိုသည်။ ယခုအခါ နိုက်ဂျီးရီးယားရှိ အခြားသော
ကောလိပ်နှင့် တက္ကသိုလ်များတွင်လည်း အလားတူ တိုက်ခိုက်မှုမျိုး ကြုံလာမည်ကို စိုးရိမ်မှုများ မြင့်တက်လာနေကြောင်း သိရသည်။ မျက်မြင်တစ်ဦးက
"ဘိုကိုဟာရမ်တွေလို့ ယူဆရတဲ့ သေနတ်သမားတွေဟာ ဆိုင်ကယ်တွေ၊ ဟိုင်းလပ်ကားတွေနဲ့ ဂေါက်ကွင်းသုံး ကားအသေးလေးတွေ စီးလာပြီး
ကောလိပ်ထဲ မောင်းဝင်သွားတာပါ။ ပြီးတော့ အမျိုးသား အဆောင်ထဲကို ဝင်ပြီး ပစ်ခတ်တော့တာပါပဲ။

အကြမ်းဖက်သမားတွေ ပြန်သွားတဲ့အချိန်မှာ
ကောလိပ်ရဲ့ လူနာတင်ကားကိုပါ ယူသွားတယ်"ဟုပြောကြားခဲ့သည်။

ဘိုကိုဟာရမ်တို့သည် ယိုဘီတွင်
ဇူလိုင်လ အစောပိုင်းကလည်း စာသင်ကျောင်းငယ်တစ်ခုကို ဝင်ရောက်ပစ်ခတ်ကာ ဆရာတစ်ဦးနှင့်ေ
ကျာင်းသူကျောင်းသား (၂၉)ဦးကို သတ်ဖြတ်ခဲ့ဖူးကြောင်း သိရှိရသည်။

Planet Myanmar Network

Published with Blogger-droid v2.0.10
ဟင်္သာတမြို့တွင် ကလေးငယ်တစ်ဦး ဓာတ်ဆီပက်မီးရှို့ခံရမှုဖြစ်ပွား

ဟင်္သာတမြို့တွင် ကလေးငယ်တစ်ဦး ဓာတ်ဆီပက်မီးရှို့ခံရမှုဖြစ်ပွား

Monday, September 30, 2013

ဟင်္သာတမြို့တွင် ကလေးငယ်လေးတစ်ဦး ဓာတ်ဆီဖြင့် ပတ်ပြီး မီးရှို့ခံရမှုတစ်ခု စက်တင်ဘာ ၂၈ က ဖြစ်ပွား ခဲ့ကြောင်း ကာယကံရှင် ကလေး၏ မိခင်ဖြစ်သူ ဒေါ်စိန်အိက မဇ္ဈိမကို ပြောသည်။

“ကလေးကို ဈေးဝယ်လွှတ်လိုက်တာကနေ မီးရှို့ခံရတာပါ၊ ခုကလေးက နောက်ကျောပိုင်းမှာမီးလောင်ခံ
ထားရပါတယ်” ဟု ဒေါ်စိန်အိက ဆိုခဲ့သည်။

ဖြစ်စဉ်မှာ ဟင်္သာတမြို့၊ မြ၀တီရပ်ကွက်၊
သီရိအောင်မြေ (၇) လမ်းအတွင်းတွင် ဖြစ်ပ
ွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဓာတ်ဆီပက်၍မီးရှို့ခံရသူမှာ အသက်(၁၀)နှစ်ရှိ ဟိန်းထက်အော
င် ဆိုသည့် ကလေးငယ် ဖြစ်ပြီး မီးလောင်မှုကြောင့် အသက်အန္တရာယ် မရှိသော်လည်း နောက်ကျော
ပိုင်းတွင်မီးလောင်ဒဏ်ရာများရရှိခဲ့သည်ဟု ယင်းတို့အား ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်စွာက မဇ္ဈိမသို့ ပြောပြခဲ့သည်။

“အသက် ၁၉ လောက်ရှိတဲ့ကလေးက လုပ်လိုက်တာပါ။
ဘာပဲဖြစ်ဖြစ်ပါ ခံသင့် ခံထိုက်တဲ့ ပြစ်ဒဏ်ကိုတော့ ပေးသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းနေ့က ဈေးဝယ်ထွက်လာသော မောင်ဟိန်းထက်အောင်ဆိုသူအား တစ်ရပ်ကွက်အတွင်းနေ လူငယ်တစ်ဦးက ဓာတ်ဆီဆိုင်မှ ဆီဝယ်ပြီး ပတ်ဖျန်းကာ
မီးခြစ်ဖြင့် မီးရှို့လိုက်ခြင်းဖြစ်သည်ဟု ကေ
လးငယ်၏ မိဘများက ဆိုသည်။

ထို့ကြောင့် အဆိုပါ အဖြစ်အပျက်အား ရပ်ကွက်အုပ်ချုပ်မှူးရုံးသို့ သွားရောက်တိုင်တန်းရာတွင် တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိသည့်
အတွက် ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့သည့်သော်လည်း ယင်းနေ့တွင် အမှုဖွင့်ပေးခြင်းမရှိသဖြင့် စက်တင်ဘာ ၂၉ ရက် နံနက်တွင် ထပ်မံသွားရောက်တိုင်တန်းမှ အမှုဖွင့်ပေးခဲ့ကြောင်း လိုက်ပါကူညီသူ ကိုကျော်စွာက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဟင်္သာတမြို့နယ် ရဲစခန်းမှ အမှုစစ်ဖြစ်သူ ဒု-ရဲအုပ် အောင်စေညွန်
့က “လောလောဆယ်တော့ မီးရှို့သွားတဲ့သူကို လိုက်ရှာနေပါတယ်။ ဒီကိစ္စက ကလေးချင်း စရင်း
နောက်ရင်း နဲ့ ဖြစ်သွားတာပါ၊ တိုင်တန်း
ခံရသူက ပထမကလေးတစ်ယောက်ကိုလည်း အဲလိုပဲ စပါတယ်။ ဒါပေမဲ့ မီးကို အချိန်မီငြှိမ်းနိုင်တယ်၊

အခုကလေးကျမှ လက်လွန်သွားတာပါ” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှု ကို ဖြေကြားခဲ့သည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူဟု စွပ်စွဲတိုင် တန်
းခံထားရသူမှာ အသက် (၁၄)၀န်းကျင်ရှိ ကလေးတစ်ဦးဖြစ်ကြောင်းနှင့် ယင်းအား အရေးယူရန်ရဲစခန်းက (ပ)၂၂၀/၂၀၁၃ဖြင့် အမှုဖွင့်ပြီးပုဒ်မ ၃၂၄ဖြင့် စစ်ဆေးရန် ဆောင်ရွက်လျက် ရှိသည်ဟု ဟင်္သာတ အမှတ် (၁)ရဲစခန်းမှ ဒု-ရဲအုပ် မျိုး
မင်းကလည်း မဇ္ဈိမသို့ အတည် ပြုပြောကြားခဲ့သည်။

Mizzima

Published with Blogger-droid v2.0.10
SEA Games ကျင်းပမည့် နေပြည်တော် အခြေခံကျောင်းများ ဒီဇင်ဘာတစ်လလုံး ပိတ်မည်

SEA Games ကျင်းပမည့် နေပြည်တော် အခြေခံကျောင်းများ ဒီဇင်ဘာတစ်လလုံး ပိတ်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၈မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် SEA Games ပြိုင်ပွဲ ကျ
င်းပမည့် နေပြည်တော်တွင် ပြိုင်ပွဲကျင်းပစဉ် ကာလအတွင်း အခြေခံကျောင်းများ ဒီဇင်ဘာ
တစ်လလုံး ပိတ်မည် ဖြစ်သဖြင့် အစားထိုး ကျောင်းဖွင့်ရက်ကို သီတင်းကျွတ် ကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပညာရေး စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနညွှန်ကြား
ရေးမှူး တစ်ဦးက ပြောကြားသည်။

“ဆီးဂိမ်းကျင်းပမယ့် နေပြည်တော်မှာပဲ အောက်တိုဘာ ကျောင်းပိတ်ရက်မှာ ဆက်တက်ရမှာ။ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေက အရင်စာသင်နှစ် အတိုင်းပဲ ကျောင်းပိတ်မှာ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။SEA Games ပြိုင်ပွဲအချို့ ကျင်းပမည့် ရန်ကုန်မြို့တွင် ကျောင်းပိတ်ခြင်း ရှိမရှိ မသတ်မှတ်ရသေးသော်လည်း အောက်တိုဘာလတွင် ကျရောက်မ
ည့် သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် ကျောင်းများ ဆက်လက် ဖွင့်လှစ်ရေးအတွက် စီစဉ်လျက် ရှိကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

“အစကတော့ အောက်တိုဘာ ကျောင်းတ
က်ရမယ်လို့ ပြောတယ်။ အခုတော့ မတက်ရတော့ဘူးတဲ့။ ဒါပေမဲ့ နှစ်ဝက် စာမေးပွဲတွေကိုတော့အရင်ကလို နိုဝင်ဘာမှာ မစစ်တော့ဘူး။ အောက်တိုဘာမှာ စစ်မယ်လို့ ကြားတယ်” ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိကျောင်းသူတစ်ဦးကဆိုသည်။ယခုလက်ရှိတွင်ရန်ကုန်မြို့ရှိအခြေခံကျောင်းများ၏ ကျောင်းပိတ်ရက်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်မှ၂၇ ရက်နေ့အထိ သတ်မှတ်ထားကြောင်း၊ နေပြည်တော်ကဲ့သို့ ကျောင်းပိတ်ရန် ညွှန်ကြားချက်များ မရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာကြီး တစ်ဦးက ပြောကြားသည်။

From : The Voice Weekly

သံတွဲတွင် ကုလားတွေ ရန်စပြန်ပြီ

သံတွဲတွင် ကုလားတွေ ရန်စပြန်ပြီ


၈.၉.၂၀၁၃ ရက်နေ့ ၉နာရီ ၄၅မိနစ်ခန့် အချိန်ခန့်တွင် သံတွဲမြို့မရဲစခန်းအပိုင် သံတွဲမြို့၊ ဒွါရ၀တီ(က) ရပ်ကွက်၊ (၆)လမ်းနေသူရဲသီဟ(ခ)နိုင်ဦး(၃၀)နှစ်(ဘ)ဦးသိန်းနိုင်၊ ၁၁/မပန(နိုင်)၀၆၀၈၁၃၊ ရခိုင်/ဗုဒ္ဓ၊ သုံးဘီးတက္ကစီမောင်းသူသည် ၎င်းပိုင် သုံးဘီးယာဉ်အမှတ်၊ ၁ဟ/၉၅၃၅ဖြင့် သားဖြစ်သူ အောင်ခန့်မော်(၉)နှစ်အား ကျောင်းသို့ပို့ဆောင်ခဲ့ပါသည်။

အပြန်တွင် ဈေးဝယ်ရန်အတွက် သုံးဘီးဂိတ်ရှိသည့်နေရာ၊ သံတွဲမြို့၊ မြို့တော်ခန်းမရှေ့သို့သွားစဉ် ကားများဖြင့် ပြည့်နက်နေသဖြင့် မြို့တော်ခန်းမ၏ ခေါင်းရင်းဘက် ငပလီစက်ပစ္စည်းများ ရောင်းဝယ်ရေးဆိုင်ရှေ့ ရွှေဘုံသာလမ်း
ဘေးတွင် သုံးဘီးဆိုကယ်အား ခေတ္တရပ်ထားခဲ့ပါသည်။

ထိုသို့ရပ်ထားစဉ် ငပလီစက်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်ကုလား ကျော်ဇံလှ(၆၀)နှစ် ရွှေဘုံသာလမ်း၊ အမှတ်(၃)ရပ်ကွက်နေသူက အိမ်ထဲမှထွက်လာပြီး ရဲသီဟအား ညစ်ညမ်းစွာ ခြိမ်းခြောက်ဆဲဆိုခဲ့၍ ကျော်ဇံလှအား အရေးယူပေးရန် ရဲသီဟ(ခ)နိုင်ဦးက တရားလိုပြုလုပ်ပြီး သံတွဲမြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ ဖြစ်စဉ်နှင့်ပတ်သက်၍၂၈.၉.၂၀၁၃ ရက်နေ့ နေ့လည် ၂ နာရီ ၃၀ အချိန် သံတွဲမြို့မ ရဲစခန်း(ပ)၇၈/၂၀၁၃၊ ပြစ်မှု ပုဒ်မ - ၂၉၄/
၅၀၆ အရ ရေးဖွင့်ကာ အမှုအား ဒုရဲအုပ် နေလင်းမှလက်ခံစစ်ဆေးခဲ့ကြောင်းသိရပါသည်။

(စစ်ဆေးပြီးယင်းကုလားကို ပြန်လွတ်လိုက်သဖြင့်ဆိုင်ကယ်တက္ကစီမောင်းသူများနှင့်ဒေသခံများကမကျေမနပ်ဖြစ်နေ
ကြကြောင်း
သိရသည်။)

(Source: သာစွဌာနီ)

အမျိုးအမည်မသိရသော နိုင်ငံခြားအဖွဲ့အစည်း၏အိမ်ငှားရမ်းမှု စစ်တွေမြို့ခံတွေ စိုးရိမ်

အမျိုးအမည်မသိရသော နိုင်ငံခြားအဖွဲ့အစည်း၏အိမ်ငှားရမ်းမှု စစ်တွေမြို့ခံတွေ စိုးရိမ်

စစ်တွေ မြို့ရပ်ကွက်အချို့အတွင်း အမျိုးအမည် ကွဲကွဲပြားပြားမသိရသော နိုင်ငံခြားအဖွဲ့အစည်း ဟု အမည်ခံကာ အိမ်ငှားရမ်းမှုများဆိုက်တိုက်ဖြစ်ပေါ်နေမှုများအပေါ် မြို့ခံတွေ စိုးရိမ်မကင်းဖြစ်နေ ကြောင်းသိရသည်။

လွန်ခဲ့သည့်လနှင့် ယခုလအတွင်း ဆက်တိုက်ဆိုသလို အိမ်ငှားရမ်းမှုများမှာ အလွန်များပြားလာပြီး ကာလပေါက်ဈေးထက် ၃ ဆခန့် ပိုမိုသော နုန်းထားများဖြင့် အိမ် ၂၀၀ခန့်ကို ငှားရမ်းခဲ့ကြောင်း စစ်တွေမြို့ပေါ် သတင်းများအရ သိရှိရသည်။

စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်အတွင်း ယခုလို အကြောင်းအရင်းလုံလောက်စွာမပြနိုင်
သော အိမ်ငှားရမ်းလာမှုများ လက်မခံ ကြရန်
ရပ်ကွက်နေပြည်သုများက စုဝေးတိုင်ပင်ကာ ဆုံးဖြတ်ခဲ့ကြသည်။ အစည်းအဝေးကို စက်တင်ဘာလ၂၈နေ့ နေ့လည်ပိုင်းက ရပ်ကွက်အတွင်းရှိမြို့မပရိယတ္တိစာ
သင်တိုက်တွင် ပြုလုပ်ခဲ့ကြပြီး လူပေါင်း (၃၀၀)ခန့် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတက်ရောက်သူ ကိုအောင်သန်းက " အစည်းအဝေး ဆုံးဖြတ်ချက်(၄)ချက်ကို ချမှတ်ခဲ့ပြီး ရပ်ကွက်တွင်း အသိပေးသွားမှာပါ။" ဟု ပြောကြားသွားသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကလည်း ကျောင်းကြီးလမ်းရပ်ကွက်တွင် မြန်မာ့အဖွဲ့အစည်းဟု ပြောဆိုငှားရမ်းခဲ့ပြီးမှ နိုင်ငံခြားအဖွဲ့အစည်းဖြစ်နေသဖြင့် ရပ်ကွက်နေ ပြည်သူများကမကျေနပ်ခဲ့ကြပေ။
ကျောင်းကြီးလမ်းရပ်ကွက်ရပ်ကွက်အုပ်ချုပ်
ရေးမှူး ဦးစိန်ထွန်းအောင်က အိမ်ငှားရမ်းမှုတစ်ခုတွင် " မြန်မာ့ ကြက်ခြေနီ၊ မြန်မာလူမျိုး၊ မြန်မာဗုဒ္ဓဘာသာဆိုပြီး လာပြောပါတယ်၊ ဒါကြောင့် အသိသက်သေအဖြစ်သွားရောက်လက်မှတ်
ထိုးစဉ် နိုင်ငံခြားအဖွဲ့အစည်း ဖြစ်နေပါတယ်။ " ဟု ပြောသည်။

" ယခုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုနည်းပါးနေချိန် တစ်ဖက်က သံသယဖြစ်နိုင်ဖွယ် အချက်တွေကို ရှောင်
ရှားရပါမယ်။ယခုအိမ်တွေအများကြီးငှားလာ
တော့ လူတွေကသံသယ ဖြစ်လာကြပါတယ်။ ဘာလုပ်ဖို့မှန်း ဘာအဖွဲ့အစည်မှန်း မသိရတာကအခြေအနေကိုပိုမိုဆိုးလာနိုင်ပါတယ်။

အဖွဲ့အစည်း တော်တော်များများကလည်း ဘင်္ဂလီတွေအတွက် သီးသန့်လုပ်ဆောင်
နေကြတာဖြစ်ပါတယ်။ အကောင်းဆုံး အနေအထား တစ်ခုက နိုင်ငံတကာ ဘယ်အဖွဲ့အစည်းမဆို မြို့ခံရပ်မိရပ်ဖတွေနှင့် တိုင်ပင်ပြီးတော့ ရခိုင်တွေအတွက် ဘာကူညီပေးမည်။ငွေကြေးဘယ်လောက်သုံးမည်။ ဘင်္ဂလီတွေကို ဘာကူညီပေးမည်။ ငွေလယ်လောက်သုံးမည် ဆိုတာကို သေသေချာချာဖော်ပြပြီးတော့ တိတိကျကျ လုပ်ဆောင်ပြဖို့လိုလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဖက်စလုံးက ဒုက္ခသည်တွေဖြစ်နေရလို့ပါ။

ဤသို့လုပ်ဆောင်ပြခြင်းအားဖြင့် နှစ်ဖက်လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုလည်း ပြန်လည်ရရှိနိုင်ပါတယ်။ '' ဟု ရခိုင်လူ့အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်
ရေးအဖွဲ့(AHRDO) မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးအုပ်စိုးခိုင်ကု ဖြေကြားသွားခဲ့သည်။
ငှားရမ်းထားသော အိမ်များတွင် နိုင်ငံခြားသားတစ်ချို့ နေထိုင်နေကြပြီး အ
ရေအတွက် ဦးရေ ၄၀ ကျော်ခန့်ရှိကြောင်း အာရ်ကန်တိုင်းမ်စ်မှ စုံစမ်းသိရှိရသည်။

From : Arakan times

ကျောက်ကပ်ကျန်းမာနေအောင် ဘယ်လို ဂရုစိုက်ပေးရမလဲ

ကျောက်ကပ်ကျန်းမာနေအောင် ဘယ်လို ဂရုစိုက်ပေးရမလဲ


ကျောက်ကပ်များဟာ ဆီးစွန့်တဲ့ စနစ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ရေစစ်ကဲ့သို့ တာဝန်ကိုထမ်းဆောင်ရပါတယ်။ ကျောက်ကပ်ဟာ ကိုယ်ခန္ဓာက အညစ်အကြေးများနဲ့
ပိုလျှံအရည် တွေကို ဖယ်ရှားပေးပြီး သွေးတွေကို သန့်စင်ပေးပါတယ်။ ဒါ့အပြင် သွေး ထဲက ဆားဓာတ်၊ သတ္တုဓာတ် တွေနဲ့ သွေးဖိအားကို ထိန်းချုပ်ရပါသေး တယ်။

အဲဒီအတွက်ကြောင့်
ကျောက် ကပ်နှလုံးကို ဂရုစိုက်ပေးခြင်းဟာ တစ်ကိုယ်လုံးကို ဂရုစိုက်ပေးခြင်း မည်ပါတယ်။

ကျောက်ကပ်ပျက်စီးတဲ့ရောဂါ တွေထဲမှာ နာတာရှည်ကျောက်ကပ် ပျက်စီးတဲ့ရောဂါ (chronic kidney
disease, CKD)ဟာ အန္တရာယ်များ ပြီး ဆီးစွန့်တဲ့ဖြစ်စဉ်ကို တဖြည်းဖြည်း
ယိုယွင်းလာစေပါတယ်။ ကျောက် ကပ်ကို ဂရုမစိုက်ရင် ဒီရောဂါဝင်လာ ဖို့က ရာခိုင်နှုန်းမြင့်မားတယ်လို့ သုတေသနတွေမှာ ဖော်ပြထားပြီ ကျောက်ကပ်ကို ဂရုမစိုက်တဲ့အ
တွက် ကျောက်ကပ်ပျက်စီးတဲ့ လူနာ ၉၀၀၀၀ကျော်ဟာနှစ်စဉ်ကျောက် ကပ်အစားထိုး ခွဲစိတ်မှုခံယူနေရ
တယ် လို့ အဆိုပါအဖွဲ့ကြီးက ထုတ်ပြန်ထား ပါတယ်။
National Kidney Foundation of India က ဖော်
ပြ ထားတဲ့ကျောက်ကပ်ကျန်းမာရေး အတွက် အကြံပြုချက်တွေကို ဖော်ပြ ပေးလိုပါတယ်။
•- ဆေးလိပ်ကို လျှော့သောက်ပါ။
•- ယမကာ မှီဝဲမှုကို ထိန်းချုပ်ပါ။
•- ကိုယ်လက်လှုပ်ရှား အားကစားကို တစ်ပတ်ကိုသုံး
ကြိမ်အနည်းဆုံး လုပ် ပေးပါ။
•- ကိုယ်အလေးချိန် မတက်အောင် အမြဲဂရုပြုပါ။
•- ဆားပါဝင်မှုများသော အစားအစာ များ
ကို ရှောင်ပါ။
•- သွေးပေါင်ချိန်နှင့် သွေးတွင်းကို လက်စတီ
ရောကို ပုံမှန်ရှိသင့်သော ပမာဏအတွင်း ထိန်းထားပါ။
•- အကိုက်အခဲပျောက်ဆေး အလွန် အကျွံ သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
•- ရေနှင့် အရည်ရွှမ်းသော သစ်သီး များကို များများစားသုံးပေးပါ။
ဒီနည်းလမ်းတွေကို ကျင့်သုံးပေး ပြီးတဲ့အပြင်
ကျောက်ကပ်ပျက်စီးနိုင် မယ့် မငျု တွေကို ကြုံတွေ့ရရင် ဆီးနဲ့ကျောက်ကပ်အထူးကုဆရာဝန် ကြီးတွေနဲ့ ပြသဖို့အခုစာတမ်းမှာ ဖော်ပြထားပါတယ်။

သက်ကို
zeenews

Published with Blogger-droid v2.0.10