မြန်မာ့သစ်မွှေး မှိုသွင်းဆေး အောင်မြင်

မြန်မာ့သစ်မွှေး မှိုသွင်းဆေး အောင်မြင်

မြန်မာနိုင်ငံ အနှံ့အပြားတွင် သစ်တော သယံဇာတများ အကြား သစ်မွှေးစိုက်ပျိုးခြင်း လုပ်ငန်းမှာ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပြီး
သစ်မွှေး မှိုဆေး ထိုးသွင်းခြင်းကို မြစ်ကြီးနားမြို့ ရန်ကြီးအောင် ရပ်ကွက်နေ ရှင်းသန့်ချမ်းသာ သစ်မွှေးမှိုဆေး
ထိုးသွင်းခြင်းနှင့် စိုက်ပျိုးရေး ကုမ္ပဏီ MD ဦးခင်မောင်၏ မြန်မာ့နည်း မြန်မာ့ဟန် သစ်မွှေးမှို ဆေးထိုးသွင်းခြင်း လုပ်ငန်းမှာ အောင်မြင် ဖြစ်ထွန်းလျက် ရှိသည်။

ကုမ္ပဏီမှ သစ်မွှေး မှိုဆေးထိုးသွင်းခြင်း
လုပ်ငန်းကို ဆယ်စုနှစ် တစ်စု ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှု မှတ်တိုင် များ စိုက်ထူနိုင်ခဲ့ကာ ယခင်
က Bio Organic တစ်မျိုးတည်းဖြင့် တီထွင် လုပ်ဆောင် မှိုဆေးသွင်းခဲ့ရာမှ ၂ဝ၁၃ ခုနှစ်တွင်Micro Organic ဆေးပါ တီထွင်ထုတ်လုပ်ခဲ့ပြီး
သုံးနှစ် လေးလသား သစ်မွှေးပင်ကို ၎င်းဆေးနှစ်မျိုးလုံး ထိုးသွင်း စမ်းသပ်ရာ မှိုဆေးသွင်းပြီး ရှစ်လကြာ၌ ပင်စည်အတွင်း အဆီမှ အဆင့်
(၃) အထိ သတ်မှတ်၍ ရသည်အထိ ဖြစ်တည် အောင်မြင်မှုကို တွေ့ရှိခဲ့ရသည်။

အဆိုပါ သစ်မွှေးမှိုဆေးကို ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ကချင် ပြည်နယ် အတွင်းရှိ မြို့အသီးသီးတွင် ကိုယ်စားလှယ်များ ထားရှိ ပေးထားကာ သစ်မွှေးစိုက်ပျိုးသူ တောင်သူ များ အကျိုးအမြတ် များစွာ ရရှိရေး ကူညီ ဆောင်ရွက်ပေးလျက် ရှိေ
ကြာင်း သိရသည်။

myawady

Published with Blogger-droid v2.0.10
မလေးရှားတွင် မြန်မာနိုင်ငံသားများ အပါ
အ၀င် တရားမ၀င် နိုင်ငံခြားသား ၁၅၀ ကျော်ဖမ်းဆီးခံရ

မလေးရှားတွင် မြန်မာနိုင်ငံသားများ အပါ အ၀င် တရားမ၀င် နိုင်ငံခြားသား ၁၅၀ ကျော်ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ကာဂျန်းနယ်Puncak Saujana တွင်
အော်ပရာစီ စစ်ဆင်ရေး ရဲတပ်ဖွဲ့ဝင်များ၊
လူဝင်မှု ကြီးကြပ်ရေး
ဦးစီးဌာနနှင့် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ ပူး
ပေါင်း၍ နိုင်ငံခြားသားများအား
ရှောင်တခင် စစ်ဆေးရာ အထောက် အထား မရှိသော နိုင်ငံခြားသား ၁၅၂
ဦးဖမ်းဆီးမိခဲ့ပြီး အင်ဒိုနီးရှား ၁၁၀ ဦး ၊
ဘင်္ဂလားဒေ့ရှ် အမျိုးသား ၂၇
ဦး ၊ မြန်မာ ၁၁ ဦး ၊ နီပေါ ၃ ဦး၊ ပါက
စ္စတန် ၁ ဦး ပါဝင်ကြောင်း
ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည။

ဧရာဝတီ၊

Published with Blogger-droid v2.0.10
လှိုင်သာယာတွင် သေနတ်ဖြင့်ရမ်းကား

လှိုင်သာယာတွင် သေနတ်ဖြင့်ရမ်းကား


လှိုင်သာယာမြို့နယ်၊ အမှတ် ၁ ရပ်
ကွက်၊ ဦးဥတ္တမလမ်းတွင်
အောက်တိုဘာလ ၂၉ရက် မွန်းလွဲ ၃နာ
ရီ မိနစ် ၃၀ အချိန်ခန့်တွင် လူတစ်ဦးမှ သေနတ်ကိုင်၍ ရမ်းကားမှု ပြုလုပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

စောနေလင်း (ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းပြည်သူ့စစ်
ဌာန(ဌာနေ) ဗိုလ်ကြီးအဆင့်ရှိသူ)သည် ယမန်နေ့က ယောက္ခမ
အိမ်သို့ သွား ရောက်စဉ် ထွန်းထွန်းဝင်း (ခ) ဂဏန်းဆိုသူမှ လမ်း မဖယ်သည့်ကိစ္စနှင့် စကားများရာ စောနေလင်းမှ အသင့်ယူလာ
သော ပစ္စတိုသေနတ်နှင့် ချိန်ရွယ်
ခဲ့ကြောင်းသိရ၍ ရဲတပ်ဖွဲ့မှ
ခေါ်ယူစစ်ဆေးခဲ့ကြောင်း ရန်ကုန်
တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“ရပ်ကွက်ထဲမှာ ရှိတဲ့ သူ့ယောက္ခမ
အိမ် လာလည်ရင်းသူ့ဇနီးနဲ့ အပြင်ထွက် လက္ဘရည်သောက်ပြီး ပြန်လာတာ၊
လမ်းထဲမှာ ကားမောင်းတား ကြမ်းတ
ယ်ဆိုပြီး ဂဏန်းကဆဲလိုက်တယ်။ အဲဒီမှာ သူက သေနတ်နဲ့ထုတ်ပြီး ချိန်
တော့တာပဲ” ဟု လှိုင်သာယာမြို့နယ်
၊ အမှတ် ၁ ရပ်ကွက်၊ ရပ်ကွက်အုပ်
ချုပ်ရေးမှူး ဦးမောင်မောင်အေး
က PeoplePower သတင်းစာသို့ ပြောကြားသည်။

၎င်းထံမှ သေနတ်နံပါတ် CZ 75 B CAL 9
Luger ၉ မမပစ္စတို တစ်လက်၊ ပစ္စတိုကျည်အိမ် တစ်ခု၊ ၉ မမ ကျည်
၁၄ထောင့်တို့ သိမ်း ဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်မှူးရုံးမှ သိရသည်။
နယ်ကျော်ကာ ရပ်ကွက်အတွင်း တရား
ဝင်ကိုင်ဆောင်ခွင့်မရှိသော ပစ္စတိုသေနတ်အား ကိုင်ဆောင်သူအား လှိုင်သာယာမမစ (ပ) ၁၂၅၃/ ၁၃၊ လက်နက်ပုဒ်မ ၁၉ (စ)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းရန်ကုန်
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

People power

Published with Blogger-droid v2.0.10
UNAIDSကမ္ဘာလုံးဆိုင်ရာကိုယ်စားလှယ်အ
ဖြစ် ဒေါ်အောင်ဆန်းစုကြည် လက်ခံဆောင်ရွက်

UNAIDSကမ္ဘာလုံးဆိုင်ရာကိုယ်စားလှယ်အ ဖြစ် ဒေါ်အောင်ဆန်းစုကြည် လက်ခံဆောင်ရွက်


ကမ္ဘာတ၀ှမ်း HIV/AIDS ဝေဒနာရှင်များအား
အကူအညီပေးရေး ကုသမဂ္ဂ အစီအစဉ်
(UNAIDS) က ဝေဒနာရှင်များ အပေါ်ခွဲခြားဆက်ဆံမှု လုံးဝ အဆုံးသတ်ရေး ကိုယ်စားလှယ်
အဖြစ် ရွေးချယ် ခန့်အပ်မှုကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်ကြောင်း UNAIDS သတင်းထုတ်ပြန်ချက်အရ သိရသည်။ UNAIDS အမှုဆောင် ဒါရိုက်တာ Michel Sidibé နှင့် မကြာသေးခင်က နေပြည်တော်၌ တွေ့ဆုံရာတွင် ကမ်း
လှမ်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့ခြင်း ဖြစ်သည်။ “ဒီလို ရွေးချယ်တာဟာ ကျမအတွက် တကယ့်ကို ဂုဏ်ယူစရာပါ။

လူ့အဖွဲ့အစည်းနဲ့ စည်းခြား ဝေးကွာနေရပြီး၊ လူသားဂုဏ်သိက္ခာနဲ့ အခြေခံ လူ့အခွင့်အရေးရဖို့ မြှင့်
တင် စောင့်ရှောက်ရမှာပါ။

ကျမ အနေနဲ့ အသံ
မဲ့နေသူတွေရဲ့ ပဲ့တင်သံ ဖြစ်ချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ လက်ရှိ မြန်မာပြည်တွင် HIV ရောဂါပိုး ကူးစက်ခံရသူပေါင်း ၄၀၀၀၀ ခန့်ရှိကြောင်း၊ ရောဂါ သံသယရှိပါက လျင်မြန်စွာ စမ်းသပ်မှု ခံယူရန်နှင့် အချိန်
မီ ကုသမှု ခံယူရန် လိုအပ်ကြောင်း သိရသည်။

From : Irrawaddy

Published with Blogger-droid v2.0.10
ပန်းဆိုးတန်း-ဒလကူးတို့ သင်္ဘော ခေါက်ရေတိုးချဲ့ ပြေးဆွဲရန် စီစဉ်လျက်ရှိ

ပန်းဆိုးတန်း-ဒလကူးတို့ သင်္ဘော ခေါက်ရေတိုးချဲ့ ပြေးဆွဲရန် စီစဉ်လျက်ရှိ


ခရီးသွား ပြည်သူများ စိတ်ချမ်းသာမှု ရှိစေ
ရေးနှင့် လွယ်ကူမြန်ဆန်မှု ရှိစေရေးတို့ အတွက် ပို့ဆောင်ရေးကို စနစ်များ ပြောင်းလဲ လုပ်ဆောင်လျက်ရှိရာ ပန်းဆိုးတန်း-ဒလကူးတို့ သဘောင်္ ဆိပ်ကမ်းတွင် အခေါက်ရေ တိုးချဲ့ပြေး
ဆွဲရန် စီစဉ်လျက် ရှိကြောင်း ပန်းဆိုးတန်း-ဒလကူးတို့ သင်္ဘောများနှင့် ပတ်သက်၍ နန်းသီတာ ဆိပ်ကမ်းမှ မန်နေဂျာ ဦးအေးမြင့်မောင်၏ ပြောပြချက်အရ သိရသည်။

''အခေါက်ရေ တိုးဖို့ ရုံးချိန်ကို ဦးစားပေးပြီး စဉ်းစားနေကြတယ်။ မနက်ပိုင်းဆိုရင် မနက်၆ နာရီ ကနေ ၁ဝ နာရီကြားမှာ ဒလဘက်ခြမ်းက ရန်ကုန်ဘက်ကို လာကြတာ များတယ်။ ရန်ကုန်ဘက်
က သွားတာ နည်းတယ်။ အခုလက်ရှိက မိနစ် ၂ဝ တစ်ခေါက်ပေါ့။ အဲဒါကို ၁၅ မိနစ်တစ်ခေါက် တိုးနိုင်ဖို့ ကြိုးစားနေတယ်။ သင်္ဘော နှစ်စင်းအ
စား တစ်စင်းတိုးပြီး သုံးစင်း
ပြေးမယ်ပေါ့။ ဒါပေမဲ့ အဲဒီသင်္ဘောတွေ မီအောင် မောင်းနိုင်၊ မမောင်းနိုင်နဲ့ ရေတက်၊ ရေကျ ရှိသေး
တယ်။ အဲဒါကို ချိန်နေတယ်။
စတင်ဖို့ကိုလည်း သင်္ဘောတွေပေါ် မူတည်နေတယ်။ ဒါကို ညှိနေတယ်''
ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
ပန်းဆိုးတန်း-ဒလ ဆိပ်ကမ်းများသည် ကော့မှူး၊ကွမ်းခြံကုန်း၊ တွံတေးနှင့် ဒေးဒရဲ အစရှိသည့် မြို့နယ်များသို့ ထွက်ပေါက် တစ်ခုလည်း ဖြစ်သည်။ ရန်ကုန်မြို့သို့ လာရောက်၍ အလုပ်လုပ် ကိုင်ကြသူများသည် ယင်းထွက်ပေါက်ကို အားကိုး၍လာရောက်ကြသည်ဟု သိရသည်။
ထို့အပြင် ယင်းဆိပ်ကမ်းတွင် ခရီးသွား ပြည်သူများ ဗဟုသုတ တိုးပွားရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုး
ရေးနှင့် မွေးမြူရေး၊ ကျန်းမာရေး၊ ဘာ
သာရေး၊ သိပံ္ပနှင့် နည်းပညာ၊ ယဉ်ကျေးမှုနှ
င့် အနုပညာ၊ အားကစား၊ အတ္ထုပ္ပတ္တိ၊ ပြည်သူ့နီတိ စသည့် ပညာပေး ဂျာနယ်များကိုလည်း ထားရှိ
ပေးထားကြောင်း သိရသည်။

ဗသ

Published with Blogger-droid v2.0.10
မိုင်းဗုံး ပေါက်ကွဲမှု ဖြစ်စဉ်များနှင့် 
ပတ်သက်၍ ရှင်းလင်း

မိုင်းဗုံး ပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်း


နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ရဲတပ်ဖွဲ့နှင့် ရပ်မိရပ်ဖ၊ ပြည်သူလူထု ထိတွေ့ ဆက်ဆံမှု အမှတ်စဉ် (၁ဝ/၂ဝ၁၃) အခမ်းအနားကို ယမန်နေ့ ညနေ ၃နာရီက ဥတ္တရသီရိ မြို့နယ် ဘုရားကုန်းမြို့မ ရဲစခန်း၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးဇော်ဌေးဦးက ရဲတပ်ဖွဲ့ အနေနှင့် ဆောင်ရွက် ထားရှိမှုများကို တက်ရောက် လာကြသူများအား ချပြဆွေးနွေးပြီး ဘုရားကုန်း မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ကြာညိုက ရဲစခန်းအပိုင် နယ်မြေအတွင်း ဆောင်ရွက်ချက်များကို တင်ပြသည်။ ထို့နောက် ဇဝနသိဒ္ဓိရပ်ကွ
က် အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများနှင့် ဘာသာရေး အသင်းအဖွဲ့ ခေါင်းဆောင်များမှ သိလိုသည်များကို
အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ပြီး မြို့
နယ် ရဲတပ်ဖွဲ့မှူးက ပြည်တွင်းတွင် ဖြစ်ပွ
ားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များက
ို အသေးစိတ်ချပြ ဆွေးနွေးကာ မြို့နယ်အတွင်းမသင်္ကာဖွယ် တွေ့ရှိရသူများအား ရဲစခန်းသို
့ ချက်ချင်း သတင်းပေးပို့ ကြရန်မှာကြားခဲ့
ကြောင်း သိရသည်။

myawady

Published with Blogger-droid v2.0.10
Sea Games အား ဂုဏ်ပြုသည့်အနေဖြင့် Debit Card ထုတ်ဝေ

Sea Games အား ဂုဏ်ပြုသည့်အနေဖြင့် Debit Card ထုတ်ဝေ

Mon, 10/28/2013 -

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ
အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်ေ
မြာက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဂုဏ်ပြုသည့်အနေဖြင့် Sea Games Debit Card ထုတ်ဝေလိုက်ကြောင်း သတင်းရရှိသည်။

ကမ္ဘောဇဘဏ်လီမိတက်နှင့် AIR KBZ
တို့ပူးပေါင်းကာ KBZ Sea Games
Debit Card အား ထုတ်ဝေလိုက်ခြင်းဖြ
စ်သည်။ အဆိုပါကတ်၏ လုပ်ဆောင်ချ
က်အားလုံးမှာ MPU Card အသုံးပြုမ
ှု ပုံစံအတိုင်းဖြစ်ပြီး လက်ရှိ
KBZ MPU Debit Card အသုံးပြုနေ
သူများအနေဖြင့် KBZ Sea Games Debit Cardကို အသုံးပြုလိုပါက လက်ရှိကတ်အ
ကောင့်နှင့် ချိတ်ဆက်၍အသုံးပြု
နိုင်ကြောင်း၊ KBZ MPU Debit Card မ
ရှိသေးသူများအနေဖြင့် ကတ်အကော
င့်အသစ်ဖွင့်၍ အသုံးပြုနိုင်ကြောင်း သိရသည်။ “ချိတ်ဆက်ထားတဲ့
လုပ်ငန်းပေါင်း ၈၀ ဝန်းကျင်ရှိပါတယ်။

Sea Games Card ကို အသုံးပြု
တဲ့လူတွေအနေနဲ့ အဲ့ဒီလုပ်ငန်းေ
တွမှာ လျှော့ဈေး (Discount) ခံစား
ခွင့်ရရှိမှာဖြစ်ပါတယ်။ ၅ % ကနေ
၇၀ % အထိ Discount က ရရှိမှာဖြစ်ပါ
တယ်” ဟု ကမ္ဘောဇဘဏ်လီမိတက်၏ Service
Promotion ဌာနမှ Deputy General
Manager ဦးသက်ကိုကိုမျိုးက ပြော
သည်။

ကတ်အရေအတွက် တစ်သောင်းသာ ကနန့်
သတ်၍ ရောင်းချသွားမည်ဖြစ်ကြော
င်း၊ ကတ်အသုံးပြု၍ ATM စက်များတ
ွင် ငွေသားထုတ်ယူခြင်း၊ POS စက်
များတွင်ငွေပေးချေခြင်းများြ
ပုလုပ်နိုင်ခြင်း၊ ကမ္ဘောဇဘဏ်၊
AIR KBZ တို့နှင့် ချိတ်ဆက်ထားသော
ဟိုတယ်များ၊ စားသောက်ဆိုင်များ
၊ ကျောက်မျက်ရတနာဆိုင် အစရှိသည်
တို့မှ လျှော့ဈေးများ ခံစားခွ
င့်ရရှိခြင်းအစရှိသည်တို့ အကျို
းခံစားခွင့်ရရှိမည်ဖြစ်ကြောင်
း သိရသည်။ “နဂိုထုတ်တဲ့ Debit Card
ပဲ။ ဒါပေမယ့် Sea Games အမှတ်တရအြ
ဖစ် ထုတ်ပေးတာဖြစ်ပါတယ်။ အားသာ
ချက်ကတော့ Promotion တွေ ခံစားခွ
င့်ရရှိမှာဖြစ်ပါတယ်” ဟု ကမ္ဘောဇ
ဘဏ်လီမိတက်၏ Deputy Managing Director
ဦးဇော်လင်းထွဋ်က ပြောသည်။

အောက်တိုဘာလ ၂၁ ရက်မှစတင်ကာ ထုတ်ဝေလိုက်ခြင်းဖြစ်ပြီး ချက်ခြင်း
ထုတ်၊ ချက်ခြင်းသုံးစွဲနိုင်မည်
ဖြစ်ကြောင်း သိရသည်။
ကတ်ထဲတွင် ငွေကျပ် တစ်သိန်း၊ သုံ
းသိန်း၊ ငါးသိန်း စသဖြင့် ကတ်ေ
လျှာက်ထားမှုအလိုက် အနည်းဆုံးထ
ည့်သွင်းရမည်ဖြစ်ကြောင်း သိရသ
ည်။ KBZ Sea Games Debit Card အသုံြး
ပုသူများအနေဖြင့် ဆိုင်ပေါင်း
၈၀ ဝန်းကျင်တင် လျှော့ဈေးဖြင့်
အကျိုးခံစားခွင့်ရရှိမည့်အပြင်
ကတ်ကြိုတင်လျှောက်ထားမှုအလိုက်
ပရိုမိုးရှင်းအစီအစဉ်၊ နှစ်စဉ်
ကြေးကင်းလွတ်ခွင့် အစီအစဉ် စသည်
တို့အားလည်း အကျိုးခံစားခွင့်ရ
ရှိမည်ဟုဆိုသည်။ အဆိုပါ Sea Game
Debit Card နှင့် ပတ်သက်၍
www.facebook.com/kanbawzaBank တွင်
အသေးစိတ်ကြည့်ရှုနိုင်ကြောင်း
သိရသည်။
ထွန်းထွန်း
internetjournal

Published with Blogger-droid v2.0.10
၁၅၀၀ တန် မိုဘိုင်းဆင်းကတ်များ အပါအ၀င် မိုဘိုင်းဆင်းကတ် စုစုပေါင်း 
၅ ဒသမ ၉၂ သန်းကျော် ရောင်းချပေးခဲ့ပြီး အိမ်ထောင်စု ၁ ဒသမ၄၆ စုလျှင် မိုဘိုင်းဖုန်းတစ်လုံး ရရှိနိုင်မည်

၁၅၀၀ တန် မိုဘိုင်းဆင်းကတ်များ အပါအ၀င် မိုဘိုင်းဆင်းကတ် စုစုပေါင်း ၅ ဒသမ ၉၂ သန်းကျော် ရောင်းချပေးခဲ့ပြီး အိမ်ထောင်စု ၁ ဒသမ၄၆ စုလျှင် မိုဘိုင်းဖုန်းတစ်လုံး ရရှိနိုင်မည်

ယခင်ရောင်းချထားသည့် ၁၅ သိန်းတန် မိုဘိုင်းဆင်းကတ်များ၊ ငါးသိန်းတန် မိုဘိုင်းဆင်းကတ်များ နှစ်သိန်းတန် မိုဘိုင်းဆင်းကတ်များနှင့် တန်ဖိုးနည်း ၁၅၀၀ တန် မိုဘိုင်းဆင်းကတ် အပါ
အ၀င် ကတ်စုစုပေါင်း မိုဘိုင်းဆင်းကတ် အရေအတွက် ၅ ဒသမ ၉၂ သန်းကျော် ရောင်းချပြီးတစ်နိုင်ငံလုံးတွင် ဖြန့်ဖြူးရောင်းချ ပေးခဲ့သည့်
မိုဘိုင်းဖုန်း အရေအတွက်ပေါင်းနှင့် နိုင်ငံရှိ အိမ်ထောင်စုပေါင်း ၈ ဒသမ ၇ သန်းကျော်အားအချိုးကျ တွက်ကြည့်လျှင် အိမ်ထောင်စု ၁ ဒသမ
၄၆ စုလျှင် မိုဘိုင်းဖုန်းတစ်လုံး ကိုင်ဆောင်နိုင်မည် ဖြစ်သော်လည်း ယခုလက်ရှိတွင် အိမ်ထာင်စုတိုင်း မိုဘိုင်းဖုန်း သုံးစွဲရန် လိုအပ်ကြောင်း
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ တန်ဖိုးနည်း ၁၅၀၀ တန် မိုဘိုင်းဆင်းကတ်များကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ ငွေကျပ် ၁၅၀၀ ဖြင့် ၂၀၁၃ ခုနှစ် ဧပြီ ၂၄ ရက်မှ စတင်ကာ CDMA မိုဘိုင်းဆင်းကတ်များ
ကို ရောင်းချပေးခဲ့ပြီး နောက်ပိုင်းတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဂျီအက်အမ် မိုဘိုင်း
ဆင်းကတ်များနှင့် WCDMA မိုဘိုင်းဆင်းကတ်များကို ဆက်လက်ရောင်းချ ပေးခဲ့သည်။

"မိုဘိုင်းဆင်းကတ်တွေကို အိမ်ထောင်စုအားလုံး ကိုင်ဆောင်နိုင်အောင် ဆောင်ရွက်နေပါ
တယ်။

လက်ရှိအနေအထားမှာတော့
အိမ်ထောင်စုတိုင်းတော့ ဖုန်းမကိုင်နိုင်သေးပါဘူး။

နောက်ပိုင်းမှာတော့ လူတိုင်းမိုဘိုင်းဖုန်း ကိုင်ဆောင်နိုင်အောင် တိုးချဲ့ဆောင်ရွက် ပေးသွားမှာပါ"ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တန်ဖိုးနည်း ၁၅၀၀ တန် မိုဘိုင်းဆင်းကတ်များကို လတို
င်းမိုဘိုင်းဆင်းကတ် အရေအတွက် ၃၆၀၀၀၀ကို ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ အချိုးကျ
ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးခဲ့သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်းများကို ဆက်လက်
ဖြန့်ဖြူး ရောင်းချပေးသွားရန် စီစဉ်ရာတွင် လက်ရှိတပ်ဆင်ထားသော လိုင်းအင်အားနှင့် အမှန်တကယ် သုံးစွဲနေသော အခြေအနေများအရ
ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ အချိုးကျ ခွဲတမ်းစနစ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်အတွင်း ၁၅၀၀ တန် မိုဘိုင်းဖုန်း ဆင်းကတ်များ မဲနှိုက်နေစဉ်

From : Eleven Media Group

Published with Blogger-droid v2.0.10
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်လာကြသည့်’’ရခိုင်မျိုးနွယ်စု’’ဒုက္ခသည်များအား နွေးထွေးစွာ ကူညီကြိုဆိုပါ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်လာကြသည့်’’ရခိုင်မျိုးနွယ်စု’’ဒုက္ခသည်များအား နွေးထွေးစွာ ကူညီကြိုဆိုပါ

ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်လာကြသည့်’’ရခိုင်မျိုးနွယ်စု’’ဒုက္ခသည်များနှင့်အမျိုးဘာသာ သာသနာအတွက်
ဆောင်ရွက်ရာတွင် ဘေးဒုက္ခကြုံတွေ့ နေကြရသော ပုဂ္ဂိုလ်များအား မင်းပြားမြို့ နယ် ၊ သံဃာ့သမဂ္ဂီအသင်း ဆရာတော်များနှင့် လူမှုရေးအသင်း၊အဖွဲ့ အစည်းများမှ ဦးဆောင်လျက် အလှူငွေများ ၊ အသုံးအဆောင်ပစ္စည်းများလှူဒါန်းမည်ဖြစ်ပါ၍ တစ်ဦးချင်းသော်လည်းကောင်း ၊
အသင်းအဖွဲ့ အလိုက်သော်လည်းကောင်း (၂၄-၁၀-၂၀၁၃)နေ့ မှ (၁၃-၁၁-၂၀၁၃)
နေ့ အတွင်းအောက်ဖေါ်ပြပါအလှူလက်ခံဌာန
များသို့ လာရောက်လှူဒါန်းနိုင်ပါကြောင်း အသိပေးတိုက်တွန်းနိုးဆော်အပ်ပါသည်။

အလှူလက်ခံဌာနများ-

၁။မြို့နယ်ဓမ္မာရုံအလှူလက်ခံဌာန                                 ဖုန်း- ၀၉၄၂၁၇၁၃၀၃၀

၂။အောင်သဒ္ဓီမင်္ဂလာဓမ္မပီယကျောင်း
     ဆရာတော်    
     ဖုန်း- ၀၉၄၂၁၇၂၇၀၄၂

၃။အောင်မြေကုန်းကျောင်းဆရာတော်                   ဖုန်း- ၀၉၄၂၁၇၂၁၃၁၇

၎။မြို့မမြောက်ကျောင်းစာချဆရာတော်                 ဖုန်း- ၀၉၄၂၁၇၇၀၅၀၉

မှတ်ချက်။    ။ မြို့ နယ်ဓမ္မာရုံအတွင်း နေ့ စဉ်အလှူလက်ခံဌာန ဖွင့်လှစ်ထားရှိပါသည်။
                                                     

မြို့ နယ်သံဃာ့သမဂ္ဂီအသင်း
           မင်းပြားမြို့ ။

NLD လူငယ်ညီလာခံ ကျင်းပမည့်ရက်ကို တစ်နို
င်ငံလုံး လူငယ်အဖွဲ့ဝင်အင်အား စာရင်းရရှိပြီး
မှသာ သတ်မှတ်မည်

NLD လူငယ်ညီလာခံ ကျင်းပမည့်ရက်ကို တစ်နို င်ငံလုံး လူငယ်အဖွဲ့ဝင်အင်အား စာရင်းရရှိပြီး မှသာ သတ်မှတ်မည်

်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်ညီလာခံ ကျင်းပမည့်ရက်ကို တစ်နိုင်ငံလုံး လူငယ်
အဖွဲ့ဝင်အင်အား စာရင်းရရှိပြီးမှသာ သတ်မှတ်သွားမည်ဟု NLD လူငယ်ညီလာခံ ကျင်းပရေး
ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောကြားသည်။

လက်ရှိတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ၀င်ရောက်နိုင်ရန် ပုံစံများ ရောင်းချပေးနေဆဲ အဆင့်သာရှိသေးပြီး အဆိုပါ စာရင်းများအားလုံး
တက်လာပြီးမှသာ ကျင်းပမည့်ရက်ကို သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖျင်း အနေဖြင့်မူ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ သို့မဟုတ် ၂၀၁၄ ခု
နှစ် ဇန်န၀ါရီအတွင်း ကျင်းပရန် ရည်ရွယ်ထားကြောင်း ဦးမောင်မောင်ဦးက ပြောကြားသည်။
"အခုက ရန်ကုန်တိုင်းက မြို့နယ်တချို့ကပဲ ပြန်ဝင်လာတုန်း ရှိသေးတယ်။

အဲဒါတွေ အားလုံးပြီးမှ တစ်နိုင်ငံလုံးက ၀င်လာတဲ့ Form တွေရဲ့ အင်
အားစာရင်းကို ချိန်ပြီးတော့မှ ဘယ်နေ့ဆိုတာသတ်မှတ်ရမယ်" ဟု ဦးမောင်မောင်ဦးက ပြောကြားသည်။

လူငယ်အဖွဲ့ဝင်အတွက် အသက် ၁၆ နှစ် နှင့် ၃၅နှစ်အကြား မြန်မာနိုင်ငံသား မည်သူမဆို လျှောက်ထားနိုင်ပြီး မြို့နယ်တစ်ခုချင်းစီအလိုက်
Form တစ်စောင်လျှင် ကျပ် ၂၀၀ နှုန်းဖြင့် ၀ယ်ယူကာ အဖွဲ့ဝင်အဖြစ် လျှောက်ထားစေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူငယ်ညီလာခံတွင် တိုင်းနှင့်ပြည်နယ်
အသီးသီးမှ တက်ရောက်လာမည့် လူငယ်ကိုယ်စားလှယ်များက ရွေးချယ်ကာ အဖွဲ့ချုပ် ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ကို ရွေးချယ်တင်မြှောက်ခြင်း၊
စာတမ်းတင်သွင်းခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူငယ်ညီလာခံမှတစ်ဆင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကို
ယ်စားလှယ်လောင်းများကို ရွေးချယ်သွားဖွယ်
ရှိသည်ဆိုသော သတင်းများ ထွက်ပေါ်နေခြင်းအပေါ်လက်ရှိအချိန်ထိဘာမှမသိရသေးကြောင်းနှင့် အဖွဲ့ချုပ် မူဝါဒတွင်မူ လူငယ်များကို ဦးစားပေးမည်ဟူသော ရည်ရွယ်ချက်ရှိကြောင်း ဦးေ
မာင်မောင်ဦးက ပြောကြားသည်။
"အဖွဲ့ချုပ်ရဲ့ မူဝါဒတွေကိုက အဖွဲ့ချုပ်မှာ အထူးသဖြင့် အမျိုးသမီးတွေနဲ့ တိုင်းရင်းသား လူငယ်တွေကို ဦးစားပေးမယ် ဆိုတာက နဂိုကတည်းက
အဖွဲ့ချုပ်မူမှာ ရှိပြီးသားပဲ" ဟု ဦးမောင်မောင်ဦး
က ပြောကြားသည်။

တစ်နိုင်ငံလုံးတွင် လူငယ်ကော်မရှင်များ ဖွဲ့စည်းခြင်း အနေဖြင့် ခရိုင် ၆၇ ခရိုင်တွင် ၆၆ ခရိုင် ပြီးစီးနေပြီဖြစ်ပြီး မြို့နယ်ပေါင်း ၃၃၀ တွင်၂၂၆ မြို့နယ် ပြီးစီးနေပြီဖြစ်ကြောင်း၊ ကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ နားလည်မှု ကွဲလွဲသည့် တိုင်စာအနည်းငယ်သာရှိပြီး ပြဿနာများရှိနေသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းလည်း
ဦးမောင်မောင်ဦးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၅ နှစ်အတွင်းပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို
၂၀၁၃ ခုနှစ် မတ် ၈ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

From : Eleven Media
Group

Published with Blogger-droid v2.0.10
နေပြည်တော်၊ သီရိရတနာအဆင့်
မြင့်ဈေးအတွင်းရှိ ဧရာဝတီဘဏ်
၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

နေပြည်တော်၊ သီရိရတနာအဆင့် မြင့်ဈေးအတွင်းရှိ ဧရာဝတီဘဏ် ၌ မီးလောင်ကျွမ်းမှုဖြစ်ပွား


Created on Sunday, 27 October 2013
01:26
အောက်တိုဘာ ၂၆ ရက် ည ၈ နာရီ ၄၀ ခန်
့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ သီရိရတနာအဆင့်မြင့် ဈေးအတွင်းရှိ အကွက်အမှတ် (၁၁၁ ) တွင် ဖွင့်လှစ်
ထားသည့် ဧရာဝတီဘဏ်၌ မီး လောင်ကျွမ်း
မှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ
အောက်တိုဘာ ၂၆ ရက် ည ၈ နာရီ ၄၀ ခန့်က ဘဏ်ဆိုင်းဘုတ်တွင် တပ်ဆင်ထားသည့် အလှမီးလုံးများ အပူရှိန်လွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့
ခြင်းဖြစ်ကာ ည ၉ နာရီ ၅ မိနစ်တွင် မီးငြိမ်း
သွားခဲ့ကြောင်းသိရသည်။

နေပြည်တော် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိ
သူတစ်ဦးက “မီးလောင်ကျွမ်းရတာက ဘ
ဏ်ဆိုင်းဘုတ်မှာ ထွန်းထားတဲ့ မီးလုံးတွေ
အပူလွန်ကဲပြီး လောင်ကျွမ်းခဲ့တာပါ။
တခြားနေရာတွေတော့ မလောင်ကျွမ်း ခဲ့ပါဘူး”ဟု အောက်တိုဘာ ၂၆ ရက် ည ၁၀ နာရီခွဲကပြောကြားသည်။

ယင်းမီးလောင်ကျွမ်းမှုနေရာသို့ နေပြည်ေ
တ်ာမီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၂၆
စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်၁၃၉ ဦးရောက်ရှိ ငြိမ်းသတ်ခဲ့ကြ ပြီး မီးလောင်ကျွမ်းမှုကြောင့် ဘဏ်ဆိုင်းဘုတ်မှာလောင်ကျွမ်းပျက်စီး
သွားခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၃၀ ခန့်ရှိကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မ ရဲစခန်း မှူး
ရဲမှူးညီညီဝင်းက “ဆိုင်းဘုတ်ကိုပဲ မီးလောင်ကျွမ်းသွားခဲ့တာပါ။

အခြားငွေကြေးနဲ့သက်
ဆိုင်တဲ့ စာရွက်စာတမ်းတွေ
ဘာတစ်ခုမှ လောင်ကျွမ်းဆုံးရှုံးမှု မရှိခဲ့ပါဘူး”ဟု ပြောကြားခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဘဏ်လြုံ
ခုံရေးတာဝန်ရှိသူအား ဇမ္ဗူသီရိမြို့နယ်
အမှတ်(၁) မြို့မရဲစခန်းမှ (ပ) ၁၁၀/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မီးလောင်ကျွမ်းခဲ့သည့် ဆိုင်းဘုတ်ကို
မီးငြှိမ်းသတ်ပြီးနောက် တွေ့ရစဉ်

From : Eleven Media
Grouphttps://www.facebook.com/
excellencemedia

Published with Blogger-droid v2.0.10
ပရီးမီးယားလိဂ်ပွဲစဉ်(၉)မြင်ကွင်းနှင့် အနှစ်ချုပ်

ပရီးမီးယားလိဂ်ပွဲစဉ်(၉)မြင်ကွင်းနှင့် အနှစ်ချုပ်


ပရီးမီးယားလိဂ်ပွဲစဉ်(၉)အဖြစ် ယှဉ်ပြိုင်က
စားခဲ့တဲ့ အစောပိုင်းပွဲစဉ်မှာတော့
အာဆင်နယ်က အဝေးကွင်းမှာ (၂)ဂိုးပြတ်
အနိုင်ရသွားခဲ့ပါတယ်။

ဒီပွဲမှာ အာဆင်နယ်
တို့ပထမဆုံးဂိုးသွင်းခွင့်စရခဲ့ပေမယ့်ချာမက်ရဲ့အနိမ့်ဘောကန်ချက်၊ ဂူဒီအိုရာရဲ့ကန်ချက်တွေကို ရှက်ဇီ
နီလက်စွမ်းပြနိုင်ခဲ့တာကြောင့် အဖွင့်ဂိုးမေ
ပးခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်စပြီးတစ်မိနစ် အကြာမှာတော့ဖလာမီနီနေရာဝင်ကစားတဲ့ ဂျီနာဘရီကို စရိယာအတွင်း ဂူဒီအိုရာ ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တာကြောင့်
အာဆင်နယ်တို့ ပင်နယ်တီရခဲ့ပြီး
အာတီတာကအမှားအယွင်းမရှိကန်သွင်းနိုင်ခဲ့လို့ အာဆင်နယ် အဖွင့်ဂိုးစရခဲ့ပါတယ်။

ဒါပေမဲ့ အာတီတာဟာ ပွဲချိန်(၆၄)မိနစ်မှာေ
တာ့ ချာမက်ကို ဥပဒေပကစားခဲ့တာကြောင့်
နှစ်ဝါ၊ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး အာဆင်န
ယ်တို့ လက်ကျန်ပွဲချိန်တွေမှာ တစ်ယောက်လျော့နဲ့ ကစားသွားခဲ့ရပေမယ့် ပွဲချိန်(၈၇)မိနစ်မှာတော့ ဂီယောက်က ရမ်ဆေးရဲ့ဖြတ်တင်ဘောကို ခေါင်းတိုက်ပြီး အာဆင်နယ်အတွက် ဒုတိယဂိုး သွင်းပေးနိုင်ခဲ့တာကြောင့်
အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ
ဆက်လက်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာ ဆက်ကစားတဲ့ ပွဲစဉ်တွေမှာ
လီဗာပူးနဲ့ မန်ယူတို့ အောင်ပွဲခံနိုင်ခဲ့ပေမယ့် မန်ယူကတော့ စတုတ်စီးတီးကို ခက်ခက်ခဲခဲ
ကစားသွားခဲ့ရပါတယ်။
ပွဲအစ(၄)မိနစ်မှာပဲစတုတ်စီးတီးအတွက် အဖွင့်ဂိုးအဖြစ်ခရော့ခ်ျက နှစ်ဆင့်ပိတ်
သွင်းယူခဲ့တာကြောင့် မန်ယူတို့ နောက်က
လိုက်ကစားခဲ့ရပြီး ပွဲချိန် (၄၃)မိနစ်မှာတော့
ဗန်ပါစီက ရွန်နီရဲ့ ခေါင်းတိုက်ချက်ကတစ်
ဆင့်ပြန်ထွက်လာတဲ့ ဘောလုံးကနေ ချေပဂိုးပြန်သွင်းပေးနိုင်ခဲ့ပါတယ်။

ဒီအတွက်ကြောင့်
ဗန်ပါစီဟာ စတုတ်စီးတီးနဲ့ကစားခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ် ပွဲစဉ်(၇)ပွဲမှာ (၉)ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းတစ်ခု ပိုင်ဆိုင်သွားခဲ့ပါတယ်။
ဒါပေမဲ့ နောက်(၂)မိနစ်အကြာမှာပဲ အာတူနိုဗစ်က ပြစ်ဒဏ်ဘောကတစ်
ဆင့် စတုတ်စီးတီးအတွက် ဦးဆောင်ဂိုးထပ်
သွင်းပေးခဲ့ပြီး ရွန်နီက ပွဲချိန်(၇၈)မှာ လှပ
တဲ့ ခေါင်းတိုက်ချက်နဲ့ ပြန်ချေဖျက်နိုင်ခဲ့ပြီး
လူစားဝင်ကစားသမား ဟာနန်ဒက်ဇ်က နေ
ာက်(၂)မိနစ် အကြာမှာ ခေါင်းတိုက်ဂိုးနဲ့
မန်ယူကို အိမ်ကွင်းနိုင်ပွဲရယူပေးခဲ့တာပါ။

အခုရာသီအစမှာ ရလဒ်ကောင်းတွေပိုင်ဆိုင်
နေတဲ့ လီဗာပူးဟာ ၀က်စ်ဘရွန်းနဲ့ ပွဲစဉ်မှာ
လည်း ဆွာရက်ဇ်ရဲ့ အစွမ်းပြမှုနဲ့အတူ
ဂိုးပြတ်နိုင်ပွဲရရှိသွားခဲ့ပါတယ်။

ဝက်စ်ဘရွန်းဟာ လီဗာပူးနဲ့ ကစားခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲမှာ ပေးဂိုးမရှိနိုင်ပွဲ ရယူနိုင်ခဲ့ပေမယ့် အခုပွဲမှာတော့ မိနစ်(၂၀)အတွင်း (၂)ဂိုး ပေးခဲ့ရခြင်းနဲ့အတူ ဒီရာသီမှာ ပထမဆုံးအကြိမ်(၃)ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရ
တာဖြစ်ပါတယ်။
ဝက်စ်ဘရွန်းဘက်ကို ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဆွာရက်ဇ်ဟာ လီဗာပူးအတွက် ဟက်ထရစ်(၄)ကြိမ် သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်လာပြီး
ပွဲ(၂၀)ကစားရင် တစ်ကြိမ်နီးပါး ဟက်ထရ
စ်ရတဲ့ စံချိန်ကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါ
တယ်။ စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေရဲ့
ထူးခြားချက်ကတော့* ခေါင်းတိုက်သွင်းဂိုး
(၇)ဂိုး *အထိ ရှိခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၉)ရလဒ်များ
ခရစ္စတယ်ပဲလေ့စ် ၀-၂ အာဆင်နယ်*(ဂီယောက်)
ဗီလာ ၀-၂ အဲဗာတန်
*(ဆွာရက်ဇ် (၂)ဂိုး)လီဗာပူး ၄-၁ ၀က်စ်ဘ
ရွန်း*(ရွန်နီ၊ ဟာနန်ဒက်ဇ်)မန်ယူ ၃-၂ စတုတ်စီးတီး
နောဝစ်ခ်ျ ၀-၀ ကာဒစ်ဖ်
*(ရစ်ကီလမ်ဘတ်၊ ဂျေးရိုဒရီဂွက်ဇ်) ဆော
က်သမ်တန် ၂-၀ ဖူလ်ဟမ

Published with Blogger-droid v2.0.10