ရခိုင်တွင် ရိုဟင်ဂျာများရှိကြောင်း ပြောသည့်ဒေါ်စုအား ဒီဇင်ဘာ ၂ ရက်နေ့တွင် ရန်ကုန်လေဆိပ်မှ စောင့်ကြိုဆန္ဒပြမည်

ရခိုင်တွင် ရိုဟင်ဂျာများရှိကြောင်း ပြောသည့်ဒေါ်စုအား ဒီဇင်ဘာ ၂ ရက်နေ့တွင် ရန်ကုန်လေဆိပ်မှ စောင့်ကြိုဆန္ဒပြမည်


ရခိုင်တွင် ရိုဟင်ဂျာများရှိကြောင်း ပြောသည့်ဒေါ်အောင်ဆန်းစုကြည်အား ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်လေဆိပ် မှ စောင့်ကြိုဆန္ဒပြမည် ဖြစ်ကြောင်း ရခိုင်အမျိုးသား ကွန်ယက်မှ သတင်း
ရရှိသည်။

သြစတြေးလျနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်မှ ရိုဟင်ဂျာနှင့်ပတ်သက်
၍ မေးမြန်းမှုတွင် ရခိုင်ပြည်နယ်တွင် ခိုး
ဝင်ဘင်္ဂါလီ ၅၀ ခန့်သာရှိ၍ ရိုဟင်ဂျာဆိုသည်များသာ ရှိကြောင်း သြစတေးလျခရီးစဉ်၌ပြောကြား
သွားပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြား
မှုနှင့်ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား အားလုံး သာမက မြန်မာလူထု တစ်ရပ်လုံး ဒေါသထွက်လျှက်ရှိပြီး ရခိုင်အမျိုးသား ကွန်ယက်မှ ဦးစီးကာ ဆန္ဒပြရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ခွင့်ပြုချက် တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာတိုင်းရင်းသားများနှင့် မတည့်ဖြစ်နေပြီး သြဇီခရီးစဉ်
တွင် ကချင်များက မကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သလို အပြန်တွင်လည်း ရခိုင်များက
ဆန္ဒပြအုံးမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ ခရီးစဉ်ကို နိုဝင်ဘာ ၂၆ တွင် စတင်ခဲ့ပြီး ဒီဇင်ဘာ ၂ ရက်တွင် အဆုံးသက်မည်ဖြစ်သည်။

myanmarexpre

Published with Blogger-droid v2.0.10
ရန်ကုန်ခိုးဝင် ဘင်္ဂါလီ လူမျိုး ၇ ဦးကို မှတ်ပုံတင်ရေးဥပဒေဖြင့် အရေးယူ

ရန်ကုန်ခိုးဝင် ဘင်္ဂါလီ လူမျိုး ၇ ဦးကို မှတ်ပုံတင်ရေးဥပဒေဖြင့် အရေးယူ

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ရန်ကုန်သို့ ခွင့်ပြုချက်လက်မှတ်မပါဘဲရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုး(၇)ဦးကိုပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးဥပ
ဒေဖြင့်နိုဝင်ဘာလ ၂၇ ရက်နေ့က အမှုဖွင့်အရေးယူထားသည်ဟုရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က မှော်ဘီမြို့နယ်အမှတ်(၄)လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကိုဖြတ်သန်း၍ပြည်ဘက်မှရန်ကုန်ဘက်သို့မောင်းနှင်လာသော ၃ဂ/၈၄၄၉Pajeroခဲရောင်ယာဉ်ပေါ်၌ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ Pajero ခဲရောင်ယာဉ်အား မှော်ဘီမြို့နယ်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနဦးစီးအရာရှိနှင့်အဖွဲ့က တားဆီးစစ်
ဆေးရာတွင် ၎င်းယာဉ်မှာ ရပ်တန့်ခြင်း မရှိဘဲမောင်းနှင်ထွက်ပြေးသွားသောကြောင့် တာဝန်ရှိသူများမှလိုက်လံဖမ်းဆီးခဲ့ရာရန်ကုန်-ပြည်လမ်း တိုက်ကြီးကုန်းကျေးရွာ လေတပ်ေ
ကွ့အရောက်၌ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည် ဟု မှော်ဘီမြို့နယ်ရဲစခန်းမှ သိရသည်။

“ဘယ်လမ်းကြောင်းတွေကနေလာတယ်။ ဒီကိုဘာလာလုပ်တယ်စတဲ့ အမှုအသေးစိတ်ကိုတော့ဆက်ပြီး စစ်ဆေးနေ
တုန်းပဲ။ယာဉ်မောင်းကိုတစ်ယောက်ယောက်
ကငွေပေးပြီးပို့ခိုင်းတဲ့ ပုံစံပါ။ ပို့ဆောင်တဲ့ သူနှစ်ဦးကိုတော့ခွင့်ပြုချက်မပါရှိဘဲ ဘဂါင်္လီတွေကို သယ်ဆောင်တဲ့ပုဒ်မနဲ့ အရေး ယူထားတယ်”ဟုမှော်ဘီမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပျဉ်းမနားမြို့၊ ပန်းခင်းရပ်ကွက်နေ ယာဉ်မောင်း အောင်မျိုးထိုက်ဆိုသူနှင့်ယာဉ်ပေါ်ပါသူ ရှမ်းပြည်နယ် ရပ်စောက်မြို့နေ မသူဇာထွေးတို့အားဘဂါင်္လီလူမျိုး(၇)ဦးကို သယ်ဆောင်လာသည် ကိုတွေ့ရှိသဖြင့် ပြစ်မှုပုဒ်မ၃၆၇/၃၇၀ တို့ဖြင့် မှော်ဘီမြို
့နယ်ရဲစခန်း၌ စစ်ဆေးလျက်ရှိသည်။

ယာဉ်ပေါ်တွင်ပါလာသော ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင်နေထိုင်သည့်ဘင်္ဂါလီလူမျိုး(၇)ဦးကိုလည်း ခွင့်ပြုချက်လက်မှတ်
တစ်မျိုးမျိုးကိုင်ဆောင်လာခြင်းမရှိဘဲ ကျောက်တော်မှရန်ကုန်သို့လာရောက်ခြင်းဖြစ် ကြောင်းတွေ့ရှိရသဖြင့်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးအ
ရာရှိဦးသန်းနိုင်မှတရားလိုပြုလုပ်တိုင်တန်းသ
ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေး ဥပဒေပုဒ်မ ၆(၂)/၆(၃)ဖြင့်မှော်ဘီမြို့နယ်ရဲစခန်း၌အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

From : မြစ်မခ

သိန်း (၁၅၀၀) ဆု ထီပေါက် သော်လည်း ထီလက်မှတ် ပျောက်နေ

သိန်း (၁၅၀၀) ဆု ထီပေါက် သော်လည်း ထီလက်မှတ် ပျောက်နေ

ကသာ ခရိုင်၊ ၀န်းသို မြို့နယ်၊ မယ်ဇလီ ကျေးရွာ အုပ်စု၊ မယ်ဇလီ ကျေးရွာ နေ ဒေါ်နှင်းနွယ်ဦး သည် (၂၉၈) ကြိမ် အောင်ဘာလေ ထီ သိန်း (၁၅၀၀) ဆု ပေါက်သော် လည်း ထီ လက်မှတ် ပျောက်ဆုံး နေကြောင်း သိရ သည်။

၂၀၁၃ - ခုနှစ်၊ အောက်တိုဘာ လ (၂၀) ရက် ၀န်းကျင် ခန့် ကအသက် (၂၀) ခန့် လူငယ် (၂) ဦး မှ ဆိုက်တွဲ (နံပါတ် မသိ) ဖြင့် သီချင်း ဆို၍ ရွာစဉ် လှည့်လည် ထီရောင်းချ သူများ ထံမှ
ဓ - ၈၆၅၅၄၈ ဂဏန်း အပါအ၀င် (၅) စောင်တွဲ ထီအား တစ်စောင် လျှင် (၈၀၀ိ/-) ကျပ်နှုန်း ဖြင့် (၄၀၀၀ိ/-) ကျပ်ဘိုး ထီထိုး ခဲ့သည်။

၎င်း ထီလက်မှတ် အား အောင်ဘာလေ ထီဖွင့်ပြီး သော်လည်း ထီပေါက်စဉ် ဖြင့် မတိုက် ဖြစ်ခဲ့ဘဲ ထီ လက်မှတ် ရောင်းသူ
များ က (၄-၁၁ ၂၀၁၃) ရက် နှင့် (၇-၁၁-၂၀၁၃) ရက် တို့တွင်
လာရောက် မေးမြန်း ကြောင်း အိမ်နီးနား ချင်း များမှ ပြောပြ
ခဲ့သည်။ ၁၀-၁၁-၂၀၁၃ ရက်နေ့ တွင် ၄င်း ထီရောင်းချ သူများ
မှ ထီလက်မှတ် ထီ ပေါက် မပေါက် တိုက်ပေး မည်၊ ယခု လ
ည်း (၂၉၉) ကြိမ် ထီလက်မှတ် အစောင် (၂၀) အား လက်ဆေ
ာင် ပေးခဲ့ သည်။ (၂၉၈) ကြိမ် ဓ-၈၆၅၅၄၈ ပါသော ထီ (၅)ေ
စာင်အား မသိအောင် ယူဆောင်ပြီး ဆိုင်ကယ် ဖြင့် ပြန်လည်
ထွက်သွား ခဲ့သည်။
ထီရောင်း ချသူများ ထွက်သွား ပြီး သတိရ ချိန်တွင် (၂၉၈) ကြိ
မ် ဓ-၈၆၅၅၄၈ ပါ ထီ လက်မှတ် များ မရှိတော့ ကြောင်း သိရြ
ပီး ဆွေမျိုး မိသားစုနှင့် တိုင်ပင် ၍ ထီပေါက်စဉ် ၀ယ်၍ ထီတို
က် သော အခါ သိန်း (၁၅၀၀) ဆု ပေါက်မှန်း သိရသည်။ သို့ြ
ဖစ်၍ ၀န်းသို မြို့နယ်၊ တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စား
လှယ် ဦးထိန်မင်း ထံ အကူ အညီ တောင်းခံ ပြီး အရေးယူေ
ဆာင်ရွက် ပေးနိုင် ပါရန် အောင်ဘာလေ သိန်းဆု ဌာနသို့ေ
အာင်ဘာလေ သိန်း (၁၅၀၀) ဆု ထုတ်ပေးခြင်း အား တားမြ
စ် အရေးယူ ပေးနိုင် ပါရန် တိုင်တန်း ထားကြောင်း သိရှိ ရသ
ည်။
ငြိမ်းငြိမ်း ( ကသာ )

မောင်တောမြို့၊ မြို့မစည်ပင်သာယာရေဈေးကွင် မီးလောင်မှုဖြစ်

မောင်တောမြို့၊ မြို့မစည်ပင်သာယာရေဈေးကွင် မီးလောင်မှုဖြစ်

စစ်တွေ-နိုဝင်္ဘလာ-၂၄

မနေ့ည(၇)နာရီ (၁၀)မိနစ်ခန့်တွင် မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်ရှိ၊ မြို့မစည်ပင် သာယာဈေး၊ ဆိုင်ခန်းအမှတ် 2B ၁၁/၁၂၊ အလှကုန်နှင့် ဖိနပ်ဆိုင်တို့မှ မီးစတင်လောင်ကျွမ်းခဲ့ရာ မီးသတ်ကား (၂)စီး၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ရဲတပ်ရင်း၊ စည်ပင်သာယာအင်အား၊ ရပ်ကွက်သူ/သားများမှ ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ မကြာမီ နာရီဝက်ခန့်တွင်မီးငြိမ်းသွားခဲ့ပါသည်။

ဖြစ်စဉ်တွင် ဆိုင်ခန်း(၂)ခန်းမီးလောင်ခဲ့၍ ခန့်မှန်းဆုံးရှုံးမှုတန်ဘိုး(၁၀)သိန်းကျပ်ခန့်ရှိပြီး မီးစတင်လောင်ကျွမ်းရသည့်အကြောင်းအရင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းခဲ့ပါသည်။
ဖြစ်ပုံကခြင်ဆေးခွေထွန်းပြီး၊မငြိမ်းဘဲဈေးပိတ်သွားရာကဖြစ်တယ်လို့သိရပါတယ်။

ဆိုင်ခန်းပိုင်ရှင်က အဘူဘော်ကော်ဖြစ်
ပါတယ်- ဒုရဲအုပ်ငွေထွန်းက တရားလိုပြုပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အရေးယူရန် အမှုဖွင့်ထားပြီး ဖြစ်ပါတယ်ခင်ဗျား။

From : သာစွဌာနေ ရခိုင်ပြေ

ရသေ့တောင် ချိန်ကလိန် ရေမျောကမ်းတင်ကိစ္စ ပြည်ဖုံးကားချလိုက်ကြပြီလား

ရသေ့တောင် ချိန်ကလိန် ရေမျောကမ်းတင်ကိစ္စ ပြည်ဖုံးကားချလိုက်ကြပြီလား

၂၀၁၃ အောက်တိုဘာလဆန်းလောက်က ရသေ့တောင်မြို့နယ် ချိန်ကလိန်ကျေးရွာသို့ ဘင်္ဂလီ ၁၈၀ ခန့် ပါဝင်သော စက်လှေတစ်စီး
ဝင်ရောက်လာသည် ။

ရွာသားနှင့်လုံခြုံရေးဝန်ထမ်းတို့ ပူးပေါင်း ဖမ်းဆီး၍ ဘင်္ဂလီ ၃၀ ခန့်ဖမ်းမိပြီး ၊
ကျန် ၁၅၀ ခန့် ကုန်းတွင်းဝင်ရောက်ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည်။
မောင်တောမြို့နယ် နှင့် ဘင်္ဂလာဒေ့ရှ်မှ ဘင်္ဂလီများအတူတကွ စီးလာကြသော စက်လှေသည် မလေးရှားနိုင်ငံသို့အသွား မုန်တိုင်းအန္တရယ်ကြောင့် ကုန်းတွင်းသို့ဝင်ရောက်ခိုလှုံသည်ဟု ဖမ်းမိဘင်္ဂလီများက အကြောင်းပြကြသည် ။

ခိုလှုံသည်ဟု ပြောပြီး ထိုဘင်္ဂလီတို့
အဘယ်ကြောင့်ထွက်ပြေးပျောက်ကွယ်သွား
ကြပါသနည်း ။ထိုဘင်္ဂလီ ၁၅၀ ခန့်ကို အဘယ်ကြောင့် ယခု နိုဝင်ဘာလကုန်ခါနီးထိ
ရှာမတွေ့ ဖမ်းမမိကြပါသနည်း ။
ရခိုင်ပြည်နယ်ပင်လယ်ကမ်းစပ်တလျှောက်လုံးတွင် ယခင်ခိုးဝင်ပြီးသားဘင်္ဂလီတို့က အတည်တကျရွာကြီးများတည်ထောင်ထားကြပြီးနောက်ရောက်လာသည့် ခိုးဝင်ဘင်္ဂလီများကို လက်သင့်ခံကြိုဆို နေရာချထားပေးကြသည် ။

ထိုဘင်္ဂလီရွာများအပေါ် အစိုးရ၏ အုပ်ချုပ်မှုအာဏာသက်ရောက်မှုက နည်းလွန်းလှသည် ။ယခုလည်း ရသေ့တောင် ချိန်ကလိန်ကျေးရွာသို့ဝင်ရောက်လာကြသည့် ဘင်္ဂလီများအနက် ၁၅၀ခန့်သည် နဂိုရှိပြီး တရားမ၀င်ဘင်္ဂလီရွာများထဲသို့ စိမ့်ဝင်ပျောက်ကွယ်သွားပြီဟု ယူဆရသည် ။

လုံခြုံရေးတာဝန်ရှိသူများကလည်း ထိုဘင်္ဂလီများကိုဖမ်းမိရန်လုံ့လထုတ်မှုမရှိသလောက်နည်းပါးသွားကြပြီ ။ ရခိုင်တို့မေ့မေ့ပျောက်ပျောက်ဖြစ်သွားချိန်တွင် လုံခြုံရေးဝန်ထမ်းများကလည်း တွေ့ရှိဖမ်ူးမိရန်ထက် တွေ့ရှိငွေညှစ်ရန်သာ စိတ်ဝင်စားကြတော့သည် ။

ဤပုံဤနည်းများဖြင့် ချိန်ကလိန်ရွာမှ ဘင်္ဂလီ ၁၅၀ ခန့်ကဲ့သို့မည်ရွေ့မည်မျှအရေအတွက်ရှိ ဘင်္ဂလီများသည် ရခိုင်ပြည်နယ်အတွင်းသို့ ရောက်ရှိသွားကြပြီနည်း ။
မြန်နှန်းမြင့် သားဖေါက်ည်းဖြင့်တစ်မျိုး ၊ ခိုးဝင်၍တစ်ဖုံ လူဦးရေအသာစီးဖြင့် နယ်မြေကျူးကျော်လာသော ဘဂ်လာဒေ့ရှ်မှ စ
စ်တကောင်းသားဘင်္ဂလီကုလားတို့၏ အန္တရယ်ကို ရခိုင်တိုင်းရင်းသားတို့ မည်ကဲ့သို့ ကာကွယ်ဆန့်ကျင်တောင့်ခံနိုင်ကြတော့မည်နည်း။

From : ( Than Tun Than ) Share Arakan News

လေးမြို့ ပေးစာကဏ္ဍ  ( မင်းပြား ၊ မြို့ နယ်အုပ်ချုပ်ရေးမှုးထံသို့ ပေးစာ)

လေးမြို့ ပေးစာကဏ္ဍ ( မင်းပြား ၊ မြို့ နယ်အုပ်ချုပ်ရေးမှုးထံသို့ ပေးစာ)

သို့ /
မြို့ နယ်အုပ်ချုပ်ရေးမှုး
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မင်းပြားမြို့ ။

အကြောင်းအရာ။   ။ဖုန်းခွဲဝေပုံကို ကျေနပ်မှုမရှိကြပါသဖြင့် ပြန်လည်ဖြေရှင်းပေးပါရန် တင်ပြခြင်း။

၁။ ကျွန်တော်တို့ သည် မင်းပြားမြို့ နယ် ၊ နားရမ်းကျေးရွာအုပ်စုဝင် ရွာများမှ ရွာသားများဖြစ်ကြပါသည်။ကျွန်တော်တို့  နားရမ်းကျေးရွာအုပ်စုတွင်ကျေးရွာပေါင်း(၇)ရွာ ပါရှိပြီးရခိုင်ရွာ(၆)ရွာ နှင့် ဘင်္ဂလီရွာ (၁)ရွာပါဝင်ပါသည်။ ပြီးခဲ့သော အောက်တိုဘာလပိုင်းက ကျေးရွာများသို့ 
မဲစနစ်ဖြင့် ဖုန်းများ ချထားပေးရာတွင် ကျွန်တော်တို့ နားရမ်းအုပ်စုအတွက် ဖုန်း (၈)လုံးပါဝင်ကြောင်း သိရသည်။

ထိုဖုန်းများကို ကျေးရွာအုပ်စုဥက္ကဠ (၁)လုံး ၊ အုပ်စုစာရေး (၁)လုံး ယူလိုက်သည်ဟု သိရပါသည်။ကျန်(၆)လုံးအား နိုင်ငံသားမဟုတ်သည့် ဘင်္ဂလီရွာကို ချန်လှပ်ပြီး ရခိုင်(၆)ရွာအား တစ်လုံးကျစီ ခွဲဝေပေးသည်ဟု သိရပါသည်။

သို့ ရာတွင် ကျွန်တော်တို့ ရွာများအတွက် ခွဲတမ်းရရှိလာသည့် ဖုန်းများကို
ခွဲဝေပေးရာတွင် မည်သို့ ၊ မည်ပုံခွဲဝေခဲ့သည်ကို ရွာသူ/သားများအား
အသိပေးခြင်းမရှိခဲ့ပါ။နားရမ်းရွာကြီးတွင်
ဦးမောင်သာညွှန့်  ဆိုသူက ယူထားပါသည်။ နားရမ်းရွာချေတွင် ဦးမောင်စိန်လှ ဆိုသူက ယူထားပြီး ကံရွာတွင်ဦးဦးသိန်းဖြူ ဆိုသူက ယူထားပါသည်။

၂။ သို ဖြစ်ပါ၍ ကျွန်တော်တို့ တင်ပြလိုသည်မှာ ကျေးရွာအုပ်စု စာရေးအနေဖြင့် ဖုန်း(၁)လုံး မယူထားသင့်ပါဟုထင်မြင်မိကြပါကြောင်း နှင့် အုပ်စုစာရေးဆိုသူသည် အစိုးရ၀န်ထမ်းဖြစ်ပြီး လွန်ခဲ့သော(၂၀၁၂)နှစ် ၊ အောက်တိုဘာအရှေ့ ပိုင်းက ၀န်ထမ်းများအား အရစ်ကျစနစ်ဖြင့် ဖုန်းများရောင်းချခဲ့စဉ်ကလည်း  ဖုန်း(၁)လုံးရယူထားပြီးဖြစ်ကြောင်း သိရပါသည်။

၃။ ကျွန်တော်တို့ နားရမ်းရွာကြီး ၊ နားရမ်းရွာချေ ၊ ကံရွာတို့ တွင် ရရှိခဲ့သော ဖုန်းများကိုလည်း မည်သို့ ၊မည်ပုံ
ခွဲဝေပေးခဲ့ သည်ကို ရွာသူ/သားများအား ပွင့်လင်းမြင်သာစွာဖြင့် မဲစနစ်အရ ၊ ရွာသူ/သားများ၏ အများဆန္ဒသဘောအရသာ ခွဲဝေပေးသင့်ပါကြောင်း တင်ပြအပ်ပါသည်။
                              
                     တင်ပြသူများ
                                                                          
၁။ ဦးသိန်းထွန်းအောင်    ( ကံရွာ )        
၂။ ဦးမောင်သောင်းစိန်     ( ကံရွာ )
၃။ ဦးအောင်ကျော်သာ( နားရမ်းရွာချေ )           ၄။ ဦးအောင်ကျော်လှ     ( နားရမ်းရွာချေ )ှ
၅။ဦးမောင်သာထွန်း(နားရမ်းရွာကြီး)               ၆။ ဦးကျော်မြစိန်     ( နားရမ်းရွာကြီး )

ပေးပို့ သူ
ဦးကျော်မြစိန်

ပြုပြင်နေသည့် အစ္စလာမ် ဘာသာရေးကျောင်းကို ပြန်လည်စိ
စစ်ရန် သံဃာ ၁၀၀ ကျော် တောင်းဆို

ပြုပြင်နေသည့် အစ္စလာမ် ဘာသာရေးကျောင်းကို ပြန်လည်စိ စစ်ရန် သံဃာ ၁၀၀ ကျော် တောင်းဆို

သင်္ကန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းရှိ “အစ္စလာမ့်လင်းရောင်ခြည်”ဘာသာရေး
ကျောင်းကို မြို့တော်စည်ပင် ခွင့်ပြုချက်ဖြင့်
ပြန်လည်ပြင်ဆင်ဆောက်လုပ်နေခြင်းအား မူလအကျယ်အဝန်း ဟုတ်၊ မဟုတ် ပြန်လည်စိစစ်ပေးရန် သံဃာအပါး ၁၂၀ ခန်
့ကသင်္ကန်းကျွန်းမြို့နယ်၊လေးထောင့်ကန်လမ်းရှိ ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးရုံးသို့ နိုဝင်ဘာ ၂၂ ရက်နေ့လည်ပိုင်းက ချီတက်တောင်းဆိုကြသည်။

ထိုအစ္စလာမ်ဘာသာရေးကျောင်းသည် လွန်ခဲ့သည့် နှစ် ၃၀ ကျော်က ၁၅ပေပတ်လည်ရှိ အကြော်တဲဖြစ်ပြီး ယခုဆောက်လုပ်နေမှုမှာ အလျား ၄၅ပေx အနံ ၈၀ပေ ဖြစ်နေသည့်အတွက်
အုပ်ချုပ်ရေးပိုင်းမှ ပြန်လည်စိစစ်ရန် သံဃာများက အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးရုံးတွင် သွားရောက်ကာ စာတင်ခဲ့ခြင်းဖြစ်သည်။

သံဃာများ၏ တောင်းဆိုသော စာထဲတွင် 'အဆောက်အဦး၏အကျယ်အဝန်းအား စုံစမ်းစစ်ဆေးရေးကော် မရှင်ဖွဲ့ပြီးစစ်ဆေး
ပေးရန်'ဟု ပါရှိရာ အရှေ့ပိုင်းအခရိုင်ဒု-အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ၎င်းတို့အနေဖြင့်ဆုံးဖြတ်မပေးနိုင်သောကြောင့် တိုင်းအစိုးရသို့ တင်ပြပေးမည်ဟု ပြောသည်။

ဦးဆောင်တောင်းဆိုခဲ့သော သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ ပညာရောင်ခြည်စာသင်တိုက်မှ ဆရာတော် ဦးပညာဇောတက
“လုပ်ထုံးလုပ်နည်းအတိုင်းတာမြစ်ပေးပါ။ ဖျက်သိမ်းသင့်ရင် ဖျက်သိမ်းပေးပါ။ အဲ့ဒါကို သူတို့ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘူး။ ဒီအတိုင်းပဲ ဆက်ပြီးတော့ ခွင့်ပြုနေမယ်ဆိုရင် ဘုန်းကြီးတို့က သံဃာထုအနေနဲ့ရော၊ လူထုအနေနဲ့ရော မကျေနပ်ချက်
တွေအများကြီးအများကြီးရှိနေတဲ့အတွက်
ကြောင့် ဆန္ဒထုတ်ဖေါ်ပွဲတွေကအစ တစ်တိုင်းတစ်ပြည်လုံးဖြစ်အောင်လုပ်ပစ်မယ်
”ဟု မိန့်သည်။

အငြင်းပွားဖွယ်ရာဖြစ်နေသည့် “အစ္စလာမ့်လင်းရောင်ခြည်”ဟု အမည်ပေးထားသော အဆိုပါ ဘာသာ ရေးကျောင်း၏ ဂေါပက ဥက္ကဋ္ဌ ဦးယာရှင်က “အခုလုပ်နေတာ ဥပဒေနဲ့နှမ်းတစ်စေ့မလွဲဘူး။ အခုတော့ ဟိုမှာ လာပြီ၊ လာပြီ ဒီမှာလာတော့မယ်ဆိုတော့ အဘတို့က ညညကျ စားမဝင်၊ အိပ်မပျော်နဲ့ အထိတ် တစ်လန့်ဖြစ်နေရတယ်။ အေးအေးချမ်းချမ်းနေချင်တာပေါ့ကွာ” ဟု ပြောသည်။

အဆိုပါ ဘာသာရေးကျောင်းသို့ ရောက်ရှိနေသည့် သင်္ကန်းကျွန်းမြို့နယ်မှ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဒေါ်စန်းစန်းမြင့်က “သူတို့လည်း ဥပဒေအရလုပ်နေတာပဲလေ။ ခွင့်ပြုချက်ပေး
တဲ့အတိုင်းဆောက်နေတာ”ဟု မှတ်ချက်ပြုသည်။

၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့်သစ်သားဖြင့်ဆောက်
လုပ်ထားသော ယင်းဘာသာရေးကျောင်း
ပျက်စီးခဲ့သဖြင့် ၂၀၁၀ ခုနှစ်အတွင်းက ခွင့်ပြုမိန့်မတင်ဘဲ ပြန်လည်ပြင်ဆင်ခဲ့ရာ မြို့တော်စည်ပင်သို့ ဒဏ်ငွေ ကျပ် ၄၈ သိန်း
ကျော် ပေးဆောင်ခဲ့ရသေးသည်။

ထို့နောက် ယခုနှစ် မေလ ၁၅ ရက်က စည်ပင်သာယာ၏ ခွင့်ပြုချက် ပြန်လည်ရရှိသဖြင့် ပြင်ဆင်ဆောက်လုပ်ခဲ့ရာမှ ယခုကဲ့သို့ ဟန့်တားခံရခြင်းဖြစ်သည်ဟု ဆိုပါ
သည်။

From : Mizzima

ရခိုင်ပြည်နယ်တွင် တစ်လလျှင် လူသတ်မှု ၁၀မှုမှ ၁၅မှုအထိဖြစ်နေ

ရခိုင်ပြည်နယ်တွင် တစ်လလျှင် လူသတ်မှု ၁၀မှုမှ ၁၅မှုအထိဖြစ်နေ

်ရခိုင်ပြည်နယ်တွင်လူသတ်မှုများမှာယခင်ရှိနေသည့် ပမာဏထက်သုံးလအတွင်း ထပ်မံတိုးလာသည်ဟု ရခိုင်ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းက နိုဝင်ဘာ ၂၀ရက်တွငိုပြောသည်။

ဇူလိုင်လအတွင်းက ပြည်နယ်ဥပဒေချုပ်၏ ပြောကြားချက်မှာတစ်လလျှင် လူသတ်မှု ၁၀ မှုခန့်ရှိခဲ့ရာမှ ယခုအခါ တစ်လလျှင် ၁၅ မ
ှုသို့ ငါးမှုထပ်တိုးလာခြင်းဖြစ်သည်။
“လူသတ်မှုသီးသန့် ၁၅မှု ကျန်တဲ့အမှုတွေလည်း ရှိသေးတယ်။ ဆူပူမှုတွေလည်း ရှိသေးပါတယ်” ဟု ဦးလှသိန်းက ဆိုသည်။

ရခိုင်ပြည်နယ်မြို့နယ် ၁၇ မြို့နယ်တွင် တစ်လျှင်လူသတ်မှုဖြစ်စဉ်များ တိုးပွားနေခြင်းမှာ ဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့်ဖြစ်ပြီး ရခိုင်နှင့် ဘင်္ဂါလီနှစ်ဖက်အဖွဲ့အစည်းများကြားတွင်သာမက ရခိုင်အချင်း ချင်းနှင့် ဘင်္ဂါလီအချင်းချင်း
ဖြစ်ပွားသည့် မှုခင်းများမှာလည်း ယခင်ကထက်ပိုများလာသည်ဟု ဦးလှသိန်း က ပြောသည်။

“ရခိုင်နဲ့ ဘင်္ဂါလီအမှုဖြစ်ရင်သာ သတင်းတွေအဖြစ် ဖြစ်ပေါ်တာ၊ အချင်းချင်းဖြစ်တဲ့အမှုလည်း ဖြစ်နေတာ ပဲ၊ အဓိကအကြောင်းရင်းကတော့ ဒီဘက်ကလူတွေ အရက်သောက်စားမှု၊ အလုပ် အကိုင်အတည်တကျ မရှိမှု၊ ပညာရေးအခံ အားနည်းမှုတွေေ
ကြာင့် ဖြစ်တယ်”ဟု ဦးလှသိန်းက သုံးသပ်သည်။

၂၀၁၁ခုနှစ် ဇွန်လတွင်းမှစတင်သော ရခိုင်ပြည်နယ်နှစ်ဖက်ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်နှစ်ဖက် အဖွဲ့အစည်းကြားတွင်
သံသယများဖြစ်ပေါ်ခဲ့ပြီး လုံခြုံမှုမရှိဟူယူဆလျက်ရှိကြောင်း ရခိုင်ပြည်နယ်ဒေသ ခံများက ပြောသည်။

အလားတူပင်သံတွဲမြို့ပဋိပက္ခဖြစ်ပွားပြီး
နောက်ပိုင်း နှစ်ဖက်အဖွဲ့အစည်းများ၏ ပေါင်းသင်းဆက်ဆံရေးမှာလည်း ပြတ်ေ
တာက်လုနီးပါးဖြစ်ပေါ်ခဲ့သည်ဟု သံတွဲမြို့အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ ကိုကျော် စိုးက ပြောသည်။
“သံတွဲဈေးမှာ အရင်ကဆိုင်ချင်းကပ်ရောင်းခဲ့တာ အိမ်ချင်းကပ်နေထိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခေါ်အပြောမရှိသလောက်
ဖြစ်သွားတယ်”ဟု ဒွါရာဝတီဈေး(သံတွဲဈေး)တွင် သံနှင့် အခြားပစ္စည်း များရောင်းချသည့် ကိုကျော်စိုးက ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က “အခုအမှုတွေတိုး လာတယ်ဆိုတာ သေချာပါတယ်။

ဘာကြောင့်လဲဆိုရင် အစွန်အဖျားဒေသတွေမှာ လူသတ်မှုတွေက အမြဲကြားနေရတယ်။ အဓိက ကတော့တရားဥပဒေစိုးမိုးဖို့ လိုတယ်
ပေါ့။ အမှုဖြစ်ရင်တရားခံကို မဖမ်းဆီး နိုင်တဲ့အမှုတွေ၊တရားခံကအခြားဒေသတွေကို လွတ်မြောက်သွားတဲ့အမှုတွေက
ရှိနေတယ်”ဆိုသည်။

ပြည်နယ်အတွင်းဖြစ်ပွားနေသည့် ယခုကိစ္စများအတွက် ပြည်နယ်လွှတ်တော်တွင်ဆွေးနွေးရန် အစီအစဉ် မရှိသေးဘဲ ပြည်နယ်
အစိုးရ၏ဆောင်ရွက်ချက်များကိုစောင့်ကြည်
့နေပြီးပဋိပက္ခများနှင့်ပတ်သက်သည့်ကိစ္စများကို ပြည်နယ်လွှတ်တော်အနေဖြင့် ဆုံးဖြတ်ခွင့်မရှိဟု ဦးအောင်မြတ်ကျော်က ပြောသည်။

From : Mizzima

ကျောက်တော်နှင့် ပေါက်တောမြို့နယ်များတွင် ကလေးငယ်နှစ်ဦး အသတ်ခံရပြီးနောက် ရခိုင်အမျိုးသမီးများ၏ ဘ၀မှာ လုံခြုံမှုမ
ရှိတော့ကြောင်း ရခိုင်အမျိုးသမီးကွန်ရက် ပြောကြား

ကျောက်တော်နှင့် ပေါက်တောမြို့နယ်များတွင် ကလေးငယ်နှစ်ဦး အသတ်ခံရပြီးနောက် ရခိုင်အမျိုးသမီးများ၏ ဘ၀မှာ လုံခြုံမှုမ ရှိတော့ကြောင်း ရခိုင်အမျိုးသမီးကွန်ရက် ပြောကြား

နိုဝင်ဘာ ၁၈ ရက်က ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပေါက်တောမြို့နယ်တို့တွင် ကလေးငယ်နှစ်ဦး အသတ်ခံရပြီး ရခိုင်အမျိုးသမီးများ၏ ဘ၀မှာ လုံခြုံမှု မရှိတော့ကြောင်း၊ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန် လိုအပ်နေကြောင်း ရခိုင် အမျိုးသမီးကွန်ရက်မှ တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

နိုဝင်ဘာ ၁၈ ရက်က ငါးနှစ်နှင့် ခြောက်နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး ပုံစံတူ လူသတ်မှုနှစ်မှု ရခိုင်ပြည်နယ် မြို့နယ်နှစ်ခုတွင် တစ်ပြိုင်တည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင် ကျေးရွာမှ ဦးရွှေအောင်နှ
င့် ဒေါ်မိုးမိုးစံတို့၏သမီး အသက်ခြောက်နှစ် အရွယ်ရှိ မ..........ပျောက်ဆုံးပြီး နောက်တစ်နေ့ နံနက်တွင် အလောင်း
အား ရွာပြင်စပါးခင်း၌ ဦးခေါင်းနှင့် ပါးတစ်ဖက်တစ်ချက်စီ၌ ဒဏ်ရာတစ်ချက်စီနှင့် မုဒိမ်းကျင့် ခံထားရသည့် လက္ခဏာများ
ဖြင့် တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းအပြင် ပေါက်တောမြို့နယ်၊ အနောက် ဖရုံဂါကျွန်း၊ စိုးမဲကျီကျေးရွာမှ အသက်
(၅) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် နိုဝင်ဘာ ၁၇ ရက်၊ တန်ဆောင်မုန်း လပြည့်ညနေ ၆နာရီခန့်တွင် ပျောက်ဆုံးခဲ့ပြီး
ရွာသားများက လိုက်လံ ရှာဖွေခဲ့ကြရာ နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် သတ်ဖြတ်မြေမြှုပ်ခြင်း ခံထား
ရသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်တွေမြို့ ရခိုင်အမျိုးသမီးများ ကွန်ရက်အဖွဲ့မှ ပြည်နယ်ကော်မတီဝင် ဒေါ်ကျော့စိန်က "
ရခိုင်ပြည်နယ်က အမျိုးသမီးတွေဟာ လက်ရှိမှာ ဘ၀လုံခြုံမှုမရှိ ဖြစ်နေတယ်။ ငါးရှာ ဟင်းခူးတောင် သွားလာ လုပ်ကိုင်စားေ
သာက်လို့ မရနိုင်တော့တဲ့ အနေအထားကို ရောက်လာတယ်။ ဒီလိုအဖြစ်မျိုးတွေ ထပ်မဖြစ်စေဖို့ ကာကွယ် စောင့်ရှောက်ပေးသင့်တယ်"ဟု ပြောကြားသည်။

ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ ဒေါ်စောမြရာဇာလင်းက "ရခိုင်ပဋိပက္ခ နောက်ပိုင်းမှာ အမျိုးသမီးတွေ ဆက်တိုက် အကြမ်းဖက်ခံလာရတယ်။ လူတွေသိတဲ့ အမှုတွေရှိသလို လူတွေမသိတဲ့ အမှုတွေရှိတယ်။ အခု လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ပေါက်တောနဲ့ ကျောက်တော်မှာ ပုံစံတူကလေးတွေ အသတ်ခံရတယ်။ အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်ကတော့ ၁၀ ခုမက ဖြစ်ပွားခဲ့တယ်။ ဒါတွေကို သက်ဆိုင်ရာက အမြန်ဆုံးဖော်ထုတ်ပေးဖို့ တောင်းဆိုပါတယ်။

တရားဥပဒေ စိုးမိုးရေးအတွက် တရားခံတွေကို ဖော်ထုတ် ဖမ်းဆီးဖို့နဲ့
ပွင့်လင်းမြင်သာစွာ တရားစီရင်မှုတွေရှိဖို့ တောင်းဆိုပါတယ်။ အခုဟာ အရွယ်ရောက် အမျိုးသမီးတွေသာ မကတော့ဘဲ လူမ
မယ် ကလေးငယ်တွေပါ တိုက်ခိုက် ခံလာရတာ ရှိပါတယ်" ဟု ပြောကြားသည်။

"ပဋိပက္ခဖြစ်တဲ့ ဒေသတွေနဲ့ စစ်ပွဲဖြစ်တဲ့ ဒေသတွေမှာ ထိခိုက်နစ်နာမှု အများဆုံးကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ ဖြစ်ပါတယ်။ အခု ရခိုင်ပဋိပက္ခကြောင့် ဒုက္ခဖြစ်သူတွေထဲမှာ အမျိုးသမီးတွေဟာ ပိုလို့ဒုက္ခရောက်ပါတယ်။

အခုဆိုရင် ရခိုင်မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံလာရတာ ဆက်တိုက် ဖြစ်လာပါတယ်။ ဒါဟာ တရားဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်ရတာဖြစ်ပြီး အမျိုးသမီးတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်အောင် လုံခြုံမှုရှိအောင် တာဝန်ရှိသူတွေက ဆောင်ရွက်ပေးဖို့ တိုက်တွန်းပါတယ်" ဟု ဒေါ်စောသီရိမွန်က ပြောကြားသည်။

From : Eleven