ကောင်းကင်က ဘုရားကို ဓာတ်ပုံရိုက်ခဲ့တယ်ဆိုတဲ့ ဓာတ်ပုံဆရာ

Sunday, July 27, 2014
အင်္ဂလန်နိုင်ငံသား အပျော်တမ်း ဓာတ်ပုံဆရာတစ်ဦး ရိုက်ကူး ခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာ ဓာတ်ပုံတစ်ပုံပါ။ အဆိုပါ စိတ်ဝင်စားဖွယ်ရာဓာတ်ပုံကို ရိုက် ကူးခဲ့တဲ့သူကတော့ အင်္ဂလန်နိုင်ငံမှာ နေ ထိုင်တဲ့ အပျော်တမ်းဓာတ်ပုံဆရာ ဂျီရီမိုင် ဖလက်ရှာ ဖြစ်ပါတယ်။
ဖလက်ရှာဟာ နောလ်ဖော့ခ်စီ ရင်စုအနီးနားရှိ ဝက်ခ်ျစ်ကမ်းခြေဒေသကို ညနေခင်း လမ်းထွက်လျှောက်ရင်း ဓာတ်ပုံ ရိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ ပင် လယ်ကမ်းခြေမှာ လမ်းလျှောက်ထွက်လာ ရင်း မိုးတိမ်တွေကြားထဲက နေရောင်ခြည် အလင်းတန်းဖြာထွက်နေတဲ့ အလှပုံကို ရိုက် ခဲ့ပြီး ဓာတ်ပုံထဲမှာ ပေါ်လာတဲ့ပုံကတော့ လူတစ်ယောက်ရဲ့ မျက်နှာနဲ့ အလွန်တူနေ လို့ သူ့ရဲ့ဖုန်းနဲ့ ထပ်ခါတလဲလဲ ရိုက်ကူးခဲ့ ပါတယ်။
ဖလက်ရှာက ''ကျွန်တော်ကမ်း ခြေဘက်ကို လမ်းလျှောက်ထွက်ရင်း ကောင်း ကင်တိမ်တွေကြားမှာ နေရောင်ခြည်အလင်း တန်းရဲ့ သဘာဝအလှကို ရိုက်ကူးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရိုက်သမျှ ဓာတ်ပုံတွေ ထဲမှာ ပေါ်လာတဲ့ပုံက လူတစ်ယောက်ရဲ့ မျက်နှာပဲ ဖြစ်နေပါတယ်''လို့ ဆိုခဲ့ပါတယ်။
အဲဒီဓာတ်ပုံဟာ အတော်လေး စိတ်ဝင်စားဖွယ် ကောင်းလှသလိုပဲ။
ဓာတ် ပုံထဲရှိ ပေါ်လာတဲ့ လူတစ်ယောက်ရဲ့ မျက် နှာကတော့ ဘုရားသခင်ရဲ့ မျက်နှာအသွင် ပြင် ဒါမှမဟုတ် စကော့တလန်မင်းသား ကြီး Sean Connery နဲ့ ဂျာမနီနိုင်ငံရဲ့စီး ပွားရေးဆိုင်ရာ အတွေးအခေါ်ပညာရှင်ကြီး Karl Marh တို့ရဲ့ မျက်နှာများတွင် ဖြစ်နိုင် ခြေအနေအထားကို နှိုင်းယှဉ်မှုတွေ ပြုလုပ် နေပါတယ်။
ပုံမှာ ဖော်ပြပေးထားတဲ့ အင်္ဂလန် နိုင်ငံသား အပျော်တမ်းဓာတ်ပုံဆရာရိုက် ကူးခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာဓာတ်ပုံနဲ့ သူ ရိုက်ယူခဲ့တဲ့ဓာတ်ပုံထဲရှိ လူတစ်ယောက်ရဲ့ မျက်နှာကို ရှုမြင်ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။
Yangon Media Group


Posted via Blogaway

SHARE THIS
Previous Post
Next Post