အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဖောက်ခွဲရေးသင်တန်းများ
ပြုလုပ်မည့် ဘင်္ဂါလီလူမျိုး (၃) ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌
ဖမ်းဆီးရမိ

အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဖောက်ခွဲရေးသင်တန်းများ ပြုလုပ်မည့် ဘင်္ဂါလီလူမျိုး (၃) ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဖမ်းဆီးရမိ

Thursday, January 30, 2014
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် အထူးစစ်ဆေးရေးနှင့်ဖောက်ခွဲရေးသင်တန်း
များ ပို့ချရန်အတွက် ပါကစ္စတန်နိုင်ငံမှ
လေကြောင်းခရီးဖြင့် လိုက်ပါလာသော ဘင်္ဂါလီလူမျိုး (၃) ဦးကို ဇန်နဝါရီ (၁၉) ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လုံခြုံရေးအထူးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသော (၃) ဦးမှာ အူဆမာန်၊ မန်မက်နှင့် ဖတ်ကရူးဟဆန် တို့ဖြစ်ပြီး အာဖဂန်နစ္စတန်အခြေစိုက် အယ်လ်ကိုင်ဒါ
တပ်ဖွဲ့တွင် အထူးတိုက်ခိုက်ရေးနှင့် ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ပြီး
(၃) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူများ
ဖြစ်ကြောင်း သိရသည်။

စစ်ကြောချက်များအရ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် မေယုခရိုင်အား TALAIBAN IN ARKAN နိုင်ငံတည်ဆောက်ရန်အတွက် မြန်မာနိုင်ငံအတွင်း တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ကာ အကြမ်းဖက်တိုက်
ခိုက်မှုများ ပြုလုပ်ရန်နှင့် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့များတွင် ဗုံးပြုလုပ်နည်း၊ လက်နက်ငယ်ပြုလုပ်နည်းများ
ကို လေ့ကျင့်သင်ကြားရန်ဖြစ်ကြောင်း၊ ခေါင်းဆောင်ဖြစ်သူ အူဆမာန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် RSO သောင်းကျန်းသူအဖွဲ့မှ ဘဏ္ဍာရေးမှူး ဘန်ဒန်အီဒရီး၏ ညီဖြစ်ပြီး ဇာတိမှာ မောင်တောမြို့နယ်သီဟိုဋ္ဌ်ကျွန်းကျေးရွာအုပ်စု ဘက္ကားဂုံးနားကျေးရွာမှဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
(Photo) BanglaNews.com
The Mirror Daily

မောင်တော ဒုချီးရားတန်းမီး ရှို့မီးဖြစ်ကြောင်း
အာဏာပိုင်များပြော

မောင်တော ဒုချီးရားတန်းမီး ရှို့မီးဖြစ်ကြောင်း အာဏာပိုင်များပြော

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာတွင် ယမန်နေ့ညနေက လောင်ခဲ့သော မီးမှာ ရှို့မီး
ဖြစ်ကြောင်း မောင်တောခရိုင် ကွပ်ကဲရေးမှူး ရဲမှူးကြီး ဦးတင်ကိုကိုက ပြောကြားသည်။

၎င်းမီးသည် ဒုချီးရားတန်း မွတ်ဆလင်
အနောက်ရွာတွင် ညနေ၈ နာရီ ၄၅ မိနစ်တွင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ညနေ  ၁၀ နာရီတွင် မီးညွှန့်ကျိုးကာ ငြိမ်းသွားခဲ့သည်ဟု သိရသည်။

ယခု မီးလောင်မူမှာ ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး ဇန်န၀ါရီလ ၁၃ ရက်နေ့က  ဒုချီးရားတန်း (အလယ်ရွာ) တွင် ဖြစ်ပွားခဲ့သောပြဿနာနှင့် ပတ်သက်ပြီး နိုင်ငံခြား သံတမန်များနှင့် ကုလသမဂ္ဂကိုယ်
စားလှယ်များအား ရှင်းလင်းပွဲ
အပြီး နာရီပိုင်းအကြာတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

မီးလောင်မူကြောင့် အိမ်ကြီး ၄လုံး အပါအ၀င် တဲသာသာသာအိမ် ၁၂ လုံး၊ စုစုပေါင်း ၁၆ လုံး မီးထဲပါသွားခဲ့သည်။ယခုမီးမှာ ရှို့မီးဖြစ်ကြောင်း ရဲမှူးကြီး ဦးတင်ကိုကိုက ယခုလို ပြောသည်။

“ မီးလောင်တယ်ဆိုတာက အိမ်ဘဲ လောင်ရမယ်။ အခု ခြံစည်းရိုး
တွေပါ တပြိုင်တည်း လောင်တယ်။ ဒါထုံးစံမရှိဘူး။ အခု မီးလောင်တာက မြောက်ဘက် အစွန်ဆုံးအိမ်၊ အိမ်ရော၊ ခြံစည်း
ရိုး တပြိုင်တည်း လောင်တယ်။ ဒါထူးဆန်းတာ တစ်ချက်။ နောက်တစ်ချက်က မီးလောင်တဲ့ နေရာက တောင်ဘက်ကို ကိုက်၂၀၀ အကွာ ရွာအလယ်မှာ  မီးထလောင်ပြန်တယ်။

အဲဒီအချိန်မှာလေကအရှေ့ကနေတိုက်နေတယ်။ ဘယ်လိုနည်းနဲ့မှ ရွာလယ်မှာ မီးထလောင်ဖို့ မဖြစ်နိုင်ဘူး။ ဒါက ဒုတိယ တချက်။ ကျွန်တော်တို့ကမီးသတ်ဖို့သွားတာ။ ခုလို ဖြစ်နေတော့ ဘယ်လိုမှ မသတ်နိုင်ဘူး” ဟု ဆိုသည်။

ယင်းပြင်မီးလောင်သောနေအိမ်များ
ထဲတွင်လည်း ထင်းပုံများကို စုပုံ၍ တွေ့ရှိရကြောင်း၊ အခြေအနေအရပ်ရပ်ကို သုံး
သပ်ပါက ရှို့မီးဖြစ်ကြောင်း ရဲမှူးကြီး ဦးတင်ကိုကိုက ပြောသည်။

ယခု အချိန်ထိ တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခြင်း မရှိသေးကြောင်း၊ ရွာထဲတွင် ရွာသား တစ်ဦးမှ မရှိဘဲ ဘင်္ဂလီ အမျိုး
သမီးကြီး တစ်ဦးကို တွေ့ရှိရသဖြင့် ဖမ်းထိန်းထားကြောင်း ရဲမှူးကြီးက ဆက် ပြောသည်။

ပုံမှန်အတိုင်း မီးလောင်ပါက အနီးအနားရှိ ဒေသခံများက ၀ိုင်းဝန်းမီးငြိမ်းသတ်လေ့ရှိပြီး ယခုမီးလောင်မူတွင် မီးလောင်နေစဉ် ရွာသား တစ်ဦးမှ မရှိဘဲ ထွက်ပြေးသွားကြသည်
ကိုထောက်ရှု့ခြင်းအားဖြင့်မီးမှာရှို့မီးဖြစ်နိုင်
ကြောင်း ပိုမို ထင်ရှားစေသည်ဟု အာဏာပိုင်များက ဆိုသည်။

မီးလောင်မူ ဖြစ်ပွားချိန်တွင် မြို့နယ် အဆင့် တာဝန်ရှိသူများ၊ မီးသတ်ဖွဲ့များ ရောက်ရှိလာပြီး မီးငြိမ်းသတ်ခဲ့ကြသည်ဟု သိရသည်။

ယခုမီးလောင်သော ဒုချီးရားတန်း အနောက်ရွာတွင် အိမ်ခြေ (၃၀) ခန့်ရှိပြီး ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း
အသတ်ခံခဲ့ရသော ဒုချီးရားတန်း (အလယ်ရွာ)မှ ၂ ဖါလုံခန့်ဝေးကြောင်း သိရှိရသည်။

ဘင်္ဂလီရွာသားများက ကိုယ်အိမ်ကိုကိုယ် မီးရှို့ကြခြင်းဖြစ်သော်လည်း အနီးအနားရှိ ရခိုင်ရွာသားများကို မဆီမဆိုင် စွပ်စွဲလာ
မည်ကို ဒေသခံများက အထူးစိုးရိမ်နေ
ကြသည်ဟု ၎င်းရွာအနီးရှိ ခရေမြိုင်ရွာ
သားများက ပြောဆိုသည်။

From : narinjara

ကျောက်တော်မြို့ သို့ ရောက်ရှိနေသော ရခိုင်မျိုးနွယ်စုဒုက္ခသည်များအတွက် မင်းပြားမြို့ နယ်မှ အသုံးအဆောင်များနှင့် ငွေကျပ်(၁၀)သိန်းခန့် လှူဒါန်းသွားမည်

ကျောက်တော်မြို့ သို့ ရောက်ရှိနေသော ရခိုင်မျိုးနွယ်စုဒုက္ခသည်များအတွက် မင်းပြားမြို့ နယ်မှ အသုံးအဆောင်များနှင့် ငွေကျပ်(၁၀)သိန်းခန့် လှူဒါန်းသွားမည်

(၂၆-၁-၂၀၁၄ ၊ လေးမြို့ ပြန်ကြားရေးသတင်းတို)

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြိုသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အခက်အခဲအမျိုးမျိုး
ကြောင့် ကူးပြောင်းဝင်ရောက်လာကြသော
ရခိုင်မျိုးနွယ်စုဝင်ဒုက္ခသည်များအတွက် မင်းပြားမြို့ နယ်ရှိစေတနာရှင်များထံမှ လူသုံးကုန်ပစ္စည်း၊အသုံးအဆောင်များနှင့် ငွေသားစုစုပေါင်း ကျပ်(၁၀)သိန်းခန့် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကူးပြောင်းရောက်ရှိလာကြသော ရခိုင်မျိုးနွယ်စုဒုက္ခသည် (၁၂၀)ဦး ၊ အိမ်ထောင်စု (၃၅)စုတို့ အတွက်
မင်းပြားမြို့နယ်၊ဒုက္ခသည်များကူညီထောက်
ပံ့ရေးကော်မတီမှ ဦးဆောင်ပြီး အလှူပစ္စည်း
များနှင့် ငွေများကို၂၀၁၄-ခု ၊ ဇန်န၀ါရီလ-၂၅ ရက်နေ့ မှ ၂၆ - ရက်နေ့ အထိ ဆော်သြ
ကောက်ခံခဲ့ရာ မင်းပြားမြို့ ပေါ်နှင့် နယ်ရှိ
စေတနာရှင်များထံမှ အ၀တ်အထည်များ ၊ အိုးခွက်ပန်းကန်များ၊ပလပ်စတိတ်(ထိုင်း)
ဖျာများ အစရှိသောလူသုံးကုန်ပစ္စည်းများနှင့် ငွေသားစုစုပေါင်း (၁၀-သိန်း)ခန့် ရရှိခဲ့ကြောင်း သိရသည်။

၎င်းကောက်ခံရရှိသော အလှူပစ္စည်းများနှင့် ငွေသားများကိုမင်းပြားမြို့နယ်၊ဒုက္ခသည်များကူညီထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိသူ
များက ကျောက်တော်မြို့ သို့ ၂၀၁၄-ခု ၊ ဇန်န၀ါရီလ-၂၇-ရက်နေ့ တွင် သွားရောက်
ကူညီ၊ထောက်ပံ့၊လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပေးပို့ သူ - အခင်ထွန်း ၊ ဓါတ်ပုံ - မင်းမြတ်ခိုင်
ရေးသားသူ - သက်ထားရွှေစင်
တင်ဆက်သူ - လေးမြို့ သတင်းမီဒီယာ

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အသတ်ခံရသည့် ဒုချီးရားတန်း ကုလားရွာအား ထောက်ပံ့ပစ္စည်းများ ပြည်ခိုင်ဖြိုးက လှူဒါန်း။ အနီးအနား ရခိုင်ရွာသားများ ကြောက်လန့်ထွက်ပြေး

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အသတ်ခံရသည့် ဒုချီးရားတန်း ကုလားရွာအား ထောက်ပံ့ပစ္စည်းများ ပြည်ခိုင်ဖြိုးက လှူဒါန်း။ အနီးအနား ရခိုင်ရွာသားများ ကြောက်လန့်ထွက်ပြေး

ပြီးခဲ့သည့် ဇွန်န၀ါရီလ (၁၃) ရက်နေ့က ကင်းလှည့်နေသာ ရဲတပ်သားများအား လုပ်ကြံတိုက်ခိုက်ကာ ရဲတပ်ကြပ်ကြီး အောင်
ကျော်သိန်းအား ဖမ်းယူသွားသည့် ဒုချီးရားတန်း ရွာသူရွာသား ကုလားများအား မောင်တောမြို့နယ် ပြည်ခိုင်ဖြိုးပါ
တီအတွင်းရေးမှူး ဦးကျွဲချေ (ခေါ်) ဦးထွန်းလှစိန် ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီဝင်များက အထောက်အပံ့ အကူအညီပစ္စည်းများ သွားရောက် လှူဒါန်းရာ၊

ကုလားများက တဖန်ပြန်လည် ထောင်လွှားမောက်မာလာသဖြင့် အနီးအနားရှိ ရခိုင်ရွာငယ်များမှ တိုင်းရင်းသားများသည် မိမိတို့ ကျေးရွာများတွင် မနေ၀ံ့တောဘဲ စွန့်ခွာထွက်ပြေးနေကြကြောင်း သိရသည်။

ယနေ့ နေ့လယ်က မောင်တောမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးကျွဲချေ (ခေါ်) ဦးထွန်းလှစိန် ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီဝင်များသည် ဒုချီးရားဒန်း ရွာသား ကုလားများအား စောင် အထည် နှစ်ရာ၊ ဆန်အိတ် တစ်ရာ၊ ဒန်ရေအိုးခွက် တစ်ရာ နှင့် ငါးခြောက် (၃၈) ပိဿာ တို့အား သွားရောက် လှူဒါန်းခဲ့သည်။

ရဲတပ်ကြပ်ကြီးကိုတောင် နှိပ်စက်ပြီး သတ်ပစ်လိုက်တာ၊ ဘာမှ မဖြစ်တဲ့အပြင် ငါတို့ကို လာပြီး မျက်နှာလုပ်နေရတယ် ဟု ဆိုပြီး အနီးအနား ရခိုင်ရွာများမှ တိုင်းရင်းသားများအား ကုလားများက ခြိမ်းခြောက် ပြောဆိုနေကြရာ၊ တိုင်းရင်းသား
များမှာ မိမိတို့နေအိမ်များကို စွန့်ခွာ၍ ပိုမို လုံခြုံမှုရှိမည်ထင်သည့် နေရာများသို့ ပြောင်းရွှေ့ထွက်ပြေးနေကြသည် ဟု ဆိုသည်။

ပြီးခဲ့သော တစ်ရက် နှစ်ရက်ခန့်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် ဒုချီးရားတန်းရွာကို ရောက်လာစဉ်က ၄င်း
၏ ပြည်ခိုင်ဖြိုးပါတီဝင်များအား ယခုကဲ့သို့ လှူဒါန်းရန် မှာကြားခဲ့သည် ဟု သိရသည်။

From : Coral Arakan News

မင်းပြားမြို့ က ဖုန်းလှိုင်းကျပ်တည်းမှုပြသနာ သက်ဆိုင်ရာမှ အမြန်ဖြေရှင်းပေးပါ (လေးမြို့ ပေးစာကဏ္ဍ)

မင်းပြားမြို့ က ဖုန်းလှိုင်းကျပ်တည်းမှုပြသနာ သက်ဆိုင်ရာမှ အမြန်ဖြေရှင်းပေးပါ (လေးမြို့ ပေးစာကဏ္ဍ)

(၂၅-၁-၂၀၁၄ ၊ လေးမြို့ ပေးစာကဏ္ဍ)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင်ဖုန်းလိုင်းတွေ သုံးစားမရတောာ့ပါ။ sim card တွေကလည်းချပေးလိုက်တာမှာ လတိုင်းလိုလိုပါပဲ။ တစ်လထက်တစ်လ လိုင်းကပိုပိုဆိုးလာနေပါတယ်၊တာဝါတိုင်ကလည်းနှစ်တိုင်ပဲရှိပါတယ်။တာဝါတိုင်ထူပေးမယ်လို့တော့ကြားပါတယ် ဘယ်တော့မှထူမလဲဆိုတာ ဘယ်သူမှအတိအကျမသိပါဘူး။ အင်တာနက်သုံးရတာလည်း စိတ်ပျက်ဖို့ကောင်းပါတယ်။ ငွေကုန်တာပဲအဖတ်တင်တယ်။ အဲဒါကြောင့် တာဝါတိုင်တွေဘယ်တော့များမှ ထူပေးကြမှာလဲ? ဘယ်တော့များမှ 3G လိုင်းသုံးလို့ရလာမလဲဆိုတာကို အထက်ကသက်ဆိုင်ရာလူကြီးတွေကို ဒီနေရာကနေအသိပေးမေးမြန်းလိုက်ရပါတယ် ခင်ဗျာ...
                                         
ပေးပို့သူ- ကိုမြတ်

စင်္ကြာမုနိဆင်းတုတော်တစ်ဆူကို မသင်္ကာဖွယ်ပင့်ဆောင်လာသည့် လူတစ်ဦးအား မင်းပြား ၊ ဓမ္မာရုံဝင်းအတွင်း ဖမ်းဆီးရမိ

စင်္ကြာမုနိဆင်းတုတော်တစ်ဆူကို မသင်္ကာဖွယ်ပင့်ဆောင်လာသည့် လူတစ်ဦးအား မင်းပြား ၊ ဓမ္မာရုံဝင်းအတွင်း ဖမ်းဆီးရမိ

(၂၄-၁-၂၀၁၄ နေ့ ၊ လေးမြို့ မှုခင်းသတင်းတို )

ယနေ့ (၂၄ ၊ ၁ ၊ ၂၀၁၄) ၊ နံနက် (၉း၀၀)နာရီ ၀န်းကျင်ခန့် က ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ် ၊ မြို့ ရောနယ်ပါဓမ္မာရုံကြီးဝင်းအတွင်းတွင် စင်္ကြာမုနိဆင်းတုတော်တစ်ဆူကို မသင်္ကာဖွယ်ပင့်ဆောင်လာသည့်
လူတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ (၂၄ ၊ ၁ ၊ ၂၀၁၄)နေ့  ၊ နံနက် (၉း၀၀)နာရီ ၀န်းကျင်ခန့် က ၊ မြို့ ရောနယ်ပါ
ဓမ္မာရုံကြီးဝင်းအတွင်း၌ မသင်္ကာဖွယ် လူတစ်ဦးသည်စင်္ကြာမုနိဆင်းတုတော်တစ်ဆူအား လာရောက်ရေဆေးကြောနေသည်ကို ဓမ္မာရုံရှိ လူအချို့ က မသင်္ကာဖွယ်တွေ့ ရှိရ၍  နီးစပ်ရာ တပ်မတော်သား(၂)ဦး ၏ အကူအညီဖြင့် ဖမ်းဆီးစစ်ဆေး၍ မေးမြန်းရာ ထိုသူသည် မင်းပြားမြို့ နယ် ၊ ပန်းဇင်းမော်ကျေးရွာမှ ဖြစ်ကြောင်းသာ သိရပြီး ဆင်းတုတော်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ
မသိရသဖြင့် မင်းပြားမြို့ နယ် ၊ ပြည်သူ့ ရဲစခန်း သို့ သွားရောက်လွှဲပြောင်း၊ အပ်နှံခဲ့ကြောင်း သိရသည်။

ထိုမသင်္ကာဖွယ်ရာ လူသည် ယခုတွေ့ ရှိရသော ဘုရားဆင်းတုတော်အား မည်သည့်ဒေသ၊အရပ်မှ မည်သို့ယူဆောင်
လာသည်ကို မသိရသေးသော်လည်း ဖေါ်ပြပါ ဆင်းတုတော်သည် ရခိုင့်ရှေးဟောင်း
ဘုရားဆင်းတုတော်တစ်ဆူုဖြစ်နိုင်ကြောင်း မင်းပြားမြို့ သူ၊မြို့ သားတချို့ က ထင်ကြေးပေးပြောဆိုနေကြကြောင်း
သိရသည်။

ပေးပို့ သူ - ကိုသိန်း
ရေးသူ - မင်းမြတ်ခိုင်
တင်ဆက်သူ - လေးမြို့ သတင်းမီဒီယာ

Arakkha Foundation ၏ နာယကဆရာတော် Dr.အရှင် နာယက ၏ မင်းပြားမြို့ခရီးစဉ်

Arakkha Foundation ၏ နာယကဆရာတော် Dr.အရှင် နာယက ၏ မင်းပြားမြို့ခရီးစဉ်


ပြည်တွင်ပြည်ပရှိ စွမ်းအားပြည့် ရခိုင်ဆရာတော်ကြီးများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် Arakkha Foundation၏နာယကဆရာတော်တစ်ပါး
ဖြစ်သည့်Dr.အရှင် နာယက(USA)ဆရာတော် အရှင်သူမြတ်သည် ၂၀-၁-၂၀၁၄ နေ့ ညနေပိုင်းတွင် မင်းပြားမြို့သို့ရောက်ရှိပြီး

ညနေ ၆ နာရီအချိန်တွင် ရဟန်းသံဃာတော်များ/မြို့မိမြို့ဖများ/လူမှုအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ/တက်ရောက်လာသော စိတ်ပါဝင်စားသူများ/ArakkhaFoundationမှသင်တန်းဆင်းပြီး
သော သင်တန်းသား/သူများနှင့် Public Centre, Minbya တွင်တွေ့ဆုံပြီး
မင်းပြားမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော မိသားစုများမှ ပညာမသင်ကြားနိုင်သော ကလေးငယ်များအားပညာဆက်လက်သင
်ကြားနိုင်ရေးအတွက် မင်းပြားမြို့တွင် Arakkha Foundation (ခွဲ)တစ်ခုဖွင့်လှစ်ပြီး အခမဲ့ ပညာဆက်လက်သင်ကြားပေးနိုင်ရန် တက်ရောက်လာကြသူများနှင့်တွေ့ဆုံဆွေး
နွေးခဲ့ကြောင်း သိရသည်။

၂၁-၁-၂၀၁၄ နေ့တွင် မင်းပြားမြို့ရှိ အခမဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ သွားရောက်လေ့လာပြီးအလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Credit to : Kyaw San @ Facebook

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ မောင်တောမြို့နယ်သို့ ရောက်ရှိ စစ်ဆေး

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ မောင်တောမြို့နယ်သို့ ရောက်ရှိ စစ်ဆေး


ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ဦးမောင်စန်ရွှေ (စီမံဘဏ္ဍ ဝန်ကြီး)၊ ဦး
ကျော်သိန်း(သစ်တော၊ သတ္တုဝန်ကြီး)၊ ဦးကျော်ယဉ်ဦး (ပြည်နယ် လဝကမှူး)၊ ပညာ
ရေးဌာန၊ ကျန်းမာရေးဌာန၊ OCHA (ကုလသမဂ္ဂ လူသားချင်း စာနာမှု
ဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူး) Barbara Babista၊ UNHCRဌာနေ ကိုယ်စားလှယ် Roka Koda၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး တို့သည် ဘူးသီးတောင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် DR. ဘော်ရှီး အာမက်၊ မောင်တော ပြည်နယ်လွှတ်တော်ကိုယ်စား
လှယ် ဦးအောင်မျိုးမင်းတို့နှင့်အတူ ဇန်န၀ါရီလ ၂၂ရက်နေ့ (၁၅:၀၀)နာရီ
အချိန်တွင် ခရေမြိုင်ကျေးရွာသို့ ရောက်ရှိ၍ ကျေးရွာပြည်သူများ နှင့်တွေ့ဆုံခဲ့
ကြောင်းသိရသည်။

ယင်းမှ တဆင့် ၀န်ကြီးချုပ်နှင့်အဖွဲ့သည် ဂေါ်ဒူသာရကျေးရွာသို့ ရောက်ရှိပြီး၊ ဒူချီရာ
တန်ကျေးရွာမှ ရှောင်တိမ်းရောက်ရှိနေသည့် ကျေးရွာ သားများအားမေးမြန်းရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း၊ Dr. ဘော်ရှီးအာမက်၊ UNHCR၊ OCHA ကိုယ်စားလှယ်တို့မှ
တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ပြီး၊စစ်ဆေးမေး
မြန်းမှုများနှင့်ပါတ်သတ်ပြီး ရဲမှူးချုပ်ဦးကိုကိုနိုင်မှ ပြန်လည်ဖြေရှင်းပေး ခဲ့ကြောင်းသိရသည်။

ယင်းအပြင်ဂေါ်ဒူသာရကျေးရွာမှ မော်လ၀ီဆရာမှလည်း လူသတ်သည်ကို မတွေ့ရကြောင်း ပြောဆိုခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ဒူချီရာတန်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး၊ ရဲတပ်ကြပ်ကြီးနှင့် အဖွဲ့ ကင်းလှည့်ရာမှ စတင် ဖြစ်ပွားရာနေရာ၊ ရဲတပ်ကြပ်ကြီး၏ အဝတ် အစား များကို တွေ့ရှိရာ ဗလီနောက်ဖက် အမှိုက်ကျင်းနေရာ များသို့ သွားရောက်စစ်ဆေးခဲ့ပြီး
ညပိုင်းတွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ရုံးခန်း တွင် ဖြစ်စဉ်နှင့် ပက်သက်၍
OCHA နှင့် UNHCR တို့မှ သိလို သည်များ ကို မေးမြန်းခဲ့မှုအား ရဲမှူးချုပ်တင်ကိုကို
၊ ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး နေမျိုး တို့မှ ပြန်လည် ရှင်းလင်းခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ပြီးပြည်နယ် ဝန်ကြီးချုပ်မှ ယခုဖြစ်စဉ်တွင် အဓိကကျသည့် တရားခံဖေါ် ထုတ်နိုင်ရေး၊ ပျောက်ဆုံး ရဲတပ်ကြပ်ကြီးနှင့် လက်နက်ပြန်လည် ရရှိရေးအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရေးနှင့် ယနေ့ နိုင်ငံခြား သတင်းဌာနများမှထုတ်လွှင့်နေသည့် ရခိုင်တိုင်းရင်းသားများကသတ်ဖြတ်နေသည်ဆိုသည်မှာ လုံးဝ မဟုတ်ကြောင်း၊ လက်တွေ့ ရွာအထိ မိမိဌာနဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ လွန်ခဲ့သည့် တစ်ပတ်ခန့်က ဖြစ်ပွားခဲ့သည့် ကိစ္စရပ် ကိုလည်း သိရှိရ၍ ရောက်ရှိလာခြင်း ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့မှ လည်း ဒူချီရာတင်ရွာရှိ ပစ္စည်းများ မပျောက်ပျက်ရေး အတွက် လုံခြုံရေးများ ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် လိုအပ် ချက်များကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

ရခိုင်ပြည်နယ် သတင်းဂျာနယ်

သွေးနဲ့ ရေးသည့် မြေ

သွေးနဲ့ ရေးသည့် မြေ

(လေးမြို့ ကဗျာကဏ္ဍ)

သွေးနဲ့ ရေးသည့် မြေ
---------------------------------------
သည်မြေမှာ မွေး
သည်မြေမှာ ကြီးခဲ့ကြတဲ့ လူတွေ
သည်မြေသမိုင်း မရိုင်းဖို့ 
စုပေါင်းကာကွယ်ခဲ့ကြတယ် …. ။

သည်မြေမှာ ……
ခေတ်အဆက်ဆက်
တံခါးတစ်ချက် မကျိုးပျက်ဖို့ အရေး
ညီညွှတ်ခြင်း လက်တွေနဲ့ 
သွေးလည်းထက် ဓါးလည်းထက်ခဲ့ကြပြီလေ ….။

သည်မြေဟာ
မျိုးဆက်တိုင်းရဲ့ သမိုင်းမှာ
မြေတစ်လက်မ ပါမသွားဖို့ အရေး
အသက်တွေ စတေး
သွေးပေါင်းများစွာလည်း ပေးခဲ့ -
ပေးဆဲ - ပေးနေရအုံးမယ့် ..
“သွေးနဲ့ ရေးသည့် မြေပေါ့” …။

သျှင်းသန့် (ပုဏ္ဍားကျွန်း )

ဝေဟင်အောင် ရေးသားသည့် ``သွေးနဲ့ ရေးသည့် မြေ´´ စာအုပ်မှ ထုတ်နုတ်ဖေါ်ပြ
ခြင်း ဖြစ်ပါသည်။

ဘင်္ဂါလီများ ဖမ်းသွားသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အား ယခုထက်ထိပြန်
မရသေး

ဘင်္ဂါလီများ ဖမ်းသွားသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အား ယခုထက်ထိပြန် မရသေး

ဇန်နဝါရီ ၁၃ ရက် မောင်တောမြို့နယ် ဒုချီးရာတန်း(ကုလားရွာ)တွင် ကုလားများ
က အကြောင်းမဲ့ တိုက်ခိုက် ကာ ဖမ်းဆီးခေါ်ဆောင်သွားသော ရဲတပ်ကြပ်ကြီး
အောင်ကျော်သိန်း နှင့် ၄င်းနှင့် အတူပါသွား
သည့် အမ်(၂၂) မောင်းပြန်သေနတ်တစ်လက်
တို့ကိုပြန်မရသေးကြောင်းမောင်တောမြို့နယ်မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရဲတပ်ကြပ်ကြီးအား တိုက်ခိုက်ဖမ်းဆီးမှုနှင့် ဆက်စပ်သံသယရှိသူ ရှစ်ဦးကို ဖမ်းဆီးထား
သည် ဟု ဆိုသည်။ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ငါးဦးသည် ကျေးရွာအုပ်ချုပ်ရေးစာရေး ဦးသန်းထွန်းဦးနှင့် ဆယ်အိမ်မှူး ဦးအောင်သန်း၊ ဦးမောင်သိန်းလှ တို့နှင့်အတူ လှည့်ကင်းဆောင်ရွက်ကြရာတွင် ည ၉ နာရီခွဲ၌ ကင်းချောင်း(ရခိုင်ရွာ)မှတစ်ဆင့် ဒုချီးရာတန်း(ဘင်္ဂါလီရွာ)သို့ ရောက်ရှိခဲ့ရာ ရွာဝင်ဝတွင် မီးလှုံနေသော ဘင်္ဂါလီကုလားများ က မေးမြန်းသဖြင့် မိမိတို့မှာ ကင်းလှည့်လာ
သော ရဲများဖြစ်ကြောင်း ပြောပြပြီး

ကုလားများ မြင်သာအောင် မိမိတို့ ၀တ်ဆင်ထားသော ယူနီဖောင်းများကို လက်နှိပ်ဓါတ်မီးဖြင့် ထိုးပြရာ ၊ ကုလားအချို့ ရွာထဲသို့ ၀င်သွားပြီးနောက် တုတ်ဓါးများ ကိုင်ဆောင် ထားသောကုလားများက ရွာဝမှ ထွက်လာကာ သူခိုး သူခိုး ၊ ဓါးပြ ဓါးပြ ဟု လူအင်အားဖြင့် ညာသံပေးလိုက်သဖြင့် ဆုတ်ခွာလာစဉ် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ အမ်
(၂၂)မောင်းပြန် သေနတ်တစ်လက်လည်း အတူ ရွာထဲတွင် ပိတ်မိ၍ ကျန်ခဲ့ခြင်းဖြစ်သည်။

ပျောက်ဆုံးနေသည့် ရဲတပ်ကြပ်အား ရှာမတွေ့ သေးသော်လည်း သူ၏အဝတ်အစား အပို
င်းအစအချို့ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

“တချို့ မီဒီယာတွေမှာ ရေးသားသလို မြန်မာအစိုးရ တပ်တွေနဲ့ ရခိုင်ရွာသားတွေက မောင်တောမြို့နယ်ထဲက ဘင်္ဂါလီတွေကို သတ်နေတာ၊ ဘင်္ဂါလီ အမျိုးသမီးတွေကို
မုဒိမ်းကျင့်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတာက ဇန်နဝါရီ ၁၃ ရက် ညဘက်ကင်းလှည့်ရင်း ဘင်္ဂါလီရွာထဲမှာ အသတ်ခံရပြီလို့ ယူဆနေတဲ့ အခုထိ ရှာမတွေ့သေးတဲ့ ရဲတစ်ယောက်ကို စုံစမ်းနေ
ခြင်း ဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ဖြေကြားထားသည်။

ဓါတ်ပုံ - အသတ်ခံရပြီ ဟု ယူဆရသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း

From : Coral Arakan News

ဇီးပင်ကြီးဆရာတော်ဘုရားကြီး၏ ငွေပဒေသာ မတည်ရန်ပုံငွေဖြင့် နှစ်စဉ်ကျင်းပနေမြဲ
ဖြစ်သော ကျောင်းသားအားကစားပွဲတော်အား ယခုနှစ်တွင်လည်း အ.ထ.က(ခွဲ) မင်းရွာတွင် 
အစဉ်အလာမပျက်ကျင်းပ

ဇီးပင်ကြီးဆရာတော်ဘုရားကြီး၏ ငွေပဒေသာ မတည်ရန်ပုံငွေဖြင့် နှစ်စဉ်ကျင်းပနေမြဲ ဖြစ်သော ကျောင်းသားအားကစားပွဲတော်အား ယခုနှစ်တွင်လည်း အ.ထ.က(ခွဲ) မင်းရွာတွင် အစဉ်အလာမပျက်ကျင်းပ


(၁၈-၁-၂၀၁၄ ၊ လေးမြို့ ပညာရေးသတင်းတို)

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ် ၊ အ၀ရွာအုပ်စု ၊ အ.ထ.က(ခွဲ) မင်းရွာတွင် ဇီးပင်ကြီး
ဆရာတော်(ကုသိနာရုံဆရာတော်)ဘုရားကြီး၏ ငွေပဒေသာမတည်ရန်ပုံငွေဖြင့် နှစ်စဉ်ကျင်းပနေမြဲ ဖြစ်သော ကျောင်းသား
အားကစားပွဲတော်အား ယခုနှစ်တွင်လည်း အစဉ်အလာမပျက်ကျင်းပနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ၊ ဗုဒ္ဓဂါယာရှိ ၊ ကုသိနာရုံကျောင်း
တိုက်မှ ကျောင်းထိုင်ဆရာတော်ဘုရားကြီး ရှင်ဥာဏိသာရ၏ငွေပဒေသာမတည်ရန်ပုံငွေ
ဖြင့်ပြုလုပ်ကျင်းပသောကျောင်းသားအား
ကစားပွဲတော်၏ဖွင့်ပွဲအခမ်းအနားကို 
ယနေ့ (၁၈၊၁၊၂၀၁၄ )နေ့ ၊ နံနက်(၉)နာရီ
ခန့် က အ.ထ.က(ခွဲ)မင်းရွာ၏ ကျောင်းပိုင်ဘောလုံးကွင်း၌စတင်
ကျင်းပဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား
သို့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှုးများ ၊
သက်ဆိုင်ရာကျောင်းအသီးသီးမှ ကျောင်းအုပ်များ ၊ ဆရာ/မများ ၊ ကျောင်းသား၊သူများ ၊ မိဘအုပ်ထိန်းသူများ
အပါအ၀င် ရွာသူရွာသားများ စုပေါင်း
တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် မင်းရွာ ၊ ဇီးပင်ကြီး ၊ မြစ်နား ၊ အ၀ရွာ ၊ ခွဆုံ ၊ ဖားပြို(ရခိုင်) ၊ ဖေသာပြင် ၊ ကြက်ယက်
အပါအ၀င် အ၀ရွာအုပ်စုမှ ကျောင်းပေါင်း (၁၀) ကျောင်းခန့်  ပါဝင်ခဲ့ကြောင်းသိရပြီး ဘောလုံး ၊ ပိုက်ကျော်ခြင်း ၊ တာတိုပြေးပွဲ အပါအ၀င် အားကစားအမျိုးအစားပေါင်း(၅)မျိုးကိုထည့်သွင်းကျင်းပထားကြောင်း ပွဲတော်ဖြစ်မြောက်
ရေးတာဝန်ရှိသူတစ်ဦးက လေးမြို့ သို့ ပြောကြားသည်။

ယခုအခါ အားကစားပြိုင်ပွဲများအပြင် စာပေပြိုင်ပွဲများကိုပါ တစ်ဆက်တည်းကျင်းပလျှက်ရှိကြောင်း သိရပြီးဒေသတွင်းအထူးစည်ကားသော အားကစားပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ အ.ထ.က (ခွဲ)ကျောင်းသည်
ရာမောင်သားများအတွက် အနာဂတ်မျိုးဆက်သစ်များ အစဉ်တဆက်
မွေးထုတ်ပေးနေသောကျောင်းတစ်ကျောင်း
ဖြစ်ပြီး ယခုကဲသို့ အားကစားပွဲတော်များ ၊ စာပေပြိုင်ပွဲများ ပြုလုပ်ကျင်းပပေးခြင်းဖြင့်
ကျောင်းသား၊သူများ၏ ကျန်းမာကြံ့ ခိုင်ရေး ၊ ဥာဏ်ရည်ဖွံ့ ဖြိုးရေးနှင့် ပေါင်းသင်းဆက်ဆံ
ရေးတို့ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။

ပေးပို့ သူ - ဆရာမြတ်စိုး
ရေးသားသူ - သက်ထားရွှေစင်
တင်ဆက်သူ - လေးမြို့ သတင်းမီဒီယာ

နေပူတောင် အလှဆင်ကျောက်ပြားထုတ်လုပ်ရန် တောင်
ကုတ်တွင် စက်ရုံတည်မည် ဟု ဆို

နေပူတောင် အလှဆင်ကျောက်ပြားထုတ်လုပ်ရန် တောင် ကုတ်တွင် စက်ရုံတည်မည် ဟု ဆို


တောင်ကုတ်မြို့နယ် နေပူတောင်မှ အလှဆင်ကျောက်ပြားများ ထုတ်လုပ်ရန် ဒေသတွင်း စက်ရုံတည်ဆောက်မည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ယမန်နေ့က ပြောကြားခဲ့သည်ဟု ဇွန်န၀ါရီလ (၁၇) ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖေါ်ပြထားသည်။

တောက်ကုတ်မြို့၌ မာဘယ်လ်ကျောက်ပြား ကုန်ချောထုတ် စက်ရုံ တည်ဆောက်ရန် အစီအစဉ် ရှိ/မရှိ ကို ဇန်န၀ါရီလ ၁၆ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရသေ့တောင်-ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်က မေးမြန်းရာ၊ တည်ဆောက်ပြီး ထုတ်လုပ်သွားရန် အစီအစဉ် ရှိကြောင်း ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ဖြေကြားသွားသည်ဟု ဖော်ပြထားသည်။

From : Coral Arakan News