မင်းပြားမြို့ နယ်အတွင်း INGO အမည်ခံ ဘင်္ဂလီဘက်လိုက်အဖွဲ့ အစည်းများအား လုံးဝအလိုမရှိကြောင်း
ဒေသခံလူထုက ယနေ့ မင်းပြားတွင် ဆန္ဒထုတ်ဖေါ်

မင်းပြားမြို့ နယ်အတွင်း INGO အမည်ခံ ဘင်္ဂလီဘက်လိုက်အဖွဲ့ အစည်းများအား လုံးဝအလိုမရှိကြောင်း ဒေသခံလူထုက ယနေ့ မင်းပြားတွင် ဆန္ဒထုတ်ဖေါ်

(၁၂-၂-၂၀၁၄ ၊ လေးမြို့ ဒေသတွင်းသတင်းတို)

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ်အတွင်းရှိ INGO အမည်ခံ ဘင်္ဂလီဘက်လိုက်အဖွဲ့ အစည်းများအား ဒေသခံလူထုက လုံးဝအလိုမရှိကြောင်း ဆန္ဒထုတ်ဖေါ်ပွဲကို ယနေ့ မင်းပြားတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း
သိရသည်။

ယနေ့ ကျင်းပသော အဆိုပါဆန္ဒထုတ်ဖေါ်ပွဲကို မင်းပြားမြို့ နယ် ၊ လူမှုကွန်ယက်အသင်းမှ ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရပြီး ရဟန်း ၊သင်္ဃာများ ၊ မြို့ မိ၊ မြို့ ဘများ ၊ လူမှုအဖွဲ့ အစည်းများ ၊လူကြီး၊လူငယ်အပါအ၀င် လူပေါင်း (၃၀၀၀)ကျော်ခန့် က ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖေါ်ပွဲကို ယနေ့ (၁၂၊၂၊၂၀၁၄
)နေ့ ၊ နေ့ လည်(၁)နာရီခန့် တွင် မင်းပြားမြို့ နယ်၊မြို့ နယ်ဓမ္မာရုံကြီးမှ ရုံးတက်လမ်းအတိုင်း စတင်ချီတက်လမ်းလျှောက်၍ ရုံးတက်လမ်းမှ စွန်ရဲလမ်း၊စွန်ရဲလမ်းမှ အလောင်းစည်သူလမ်း ၊ အလောင်းစည်သူလမ်းမှ ဦးကျော်ဦးလမ်း ၊ ဦးကျော်ဦးလမ်းမှ အောင်သစ္စာလမ်း ၊ အောင်သစ္စာလမ်းမှ မြောင်းဘွေလမ်း ၊ မြောင်းဘွေလမ်းမှ ကျိန်းဒုံးညိုလမ်း ၊
ကျိန်းဒုံးညိုလမ်းမှ ကမ်းနားလမ်းအတိုင်း ကြွေးကြော်ချီတက်လာခဲ့ကြပြီး ဓမ္မာရုံကြီး၌ပင် ပြန်ဆုံကာ လူစုခွဲသွားခဲ့ကြကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖေါ်ပွဲတွင်

၁။ ၁၉၈၂ ခုနှစ် ၊ နိုင်ငံသားဥပဒေကို အမြန်ဆုံးအကောင်အထည်ဖေါ်ပေးရေး။
၂။ White Card ကိုင်ဆောင်ထားသည့် တရားမ၀င်၊ခိုးဝင်ဘင်္ဂလီများ မဲပေးခွင့်ကို တားမြစ်ပေးရေး။
၃။ ဒေသတွင်း တည်ငြိမ်၊အေးချမ်းရေးနှင့် လုံခြုံရေးအတွက် တာဝန်ယူဆောင်နေကြသော
ပြည်သူ့ ရဲတပ်ဖွဲ့ ဝင်များအား ခေတ်မီလက်နက်များ တပ်ဆင်ဖြည့်စွက်ပေးရေး။
၎။ ဘင်္ဂလီဘက်လိုက် နိုင်ငံများအနေဖြင့် မဆီမဆိုင်သော ပြည်တွင်းရေးဝင်ရောက် ၊ စွက်ဖက်မှုအား
ရပ်တန့် ရေး။
၅။ INGO အမည်ခံပြီး ဒေသခံတိုင်းရင်းသားများနှင့် ခိုးဝင်ဘင်္ဂလီတို့ အကြား မျှတမှုမရှိဘဲ ဘင်္ဂလီသီးသန့် 
ခွဲခြား၊ဆက်ဆံအကူအညီပေး၊ သွေးထိုးလှုံဆော်၊မြှောက်ပင့်ပေးနေကြသော အဖွဲ့ အစည်းများအနေဖြင့်
မင်းပြားမြို့ နယ်မှ အမြန်ဆုံးထွက်ခွာပေးရေး။
၆။ ကုန်းလမ်းသွားလာရေးကို အမျိုးမျိုးအနှောင့်အယှက်ပေးနေကြသော မင်းပြား-စစ်တွေကားလမ်းတလျှောက်
ရှိ ဘင်္ဂလီအကြမ်းဖက်ရွာများအား တခြားတစ်နေရာရာသို့ ရွှေ့ ပြောင်းပေးတို့ ကို ကြွေးကြော်၊တောင်းဆို၊ဆန္ဒ
ထုတ်ဖေါ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖေါ်ပွဲသည် ဒီမိုကရေစီခေတ်ဦးပိုင်းကာလအတွင်း မင်းပြားမြို့ နယ်အတွင်းတတိယ
အကြိမ်မြောက် ဆန္ဒထုတ်ဖေါ်ပွဲကြီးဖြစ်ပြီး သက်ဆိုင်ရာထံမှ တရားဝင်ခွင့်ပြုချက် ရရှိထားခဲ့ကြောင်းလည်း သိရသည်။

ပေးပို့ သူ - မင်းမြတ်ခိုင် ၊ ဓါတ်ပုံ - မိုးစက် ၊ ရေးသားသူ - သက်ထားရွှေစင် ၊
တင်ဆက်သူ - လေးမြို့ သတင်းမီဒီယာ

မလေးရှားတွင် ဦးအေးသာအော
င်နဲ့ ဒေါက်တာအေးမောင်ကို လုပ်ကြံဖို့ကြိုးစားခဲ့ကြောင်း သိရ

မလေးရှားတွင် ဦးအေးသာအော င်နဲ့ ဒေါက်တာအေးမောင်ကို လုပ်ကြံဖို့ကြိုးစားခဲ့ကြောင်း သိရ


မလေးရှားနိုင်ငံကို ခေတ္တ ရောက်ရှိနေကြတဲ့ ရခိုင်အမျိုးသား ခေါင်းဆောင် (၂) ဦးဖြစ်တဲ့
ဦးအေးသာအောင်နဲ့ ဒေါက်တာ အေးမောင်
တို့ကိုဒီကနေ့လုပ်ကြံဖို့ကြိုးစားခဲ့ကြတယ်လို
့ သက်ဆိုင်ရာ ပါတီ တာဝန်ရှိသူတွေက တဆင့် သိရပါတယ်။

လုပ်ကြံသူတွေဟာ ဆိုင်ကယ်တစ်စီးနဲ့ ကားတစ်စီးပေါ်ကနေ ကားနဲ့ သွားနေတဲ့ ခေါင်းဆောင် (၂) ဦးကို သေနတ်နဲ့ ၂ ချက်ပစ်ပြီး ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ခုလို လုပ်ကြံပေမယ့် ခေါင်းဆောင် (၂) ဦးမှာ
တော့ တစ်စုံတစ်ရာထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဘဲအသက်ဘေ:ကလွှတ်မြောက်ခဲ့ကြတယ်လို့ သိရပါတယ်။

From ..: Narinjara

ဘူးသီးတောင် အမတ် ဦးရွှေမောင်ကို ပြည်ထဲရေးက စုံစမ်းစစ်ဆေးနေ

ဘူးသီးတောင် အမတ် ဦးရွှေမောင်ကို ပြည်ထဲရေးက စုံစမ်းစစ်ဆေးနေ

အာဏာရ ကြံ့ခိုင်ရေးပါတီ အမတ်တဦးဖြစ်တဲ့ ဘူးသီးတောင် မြို့နယ် ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ် ဦးရွှေမောင် ဟာ မကြာသေးခင်က မောင်းတောမြို့ ဒု
ချီးရားတန်းကျေးရွာ မီးလောင်မှု ကိစ္စ ရဲတပ်ဖွဲ့က စတင် မီးရှို့ခဲ့တယ်လို့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရုပ်/သံမှာ မှတ်ချက်ပေးခဲ့လို့ စစ်ဆေးခံရပါပြီ။

ပဋိပက္ခဖြစ်ပြီးစ ဒုချီးရားတန်းရွာ မီးလောင်မှုဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ရဲ့ ထိမ်းသိမ်း
ကွပ်ကွဲမှု အောက်ရှိနေတာဖြစ်
ပြီး အဲဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့မှာ တာဝန်ရှိတယ်လို့ ပြောခဲ့တာရယ်၊ သူ
့ ကို သတင်းပေးသူတွေ က ရဲတပ်ဖွဲ့က စတင်မီးရှို့ခဲ့တယ်လို့ သူက သတင်းဌာနကို ပြောခဲ့ပြီးတာကြောင့် ပြည်ထဲရေး ဝန်ကြီး ဌာန က မနေ့က ခေါ်ယူစစ် ဆေးတာပါ။

သမ္မတ ဦးသိန်းစိန်က ကြံ့ခိုင်ရေး အမတ် ဦးရွှေမောင်ကို ဥပဒေကြောင်းအရ စုံစမ်း
စစ်ဆေး မေးမြန်းဖို့ ပါတီအကြီးအကဲလည်းဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဆီကို ခွင့်ပြုပေးဖို့ စာပို့ခဲ့အပြီး ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းအောင် မမှန်သတင်း
ပြောဆိုမှုနဲ့ ပတ်သက်ပြီး စစ်ဆေး မေးမြန်းမှုကို မနေ့က ညနေ ၄ နာရီက နေပြည်တော်က ကြံ့ခိုင်ရေးပါတီ ဋ္ဌာနချုပ်မှာ စတင်ခဲ့တာပါ။

From : ဧရာဝတီ

စစ်တွေတွင် ပြည်သူ ၅၀၀၀ ခန့်က White card ကိုင်ဆောင်သူများကို ၂၀၁၅ ခုနှစ်တွင် မဲပေးခွင့်မပြုရန် ဆန္ဒဖေါ်ထုတ်

စစ်တွေတွင် ပြည်သူ ၅၀၀၀ ခန့်က White card ကိုင်ဆောင်သူများကို ၂၀၁၅ ခုနှစ်တွင် မဲပေးခွင့်မပြုရန် ဆန္ဒဖေါ်ထုတ်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူပေါင်း ၅၀၀၀ ခန့်က အဖြူရောင် White card (၀ိုက်ကဒ်) ကိုင်ဆောင်သူများကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရွှေးကောက်ခံပိုင်ခွင့်နှင့် မဲပေးခွင့်မပြုရန် ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့ လမ်းမများပေါ်တွင် ချီတက်ကာ ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဆန္ဒထုတ်ဖော်ပွဲကို ယနေ့နေလည် ၁ နာရီတွင် စတင်ခဲ့ပြီး ဆရာတော် ဦးဥတ္တမပန်းခြံမှ မြို့လယ်ရှိဝင်္ကဘာကွင်းသို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ရခြင်းမှာ ၂၀၁၅ ခုနှစ်တွင် အဖြူရောင် White Card ကိုင်ဆောင်ထားသူများကို မဲပေးခွင့်နှင့် အရွှေးခံပိုင်ခွင့် မပြုရန် အတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးဆောင်သူ ရခိုင်အမျိုးသမီး ကွန်ရက်မှ ဒေါ်ညိုအေးက ပြောသည်။

“ အဓိကတော့ White card ကိုင်ဆောင်ထားတဲ့ တရားမ၀င် နေထိုင်သူတွေကို ၂၀၁၅ ရွှေးကောက်ပွဲမှာ အရွှေးခံခွင့်နဲ့ မဲပေးခွင့်မပြုဖို့၊ ၁၉၈၂
ခုနှစ်နိုင်ငံသား ဥပဒေကို လွတ်တော်က အမြန်ဆုံးအကောင် အထည်ဖော်ပြီး ဆောင်ရွက် ပေးဖို့စတဲ့ အချက်တွေ အပါအ၀င် အချက် ၇ချက်နဲ့ တောင်း
ဆို ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဆန္ဒထုတ်ဖော်သူများ တောင်းဆိုသော
အခြား အချက် (၅) ချက်ထဲတွင် ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များကို ခေတ်မီလက်နက်များ အစာထိုး တပ်ဆင်ပေး
ရန်၊ ဒေသခံပြည်သူများ လုံခြုံရေးကို တာဝန်ယူရန်၊ အဖြူရောင် ကဒ်များ တရားမ၀င်ကြောင်း အစိုးရမှ ကျေညာရန်၊ AZG (MSF) ၇ ရက် အတွင်း ဒေသအတွင်းမှ ထွက်သွားရန် ဆိုသည့် အချက်များကို
တောင်းဆို ခဲ့ကြသည်ဟု သူမက ဆိုသည်။

ဆန္ဒပြသူများသည် ဘင်္ဂလီဘက်လိုက် နိုင်ငံများကိုအလိုမရှိ၊ ဘင်္ဂလီဘက်လိုက် UN အဖွဲ့ကို အလိုမရှိဟု ဆိုကာ ကြွေးကြော် ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ရခိုင်လူမှုကွန်ယက်နှင့်
တခြားလူမှုအဖွဲ့အစည်းများနှင့် မြို့သူ မြို့သားများက ပူးပေါင်းပြုလုပ်ခြင်း ဖြစ်သည်။
UNအပါအ၀င်နိုင်ငံတကာဖွဲ့အစည်းများအ
နေဖြင့်စစ်တွေမြို့ခံများတောင်းဆိုထားသည့်အတိုင်း၇ရက်အတွင်းတစုံတရာလုပ်ဆောင်မှုမရှိပါက ဥပဒေဘောင်အတွင်းမှ လူထုအားဖြင့်ဆက်လက် တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်းလည်း ဒေါ်ညိုအေး
ကပြောသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် White card ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုထား
သည့်အတွက် ရခိုင် ပြည်နယ်နှင့် ရခိုင်ပြည်သူများအတွက်နစ်နာမှုများရှိနေ
ကြောင်းလည်း ဒေါ်ညိုအေးက ယ
ခုကဲ့သို့ ပြောသည်။

“White card ကိုင်ဆောင်ထားတဲ့ ဘင်္ဂလီတွေကို မဲပေးခွင့်ပေးထားတဲ့အတွက် White card အတုတွေဖောင်း ပွလာတယ်။ တစ်ဘက်က ခိုးဝင်သူတွေများလာတယ်။ ဒါကြောင့် ကျမတို့က White card တွေကို တရားမ၀င်ဘူးလို့ အစိုးရကထုတ်ပြန်
ပေးဖို့လည်း ကျမတို့ တောင်းဆိုထားပါ
တယ်။”

မောင်တောမြို့တွင်လည်း သတင်းမှားများ
ထုတ်ပြန်သည့် ယူအန်နှင့်အိုင်အန်ဂျီအိုများကို ကန့်ကွက်သည့် လူထုဆန္ဒထုတ်ဖော် ပြုလုပ်ရန်စီစဉ်ထားသော်လည်း ဒုသမ္မတ ဦးဥာဏ်ထွန်း ခရီးစဉ်နှင့် တိုက်ဆိုင်နေ
သည့်အတွက် ဆန္ဒထုတ်ဖော်မှုအစီအစဉ်ကို နောက်ဆုတ်လိုက်သည်ဟု သိရသည်။

အလားတူ ဘူးသီးတောင်မြို့တွင်လည်း သတင်းမှားများ ထုတ်ပြန်သည့် ယူအန်နှင့် အိုင်အန်ဂျီအိုများကိုကန့်ကွက်သည့် လူထု ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်အား အစိုးရသဘောထားကို သိရှိရန် ဖုံးဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုံးမကိုင်သဖြင့် ဆန္ဒပြသူများ တောင်းဆိုချက်အပေါ် အစိုးရ
၏ သဘောထားကို မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

From : နိရဉ္စရာ

'''သဇင်ပန်းခိုင်သတင်းဂျာနယ် ၁. ၂. ၂၀၁၄ နေ့  စထွက်မည်''''''

'''သဇင်ပန်းခိုင်သတင်းဂျာနယ် ၁. ၂. ၂၀၁၄ နေ့  စထွက်မည်''''''


ရန်ကုန်မြို့  နှုင့် ရခိုင်ပြည်မြို့ နယ်များတွင် သဇင်ပန်းခိုင်သတင်းဂျာနယ်ကို ၂. ၂. ၂၀၁၄ ခုနှုစ် စတင်ဖြန့် ချီတော့ မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

သမိုင်းစာပေများ၊ယဉ်ကျေးမူအနုပညာများ၊လက်ရှိရခိုင်ပြည်တွင်းဖြစ်ပေါ်နေသောပဋိပက္ခ သတင်းများကို အမှန်ကန်ဆုံးနှုင့် အချိန်နှုင့် တပြေးညီးဖော်ပြသွားမယ်ဖြစ်ကြောင်း
ထုတ်ဝေသူ ဦးအောင်သိန်းမှပြောသည်။

‘’အဓိကတော့ ရခိုင်ပြည်မှာ ဖြစ်နေတဲ့ သတင်းတွေ အမှန်ကန်ဆုံးနှုင့် သတင်း
တွေကိုအချိန်နှင့်တစ်ပြေးညီဖော်ပြပေးသွားမယ်။ရန်ကုန်မှာကရခိုင်လူဦးရေတော်တော်
များများတိုးလာတယ်။သူတိုတွေက
ရခိုင်ပြည်ကသတင်းမှန်တွေကို မသိရဘူး။ နောက်ပြီးတစ်ယောက်နဲ့  တစ်ယောက်နဲ့ 
အဆက်အသွယ်ပြတ်ပြီး ကွဲကွာနေတာတွေ ရှိတယ်။ ပြန်လည်အဆက်အသွယ်ရရှိဖို့  ကျွန်တော်တို့ ဂျာနယ်မှလုပ်ဆောင်သွားမယ်’’
ဟု ထုတ်ဝေသူဦးအောင်သိန်းမှ ပြောသည်။

အဆိုပါဂျာနယ် ကို ၁. ၁. ၂၀၁၄ တွင် စတင်ထုတ်ဝေရန်စီစဉ်ခဲ့သော်လည်း ထုတ်ဝေခွင့်မကျသေးဘဲ ယခုလို့  ကြန့် ကြာနေမူကြောင်းနှုင့် ၂.၂. ၂၀၁၄ နေ့ 
မှစတင်ဖြန့် ချီတော့ဖြစ်ကြောင်း သိရသည်။
ဂျာနယ်ထုတ်ဝေခွင့်အမှတ် ၂၁၇၃ / ၂၀၁၄ ထုတ်ဝေသူဦးအောင်သိန်း
အယ်ဒီတာချုပ် ထွန်းရွှေခိုင် MA, Ph.D candidate H.R.D.P (Korea)
တာဝန်ခံအယ်ဒီတာ ဒေါက်တာစောမြအောင် B.Sc (Hons) (Geo,)M.A . (TEFL), M.A .(Dh), Ph.D (B.Dh)တို့ ဦးစီးပြီး ထုတ်ဝေခြင်းဖြစ်ကြောင်းသတင်းရရှိသည်။

ဆက်သွယ်ရန်.....
ဦးအောင်သိန်းမြောက်ဥက္ကလာပမြိုနယ်
ဖုန်း။ 09450002075
09250290840
Emailးးးးး
thazinjournal@gmail.com

From : Share Arakan  News