ဒေသတွင်း အွန်လှိုင်းမီဒီယာအဆင့်မြင့်မားရေးအတွက် အရှင်ဝီရသူမှ မင်းပြားဒေသခံ CJ များနှင့်တွေ့ ဆုံ

ဒေသတွင်း အွန်လှိုင်းမီဒီယာအဆင့်မြင့်မားရေးအတွက် အရှင်ဝီရသူမှ မင်းပြားဒေသခံ CJ များနှင့်တွေ့ ဆုံ

(၁၆-၃-၂၀၁၄ ၊ လေးမြို့ ပြန်ကြားရေးသတင်းတို)

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ သို့ ခေတ္တအလည်အပတ်
ရောက်ရှိနေသော မန္တလေးမြို့ ၊ မစိုးရိမ်တိုက်သစ်
ဆရာတော် အရှင်ဝီရသူမှ ဒေသတွင်းအွန်လှိုင်း
မီဒီယာအဆင့်အတန်းမြင့်မားရေးအတွက်
မင်းပြားဒေသခံ CJ (Citizen Journalist)များနှင့် ယနေ့ (၁၆.၃.၂၀၁၄)နေ့ ၊ နံနက် (၆း၃၀)ခန့် က
မင်းပြားမြို့ ၊ ကျိန်းတောင်ဓမ္မာရုံရင်ပြင်တော်ပေါ်၌
တွေ့ ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ ဆုံပွဲတွင် ဆရာတော်အရှင်ဝီရသူမှ ဒေသတွင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်ရေး ၊ သတင်းအချက်အလက်များ မှန်ကန်ရေးနှင့် အွန်လှိုင်းမီဒီယာစနစ်မြင့်မားရေးတို့ အတွက်
လမ်းညွှန်၊သင်ကြားခဲ့ပြီး မင်းပြား CJ အသင်းအတွက် အထောက်အကူပြု ဒီဂျစ်တယ် ကင်မရာတစ်လုံးကို
လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ ဆုံပွဲ၌ပင် ဆရာတော်အရှင်ဝီရသူက ၂၀၁၂ ခုနှစ် ၊ ဇွန်လအရေးအခင်းတွင် အမျိုးဘာသာ၊
သာသနာကို ကာကွယ်စောင့်ရှောက်ရင်း အသက်ဆုံးရှုံးသွားခဲ့ရသည့် မင်းပြားမြို့ နယ်
မှ ရခိုင်တိုင်းရင်းသား(၄)ဦး၏ မိသားစုဝင်များအတွက် ထောက်ပံ့ငွေ (၄)သိန်းကို လှုဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ ဆုံပွဲပြီးနောက်ဆရာတော်အရှင်ဝီရသူသည် မင်းပြားမှ မြေပုံမြို့ သို့ ဆက်လက်ထွက်ခွါသွားခဲ့ကြောင်း သိရသည်။

ပေးပို့ သူ - မင်းမြတ်ခိုင် ၊ ဓါတ်ပုံ - မိုးစက်
ရေးသားသူ - သက်ထားရွှေစင်
တင်ဆက်သူ - လေးမြို့ သတင်းမီဒီယာ