ကျိန်းတောင်ဂေါပကလူကြီးများသည် ရေ ၁ ဗုံးလျှင် ၂၀၀ ကျပ် မှ ၃၀၀ ကျပ် ထိ ရောင်းချကာ
ကိုယ်ကျိုးပြုလုပ်နေ

ကျိန်းတောင်ဂေါပကလူကြီးများသည် ရေ ၁ ဗုံးလျှင် ၂၀၀ ကျပ် မှ ၃၀၀ ကျပ် ထိ ရောင်းချကာ ကိုယ်ကျိုးပြုလုပ်နေ

(၂၇-၄-၂၀၁၄ ၊ လေးမြို့ ပေးစာကဏ္ဍ)

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့်  ကျိန်းတောင်ဘုရားပွဲတော်အတွင်း ရေအခက်အခဲကြုံနေရသဖြင့် တနိုင်တပိုင် ဈေးရောင်းချရသူများအတွက် ဒုက္ခကြုံနေရပါသည်။

ကျိန်းတောင်ပွဲတော်အတွင်း ထိုရေအခက်အခဲပြဿနာ
ကို ဖြေရှင်းနိုင်ရန်အတွက် ဗိုလ်မှုးကြီး ဦးစံရွှေအောင်မှ ငွေကြေးအကုန်အကျခံကာ အုတ်ရေကန်ကြီးများ
ပြုလုပ်ပေးထားပါသည်။

သို့ သော်လည်း ၄င်းရေအား ဆင်းရဲနွမ်းပါးသော ဈေးသည်များအသုံးပြုခွင့် မရသည့်
အပြင် ကျိန်းတောင်ဂေါပကလူကြီးများသည် ရေ ၁ ဗုံးလျှင် ၂၀၀ ကျပ် မှ ၃၀၀ ကျပ် ထိ ရောင်းချကာ
ကိုယ်ကျိုးပြုလုပ်နေပါသဖြင့် ၄င်းတို့ ၏ လုပ်ရပ်ကို အထက်အရာရှိများ သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

ပေးပို့ သူ- ကိုစံ

ကျိန်းရိပ်ကရုဏာလူမှုကူညီရေးအဖွဲ့ မှ ကြီးမှုးကျင်းပသည့်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းဖွင့်ပွဲအခမ်းအနား

ကျိန်းရိပ်ကရုဏာလူမှုကူညီရေးအဖွဲ့ မှ ကြီးမှုးကျင်းပသည့်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းဖွင့်ပွဲအခမ်းအနား

ကျိန်းရိပ်ကရုဏာလူမှုကူညီရေးအဖွဲ့ မှ ကြီးမှုးကျင်းပသည့်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းဖွင့်ပွဲအခမ်းအနား

၁၃-၄-၂၀၁၄
မြို့ မတောင်ကျောင်း၊မင်းပြား

ဗြိတိန်က ရခိုင်အရေး ပြောကြားမှု ပြည်တွင်းရေးကိုစွက်ဖက်ခြင်းသာဖြစ်

ဗြိတိန်က ရခိုင်အရေး ပြောကြားမှု ပြည်တွင်းရေးကိုစွက်ဖက်ခြင်းသာဖြစ်

Posted on April 10, 2014

ဗြိတိန်အစိုးရက မြန်မာသံအမတ်ကြီးဦးကျော်စွာမင်းအား ဆင့်ခေါ်ကာ ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် လက်ရှိ သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာလူမျိုး အမည်ကိုအသိအမှတ်ပြုရေး တိုက်တွန်းချက်များသည် မြန်မာနိုင်ငံ၏ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ခြင်းသာဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကမြန်မာတိုင်း(မ်)ကိုပြောကြားသည်။

"ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၈၂၄ ခုနှစ် ကနေ ၁၉၄၈ ခုနှစ်ကြား မြန်မာနိုင်ငံကို သိမ်းပိုက်ထားတဲ့ နယ်ချဲ့ ဗြိတိသျှတွေရဲ့အစီရင်ခံစာတွေ၊သန်းခေါင်စာရင်းတွေမှာတောင် ဖော်ပြထားတာမရှိဘဲနဲ့ ခွဲထွက်ရေး လှုပ်ရှားမှုတွေကနေ ပေါ်ထွက်လာတဲ့ စကားလုံးကို အခုမှတရားဝင်အသိအမှတ်ပြုဖို့ဗြိတိသျှအစိုးရက၀င်ရောက်စွက်ဖက်ပြီးပြောလာတာကကျိုးကြောင်းခိုင်လုံမှုမရှိသလိုမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်မှုသာ ဖြစ်တယ်လို့ မြင်တယ်။လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး"ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးလည်းဖြစ်သူဦးရဲထွဋ်က ပြောသည်။

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာဆိုင်ရာ ၀န်ကြီး Hugo Swire သည် လန်ဒန်မြို့တွင် တာဝန်ထမ်းဆောင်နေသော မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းအားဧပြီလ၇ရက်နေ့တွင်နိုင်ငံခြားရေး
ဝန်ကြီးဌာနအတွင်းခေါ်ယူတွေ့ဆုံကာအထက်ပါအ
ကြောင်းအရာများကိုဆွေးနွေးခဲ့ခြင်းဖြစ်သည်။တွေ့ဆုံမှုအပြီး ထွက်ပေါ်လာသည့် ထုတ်ပြန်ချက်တွင် ဗြိတိန်အစိုးရသည်ရခိုင်ပြည်နယ်အတွင်းဖြစ်ပျက်
နေမှုများကို စိုးရိမ်ပူပန်လျက်ရှိရာ နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF) နှင်ထုတ်ခံရပြီး နောက်ပိုင်းတွင်ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ (အထူးသဖြင့် ရိုဟင်ဂျာ လူမျိုးများ) မှာလုံလောက်သည့် ဆေးဝါးကုသမှုနှင့် လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ မရသည့်အတွက်ဆိုးရွားသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း Hugo Swire ကပြောသည်။

မြန်မာအစိုးရ အနေဖြင့် ရခိုင်ပြည်ရှိ လူမျိုးစုများ အားလုံးအတွက် လူသားချင်းစာနာမှုအကူအညီများရရန် အမြန်ဆုံးဆောင်ရွက်ရန်နှင့်ကူညီထောက်ပံ့ပေးနေသော အဖွဲ့အစည်းများမှ ၀န်ထမ်းများနှင့် လူမျိုးစုများအားလုံးတွင်လုံခြုံရေးအာခံချက်ရရှိရေး
ဆောင်ရွက်ပေးရန်၎င်းကတိုက်တွန်းခဲ့သည်။နိုင်ငံတော်သမ္မတက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ရှင်းလင်းပြောကြားထားပြီး ဖြစ်သည့်အတွက် ထိုတိုက်တွန်းချက်များနှင့် ပတ်သက်၍ ထပ်မံရှင်းလင်းစရာ မလိုတော့ကြောင်း ဦးရဲထွဋ်က ပြောသည်။

"အဲဒီထဲမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ကာကွယ်ပေးမယ့်အကြောင်းအတိအလင်းပြောထားပြီးပါပြီ"ဟု ၎င်းက ပြောသည်။လက်ရှိ ဆောင်ရွက်နေသော မြန်မာနိုင်ငံ၏ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးအတွက်စတာလင်ပေါင်၁၀သန်းထောက်ပံ့ထားသော ဗြိတိသျှအစိုးရသည်သန်းခေါင်စာရင်းကောက်ယူမှုများကို နိုင်ငံတကာ စံချိန်စံညွန်းနှင့် ကိုက်ညီစေရန် တိုက်တွန်းထားသည်။"ဒီအခြေအနေတွေကို ကျွန်တော်တို့ နေ့စဉ် စောင့်ကြည့်နေမှာပါ။ နောက်ပြီး မြန်မာအစိုးရနဲ့ကုလသမဂ္ဂအပါအ၀င် တခြား အလှူရှင်နိုင်ငံတွေကိုလည်းဆက်လက်တိုက်တွန်းသွားမှာပါ" ဟုHugo Swire က ပြောကြားထားသည်။

အိအိတိုးလွင် /မြန်မာတိုင်း(မ်)

လာဘ်ပေး လာဘ်ယူ တို့ ရန်သူ

လာဘ်ပေး လာဘ်ယူ တို့ ရန်သူ

(လေးမြို့ ပေးစာကဏ္ဍ)

လွန်ခဲ့သော ၂၀၁၄ ခုနှစ် ၊ မတ်လ ၂၃ ရက်နေ့ က ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ ၊ အောက်ရွာပိုင်း ၊ လမ်းမတော်ရပ်ကွက်ရှိ ကိုတင်ဝင်း Video ရုံအနီးတွင် ဆိုင်ကယ်တစ်စီးအား လုယက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း
သိရသည်။လုယက်ခံရသော ဆိုင်ကယ်နံပါတ်မှာ ၃၅ယ/၄၄၉၂၇ ဖြစ်ပြီး ဆိုင်ကယ်အပါအ၀င် ဆိုင်ကယ် BOX အတွင်း ပါလာသော ရွေကျပ်ချိန် ၂ ကျပ်သား ၊ ၁၃ ပဲ ၊ ၁ ရွေး ( ကာလတန်ဖိုး- ၁၈၀၀၀၀၀ ) တို့ လုယက်ခံခဲ့ရပါသည်။

၎င်းအမှုနှင့်ပတ်သက်၍ လုယက်ခံရသူမှ မင်းပြား ၊ ရဲစခန်းသို့ သွားရောက်ကာ ဂတ်စာရေး ထံတွင် အမှုဖွင့်တိုင်ကြားရန် ၂၀၁၄ ခုနစ် မတ်လ ၂၉ ရက်နေ့ မှ ၂၀၁၄ ခုနစ် ဧပြီလ ၃ ရက်နေ့ အထိ နေ့ တိုင်း သွားရောက်သော်လည်း အကြောင်းအမျိုးမျိုးပြကာ ရွေ့ ဆိုင်းနေပါသဖြင့် အမှုဖွင့်မရဘဲ ဖြစ်နေခဲ့ပါသည်။ ထို့ ကြောင့် နစ်နာသူမှ ၂၀၁၄ ခုနစ် ဧပြီလ ၉ ရက်နေ့ တွင် မင်းပြားမြို့ နယ်၊ မြို့ နယ်တရားရုံးသို့ သွားရောက်၍ ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။

သို့ ဖြစ်ပါ၍ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် နိုင်ငံတော်တရားရုံးချုပ်ထံသို့ ကူညီဆောင်ရွက်ပေးကြ
ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ခိုင်မျိုးမြတ်

တရားအမှန်​ဖြစ်​လိုမှု

တရားအမှန်​ဖြစ်​လိုမှု

(​လေးမြို့ ​ပေးစာကဏ္ဍ)

ရခိုင်​ပြည်​နယ်​၊​မြောက်​ဦးမြို့နယ်​၊​မြောင်း​ဘွေရွာသစ်​ရပ်​ကွက်​ အဖဦး​မောင်​ထွန်း၏သား
မောင်​လှမြင့်​ပိုင်​ဆိုင်​သည့်​ နွား(၁၄)​ကောင်​ကို
တစ်​ရွာတည်း​နေသူ ​ဒေါ်ကြည်​ကြည်​​အေးက
၁၉/၁/၂၀၁၃ ငှါးသွား၍ ၇/၃/၂၀၁၃ ​နေ့တွင်​ နွားထီးကြီးနှစ်​​ကောင်​​ပျောက်​ဆုံးသွားရာ ​မြောင်း​ဘွေရဲစခန်းတွင်​ တရားလို ​မောင်​လှမြင့်​က ​ဒေါ်ကြည်​ကြည်​​အေးကို အမှုဖွင့်​ခဲ့ပါသည်​။

ဂတ်​စာ​ရေး မဲထွန်း​အောင်​နှင့်​ ဒုရဲအုပ်​ သန်းတင်​​မောင်​ အမှုစစ်​သူတို့က တရားခံ ​ဒေါ်ကြည်​ကြည်​​အေးကို အမှုမဖွင့်​ဘဲ ​မြောင်း​ဘွေ​ချေ​ကျေးရွာ ဦး​မောင်​သိန်းထွန်း၏သား ၀င်း​မောင်​သန်းကို အမှုဖွင့်​သွားပါသည်​။

၎င်းအမှုကို ပ/၂၀/၂၀၁၃၊၃၇၉/၁၁၄ ပုဒ်​မတပ်​ပြီး မြု့နယ်​မှုရုံးကို တင်​ပြလိုက်​ပါသည်​။မြို့နယ်​မှူး ​အေးထွန်းယဉ်​က ၄င်း၏အမှုကို ​မြောင်း​ဘွေရဲစခန်းမှူးကိုယ်​တိုင်​ စီစစ်​ပါ။အောက်​ကငယ်​သားများနှင့်​ လွှဲမထားပါနှင့်​။ပြန်​ခါ​ပေးလိုက်​ပါသည်​။၎င်းအမှုသည်​ ​မြောင်း​ဘွေရဲစခန်း​ရောက်​သွား
သည့်​အခါ ပိတ်​ထားလိုက်​ပါသည်​။

၎င်း၏အမှုကို ပုဒ်​မ (၄၀၃)နှင့်​ ဖွင့်​ရပါမည်​။
ဒုရဲအုပ်​သန်းတင်​​မောင်​ဂတ်​စာ​ရေးမဲထွန်း
အောင်၇၊၃၊၂၀၁၃​နေ့ကတရားလိုသတ်​ပြီးလို့အချုပ်​ထဲကိုသွင်းလိုက်​ပါတယ်​။ကျေးရွာအုပ်
ချုပ်​​ရေးမူ​မောင်​​သောင်း​ရွေသတိ​ပေးပါ၊အုပ်​စုစာ​ရေး​မောင်​ဟန်​တင်​ကို​နေရာ​ပြောင်း​ရွေ့ခွင့်
ပေးပါလို့အထကိလဲူကြီးမင်းများကိုတိုင်းကြားအပ်​ပါတယ်​။
ဒုရဲအုပ်​သန်းတင်​​မောင်​ဂတ်​စာ​ရေးမဲထွန်း
အောင်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး​မောင်​​သောင်း
ရွှေအုပ်​စုစာ​ရေး​မောငိဟန်​တင်​သူတို့က​ငွေငါးသိန်းကျပ်​စားပြီးနွားရှင်​ကိုအမျိုးမျိုး
ဒုက္ခ္ခ​ပေးပါတယ်​။မြောင်း​ဘွေရဲဟာအကျင့်​တရားအလွန်​ပျက်​​နေပါတယ်​။အထက်​ပါလူကြီး
မင်းများစီစစ်​​ပေးပါလို့​တောင်းဆိုအပ်​ပါသည်​။

၎င်းအမူကို၅၊၈၊၂၀၁၃​နေ့ကတရားရုံမှာတရား
ဦးတိုင်​​လျှောက်​ထားပါတယ်​။တရားပြိုင်​​ဒေါ်
ကြည်​ကြည်​​အေးက​ဖြောင့်​ချက်​ခံထားပါတယ်​။
သူဖက်​က​ရှေ့​နေ​ရွှေလှသိန်းနှင့်​​ကျော်​မျိုးလွင်​တို့ကအမူကိုလိမ်ညာထားပါတယ်​။မြို့နယ်​တရားသူကြီးဆီမှာလည်းလိမ်​ညာပြီး​ပြောဆိုထားပါတယ်​။

ဒီအမူနှင့်​တကွအထက်​ပါလူကြီးမင်းများစီစစ်
ပေးပါလို့​တောင်းဆိုအပ်​ပါတယ်​။

မြောက်​ဦးမြို့နယ်​၊​မြောင်း​ဘွေရွာသစ်
မောင်​လှမြင့်
၁၁/မဥန(နိုင်​)၁၄၁၆၅၉
ဖုန်း ၀၉၄၂၁၇၃၅၀၄၈

လှည်းကူးပဋိပက္ခ ထိန်းသိမ်းရန် ပုဒ်မ ၁၈၈ ထုတ်ပြန်

လှည်းကူးပဋိပက္ခ ထိန်းသိမ်းရန် ပုဒ်မ ၁၈၈ ထုတ်ပြန်

လှည်းကူးမြို့နယ်တွင် ဈေးဆိုင်နှစ်ဆိုင်ပြဿနာဖြစ်ပွား ရာမှစတင်၍ ပဋိပက္ခဖြစ်ပွားခဲ့ရာ ဧပြီ ၄ ရက် ည ၁၀ နာရီခွဲတွင် လှည်းကူးမြို့နယ်အုပ်ချုပ်ရေးမှူး က ဒေသန္တရအမိန့်ဖြင့် ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သည်။

ညနေ ၃ နာရီခန့်မှစတင်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လူအုပ်ကြီးက ည ၉နာရီ ၅၀ ခန့်တွင် လမ်းဘေးဝဲယာ တစ် လျှောက်ရှိ အိမ်များ၊ ရဲကားများကို အုတ်ခဲဖြင့် စတင်ပစ်ပေါက်မှုများပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့အင်အား ၅၀၀ ခန့်ဖြင့် အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားခဲ့ရပြီး ည၁၀ နာရီခွဲတွင် ပုဒ်မ ၁၈၈ ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုအမိန့်ကို ဧပြီ ၄ ရက် ညနေ  ၆ နာရီမှ ဧပြီ ၅ ရက် နံနက် ၆ နာရီအထိ ထုတ်ပြန်ခြင်းဖြစ်ပြီး၊ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရန်၊ တုတ်၊ဓါးလက်နက်များ မကိုင်ဆောင်ရန်၊ မဖျက်ဆီးရန် စသည်တို့ကို အာဏာပိုင်တို့က လိုက်လံကြေညာသည်။
အဆိုပါ ပဋိပက္ခကြောင့် အနည်းဆုံး ဒဏ်ရာရရှိသူရှစ်ဦးခန့်ရှိကြောင်း သတင်းရရှိသည်။

အခင်းစတင်ဖြစ်ပွားပုံမှာဧပြီလ ၄ ရက် ညနေ ၃နာရီခန့်က လှည်းကူးမြို့လယ် ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်ရှိ လှည်းကူးမြို့နယ်ခန်းမအောက်ရှိ တာပေါ်လင် အရောင်းဆိုင်နှစ်ဆိုင်သည်ဈေးအပြိုင်အဆိုင်ရောင်းချရာမှ စကားများပြီး ဘာသာခြားဆိုင်မှ ဈေးရောင်းသူတစ်ဦးကအခြားဆိုင်ရှိ လူငယ်တစ်ဦးအားကတ်ကြေးဖြင့်ထိုးခဲ့သောကြောင့် အဆိုပါလူငယ်မှာ မျက်လုံးအနည်းငယ်ထိခိုက်သွားပြီး ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်ကို မ ကျေနပ်သော မြို့ခံလူထုက အ ရေးယူပေးရန်တောင်းဆိုရာမှအကြမ်းဖက်မှုအသွင်
ဆောင်လာခဲ့ ရာ ဘာသာခြားများက ၎င်းတို့ဆိုင် နှင့် မျက်စောင်းထိုး ဗန်ဒါပင်လမ်း ရှိ ကတ်ကြေးဖြင့်ထိုးသောလူငယ်က ၎င်း၏ ဦးလေးပိုင် ဟူစင်အအေးနှင့်မုန့်တိုက်သို့ တိမ်းရှောင်ခဲ့သည်။

လူငယ်အား ကတ်ကြေးဖြင့် ထိုးသူ တရားခံဟုယူဆရသူသုံးဦး ကို မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်ရာတွင် မကျေမနပ် ဖြစ်နေသော လူအုပ်ကြီးက ညနေ ၆နာရီခွဲဝန်းကျင်တွင်ခဲဖြင့်ဝိုင်း၍ ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။‘‘အဲဒီဆိုင်နှစ်ဆိုင်က အရင် ကလည်း ပြဿနာဖြစ်ဖူးတယ်။ အစ္စလာမ်တွေနဲ့ ဗုဒ္ဓဘာသာဝင် တွေဖြစ်တာဆိုတော့ ဘယ်လိုမှ ထိန်းလို့မရဘဲ ပိုဆိုးကုန်တာ။အဲ ဒီမှာ ရဲတပ်ဖွဲ့ကို ၀ိုင်းကူနေတဲ့လူ တစ်ယောက် အုတ်ခဲကျိုးထိပြီး ခေါင်းကွဲသွားတယ်’’ ဟု အခင်းဖြစ်ပွားရာနေရာတွင် ရှိနေသော လှည်းကူးမြို့ခံတစ်ဦးဖြစ်သူ ကို လွင်ကပြောသည်။‘‘ညနေသုံးနာရီမှာ စဖြစ် တယ်။ အခင်းဖြစ်တဲ့တရားခံ သုံး ဦးကို ချက်ချင်းဖမ်းထားတယ်’’ဟု လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့ရဲမှူး ခင်မြင့်ကပြောသည်။

ထို့အပြင် ဆူပူအကြမ်းဖက် မှုပြုလုပ်သော လူအုပ်ကြီးအား ထိန်းသိမ်းရန် ခရိုင်နှင့် ရန်ကုန် တိုင်းဒေသကြီးမှ ရဲတပ်ဖွဲ့ဝင်အင်အားငါးရာခန့်ဖြင့် လုံခြုံရေးယူဆောင်ရွက်လျက်ရှိသည်။ ထောင် ဂဏန်းခန့်ရှိသော လူအုပ်ကြီးအနက် နှစ်ရာခန့်က ကြမ်းတမ်းရိုင်းပျစွာပြုမူခဲ့ကြသည်။ည ၈ နာရီခွဲခန့်တွင် လူစုခွဲရန် ရဲတပ်ဖွဲ့က လော်စပီကာဖြင့် သတိပေးမှုများပြုလုပ်ခဲ့သော်လည်း ဒေါသထွက်နေသောလူများက မီးရှို့မည်၊ ရိုက်မည်ဟုပြောဆိုပြီးလူစုမခွဲဘဲရှိနေသည်။‘‘စပြီးဖြစ်တဲ့အချိန်မှာ အယောက် ၂၀ လောက်ပဲရှိသေးတာကို ရဲတွေက သေချာမထိန်းသိမ်းနိုင်တာကြောင့် အခုလိုမျိုး တစ်မြို့လုံး စိုးရိမ်စရာတွေဖြစ်ကုန်တယ်’’ ဟု မြို့ခံတစ်ဦးက ပြောသည်။

လူအုပ်ကြီး၏ အုတ်ခဲ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့မှု ကြောင့် ဟူစင်အအေးနှင့်မုန့်တိုက်မှာပျက်စီးမှုအချို့ရှိခဲ့ပြီး အအေးဘူးနှင့် ပစ္စည်းများလည်းလမ်းပေါ်၌ ပြန့်ကျဲလျက်ရှိသည်။ည ၉ နာရီခန့်တွင် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ် တိုင် အကြမ်းဖက်မှုများတားဆီးရန်လာရောက်ကြီးကြပ်ခဲ့သော် လည်း လူအုပ်ကြီးက ရဲတပ်ဖွဲ့ဝင်များကိုခဲဖြင့် ထုခြင်း၊ အရာဝတ္ထု ပစ္စည်းများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ပြီး ရန်ကုန်-မန္တလေး လမ်းမကြီးအား ခေတ္တပိတ်ထားခဲ့ ရသည်။

ည ၉နာရီ ၅၀ မိနစ်ခန့်တွင် လူအုပ်ကြီးက ရဲကားများနှင့် လမ်းဘေးဝဲယာရှိ နေအိမ်များကိုအုတ်ခဲများ၊ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ရဲတပ် က အင်အားသုံးဖြေရှင်းမှုများပြု လုပ်ရာတွင် စတင်ဖြစ်ပွားချိန်၌ ပင် လူငါးဦးခန့်နှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးဒဏ်ရာရရှိခဲ့သည်။ထို့နောက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ရဲတပ်ဖွဲ့က ဒုတိယအကြိမ်ထပ်မံ၍ အကြမ်း ဖက်မှုများကိုဖြိုခွင်းပြီး ည ၁၀နာရီခွဲတွင် ပုဒ်မ ၁၈၈ ထုတ်ပြန် သည်။  သို့သော် ဆူပူသူအချို့မှာည ၁၁ နာရီကျော်မှ စတင်ငြိမ်သက်သွားကြောင်း သိရသည်။

7 Days

ရိုဟင်ဂျာ ခံယူသူများ ၏ အချက်အလက်များကို ပြည့်ပြည့်စုံစုံ မှတ်တမ်းဝင်ကောက်ယူရန် ညွှန်ကြား

ရိုဟင်ဂျာ ခံယူသူများ ၏ အချက်အလက်များကို ပြည့်ပြည့်စုံစုံ မှတ်တမ်းဝင်ကောက်ယူရန် ညွှန်ကြား


ရိုဟင်ဂျာ ဟု မိမိကိုယ်ကို ကြေငြာသူများအားဆက်လက် မေးမြန်းခြင်းမပြုဘဲ သန်းခေါင်စာရင်းတွင် မှတ်တန်းတင်ခြင်းမပြုရန် သန်းခေါင်စာရင်းကောက်ခါစကာလက ကျင့်သုံးလုပ်ဆောင်ခဲ့သော်လည်း၊ယနေ့မနက်ပိုင်းမှစ၍ ထိုသူများအား လူမျိုးစာတိုင်တွင် 914 ဟု မှတ်သားကာ ကျန်သော အချက်အလက်များအား အပြည့်အစုံ ဆက်လက်မှတ်တမ်းတင်ကြရန် စာရင်းကောက်များနှင့် စာရင်းစစ် များအား ညွှန်ကြားထားကြောင်းသိရသည်။

ဤသည်မှာ ရိုဟင်ဂျာ ဟု မိမိကိုယ်ကို ကြေငြာသူများအားစာရင်းမကောက်ဘဲ ချန်ထားမည်ဖြစ်ကြောင်း အစိုးရဘက်မှ တရားဝင် ပြောဆိုမှုများထွက်လာပြီးနောက် ယင်းမူများ စတင်းယိမ်းယိုင်လာကြောင်း ပထမဦးဆုံး လက္ခဏာဖြစ်သည်။

ထိုကဲ့သို့ အပြည့်အစုံစာရင်းကောက်ယူပြီးနောက် လူမျိုးစာတိုင်တွင်914ရေးသွင်းပြီးကွက်လပ်ဖြစ်နေသူများ၏ လူဦးရေကို ရိုဟင်ဂျာဦးရေ ဖြစ်သည် ဟု UNFPA မှ တစ်ဆင့် နိုင်ငံတကာ အသိုက်အ၀န်းမှ သိရှိမည်ဖြစ်ပြီး ယင်းတို့အတွက် ကိုယ်ဖိရင်ဖိ ကူညီမှုများကို စနစ်တကျ မည်ကဲ့သို့ လုပ်ဆောင်နိုင်မည်ကို နိုင်ငံတကာအဖွဲ့အစည်းများက ထိရောက်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ယနေ့မှစ၍ နိုင်ငံခြားသားပညာရှင်လေးဦး သန်းခေါင်စာရင်းကောက်အဖွဲ့များနှင့်အတူ လိုက်ပါကြည့်ရှုမည်ဆိုသော သတင်းထွက်လာပြီးနောက် စာရင်းကောက်များနှင့် စာရင်းစစ်များအား ဤညွှန်ကြားချက်ကို အစိုးရက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ရိုဟင်ဂျာ ဟု စာရင်းရေးသွင်းခွင့်ပြုမည် ဆိုပါက သန်းခေါင်စာရင်းအကောက်မခံဘဲ သပိတ်မှောက်ကြရန် ရခိုင်ပြည်နယ် တစ်ဝှမ်းလုံးက ပြင်ဆင်နေစဉ်တွင် ရခိုင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မီတီ က ယင်းကဲ့သို့ စာရင်းရေးသွင်းခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ချက် ထုတ်ပေးသည့်အတွက် ရခိုင်လူမျိုးများက မတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းတွင်သပိတ်လှန်ခဲ့သည်။

ပြည်ထောင်စု အစိုးရကို ရခိုင်တိုင်းရင်းသားလူမျိုးများက ယနေ့အချိန်တွင် အလွယ်တကူ မယုံကြည်ရခြင်းမှာ - (တစ်) ခေတ်အဆက်ဆက် ဗမာအစိုးရများက တိုင်းရင်းသားများအား လိမ်ညာလှည့်ဖျားနှိပ်စက်ကလူ ပြုမူခဲ့ခြင်း၊ (နှစ်) အစိုးရ၏ ဆုံးဖြတ်လုပ်ဆောင်ချက်များသည် အစိတ်အပိုင်း တစ်ခု နှင့်တစ်ခု အချိတ်အဆက် မမိဘဲ ကသောင်းကနင်း ဖြစ်နေခြင်း၊ (သုံး) ရိုးသားသည်ဆိုပါသည့်တိုင်အောင် အမြော်အမြင်နည်းကာ ကုလားလှည့်ကွက်ထဲ့သို့ မကြာခဏ ၀င်မိခြင်း တို့ကြောင့် ရခိုင်တိုင်းရင်းသားများက ဗမာအစိုးရပေးသောကတိက၀တ်များကို အယုံအကြည်မရှိကြခြင်းဖြစ်သည် ဟု “ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်းနာမည်လိမ် တိုက်ဖျက်ရေး ကော်မီတီ” ၀င် တစ်ဦးက ပြောကြားသည်။

Coral Arakan News

တစ်ခိုင်တည်းသော ခိုင်ဖြစ်လာမည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ မင်းပြားမြို့ နယ် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့ မင်းပြားတွင် ကျင်းပ

တစ်ခိုင်တည်းသော ခိုင်ဖြစ်လာမည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ မင်းပြားမြို့ နယ် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့ မင်းပြားတွင် ကျင်းပ

(၄ - ၄ - ၂၀၁၄ ၊ လေးမြို့ ဒေသတွင်းသတင်းတို)

ရခိုင်လူမျိုးများအတွက် ပေါင်းစည်းညီညွတ်ခြင်းဖြင့် အနာဂတ်အရေးကို ဦးဆောင်လမ်းပြပေးနိုင်ရန်
တစ်ခုတည်းသော ခိုင်ဖြစ်လာမည့် ရခိုင်အမျိုးသားပါတီ (Arakan National Party)၏ မင်းပြားမြို့ နယ် ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့ (၄-၄-၂၀၁၄ နေ့ ) ၊ နံနက်(၉း၀၀)ခန့် က မင်းပြားမြို့ ၊ အလယ်ပိုင်းရပ်ကွက် ၊ မင်းကန်လမ်းရှိ ရခိုင်အမျိုးသားပါတီရုံးသစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါရခိုင်အမျိုးသားပါတီ(ANP)ရုံးသစ်ဖွင့်ပွဲသို့  ဌာနဆိုင်ရာအကြီးအကဲများ ၊ ပါတီအသီးသီးမှ ကိုယ်စားလှယ်များမြို့ မိ ၊ မြို့ ဘများအပါအ၀င် လူပေါင်း(၁၀၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရပြီး ရခိုင်မင်္ဂလာစည်တော်များ တီးမှုတ်ကာ စည်ကားသိပ်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါရခိုင်အမျိုးသားပါတီသစ် (ANP) သည် ယခင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) နှင့်
ရခိုင်ဒီမိုကရေစီပါတီ (ALD) တို့ ကိုပေါင်းစည်းထား
သည့် ရခိုင်လူမျိုးအားလုံးအတွက် တစ်ခုတည်းသော
ပါတီတစ်ခုဖြစ်ကြောင်းလည်း သိရသည်။အဆိုပါ ရခိုင်အမျိုးသားပါတီတွင် ပ-ခေါင်းဆောင်အဖြစ် ဦးအေးသာအောင် နှင့် ဒု-ခေါင်းဆောင်အဖြစ် ဒေါက်တာဦးအေးမောင်တို့ ယာယီတာဝန်ယူ
ထားကြောင်းလည်း သိရသည်။

ပေးပို့ သူ - ကိုကျော် (အလယ်ပိုင်း)
ရေးသူ - မင်းမြတ်ခိုင်
တင်ဆက်သူ - လေးမြို့ သတင်းမီဒီယာ

ကုလသမဂ္ဂ ဆက်လက်ကူညီရေး စစ်တွေမှာ သွားရောက်ဆွေးနွေး

ကုလသမဂ္ဂ ဆက်လက်ကူညီရေး စစ်တွေမှာ သွားရောက်ဆွေးနွေး

Thursday, April 3, 2014

ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့အစည်းတွေ ဆက်လက်အကူအညီပေးနိုင်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mrs. Renata နဲ့ UNHCR, UNOCHA အဖွဲ့အစည်းတွေရဲ့ အကြီးအကဲတွေဟာ စစ်တွေမြို့က ရပ်မိရပ်ဖတွေနဲ့စစ်တွေဟိုတယ်မှာဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ တွေ့ဆုံဆွေးနွေးရာမှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ အကူအညီပေးရာမှာ နိုင်ငံရေးရည်ရွယ်ချက်တွေမပါဘဲ ကူညီပေးဖို့ ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ စစ်တွေမြို့က ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက အခုလိုပြောပါတယ်။"နောက်ပိုင်း UN တွေဝင်ပြီးတော့ ပြန်ပြီးတော့ ဒီဖက်ကို ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ရွက်လာတဲ့အခါမှာ ရခိုင်တွေရဲ့ ခံစားချက်ကို နားလည်ပါ၊ နောက်တခါ လူသားခြင်းဆိုင်ရာ အထောက်အပံ့သက်သက်ကိုပဲဆောင်ရွက်ပေးပါ၊
ကျန်တဲ့နိုင်ငံရေး ရည်ရွယ်ချက်တွေ၊နိုင်ငံရေး ပယောဂတွေမပါဘဲနဲ့ နှစ်ဖက်စလုံးမျှတအောင် ဆောင်ရွက်ပေးမယ်ဆိုရင် UN ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ကူညီပံ့ပိုးဖို့အဆင်သင့်ရှိပါတယ်၊ အဲလိုမျိုးကျနော်တို့ ဆွေးနွေးခဲ့ပါတယ်"ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုနိုင်ဖို့ ကြိုးပမ်းနေတာတွေအပြင် အကူအညီတွေပေးရာမှာလည်း မွတ်စလင်တွေကိုသာ ဘက်လိုက်ကူညီပေးမှုတွေရှိနေတယ်ဆိုပြီးရခိုင်တိုင်းရင်းသားတွေဘက်က UN နဲ့ နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေအပေါ်မှာ ယုံကြည်မှုမရှိကြတဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွေမြို့အခြေစိုက် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေ တိုက်ခိုက်ခံခဲ့ရတဲ့ကိစ္စဟာ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေရဲ့တစ်ဘက်သတ်လုပ်ရပ်တွေ
ကြောင့် ပေါက်ကွဲသွားကြတာဖြစ်ပေမဲ့ အဲ့ဒီလူတစ်စုရဲ့လုပ်ရပ်ကို ရခိုင်တစ်မျိုးသားလုံးအပေါ် အပြစ်ပုံမချသင့်ကြောင်းလည်းထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေအပေါ် UN အဖွဲ့အစည်းအနေနဲ့လက်မခံနိုင်သလိုရခိုင်ပြည်နယ်
အတွင်းအကူအညီတွေဆက်လက်ပေးတဲ့အခါနှစ်
ဘက်စလုံးက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးမှ ဆက်လက်ကူညီပေးသွားမယ့်အကြောင်းကိုလည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲတွေက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

RFA