သုံးစွဲသူတို့ ၏ ​တောင်းဆိုချက်​အရ ဇ-သတင်း.apk ကို Update ပြုလုပ်​ရန် ​စိတ်​ကူး​နေ​ကြောင်း မင်းကြီးဆို

(၂၉-၇-၂၀၁၄ ၊ ​လေးမြို့  နည်းပညာသတင်းတို)
♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕
မင်းကြီး(ခ)မြတ်​စိုး​ကျော်​ သည်​ ဇ-သတင်းစုံ(apk)အား လွန်​ခဲ့​သော ၂၀၁၃ ခုနစ်​ ၊
နှောင်းပိုင်းက ပြုလုပ်​ခဲ့​ပြီး Update လုပ်​ရန်
အစီအစဉ်​မရှိခဲ့​သော်​လည်း ယခုအခါ သုံးစွဲသူတို့ ၏ ​တောင်းဆိုချက်​အရ Update ပြုလုပ်​ရန်
စိတ်​ကူး​နေ​ကြောင်း သိရသည်​။

မင်းကြီး(ခ)မြတ်​စိုး​ကျော်​ သည်​ ဇ-သတင်းအပါအ၀င်​ ဂိုး-အားကစားသတင်း ၊
MINGJI PLAY - 2 (နည်းပညာသတင်း)၊
မိဖုရား (အနုပညာသတင်း )စ​သော သတင်းစုံ
(apk) များကို ပြုလုပ်​​ပေးခဲ့ပြီးဖြစ်​​ကြောင်း သိရပြီး ယခုအခါ ကျန်းမာ​ရေး သတင်းစုံ .apk
တစ်​ခုအား ပြုလုပ်​ရန်​ လည်းစိ​တ်​ကူး​နေ​ကြောင်း သိရသည်​။

အသစ်​ထွက်​ရှိလာမည့်​ ဇ-သတင်း.Version အသစ်​အား မကြာမီကာလအတွင်းတွင်​ ဖြန့်​ချီနိုင်​ရန်​ စီစဉ်​​နေ​ကြောင်း သိရသည်​။

မင်းမြတ်​ခိုင်
(​လေးမြို့ သတင်းမီဒီယာ)

Posted via Blogaway

နိုင်ငံတော်ပြုပြင် ပြောင်းလဲမှုများ တတိယ အဆင့် အရှိန်အဟုန်မြှင့် တင်မှု (Third Wave) လုပ်ငန်းစဉ် (၅)ရပ် အကောင်ထည်ဖေါ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများ တတိယအဆင့်အရှိန်အဟုန်မြှင့် တင်မှု (Third Wave) လုပ်ငန်းစဉ်( ၅ ) ရပ် အကောင်ထည်ဖေါ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီ က မန္တလေးတိုင်ဒေသကြီး၊ မလှိုင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စည်းဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရွှေနန်းက အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်က နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများ တတိယအဆင့် အရှိန်အဟုန်မြှင့် တင်မှု (Third Wave) လုပ်ငန်းစဉ်( ၅ ) ရပ် အကောင်ထည်ဖေါ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ “ စီမံခန့်ခွဲရေး ဆိုင်ရာပြသနာများ ” ခေါင်းစဉ် အောက်ရှိ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ၊NGO ၊ INGO အဖွဲ့အစည်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

မွန်းလွဲပိုင်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်က “ ရပ်ရွာအေးချမ်းသာယာရေး ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မိုးက “ တရားဥပဒေစိုးမိုးရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် စီမံကိန်း ဦးစီးအရာရှိ ဦးလှိုင်ဦးက “ ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်မြေစာရင်း ဦးစီးအရာရှိ ဦးစိုးသူထွန်း က “ ပြည်သူအကျိုးပြု ဆောင်ရွက်ရေး ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပုဂ္ဂလိက ပညာရှင် ဦးတင်မောင်ထွန်း က “ ပြည်သူအကျိုးပြု ဆောင်ရွက်ရေး ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိလိုသည့်မေးမြန်းချက်များကို ပြန်လည်ဖြေကြားကာ အလုပ်ရုံဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရိုးရာလေး

ကြိုတင် သတိပေးခြင်းဖြင့် စိတ်နဲ့ ထိန်းကြောင်းမူ

ယနေ့ ဒီဂျစ်တယ်ခေတ်ဖြစ်သည့်နဲ့ အညီ ကွန်ပျူတာ၊ စမတ်ဖုန်း အစရှိတဲ့ ခေတ်ပေါ် နည်းပညာကရိယာတွေနဲ့ ဘတ်စ်ကားစောင့်တဲ့ အချိန်ကအစ အလစ်မပေးပဲ နောက်ဆုံးပေါ် သတင်းတွေကို ရယူနေကြတဲ့ ခေတ်မှာ Information overload လို့ခေါ်တဲ့ ဦးနှောက်ကို ရူပ်ထွေးခြင်း (သို့) ဦးနှောက်မှတ်ဥာဏ် ၀န်ပိခြင်း ဆိုတဲ့ အကြောင်းအရာတစ်ရပ်က နေ့စဉ်နေ့တိုင်း လူတိုင်းနီးပါးမှာ ဖြစ်ပေါ်လျက်ရှိလာပါတယ်။

ထို ဖြစ်ရပ်ဟာ သာမန်ကြည့်ရင် ဘာမှမဆိုနိင်ပေမဲ့ စိတ်ဓာတ်ကို ဖိအား သက်ရောက်တဲ့ Stress ပိတဲ့ရောဂါ နဲ့ဆက်နွယ်ကာ ရောဂါတစ်ခုအဖြစ် တိုးပွားလာလျက် ရှိတဲ့ကဏ္ဍ တစ်ရပ် ဖြစ်လာနေပါတယ်။ အီးမေလ်၊ ဆိုရှယ်မီဒီယာနဲ့ အခြား လူမူကွန်ရက်တွေ ကို ခေတ်နဲ့ အပြိုင် သုံးစွဲလာကြတာနဲ့ အမျှ အချက်အလက်တွေ၊ သတင်းအစိတ်အပိုင်းတွေ၊ ကို ဦးနှောက်တစ်ခုရဲ့ မှတ်နိင်အားထက်ပိုတဲ့ အနေအထားတစ်ခုနဲ့ မှတ်သားလာရပါတယ်။ Log in ၀င်ဖို့ Password ကအစပေါ့။

( မနက်ကတောင် ရုံးက ကောင်မလေးတစ်ယောက် အလုပ် ခဏ နားရာက ရုံးပြန်တက်တာ ကွန်ပျူတာ Log in ၀င်တဲ့ Password မေ့သွားလို့တဲ့ ရုံးမှာ ဟိုလိုဒီလို ဖြစ်နေလေရဲ့။
ဒီနေရာမှာ အကြုံပေးမူအနေနဲ့ လက်စွဲတော်တွေဖြစ်တဲ့ မိမိ လက်ကိုင်ဖုန်းမှာ ကိုယ်မေ့တတ်တာလေးတွေကို Notepad မှာ ရိုက်ပြီး သိမ်းထားပေးပါလို့ ဆိုတာပါပဲ )

စိတ်ဆိုတဲ့ သဘောတရားဟာ စိတ်ငြိမ်နေတဲ့ အချိန်မှာ ဘယ်အရာကို မဆို အေးအေး ဆေးဆေး ဖြေရှင်းနိင်ပေမဲ့ အခြား စိုးရိမ်မူတွေ ရှိတဲ့အချိန်မှာဆိုရင်တော့ပုံမှန် သိလေ့လုပ်လေ့ရှိတဲ့ အရာတွေကို ပူထူပြီး မေ့ပျောက်လေ့ရှိတာကို လူတိုင်းနီးပါး ဖြစ်ဖူးကြမယ်လို့ထင်ပါတယ်။ ထိုနေရာတွေ အချို့သော် လူတော်တော်များများက ရိုးရာ နည်းတစ်ခုဖြစ်တဲ့ တရားထိုင်ခြင်းနဲ့ သူတို့ရဲ့ ရပ်တည်မူကို စီမံဖို့ ပြုလုပ်ကြပါတယ်။ စိတ်ငြိမ်နေမှ အရာအားလုံးကို အချက်ကျကျ အောင်အောင်မြင်မြင် နဲ့ စီမံခန့်ခွဲ့နိင်မှာ ဆိုတာကိုတော့ ကျတော် စာရူသူ ပရိသတ်ကြီးများ သိရှိပြီး သားဖြစ်မယ်လို့ ယူဆပါတယ်။ ။ ဒါကြောင့် စိတ်ငြိမ်စေနိင်ဖို့က အရေးပါလှပြီး
ထိုသို့ဆောင်ရွက်ခြင်းတွေ အပြင် မိမိရဲ့ နေ့စဉ်နေထိုင်မူပုံစံကိုလည်း အနည်းငယ်ပြောင်းလဲ ကျင့်ကြံဖို့ လိုအပ်ပါတယ်လို့ အကြုံပြုမူ အချို့ က ယခုလို လမ်းညွှန်ထားပါတယ်။

ဒါကတော့ အလုပ်တစ်ခုမလုပ်ခင် နှစ်ကြိမ်ပြန်လည် စစ်ဆေးတာပါပဲ။ လန်ဒန်မှာ ရှိတဲ့ ကုမ္ပဏီတစ်ခုဟာ သူတို့ရဲ့ဝန်ထမ်းတွေဆီကို မေးလ်မပို့ခင် အမြဲတမ်း နှစ်ကြိမ်စစ်ဆေးပြီးမှ မေးလ်ပို့ပြီး ထို့သို့ပြုလုပ်ခြင်းဖြင့် ရလဒ်မှာ တစ်နှစ်ကို အလုပ်ချိန် ၁၁၀၀၀ သက်သာစေတယ်လို့ လေ့လာမူတွေ အရသိရပါတယ်။ အလုပ်တွေ ရူပ်တဲ့ အချိန်၊ အရူပ်တွေလုပ်တဲ့ အချိန်မှာ စိတ်တွေမြန်ဆန် ရူပ်ယှက်ခတ်နေတဲ့ အချိန်မှာ တစ်ခေါက်လောက်နဲ့ က မှားသွားနိင်ပြီး အချိန်တွေပိုကုန်လာနိင်တတ်လို့ပါပဲ။

နောက်တစ်ခုက စိတ်ရူပ်စရာ ဖိအားဖြစ်စေမဲ့အရာပါတဲ့ အီးမေးလ်တစ်ခုကို ပြန်စာ ပြန်လည် မပို့မီ အသက် (၃) ခါလောက် ပြင်းပြင်း
ရူခြင်း ထုတ်ခြင်းတွေလည်းပါဝင်ပါတယ်။ ထို ပြုလုပ်မူကို အခြား စိတ်ရူပ်ထွေးစေတဲ့ ကိစ္စတွေ ၊ကိုယ်ကို ဒေါသဖြစ်စေတဲ့ ကိစ္စတွေ မလုပ်ခင် မပြုခင် မတွေးခင် အရင် ကြိုတင် လုပ်ထား သင့်လှပါတယ်။.ဒါဟာ စိတ်ကို မရူပ်စေရန် ဒေါသကို ထိန်းနိင်စေရန် ကြိုတင်ပြင်ဆင်ကာ အသိပေးတဲ့ စိတ်ပိုင်းဆိုင်ရာ psychological effect တစ်မျိုးလည်းဖြစ်ပါတယ်။

စိတ်ကြောင့် အမှားမများမိကြစေရန် ရည်ရွယ်ရင်း ......... တင်ဆက်လိုက်ပါတယ် ခင်ဗျာ။

Ref:Mindcontrol

အောင်ဟိန်း (ရိုးရာလေး

ကောင်းကင်က ဘုရားကို ဓာတ်ပုံရိုက်ခဲ့တယ်ဆိုတဲ့ ဓာတ်ပုံဆရာ

Sunday, July 27, 2014
အင်္ဂလန်နိုင်ငံသား အပျော်တမ်း ဓာတ်ပုံဆရာတစ်ဦး ရိုက်ကူး ခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာ ဓာတ်ပုံတစ်ပုံပါ။ အဆိုပါ စိတ်ဝင်စားဖွယ်ရာဓာတ်ပုံကို ရိုက် ကူးခဲ့တဲ့သူကတော့ အင်္ဂလန်နိုင်ငံမှာ နေ ထိုင်တဲ့ အပျော်တမ်းဓာတ်ပုံဆရာ ဂျီရီမိုင် ဖလက်ရှာ ဖြစ်ပါတယ်။
ဖလက်ရှာဟာ နောလ်ဖော့ခ်စီ ရင်စုအနီးနားရှိ ဝက်ခ်ျစ်ကမ်းခြေဒေသကို ညနေခင်း လမ်းထွက်လျှောက်ရင်း ဓာတ်ပုံ ရိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ ပင် လယ်ကမ်းခြေမှာ လမ်းလျှောက်ထွက်လာ ရင်း မိုးတိမ်တွေကြားထဲက နေရောင်ခြည် အလင်းတန်းဖြာထွက်နေတဲ့ အလှပုံကို ရိုက် ခဲ့ပြီး ဓာတ်ပုံထဲမှာ ပေါ်လာတဲ့ပုံကတော့ လူတစ်ယောက်ရဲ့ မျက်နှာနဲ့ အလွန်တူနေ လို့ သူ့ရဲ့ဖုန်းနဲ့ ထပ်ခါတလဲလဲ ရိုက်ကူးခဲ့ ပါတယ်။
ဖလက်ရှာက ''ကျွန်တော်ကမ်း ခြေဘက်ကို လမ်းလျှောက်ထွက်ရင်း ကောင်း ကင်တိမ်တွေကြားမှာ နေရောင်ခြည်အလင်း တန်းရဲ့ သဘာဝအလှကို ရိုက်ကူးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရိုက်သမျှ ဓာတ်ပုံတွေ ထဲမှာ ပေါ်လာတဲ့ပုံက လူတစ်ယောက်ရဲ့ မျက်နှာပဲ ဖြစ်နေပါတယ်''လို့ ဆိုခဲ့ပါတယ်။
အဲဒီဓာတ်ပုံဟာ အတော်လေး စိတ်ဝင်စားဖွယ် ကောင်းလှသလိုပဲ။
ဓာတ် ပုံထဲရှိ ပေါ်လာတဲ့ လူတစ်ယောက်ရဲ့ မျက် နှာကတော့ ဘုရားသခင်ရဲ့ မျက်နှာအသွင် ပြင် ဒါမှမဟုတ် စကော့တလန်မင်းသား ကြီး Sean Connery နဲ့ ဂျာမနီနိုင်ငံရဲ့စီး ပွားရေးဆိုင်ရာ အတွေးအခေါ်ပညာရှင်ကြီး Karl Marh တို့ရဲ့ မျက်နှာများတွင် ဖြစ်နိုင် ခြေအနေအထားကို နှိုင်းယှဉ်မှုတွေ ပြုလုပ် နေပါတယ်။
ပုံမှာ ဖော်ပြပေးထားတဲ့ အင်္ဂလန် နိုင်ငံသား အပျော်တမ်းဓာတ်ပုံဆရာရိုက် ကူးခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာဓာတ်ပုံနဲ့ သူ ရိုက်ယူခဲ့တဲ့ဓာတ်ပုံထဲရှိ လူတစ်ယောက်ရဲ့ မျက်နှာကို ရှုမြင်ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။
Yangon Media Group