(၂၉-၉-၂၀၁၄ နေ့ ထိ)ကောက်ခံရရှိထားသော အလှူငွေစာရင်း

☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺
၃၁။ စိုးစိုးစံ (ခေတ္တ-ရန်ကုန်) - ၁၀၀၀၀
၃၂။ နှင်းနှင်းနွယ် - ၆၀၀၀
၃၃။ နီလာဖြိုး - ၅၀၀၀
၃၄။ လှသန်းဝင်း - ၅၀၀၀
၃၅။ မသန်းဝင်း - ၅၀၀၀
၃၆။ လှလှသန်း - ၅၀၀၀
၃၇။ ငြိမ်းငြိမ်းဦး (မကြီး)- ၅၀၀၀
၃၈။ ထားထားရီ - ၅၀၀၀
၃၉။ ဦးတင်ရီ - ၅၀၀၀
၄၀။ မြတ်မြတ်စု - ၅၀၀၀
၄၁။ မိုးမိုးကြည် - ၅၀၀၀
၄၂။ နုနုစိန် - ၅၀၀၀
၄၃။ ထွန်းထွန်းလင်း - ၁၀၀၀၀
၄၄။ ကျော်ဝင်း (ခေတ္တ-ထိုင်း) - ၅၀၀၀
၄၅။ ဘိုမြင့်ဆွေ - ၅၀၀၀
၄၆။ ကျော်ကျော်ဝင်း - ၅၀၀၀
၄၇။ စိုးမင်း - ၅၀၀၀
၄၈။ ညီညီဆန်း - ၅၀၀၀
၄၉။ ကျော်လင်းဦး - ၁၀၀၀၀
၅၀။ ဇော်မင်းအောင် (ခေတ္တ-ကိုးရီးယား) - ၁၀၀၀၀
၅၁။ ထွန်းငြိမ်းချမ်း - ၁၀၀၀၀

၁။ ထွန်းထွန်းအောင် - ၁၀၀၀၀
၂။ ကျော်မျိုးလင်း - ၁၀၀၀၀
၃။ ကောင်းမြတ်ကျော် - ၁၀၀၀၀
၎။ မျိုးချစ် - ၁၀၀၀၀
၅။ မြတ်စိုးကျော် - ၁၀၀၀၀
၆။ ထွန်းသိန်းမောင် - ၁၀၀၀၀
ရ။ မောင်မျိုးလင်း - ၅၀၀၀
၈။ မောင်ရဲမြင့် - ၅၀၀၀
၉။ ကိုကျော်ရှိန် - ၅၀၀၀
၁၀။ ဇော်မင်းဦး (ခေတ္တ-မန္တလေး) - ၁၀၀၀၀
၁၁။ ညီညီအောင် - ၅၀၀၀
၁၂။ မောင်ကျော်ရှိန် (ရန်ကုန်) - ၁၀၀၀၀
၁၃။ ညီညီ (သံထောင်)- ၅၀၀၀
၁၄။ ဝေေ၀သက် - ၅၀၀၀
၁၅။ ခင်အေးစိုး - ၅၀၀၀
၁၆။ ယဉ်ယဉ်အေး - ၅၀၀၀
၁၇။ ဇာဇာစိုး - ၅၀၀၀
၁၈။ သူဇာမိုး - ၅၀၀၀
၁၉။ နွယ်နွယ် - ၁၀၀၀၀
၂၀။ မိုးမိုးစိုး - ၉၀၀၀
၂၁။ စုစုလင်း - ၅၀၀၀
၂၂။ စုစုဝင်း - ၇၀၀၀
၂၃။ ငယ်လင်းဆွေ - ၅၀၀၀
၂၄။ တင်တင်အေး - ၅၀၀၀
၂၅။ စုစုကျော် - ၅၀၀၀
၂၆။ သွယ်သွယ်အေး - ၅၀၀၀
၂၇။ ရွှေဇင်ဝိုင်း - ၅၀၀၀
၂၈။ ယဉ်သိန်းဝင်း - ၁၀၀၀၀
၂၉။ တင်တင်ဦး - ၁၀၀၀၀
၃၀။ ခင်ခင်ဝင်း - ၅၀၀၀

၂၀၀၄-၀၅ ပညာသင်​နှစ်​ ၊ အ.ထ.က ၊ မင်းပြားတွင်​ တက္ကသိုလ်​ဝင်​တန်း တက်​​ရောက်​ခဲ့ကြ​သော ​ကျောင်းသား၊သူ​ဟောင်း၏ ဒုတိယကြိမ်​​မြောက်​ အလှူအဖြစ်​ မဟာဘုံကထိန်​ပွဲ​တော်​ကို လာမည့်​ (၁၂-၁၀-၂၀၁၄) ​နေ့ တွင်​ ​အောက်​ရွာပိုင်းရပ်​ကွက်​ ၊ ဓမ္မ​မေဒီနီ​ကျောင်းတိုက်​ (ဂန်းမရွာ​ကျောင်း)၌ ပြုလုပ်​ကျင်းပသွားမည်​ဖြစ်​ရာ အနယ်​နယ်​အရပ်​ရပ်​သို့ ​ရောက်​ရှိ​နေကြ​သော ရပ်​နီး၊ရပ်​​ဝေးမှ ​ကျောင်းသား၊​ကျောင်းသူ​ဟောင်းများအ​နေဖြင့်​ ​စေတနာသဒ္ဓါထား၍ အလှူပါဝင်​နိုင်​ကြရန်​ နိဗ္ဗာန်​အကျိုး​မျှော်​၍ တိုက်​တွန်းနှိုး​ဆော်​အပ်​ပါသည်​။

ဆယ်​သွယ်​ရန်​-
(၁) မျိုးချစ်​ - ဖုန်း>> ၀၉၂၅၀၃၂၈၁၇၁
(၂) ညီကြီး - ဖုန်း>> ၀၉၂၅၀၈၈၂၂၃၀
(၃) မြတ်​စိုး​ကျော်​ - ဖုန်း>> ၀၉၄၅၀၅၄၁၇၉၄
(၄) ​ကျော်​မျိုးလင်း - ဖုန်း>> ၀၉၂၅၀၄၅၅၂၁၀
(၅) ​ကောင်းမြတ်​​ကျော်​ - ဖုန်း>> ၀၉၂၅၀၂၄၂၂၈၇

(အလှူပွဲဖြစ်​​မြောက်​​ရေးအဖွဲ့ )

Posted via Blogaway
ဘောလုံးသတင်းတိုများ

ဘောလုံးသတင်းတိုများ

ပထမဆုံး လေ့ကျင့်ရေး အစီအစဉ်တွင် ရရှိလာသည့် အခွင့်အရေးတစ်ကြိမ်ကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သော ဖယ်လ်ကာအိုမှာ ၎င်း၏ခြေစွမ်းကို သက်သေပြနိုင်ခဲ့ပြီဖြစ်ကြောင်း မန်ယူနည်းပြ ဗန်ဟားက ချီးကျူးသွားခဲ့သည်။

ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အယ်လ်ဘေးနီးယားကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ပေါ်တူဂီအသင်းနှင့် နည်းပြ ဘန်တိုတို့ နှစ်ဖက်သဘောတူညီမှုဖြင့် လမ်းခွဲလိုက်ကြောင်း သိရသည်။

အင်္ဂလန်နှင့် လေ့ကျင့်ခန်းဆင်းရာတွင် ပေါင်ဒဏ်ရာ ရရှိခဲ့သည့် တိုက်စစ်မှူး စတာရစ် သီတင်းပတ် (၃)ပတ်အနားယူရမည့်အတွက် စိတ်ပျက်မိကြောင်း လီဗာပူးနည်းပြ ရော့ဂျာက ပြောသည်။

ယခုရာသီတွင် နည်းပြမော်ရင်ဟို၏ ဦးစားပေးအဖြစ် ရွေးချယ်ခံခဲ့ရသည့် ဂိုးသမား ကော်တိုရစ်မှာ ချဲလ်ဆီးနှင့်အတူ (၅)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ဘာစီလိုနာသည် ဘီဘာအိုနှင့် ကစားမည့်ပွဲစဉ်တွင် အသင်းသမိုင်းတစ်လျှောက် အိမ်ကွင်းပွဲစဉ်တစ်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ဆန်ယာရာဂျာစီ(အ၀ါ၊ အနီကြား) ၀တ်ဆင်မည်ဖြစ်သည်။ ဘာစီလိုနာမြို့ ပြင်သစ်(ဖီးလစ် (၅) ဘုရင်)လက်အောက်ကျရောက်ခြင်း နှစ်(၃၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ယခုကဲ့သို့ ၀တ်ဆင်ရခြင်းဟု သိရသည်။

ယူနီဆက်ဖ်သံတမန် ဖာဂူဆန်သည် ဗီယက်နမ် ကလေးငယ်များ ရန်ပုံငွေ တိုးမြင့်ရရှိစေရန် မန်ယူနည်းပြဘ၀ အမှတ်တရ ဓာတ်ပုံများကို လေလံပွဲ ပြုလုပ်ပြီး ရောင်းချလျက်ရှိသည်။

ဒူးအရွတ် စုတ်ပြဲဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရသည့် ဒေါ့မွန် တောင်ပံကစားသမား ဘလက်ဇီကောစကီးမှာ ကြွက်သားဒဏ်ရာ ရခဲ့သည့်အတွက် တစ်လကြာ အနားယူရဦးမည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ရီဘာရီက ပြင်သစ်လက်ရွေးစင် အသင်းအတွက် ပြန်ကစားပေးမည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။

ဝဲလ်ဘတ်မှာ ပြီးခဲ့သည့်နှစ်နှစ်က မန်ယူသို့ ပြောင်းရွှေ့ခဲ့သည့် ဗန်ပါစီအစား လက်ဆောင်ပြန်ရသည့် ကစားသမားတစ်ဦးဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ချီးကျူးခဲ့သည်။

ရီးရဲလ် ဒါရိုက်တာဟောင်း ဗယ်ဒါနိုက မော်ရင်ဟိုမှာ အတ္တကြီးသူဖြစ်ပြီး ဘောလုံးလောကအတွက် အကျိုးထူးစေမည့် စကားတစ်ခွန်းမျှ ပြောခဲ့ဖူးခြင်းမရှိဟု ၎င်း၏စာအုပ်တွင် ဝေဖန်တိုက်ခိုက်ခဲ့သည်။

မန်စီးတီးသည် ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲဝင် ကစားသမားစာရင်းတွင် Club- trained (အသက် ၁၅နှစ်မှ ၂၁နှစ်ကြားကာလတွင် အသင်းနှင့်အတူ လိဂ်ပြိုင်ပွဲ ၃ရာသီ မှတ်ပုံတင်ထားသည့်) ကစားသမားတစ်ဦးသာ ထည့်သွင်းစာရင်းပေးခွင့် ရခဲ့ကြောင်း သိရသည်။

(ရိုးရာလေး)

Posted via Blogaway
ကိုယ်ကမှန်နေသော်လည်း တစ်ခြားသူက မှားနေတာ မဟုတ်ပါဘူး

တစ်ခါတစ်လေ မိမိကိုယ်ကိုယ် မှန်နေတယ်လို့ ထင်လိုက်တိုင်း တစ်ခြားသူတွေရဲ့ လုပ်ရပ်တွေကို မှားနေတယ်လို့ ထင်မြင်မိကြတယ်။ တကယ်တော့ တစ်ခြားတစ်ဖက် အပေါ်ကို မငှဲ့ကွက်ဘဲ မိမိအတွက်သာ စဉ်းစားလိုက်တဲ့ အချက်တစ်ခုသာ ဖြစ်ပါတယ်။

ဒါကြောင့် ပြဿနာတစ်ခု ရှိတိုင်း သူ့ဘက်ရော ကိုယ်ဘက်ပါ ညီမျှအောင် စဉ်းစားမှသာ အကောင်းဆုံးနဲ့ နည်းလမ်းအမှန်ဆုံး အဖြေတစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ မိမိဘက်ကိုပဲ စဉ်းစားနေတယ် ဆိုရင် ဘယ်လောက်ပဲ မှန်နေမှန်နေ တရားမျှတသော ဆုံးဖြတ်ချက် တစ်ခုဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါကြောင့် မိမိရဲ့ ဆုံးဖြတ်ချက်သည် အကောင်းဆုံးနဲ့ နည်းလမ်း အမှန်ဆုံး ဖြစ်အောင် တစ်ခြားတစ်ဖက်ကိုပါ ကြည့်၍ ထည့်သွင်း စဉ်စားစေချင်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး

Posted via Blogaway
ခရီးသည်တင်ယာဉ်တိမ်းမှောက်သဖြင့် (၁)ဦးသေ၊ (၃)ဦးဒဏ်ရာရ

Yရန်ကုန်၊ စက်တင်ဘာ ၁၀

၉.၉.၂၀၁၄ ရက်နေ့ ၁၅၅၀ အချိန် လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီး
ကားလမ်းအတိုင်း ဖောင်ကြီးကျေးရွာဘက်မှ လှည်းကူးမြို့နယ်ဘက်သို့ လှည်းကူးမြို့နယ်နေ ယာဉ်မောင်း ဇော်လင်းဦး၊ (၃၉)နှစ်မောင်းနှင်လာသော BA---- ဒိုင်နာ (၂၃၉)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် ဥယျာဉ်ဝကျေးရွာ
ထိပ်အနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏၀ဲဘက်သို့ ထိုးကျတိမ်းမှောက်သွား
ခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ထိုသို့ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် လှည်းကူးမြို့နယ်
နေ မခင်လေးကြူ၊ (၄၄)နှစ် မှာ နှာခေါင်းသွေးထွက်ဒဏ်ရာရရှိကာ အခင်းဖြစ်
နေရာတွင်သေဆုံးသွားခဲ့ပြီး ကျန်ခရီးသည် အမျိုးသမီး(၃)ဦးတို့တွင် နာကျင်
ဒဏ်ရာများရရှိခဲ့သဖြင့် ဖောင်ကြီးတိုက်နယ်ဆေးရုံ၌ အတွင်းလူနာ(မစိုးရိမ်ရ)
များအဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ထွက်ပြေးသွားသူ ယာဉ်မောင်း
ဇော်လင်းဦးအား ဖောင်ကြီး နယ်မြေရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၄၊ ပြစ်မှု
ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည။်

Yangon  police new်

ဆီဒိုးနားဟိုတယ်အနီး ကားခြောက်စီးဆင့်တိုက်

ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဆီဒိုးနား ဟိုတယ်အနီး မီးပွိုင့်တွင် စက်တင်ဘာလ ၃ ရက် ည ကိုးနာရီခွဲခန့် က ယာဉ်ခြောက်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ မီးပွိုင့်တွင် ပရိုဘောက်အမျိုးအစား အိမ်စီးကား တစ်စင်းသည် မီးနီမိ၍ ဘရိတ်အုပ်ရာ၌ အရှိန်မထိန်းနိုင်ဘဲ ရှေ့တွင် မီးပွိုင့်မိနေသော လိုက်ထရပ်ကားကို တိုက်မိရာ တဆင့်ဆင့်ကဲ ယာဉ်ခြောက်စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် မီးပွိုင့်မိနေသော အိမ်စီးကားများ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သော်လည်း လူထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိပေ။

7Day Daily

တိုက်တွန်းနှိုးဆော်လွှာ

တိုက်တွန်းနှိုးဆော်လွှာ

အာရှနီဝန်း အာဇာနီ အသျှင် ဦးဥတ္တမ၏ ရုပ်ထုပြီးစီး
အောင်မြင်နိုင်ရေးအတွက် နဝကမ္မအလှူငွေနှင့် ကြေးထည်ပစ္စည်းများကို အလှူခံဌာနနှင့်
အောက်ဖော်ပြပါ ဆရာတော်များထံလာရောက်လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

    အလှူခံဌာန မြို့ရောနယ်ပါဓမ္မာရုံ  မင်းပြားမြို့ 
       _________________________________

၁။နာယကဆရာတော်  ဘဒ္ဒ န္တဣန္ဒာစရိယာ
    သာသနဓဇဓမ္မာစရိယာ (M.A )
    ဂ္ထနဝါစကပဏ္ဍိတ
 (နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်)
     ပရိယတ္တိဓမ္မိကာရုံကျောင်းတိုက်  မင်းပြားမြို့ 
ဖုန်း- ၀၉၈၅၀၈၀၀၀

၂။ နာယကဆရာတော် ဘဒ္ဒန္တဇောတိပါလ(ဓမ္မာစရိယာ)
မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ
ပြားချောင်းစံပြကျောင်း
ဖုန်း- ၀၉၈၅၀၈၀၄၀

၃။ဥက္ကဌ  ဆရာတော် ဘဒ္ဒန္တသဇ္ဇန (ဓမ္မာစရိယ)
   မြို့ နယ်သံဃနာယကအဖွဲ့  အကျိုးတော်ဆောင်
   ဖုန်း -၀၉၈၅၀၈၁၃၃

၎။အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဇာဂရိယ
    ဓညဝတီကျောင်းတိုက်  မင်းပြားမြို့ 
   ဖုန်း- ၀၉၄၂၁၇၁၂၉၂၈

လေးမြို့(သတင်းမီဒီယာ)