အပိုင်းအစ များ နှင့် ရုပ် အလောင်းများ အား ရှာတွေ့၊ ပျောက်ဆုံးလေယာဉ်မှ ဖြစ်နိုင်
အပိုင်းအစ များ နှင့် ရုပ် အလောင်းများ အား ရှာတွေ့၊ ပျောက်ဆုံးလေယာဉ်မှ ဖြစ်နိုင်
Tuesday, December 30, 2014
ပျောက်ဆုံးလေယာဉ် ရှာဖွေနေတဲ့ အင်ဒိုနီးရှား ကယ်ဆယ်ရေးသမားတွေဟာ အင်္ဂါနေ့က ဘိုနီယို ကျွန်း ကမ်းလွန်ပင်လယ်ပြင်မှာ ရုပ်အလောင်းတွေ နဲ့ အသက်ကယ်အင်္ကျီတို့ကို ရှာတွေ့ခဲ့ကြတယ်လို့ဆိုပါတယ်။ တာဝန်ရှိသူတွေကတော့ ဒါဟာ ပျောက်ဆုံးနေတဲ့ အဲအေးရှားလေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစ တွေ ဖြစ်ဖို့ ၉၅ ရာခိုင်နှုန်း လောက်သေချာတယ်လို့ ဆိုပါတယ်။ ယင်းအပျက်အစီးတွေ ကို ဆယ်ယူဖို့ ကြိုးပမ်းနေကြပြီလို့လည်း သိရပါတယ်။
ကျန်ရစ်သူမိသားစုတွေကတော့ တာဝန်ရှိသူတွေရဲ့ အတည်ပြုစကားကို စောင့်ဆိုင်းနေကြပါတယ်။ \
Ref; Reuters
Kumudra
Posted via Blogaway
ယ​နေ့ မိုး​လေ၀သ
ယ​နေ့ မိုး​လေ၀သ
မင်္ဂလာပါ........။
၃၀-၁၂-၂၀၁၄ ရက်နေ့၊ မနက်(၇)နာရီခွဲ တိမ်ပုံအရ-ရခိုင်ကမ်းရိုးတန်း ၊မြန်မာနိုင်ငံအလယ်ပိုင်းနဲ့အထက်ပိုင်းဒေသတွေမှာ တိမ်ထူထပ်နေတာတွေ့ပြီး ကျန်ဒေသတွေမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့လေဖိအား နည်းရပ်ဝန်း ဆက်လက်တည်ရှိနေပြီး မုန်တိုင်းငယ် အဖြစ် အားကောင်းလာနို င်ကာ Global Model Forecast များအရ-ဒီမုန်တိုင်းငယ်ဖြစ်လာခဲ့ရင် မြောက်၊ အနောက်မြောက်ဖက်(အိန္ဒိယနိုင်ငံ၊သြရိသာ့ကမ်းခြေ)ကို ဦးတည်ရွေ့လျားနိုင် ပါတယ်။
ဒီမနက်မှာ တိုင်းထွာရရှိခဲ့တဲ့ အနိမ့်ဆုံး အပူချိန်များကတော့--မြစ်ကြီးနား (၁၀. ၅)ဒီဂရီစင်တီဂရိတ်၊ဟားခါး(၁၀.၀)၊ဖလမ်း(၁၀.၀)၊မိုးကုတ်(၈.၈)၊ပြင်ဦးလွင် (၈.၇)၊စစ်ကိုင်း(၁၈.၇)၊မုံရွာ(၁၈.၅)၊မန္တလေး(၁၈.၈)၊လားရှိုး(၁၀.၅)၊တောင်ကြီး (၁၁.၀)၊ကျိုင်းတုံ(၁၁.၀)၊မကွေး(၁၈.၂)၊နေပြည်တော်(၁၇.၅)၊ပြည်(၁၈.၄)၊စစ်တွေ(၁၇.၅)။သံတွဲ(၁၉.၅)၊ပုသိမ်(၁၈.၅)၊ရန်ကုန် (၂၂.၀)၊ပဲခူး(၂၀.၄)၊ ဘားအံ (၂၀. ၀)၊မော်လမြိုင်(၁၉.၀)၊ကော့သောင်း(၂၁.၅)ဒီဂရီဖြစ်ပါတယ်။
ဒီဇင်ဘာ(၃၀)ရက်မှဇန်န၀ါရီလ(၃)ရက်အတွင်း ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝ တီတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊ကရင်ပြ ည်နယ်၊မွန်ပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ရှမ်းပြည် နယ် ဒေသအချို့တို့မှာ နေရာကွက်ကျား အချိန်အခါမဟုတ် မိုးရွာနိုင်ပါတယ်။
မိုးလေ၀သသတင်း http://www.dmh.gov.mm/index.php?option=com_content&view=article&id=98&Itemid=3&lang=my
နေ့စဉ်မြစ်ရေအခြေအနေခန့်မှန်းချက် http://www.dmh.gov.mm/index.php?option=com_content&view=article&id=4&Itemid=4&lang=my
နေ့စဉ် ၀င်ရောက်ဖတ်ရှုသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်..။
၃၀-၁၂-၂၀၁၄ မနက်(၈း၁၄)နာရီ နေပြည်တော်
Posted via Blogaway
ကန်တော်ကြီးပတ်လမ်းမှာ ကျက်စားနေတဲ့ မိန်းမလျာတွေကို ဖမ်းပြီ
ကန်တော်ကြီးပတ်လမ်းမှာ ကျက်စားနေတဲ့ မိန်းမလျာတွေကို ဖမ်းပြီ
ရန်ကုန်၊ ဒီဇင်ဘာ ၃၀
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းမှာ ကျက်စားနေတဲ့ မိန်းမလျာ အယောက် ၃၀ ကို ဖမ်းဆီး လိုက်တယ်လို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးဆီကနေ သိရှိပါတယ်။ ကန်ပတ်လမ်းမှာ မိန်းမလျာတွေ ဘယ်လို ပုံစံနဲ့ ကျက်စားနေတာလဲ။
ကန်ပတ်လမ်းမှာ အမျိုးသားတွေဆီကနေ ငွေနဲ့ အဖိုးတန် ပစ္စည်းတွေ ခိုးယူနေပြီး ညဥ့်နက်ချိန်မှာ ကျက်စားနေတဲ့ မိန်းမလျာများကို ဇန်နဝါရီလကနေ ဒီဇင်ဘာ ၂၉ ရက်နေ့အထိ ဖမ်းဆီးအရေးယူတာ အယောက် ၃၀ ရှိနေပြီလို့ အဲဒီရုံးကနေ သိရှိရပါတယ်။
မိန်းမလျာတွေဟာ မနက်တစ်နာရီ နောက်ပိုင်းဆိုရင် ကန်တော်ကြီးပတ်လမ်းမှာ သွားလာနေတဲ့ အမျိုးသားတွေကို မြူဆွယ် ပျော်ပါးပြီး တန်ဖိုးကြီး ပစ္စည်းတွေကို ခိုးယူတယ်လို့ မင်္ဂလာတောင်ညွန့် မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။
“အခိုးခံရသူက မိန်းမလျာနဲ့ ပျော်ပါးတာကို မိသားစုဝင်တွေ သိမှာစိုးလို့ အမှုမဖွင့်ရဲပေမယ့် ရဲတပ်ဖွဲ့က မလိုလား အပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ထပ်မံမဖြစ်ရအောင် အသွင်ယူ ဖမ်းဆီးရေးတွေ ဆောက်ရွက်ခဲ့တာ” လို့ သူက ဆိုပါတယ်။
အခုနှစ်အတွင်း ကန်ပတ်လမ်း တစ်လျောက်မှာ မြို့နယ်ပေါင်းစုံက မိန်းမလျာတွေ လာရောက်ပြီးတော့ အခကြေးငွေနဲ့ လိင်ဝန်ဆောင်မှုတွေ လုပ်ကိုင်ကြတယ်လို့ အဲဒီရဲအရာရှိက ပြောပါတယ်။
မိန်းမလျာတစ်ဦးက အမျိုးသာနဲ့ ပျော်ပါးနေစဉ် တခြားမိန်းမလျာတွေက အဲဒီအမျိုးသားဆီကနေ ငွေနဲ့ ပစ္စည်းတွေကို ဝင်ရောက် ခိုးယူတယ်လို့ ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့ အမျိုးသားတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီးတော့ သူကရှင်းပြပါတယ်။
ဖမ်းဆီးထားတဲ့ မိန်းမလျာတွေကို မှောင်ရိပ်ခိုမှုနဲ့ ဖမ်းဆီးထားတယ်လို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရပါတယ်။
အဲဒီလို မိန်းမလျာတွေကို ဖမ်းဆီး အရေးယူတာတွေကြောင့် ကန်တော်ကြီး ပတ်လမ်းတစ်လျောက်မှာ မိန်းမလျာအဖွဲ့တွေ နိုဝင်ဘာလပိုင်းက စတင်ပြီး ပပျောက်သွားတယ်လို့ အဲဒီရဲတပ်ဖွဲ့မှူးရုံးကနေ သိရှိရပါတယ်
The Voice
Posted via Blogaway
အကယ်ဒမီပေးသည့် ညတွင် ကိုယ့်ကိုယ်ကိုယ် ညံ့မှန်းသိခဲ့ဟု ပန်းချီစိုးမိုး ပြောကြား
အကယ်ဒမီပေးသည့် ညတွင် ကိုယ့်ကိုယ်ကိုယ် ညံ့မှန်းသိခဲ့ဟု ပန်းချီစိုးမိုး ပြောကြား
Monday, December 29, 2014
အကယ်ဒမီနှစ်ဆု ရရှိခဲ့ ဖူးသော်လည်း “ကြယ်စင်မော်ကွန်း” ရုပ်ရှင် ဇာတ်ကားတွင် ဒါရိုက်တာ ဆုနှင့် လွဲခဲ့ သည့် ပန်းချီစိုးမိုးက မိမိတွင် အရည် အချင်း လိုအပ်နေသေး သည့်အပြင် ဒါရိုက်တာ သက်တမ်း ၄၈ နှစ် ကာလ အတွင်း၌ ကိုယ့် ကိုယ်ကိုယ် ညံ့မှန်း အကယ်ဒမီ ဆုပေးသည့် ည၌ပင် သိခဲ့ရ သည်ဟု ၎င်းကမဇ္ဈိမကို ပြောသည်။
“နံပါတ်တစ်ကတော့ ဆုံးဖြတ်တဲ့ အကယ်ဒမီဘုတ်နဲ့ ဆိုင်တယ်။ ဘုတ်မှာ ရွေးထားတဲ့လူရဲ့ အရည် အချင်း နဲ့ လည်း ဆိုင်တယ်။ နောက်ပြီး အရည်အချင်းရှိလည်း စိတ်ဓာတ်နဲ့ ဆိုင်တယ်။ အနုပညာကို အနုပညာ မျက်စိနဲ့ ကြည့်ဖို့ ကောင်းပါတယ်။ ဒီ“ကြယ်စင်မော်ကွန်း” ဇာတ်ကားသည် ဗိုလ်ချုပ်နဲ့ ပတ်သက်လို့ အရင်တုန်း ကပြော လို့ ဆိုလို့တောင် မရဘူး။ ခုံတောင်ဖြည့်လို့ မရဘူးလို့ လူတွေပြော ကြတယ်။ ဗိုလ်ချုပ်ကားကို ဗိုလ်ချုပ် ပါဝင် တဲ့ သမိုင်းကို ရိုက်တဲ့ အခါမှာ ဒီကား သည်ပေါ်လစီကား မဟုတ်ဘူး။
တစ်ကားလုံး ကိုပြန်ကြည့်ပြီး ပေါ်လစီ ဇာတ်ကားလေး တွေတွေ့ရင် ဆွဲထုတ်ပေး ပါလို့ပြောချင်တယ်။ ဒါကိုပေါ် လစီလုပ် တယ်ဆို ပြီးတော့ တပ်မတော်ရဲ့ အမြင်ပေါ့လေ။ အနည်း အကျဉ်း အတိမ်း အစောင်း လုပ်တဲ့ သဘောလေ။ အဲဒါမျိုးတွေ အပြင်မှာ ကြားနေ ရတယ်။ အဲဒီအတွက် စိတ်မကောင်းဘူး။ ဦးစိုးမိုး အသက် ၂၃ နှစ်လောက်က ဒါရိုက်တာ စလုပ်တယ်။ အကယ်ဒမီ နှစ်ဆုရခဲ့တယ်။ အရည် အချင်း လိုတယ်လို့ ကိုယ့် ကိုယ်ကိုယ် သတ်မှတ် လိုက်တယ်။ ဆက် ကြိုးစားပြီးတော့ လုပ်ပါဦးမယ်လို့”ဟု ၎င်း ကပြောသည်။
ယင်းကားတွင် ဗိုလ်ချုပ်၏ လှုပ်ရှားမှု၊ အသံ စသည်တို့ကို ၇၅ ရာခိုင်နှုန်းခန့် တူစေရန် ရိုက်ကူး ထားသည့် အတွက် အကယ်ဒမီနှင့် လွဲမှားခြင်းသည် ဗိုလ်ချုပ်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည်ဟု ၎င်းက ထပ်မံပြော သည်။
အကယ်ဒမီရရှိသည့် အနုပညာရှင် ခြောက်ဦးနှင့်ပတ်သက်၍ ဒါရိုက်တာ ပန်းချီစိုးမိုးက “အခုဆိုရင် ဒါရိုက် တာ ၀ိုင်း ရသွားတယ်။ ပြေတီဦး ရတာပဲဖြစ်ဖြစ်၊ မင်း ဦး ရတာ ပဲဖြစ်ဖြစ်၊ ၀တ်မှုံရွှေရည် ရတာ ပဲဖြစ်ဖြစ်၊ ခိုင်သင်း ကြည် ရတာပဲ ဖြစ်ဖြစ် အားလုံးကျေ နပ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်နဲ့ သူတို့ နဲ့လည်းဘာ မှပြဿနာ မရှိဘူး။ သရုပ်ဆောင် ပညာနဲ့ ပတ်သက်ပြီး သူတို့မြင်လို့ ပေးတာ ကိုလည်း စိတ်မ ဆိုးဘူး။ ပြီးခဲ့တဲ့ နှစ်က ၁၀ ဆုပေးရာမှာ တစ်ဆု ကျန်ခဲ့တာ။ ရုပ် ရှင်လောကမှာ ပူလောင် ပူလောင် ဖြစ်ခဲ့တယ်။
“ဒီနှစ်မှာတည်းဖြတ်ပေါ့။“ကြယ်စင်မော်ကွန်း” ကတည်းဖြတ်လည်းရှိတယ်။ဇော်မင်း (ဟံသာမြေ) ရဲ့တည်းဖြတ် လည်းရှိတယ်။ သူတို့တွေကို အရည် အချင်းမမီလို့ မပေးတာလား။ ဒါမှမဟုတ် တည်းဖြတ်ဆိုတာ ကိုနားမလည် လို့ မပေး တာလား ဆိုတာတော့ မသိဘူး။ နောက်တော့ ဓာတ်ပုံပေါ့။ ဒီလောက်ကောင်း တဲ့ခေတ်မှာ ဓာတ်ပုံ ကိုလည်း မပေးခဲ့ဘူး။ မပေးဘူးဆိုတော့ ဓာတ်ပုံကပဲ ညံ့နေလို့လား။ဒါမှမဟုတ် ဓာတ် ပုံအကြောင်း မသိလို့ လား။
ဒီကြယ်စင်မော် ကွန်းကားမှာ အသံလုပ်တာ သုံးလ ကြာတယ်။ အသံကြီးပဲ။သေနတ် သံတွေ၊ စကားပြောတဲ့ အသံတွေ၊ နောက်ခံ အသံတွေ အကုန် လုံးကိုကြိုး စားပြီးတော့ လုပ်ထား တယ်။ အသံအကြောင်းကို မသိလို့လား၊ နားမလည်လို့လား၊ မပေးချင်လို့ မပေးတာလား” ဟု ပန်းချီစိုးမိုး ကပြောသည်။
အဆိုပါဇာတ်ကားသည် တပ်မတော်ကား ဖြစ်ခြင်းကြောင့် အစိုးရက ယင်းဇာတ်ကားရိုက်ကူးရန် ကျခံသုံး စွဲကာ လက်နက် အစစ်များဖြင့် ရိုက်ကူး ခဲ့ခြင်းဖြစ်ပြီး ကုန်ကျစရိတ်သည် ငွေကျပ်သိန်း၂,၀၀၀ ကျော် ရှိခဲ့ သည်ဟု ၎င်းက ပြောသည်။
Mizzima
Posted via Blogaway
ကျင်းပမည်
အ.ထ.က ၊ မင်းပြား ​ကျောင်းသား၊သူများ​ဟောင်းများ၏ ပထမအကြိမ်​ မြို့ နယ်​လုံးကျွတ်​ မြတ်​ဆရာပူ​ဇော်​ပွဲကို လာမည့်​ ဇန်​န၀ါရီလ ၂၅ ရက်​ ​နေ့တွင်​ ကျင်းပမည်
အ.ထ.က ၊ မင်းပြား ​ကျောင်းသား၊သူများ​ဟောင်းများ၏ ပထမအကြိမ်​ မြို့ နယ်​လုံးကျွတ်​ အာစရိယမြတ်​ဆရာပူ​ဇော်​ပွဲကို လာမည့်​ ၂၀၁၅ ခုနှစ်​ ၊ ဇန်​န၀ါရီလ ၂၅ ရက်​ ​နေ့တွင်​ မင်းပြားမြို့ ၊ ရာ​မောင်​ခန်းမအတွင်း၌ စည်​ကားသိုက်​မြိုက်​စွာ ကျင်းပပြုလုပ်​သွားမည်​ဖြစ်​ပါသဖြင့်​ အနယ်​နယ်​အရပ်​ရပ်​မှ ​ကျောင်းသား၊သူ​ဟောင်းများ သိရှိနိုင်​ရန်​ အသိ​ပေး​ကြေငြာအပ်​ပါသည်​။
ပွဲဖြစ်​​မြောက်​​ရေး အဖွဲ့ 
Posted via Blogaway
ရခိုင်ပြည်နယ်တစ်ခုလုံး လျှပ်စစ်ဓာတ်အားရရှိတော့မည်
ရခိုင်ပြည်နယ်တစ်ခုလုံး လျှပ်စစ်ဓာတ်အားရရှိတော့မည်
ကျောက်ဖြူ ဒီဇင်ဘာ ၂၉
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်(1 .5 ) MW ဓာတ်အားရှိ Gas Engine စက်ငယ် ၃၂ လုံးဖြင့် (50 MW) ဓာတ်အားထုတ်လုပ်ပြီး ရခိုင် တစ်ပြည်နယ်လုံးသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဓာတ်အားပေးစက်များကို National Grid (အမျိုးသားကွန်ရက်) မှတစ်ဆင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ပထမအကြိမ်အနေဖြင့် ပံ့ပိုးပေးခြင်းဖြစ်ပြီး မကြာမီကာလအတွင်း အချိန်အကန့်အသတ်ဖြင့်သာ ဓာတ်အားသုံးစွဲခဲ့ရသော ရခိုင်ဒေသအသီးသီးသို့ ဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ (ခရိုင် ပြန်/ဆက်)
Posted via Blogaway
( ၂၈.၁၂.၂၀၁၄ ပရီးမီးယားလိဂ်​ရလဒ်​များ)
-​လေးမြို့ အားကစားသတင်း -
( ၂၈.၁၂.၂၀၁၄ ပရီးမီးယားလိဂ်​ရလဒ်​များ) -​လေးမြို့ အားကစားသတင်း -
_____________________________
၁. စပါး ၀-၀ မန်​ယူ
၂. ​ဆောက်​သမ်​တန်​ ၁-၁ ချဲလ်​ဆီး
၃. ဗီလာ ၀-၀ ဆန်းဒါးလန်း
၎. ဟူးစီးတီး ၀-၁ လစ္စတာစီးတီး
၅. မန်​စီးတီး ၂-၂ ဘန်​​လေ
၆. ကျူပီအာ ၀-၀ ခ​ရေစ​တေ့ ပဲလ်​လစ်
၇. စတုတ်​စီးတီး ၂-၀ ဝက်​စ်​ဘရွန်း
၈. ဝက်​ဟမ်း ၁-၂ အာဆင်​နယ်
သန့်ဇင်
(​လေးမြို့ သတင်းမီဒီယာ)
Posted via Blogaway
ပျောက်ဆုံး အဲအေးရှလေယာဉ်ကို ရေဒါများ မထောက်လှမ်းနိုင်သေး
ပျောက်ဆုံး အဲအေးရှလေယာဉ်ကို ရေဒါများ မထောက်လှမ်းနိုင်သေး
Sunday, December 28, 2014
ညနေ ၆း ၁၉ နာရီ
လေယာဉ်တည်ရှိသော နေရာအချက်ပြလှိုင်းကို ရေဒါများက မထောက်လှမ်းနိုင်သေးကြောင်း အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေး အဖွဲ့အကြီးအကဲ ဆူထရစ်နို၏ ပြောကြားချက်ကို ကိုးကား၍ Detik.com တွင် ဖော်ပြထားသည်။ အင်ဒိုနီးရှားဒုတိယသမ္မတ ဂျူဆွတ်ဖ်ကာလာက ရှာဖွေရေး လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲလျက် ရှိသည်။
ညနေ ၅း ၅၈ နာရီ
အဲအေးရှ်လေကြောင်းလိုင်းမှ အခြားလေယာဉ်တစ်စင်းဖြစ်သော ပီနန်မှ လန်ကာ<ီသို့ ပျံသန်းလာသည့် ပြည်တွင်းခရီးစဉ်အမှတ် AK6242 လေယာဉ်သည် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ကြောင့် ပီနန်သို့ ပြန်လှည့်သွားရကြောင်း မလေးရှားနိုင်ငံ နယူးစထရိတ်တိုင်းမ်သတင်းဌာနက ဖော်ပြထားသည်။
ညနေ ၅း ၂၀ နာရီ
ပျောက်ဆုံးနေသည့် လေယာဉ်နှင့်ပတ်သက်သည့် လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော အဲဘတ်စ်က အဆိုပါလေယာဉ်အား အဲအေးရှ်လေကြောင်းလိုင်းသို့ ၂၀၀၈ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါလေယာဉ်သည် ခရီးစဉ် ၁၃၆၀၀ အကြိမ်အတွင်း နာရီပေါင်း ၂၃၀၀၀ ပျံသန်းပြီးဖြစ်ကြောင်း သိရသည်။
ညနေ ၅း ၁၀ နာရီ
လေယာဉ်အား ရှာဖွေတွေ့ထားကြောင်း သတင်းများထွက်ပေါ်မှုကို မလေးရှားသယ်ယူပို့ဆောင်ရေး ၀န်ကြီး လောင်တီယွန်လိုင်က ငြင်းဆိုထားသည်။
လေယာဉ်ပျောက်ဆုံးနေမှုသည် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် မသက်ဆိုင်ကြောင်း ရဲများ၏ ပြောကြားချက်ကို ကိုးကား၍ မလေးရှား China
Press သတင်းဌာနက ထုတ်ပြန်ထားသည်။
ညနေ ၅း ၅၈ နာရီ
အဆိုပါ လေယာဉ်သည် ဂျာဗားပင်လယ် ဆူမတြာကျွန်းအရှေ့ဘက်ကမ်းရိုးတန်း ဘီလီတွန်ကျွန်း တောင်ဘက် ရေမိုင် ၈၀ မှ ၁၀၀ အတွင်း ရေပြင် တည်နေရာ တောင်ဘက် ၀၃.၂၂.၄၆ နှင့် အရှေ့ ဘက် ၁၀၈.၅၀.၀၇ တွင် ပျက်ကျသွားခြင်းဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား အမျိုးသားရှာဖွေရေးနှင့်
ကယ်ဆယ်ရေးအေဂျင်စီ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဂျကာတာပို့စ်သတင်းဌာနက ဖော်ပြထား သည်။ ရှာဖွေမှုအား တောင်ဘော်နီယိုကျွန်း အနီးရေပြင်တွင် အဓိကထားသွားမည်ဟု အင်ဒိုနီးရှား Metro TV က ဖော်ပြသည်။
မဇ္ဈိမ
Posted via Blogaway
နေပူတောင်စီမံကိန်းရပ်တန့်ရန် တောင်ကုတ်တွင်ဆန္ဒထုတ်ဖေါ်
နေပူတောင်စီမံကိန်းရပ်တန့်ရန် တောင်ကုတ်တွင်ဆန္ဒထုတ်ဖေါ်
Sunday, December 28, 2014
ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့တွင် နေပူတောင်စီမံကိန်းအလိုမရှိ ကြောင်း လူပေါင်း ၅၀၀၀ ကျော်က ယနေ့၂၈.၁၂.၂၀၁၄ ရက်နေ့တွင် ဆန္ဒဖေါ်ထုတ်မှုတစ်ခုပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့သည်။
အဆိုပါဆန္ဒဖေါ်ထုတ်မှုကို ရခိုင်လူမှုကွန်ရက်(တောင်ကုတ်)မှ ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း၊တရားဝင်ခွင့်ပြုချက်ရယူကာ ဆန္ဒဖေါ်ထုတ်ခြင်းဖြစ်ကြောင်းသိရသည်။(ဓါတ်ပုံ...ရခိုင်လူမှုကွန်ရက်-တောင်ကုတ်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Posted via Blogaway
မုန်တိုင်းကြောင့် အခါလွန်မိုးများ ရွာသွန်းနိုင်
မုန်တိုင်းကြောင့် အခါလွန်မိုးများ ရွာသွန်းနိုင်
Sunday, December 28, 2014
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ် နေသော မုန်တိုင်းငယ်မှာ ပိုမိုအားကောင်းလာပြီး ဆိုက်ကလုန်း မုန်တိုင်းဖြစ်လာနိုင်ကာ အထက်မြန်မာနိုင်ငံတွင် အချိန်အခါမဟုတ် မိုးများရွာသွန်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတင်းထုတ်ပြန် ထားသည်။
ဒီဇင်ဘာနောက်ဆုံးပတ်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ် ၀န်းမှာ ပိုမိုအားကောင်းလာပြီး ဒီဇင်ဘာ ၂၈ ရက်တွင်မုန်တိုင်းငယ် အဖြစ်သို့ရောက်ရှိလာပြီး ဒီဇင်ဘာ ၃၀ရက်၌ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ရောက်ရှိကာ အိန္ဒိယနိုင်ငံဘက်သို့ ရွေ့လျားမည်ဟု၎င်းက ခန့်မှန်းထားသည်။ ၂၀၁၅ ဇန်န၀ါရီ ၁ရက် ညနေတွင်ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့၏ နယ်စပ်ဒေသအနီးမှ ကမ်းခြေသို့ဝင်ရောက်နိုင်ကြောင်းခန့်မှန်းထားသည်။
သို့သော် အဆိုပါမုန်တိုင်း အရှိန်ကြောင့် ရခိုင်ပြည်နယ် မြောက် ပိုင်းတွင် တစ်နာရီလေတိုက် နှုန်း မိုင် ၄၀မှ ၅၀အထိ တိုက်ခတ်နိုင် သည်။ ထို့အပြင် ရခိုင်နှင့်ချင်း ပြည်နယ်၊ မန္တလေး၊ မကွေး၊စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ရာခိုင်နှုန်းရှိ ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားသည်။
7Day Daily
Posted via Blogaway
အကယ်ဒမီပွဲတွင် ခိုင်သင်းကြည် ရွှေလက်ကောက်ပျောက်
အကယ်ဒမီပွဲတွင် ခိုင်သင်းကြည် ရွှေလက်ကောက်ပျောက်
Sunday, December 28, 2014
၂၀၁၃ ခုနှစ်အတွက် အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သော ခိုင်သင်းကြည် ဝတ်ဆင်ခဲ့သည့် ရွှေလက်ကောက်သည် အကယ် ဒမီပေးပွဲ ကျင်းပသည့်အချိန်တွင် ပျောက်ဆုံးသွားကြောင်း ခိုင်သင်း ကြည်၏ခင်ပွန်း ကိုခန့်နိုင်က ပြောသည်။
‘‘ပွဲထဲမှာ ပျောက်သွားတာ ပါ။ တန်ဖိုးကတော့ မသိသေးဘူး။ ရွှေနန်းတော်က စပွန်ဆာပေးထားတဲ့ လက်ကောက်ပါ။ ပျောက်သွားတာက စင်ပေါ်မတက်ခင် လက်ဆွဲနှုတ်ဆက်တဲ့အချိန်မှာ ကျ သွားတာထင်တယ်။ မသိလိုက်ဘူး။ စင်ပေါ်တက်တဲ့အ ချိန်မှာတော့ ပါမသွားတော့ဘူး’’ ဟု ၎င်းက ပြောသည်။
ထို့ကြောင့် လက်ကောက် ကောက်ရသူအနေဖြင့် ၎င်းတို့ကို ဆက်သွယ်လျှင် ကျေးဇူးဆပ်သွား မည်ဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက်ည ၁၁ နာရီအထိ မတွေ့သေး ကြောင်း ကိုခန့်နိုင်ကပြောသည်။
7Day Daily
Posted via Blogaway
လေယာဉ်မပျောက်မီ ရာသီဥတုအခြေအနေကြောင့် လမ်းကြောင်းပြောင်းရန် လေယာဉ်မှူး တောင်းဆိုခဲ့
လေယာဉ်မပျောက်မီ ရာသီဥတုအခြေအနေကြောင့် လမ်းကြောင်းပြောင်းရန် လေယာဉ်မှူး တောင်းဆိုခဲ့
Sunday, December 28, 2014
အင်ဒိုနီးရှားနှင့် စင်္ကာပူနိုင်ငံအတွင်းတွင် ဒီဇင်ဘာ၂၈ရက် အစောပိုင်းက ပျောက်ဆုံး နေသော QZ8501လေယာဉ်မှ လေယာဉ်မှူးသည် ဆိုးရွာသော ရာသီဥတုအခြေနေကြောင့် လေယာဉ်ခရီးစဉ်ကို လမ်းကြောင်းပြောင်းရန် တောင်းဆိုခဲ့ကြောင်း လေကြောင်းလိုင်း၏ ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။
"လေယာဉ်ဟာ လမ်ခရီးတွင် ရာသီဥတုဆိုးရွားတဲ့အတွက် လမ်းကြောင်းပြောင်းဖို့ တောင်းဆိုခဲ့ပါတယ်”ဟု မလေးရှားအခြေစိုက် အဆိုပါ လေယာဉ်ကုမ္ပဏီ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
"လေယာဉ်ဟာ အင်ဒိုနီးရှားလေကြောင်းသွားလာမှု ထိန်းချုပ်ရေးအဖွဲ့(ATC)ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေစဉ် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်ပါတယ်”ဟု ဆိုထားသည်။
အင်ဒိုနီးရှားနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ပျံသန်းနေစဉ် ပျောက်ဆုံးသွားသော အဲအေးရှာလေကြောင်းလိုင်းမှ လေယာဉ်အခြေနေကို
စောင့်ကြည့်လျက်ရှိကြောင်းနှင့် ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။
လူ ၁၅၅ဦးလိုက်ပါသွားသော Airbus A320-200လေယာဉ်သည် အရှေ့ဂျားဗား ပြည်နယ် ဆူရာဘာရာမြို့ ဂျူအန်ဒါ နိုင်ငံတကာ လေဆိပ်မှ ဒီဇင်ဘာ၂၈ရက် နံနက် ၅နာရီ မိနစ်၂၀အချိန်တွင်ထွက်ခွာခဲ့ပြီး စင်္ကာပူနိုင်ငံသို့ နံနက်၈နာရီမိနစ်၃၀အချိန်တွင် ရောက်ရှိ ရမည်ဖြစ်သည်။
"အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အဲအေးရှားမှ Flight 8501နဲ့ပတ်သက်ပြီးတော့ ကျည်းချုပ်ပြောကြားသွားမှာ ဖြစ်ပါတယ်။ အိမ်ဖြူတော်အရာရှိများဟာ အခြေနေကို ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပါတယ်”ဟု အိမ်ဖြူတော် မှ ပြောရေးဆိုခွင့်ရှိသူ အဲရစ်ရှုလတ်ဇ်က ပြောကြားသည်။
ပုံစာ- ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်တွင် ရပ်နားထားသည့် Air Asia လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ- သိင်္ဂီထွန်း၊မဇ္ဈိမ
Posted via Blogaway
လေယာဉ်မပျောက်မီ ရာသီဥတုအခြေအနေကြောင့် လမ်းကြောင်းပြောင်းရန် လေယာဉ်မှူး တောင်းဆိုခဲ့
လေယာဉ်မပျောက်မီ ရာသီဥတုအခြေအနေကြောင့် လမ်းကြောင်းပြောင်းရန် လေယာဉ်မှူး တောင်းဆိုခဲ့
Sunday, December 28, 2014
အင်ဒိုနီးရှားနှင့် စင်္ကာပူနိုင်ငံအတွင်းတွင် ဒီဇင်ဘာ၂၈ရက် အစောပိုင်းက ပျောက်ဆုံး နေသော QZ8501လေယာဉ်မှ လေယာဉ်မှူးသည် ဆိုးရွာသော ရာသီဥတုအခြေနေကြောင့် လေယာဉ်ခရီးစဉ်ကို လမ်းကြောင်းပြောင်းရန် တောင်းဆိုခဲ့ကြောင်း လေကြောင်းလိုင်း၏ ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။
"လေယာဉ်ဟာ လမ်ခရီးတွင် ရာသီဥတုဆိုးရွားတဲ့အတွက် လမ်းကြောင်းပြောင်းဖို့ တောင်းဆိုခဲ့ပါတယ်”ဟု မလေးရှားအခြေစိုက် အဆိုပါ လေယာဉ်ကုမ္ပဏီ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
"လေယာဉ်ဟာ အင်ဒိုနီးရှားလေကြောင်းသွားလာမှု ထိန်းချုပ်ရေးအဖွဲ့(ATC)ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေစဉ် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်ပါတယ်”ဟု ဆိုထားသည်။
အင်ဒိုနီးရှားနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ပျံသန်းနေစဉ် ပျောက်ဆုံးသွားသော အဲအေးရှာလေကြောင်းလိုင်းမှ လေယာဉ်အခြေနေကို
စောင့်ကြည့်လျက်ရှိကြောင်းနှင့် ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။
လူ ၁၅၅ဦးလိုက်ပါသွားသော Airbus A320-200လေယာဉ်သည် အရှေ့ဂျားဗား ပြည်နယ် ဆူရာဘာရာမြို့ ဂျူအန်ဒါ နိုင်ငံတကာ လေဆိပ်မှ ဒီဇင်ဘာ၂၈ရက် နံနက် ၅နာရီ မိနစ်၂၀အချိန်တွင်ထွက်ခွာခဲ့ပြီး စင်္ကာပူနိုင်ငံသို့ နံနက်၈နာရီမိနစ်၃၀အချိန်တွင် ရောက်ရှိ ရမည်ဖြစ်သည်။
"အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အဲအေးရှားမှ Flight 8501နဲ့ပတ်သက်ပြီးတော့ ကျည်းချုပ်ပြောကြားသွားမှာ ဖြစ်ပါတယ်။ အိမ်ဖြူတော်အရာရှိများဟာ အခြေနေကို ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပါတယ်”ဟု အိမ်ဖြူတော် မှ ပြောရေးဆိုခွင့်ရှိသူ အဲရစ်ရှုလတ်ဇ်က ပြောကြားသည်။
ပုံစာ- ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်တွင် ရပ်နားထားသည့် Air Asia လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ- သိင်္ဂီထွန်း၊မဇ္ဈိမ
Posted via Blogaway
အသတ်ခံရသူအမျိုးသမီးနှင့် မင်းအုပ်စိုးသည် ဆရာတပည့်သာဖြစ်ဟုဆို
အသတ်ခံရသူအမျိုးသမီးနှင့် မင်းအုပ်စိုးသည် ဆရာတပည့်သာဖြစ်ဟုဆို
Saturday, December 27, 2014
သရုပ်ဆောင်မင်းအုပ်စိုး ထိုးကြိတ်ရာမှ သေဆုံးသွားသော သရပါမဂ္ဂဇင်းအယ်ဒီတာ မနုနုယဉ်(ခ) မတေး နုယဉ်သည် မင်းအုပ်စိုးနှင့် မောင်နှမဝမ်းကွဲတော်စပ် ခြင်းမရှိဘဲ ဆရာတပည့်များသာ ဖြစ်ကြောင်း ဗဟန်းမြို့နယ် မြို့မ ရဲစခန်းမှ ဒုရဲမှူးသိန်းဝင်းက 7 Day Daily အား အတည်ပြုပြော ကြားသည်။
ဒီဇင်ဘာ ၂၅ ရက် နံနက်၂နာရီခွဲတွင် မင်းအုပ်စိုးသည် တစ်အိမ်တည်းအတူနေတပည့်ဖြစ်သူ အသက် (၃၃)နှစ် အရွယ် မတေးနုယဉ်ကို ထိုးကြိတ်ရာ လက်လွန်၍သေဆုံးသွားသည်။ သေဆုံးသူသည် မင်းအုပ်စိုးနှင့် မောင်နှမဝမ်းကွဲတော်စပ်ခြင်းမရှိကြောင်း အခင်းဖြစ်ပွားရာနယ်မြေမှ ဒုရဲမှူးသိန်းဝင်းကပြောသည်။
‘‘သူတို့က မောင်နှမဝမ်းကွဲ မတော်စပ်ပါဘူး။ ဆရာတပည့် တွေပါ။ သူတို့တစ်အိမ်တည်းမှာ အတူတူနေကြတာကြာပြီလို့ သိရ ပါတယ်’’ဟု ၎င်းကပြောသည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်သော Yangon Police တွင် ‘ရုပ်ရှင် သရုပ်ဆောင်တစ်ဦးက ညီမဖြစ် သူအား ထိုးကြိတ်ရိုက်နှက်ခဲ့၍ သေဆုံးသွားခဲ့သဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိ’ဟု ဒီဇင်ဘာ ၂၅ ရက်ကဖော်ပြခဲ့သည်။
မနုနုယဉ်အား လူမှုရေးကိစ္စ တစ်ခုနှင့်ပတ်သက်၍ မေးမြန်းစဉ် အမှန်အတိုင်း ပြောဆိုခြင်းမရှိ သောကြောင့် စိတ်ဆိုးဒေါသဖြစ် ပြီး ထိုးကြိတ်ရာမှ သေဆုံးသွား ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထပ်မံဖော်ပြခဲ့သည်။
မင်းအုပ်စိုးနေထိုင်သည့် ခြံ ၀င်းအတွင်း အဆောက်အအုံ သုံး လုံးရှိပြီး လူသတ်မှုဖြစ်ပွားသည့် အဆောက်အအုံ၏ ရှေ့ဘက်ရှိ အဆောက်အအုံတွင် မင်းအုပ်စိုး၏ မိသားစုများ နေထိုင်နေကြောင်း ဒုရဲမှူးသိန်းဝင်းက ပြောသည်။
မင်းအုပ်စိုးကို ဒီဇင်ဘာ ၂၆ ရက်က ရုံးထုတ်ရမန်ယူရာ၌ ဗဟန်းမြို့နယ်တရားရုံးသို့ လင့်ခ် ခရူဇာကားဖြင့် လာရောက်ခဲ့သည်။ ရုံးထုတ်ရာတွင်လည်း ရဲတပ်ဖွဲ့က လုံခြုံရေးအပြည့်ယူထားခဲ့သည်။ ၂၀၁၅ ဇန်နဝါရီ ၈ ရက်တွင် ရဲစစ် ချက်များပြီးပါက ထိုနေ့တွင် ရုံး ထုတ်၍ တရားစွဲဆိုသွားမည်ဟု ဗဟန်းမြို့နယ်တရားသူကြီးက ပြောသည်။
မင်းအုပ်စိုး ထိုးကြိတ်မှု ကြောင့် သေဆုံးသူသည် နံရိုးများနှင့် လက်ရိုးများပါကျိုးသွားသည် ဟု ဒီဇင်ဘာ ၂၆ ရက်ကသတင်း များထွက်ပေါ်လာခဲ့သော်လည်းဒုရဲမှူးသိန်းဝင်းက ဆေးစစ်ချက်သည်အနည်းဆုံး တစ်ပတ်ကြာမှအဖြေထွက်မည်ဟုဆိုသည်။
‘‘သတင်းအမှားတွေထွက် နေတာပါ။ ဆေးစစ်ချက်က တစ် ခါတည်းမထွက်ပါဘူး။ အနည်း ဆုံးတစ်ပတ်လောက်ကြာမယ်။ သေတဲ့အချိန်မှာ ဘေးမှာဘယ်သူ တွေရှိတယ်ဆိုတာတော့ ပြောဖို့ စောပါသေးတယ်။ စစ်ဆေးဆဲပါ ပဲ’’ဟု ဒုရဲမှူးသိန်းဝင်းကပြောသည်။မင်းအုပ်စိုးကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ထားခြင်းဖြစ်သည်။
မင်းအုပ်စိုးသည်‘ကားပေါ် မှာလိုက်လာတယ်’ဗီဒီယိုဇာတ် ကားဖြင့် လူသိများလာသူဖြစ်ပြီး ‘ရင်ကွဲနာ’ရုပ်ရှင်ဇာတ်ကားကို ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက် ကူးခဲ့သူဖြစ်သည်။
သရုပ်ဆောင် မင်းအုပ်စိုး သည် ယခင်ကလည်း အမှုအခင်း အချို့ ဖြစ်ခဲ့ဖူးသည်။
၂၀၁၃ ဖေဖော်ဝါရီ ၁၅ ရက် တွင် ၎င်းနေထိုင်သော ဖိုးစိန်လမ်း ရှိ အမှိုက်ပုံကိုမီးရှို့ခဲ့ပြီး လမ်းမ တွင်ရမ်းကားကာ ယာဉ်ကြော ပိတ်ဆို့အောင် ၁၅ မိနစ်ခန့်ပြုလုပ် ခဲ့သည်။ အမှိုက်ပုံမီးရှို့သော ကြောင့် လာရောက်မီးငြှိမ်းသတ် သောမီးသတ်တပ်ဖွဲ့ဝင်များကို ဆဲဆိုခဲ့ပြီး ရဲတပ်ဖွဲ့ဝင်ကားတစ် စီးကို ဖျက်ဆီးခဲ့သောကြောင့် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က ပုဒ်မ ၆/၁၊ ပုဒ်မ ၄၃၅ တို့ဖြင့် အရေးယူ ခဲ့ပြီး ဇူလိုင် ၃ ရက်တွင် ထောင် ဒဏ်သုံးလနှင့် ဒဏ်ငွေကျပ် ခြောက်သိန်းအမိန့်ချမှတ်ခဲ့သည်
မင်းအုပ်စိုးကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily
Posted via Blogaway