စွန်ရဲအလက(ခွဲ)ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်


မင်းပြား ဇန်နဝါရီ ၃

မင်းပြားမြို့နယ် စွန်ရဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ကို ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ကမ္ဘာ့သာသနာပြုမဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ဆရာတော် ဘဒ္ဒန္တကုလရက္ခိတ ကိုယ်တိုင်ကြွရောက်ချီးမြှင့်ပြီး လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်မင်းက အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းဆောင်သစ်၏ စာရွက်စာတမ်း များကို ကျောင်းဒါယကာကြီး ဦးထွန်းခိုင်က လွှဲပြောင်းပေးအပ်ရာ မြို့နယ်ပညာ ရေးမှူး ဒေါ်မလှရွှေက လက်ခံယူခဲ့သည်။

(မြို့နယ် ပြန်/ဆက် )


Posted via Blogaway

SHARE THIS
Previous Post
Next Post