ကိုးကန့်​တိုက်​ပွဲအတွင်း အစိုးရစစ်​တပ်​က အရပ်​သားများကို သတ်​ဖြတ်​မှုများရှိ​နေ​ ကြောင်း ယူနန်​သတင်းစာ၏ ​ဖော်​ပြချက်​အား တပ်​မ​တော်​က ငြင်းဆို
(၁၇-၂-၂၀၁၅ ၊ ​လေးမြို့  ပြည်​တွင်းသတင်း)
မြန်​မာနိုင်​ငံ ၊ ရှမ်းပြည်​နယ်​​မြောက်​ပိုင်း ၊ ​လောက်​ကိုင်​​ဒေသ၌ ဖြစ်​ပွား​နေ​သော အစိုးရစစ်​နှင့်​ ကိုးကန့် လက်​နက်​ကိုင်​တပ်​ဖွဲတို့  စစ်​ပွဲအတွင်း အစိုးရစစ်​တပ်​ဘက်​မှ ​လောက်​ကိုင်​​ဒေသခံအရပ်​သားများကို
သတ်​ဖြတ်​မှုများရှိ​နေ​ကြောင်း ယူနန်​သတင်းစာ
၏ ​ဖော်​ပြချက်​အား အစိုးရတပ်​မ​တော်​ဘက်​မှ ငြင်းဆိုလိုက်​​ကြောင်း နိုင်​ငံပိုင်​မီဒီယာများ၏
ဖော်​ပြချက်​အရ သိရသည်​။
ဖေ​ဖော်​ဝါရီ ၁၆ ရက်​​နေ့ က ထုတ်​​ဝေခဲ့​သော ယူနန်​သတင်းစာတွင်​ ``တိုက်​ပွဲအတွင်း အစိုးရစစ်​တပ်​ဘက်​မှ ​ဒေသခံအရပ်​သားအချို့  ကို သတ်​ဖြတ်​မှုများ ရှိ​နေ​ကြောင်း" ​ဓာတ်​ပုံနှင့်
တကွ ​ဖော်​ပြခဲ့ပြီး​နောက် အစိုးရစစ်​တပ်​ဘက်​မှ​ ငြင်းဆိုလိုက်​ခြင်းဖြစ်​​ကြောင်း သိရသည်​။
အဆိုပါ ယူနန်​သတင်းစာ၏ ​ဖော်​ပြချက်​အား
အစိုးရစစ်​တပ်​က``တိုက်​ပွဲအတွင်း ​နေအိမ်​အတွင်းမှ ​နေ ပုန်း​အောင်းပစ်​ခတ်​မှုများ
ကြောင့် တပ်မတော်က တစ်အိမ်ချင်းစီ
တက်ရောက် ရှာဖွေ၍ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခြင်းဖြစ်ပြီး အရပ်သား များကို သတ်ဖြတ်မှုလုံးဝမရှိ ကြောင်း ´´ ယခုကဲ့သို့ ငြင်းဆိုလိုက်​ခြင်း ဖြစ်​​ကြောင်း သိရသည်​။
တိုက်​ပွဲအတွင်း ဖုန်​ကြားရှင်​တို့ တပ်​ဖွဲ့ ဘက်​မှ အရပ်​ဝတ်​များဖြင့်​ ပစ်​ခတ်​မှုများရှိ​နေသဖြင့်​ ရန်​သူနဲ့  ပြည်​သူ ခွဲခြားရန်​ အခက်​အခဲများ
ရှိ​နေ​ကြောင်း အစိုးရစစ်​တပ်​ဘက်​မှ တပ်​မ​တော်​အဆင်​မြင့်​အရာရှိတစ်​ဦး၏ ​ပြောကြားချက်​အရ သိရ​ကြောင်း 7 Days News တွင်​ ​ဖော်​ပြထားသည်​။
ဖေ​ဖော်​ဝါရီ ၁၅ ရက်​​နေ့  ၊ ည​နေပိုင်းကလည်း
လောက်​ကိုင်​မြို့ ရှိ အ​ဆောက်​အဦးတစ်​ခု
အတွင်းမှ ​ချောင်း​မြောင်း ပစ်​ခတ်​ခတ်​မှု​ကြောင့်​ အစိုးရစစ်​တပ်​ တပ်​မ ၃၃ မှ စစ်​သားတစ်​ဦး
ကျဆုံးခဲ့ ပြီး အစိုးရစစ်​တပ်​မှ ထိုအ​ဆောက်
အဦးအား ဝင်​​ရောက်​တိုက်​ခိုက်​ရာ ရန်​သူအ​လောင်းရှစ်​​လောင်းကို ရရှိခဲ့​ကြောင်း အစိုးရဘက်​မှ သတင်းထုတ်​ပြန်​ချက်​အရ သိရသည်​။
သို့ ​သော်​ အစိုးရစစ်​တပ်​မှ  အရပ်​သားများအား
သတ်​ဖြတ်​ခြင်းမရှိဟု ​ပြော​နေ​သော်​လည်း
အစိုးရစစ်​တပ်​မှ ပစ်​ခတ်​မှု​ကြောင့်​ ဒဏ်​ရရှိ၍
တရုတ်​နိုင်​ငံ ၊ နံစန်​ဒုက္ခသည်​စခန်းသို့ ​ရောက်
်​ရှိ​လာသူများ ရှိ​နေ​သည်​ဟု ​လောက်​ကိုင်​​ဒေသခံ မမိန်​​ကျောက်​ရင်​၏ သတင်း​ပေးချက်​အရ သိရ​ကြောင်း 7 Days News က ​ဖော်​ပြထားသည်​။
ရေးသားသူ-မင်းမြတ်​ခိုင်
SHARE THIS
Previous Post
Next Post