အစိုးရစစ်​တပ်​နှင့်​ ကိုးကန့် စစ်​ပွဲအတွင်း အစိုးရစစ်​တပ်​ဘက်​မှ ကျဆုံးသူ ၅၀နီးပါးရှိ


(၁၃-၂-၂၀၁၅ ၊ ​လေးမြို့ ပြည်​တွင်းသတင်း)

ပြီးခဲ့​သော ​ဖေ​ဖေါ်ဝါရီ ၉ ရက်​တွင်​ စတင်​ဖြစ်​ပွားခဲ့​သော အစိုးရစစ်​တပ်​နှင့်​ ဖုန်​ကြားရှင်​ဦး​ဆောင်​​သော ကိုးကန့် တပ်​မ​တော်​မဟာမိတ်​တပ်​ဖွဲ့ များအကြား အစိုးရစစ်​တပ်​ဘက်​မှ အရာရှိ ၅ ဦး အပါအ၀င် တပ်မတော်သား ၄၇ ဦးကျဆုံးပြီး ၆၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက သတင်းထုတ်ပြန်ချက်​အရ သိရသည်​။

ရှမ်းပြည်​နယ်​​အ​ရှေ့ ​မြောက်​ပိုင်းရှိ ​လောက်​ကိုင်​နှင့်​ ​မော်​ထိုက်​မြို့ အနီးတွင်​ တိုက်​ပွဲ​ပေါင်း ၁၃ ကြိမ်​ထိ ဖြစ်​ပွားခဲ့ ပြီး အစိုးရဘက်က လက်နက်ကြီးပစ်ကူတွေနဲ့ လေကြောင်းပစ်ကူ ၅ ကြိမ် ဆောင်ရွက်ပေးခဲ့ပြီး  ကိုးကန့်တပ်တွေက ဗုံးပစ်လောင်ချာတွေ၊ လက်ပစ်ဗုံးတွေ၊လေယာဉ်ပစ် စက်သေနတ်ကြီးတွေ အသုံးပြုခဲ့တယ်လို့ သတင်းမှာဖော်ပြချက်​များအရ သိရသည်​။

ထို့ ပြင်​ ရန်​လုံကျိုင်းရဲစခန်းကို ကိုးကန့်တပ်​များဝင်​သိမ်းခဲ့စဉ်​က ဒုရဲအုပ်​ ၁ ဦးအပါအဝင်​ ရဲ ၆ ဦးတို့  ​သေဆုံးခဲ့ ​ကြောင်း ​ဖော်​ပြထားသည်​။

ဖေ​ဖေါ်ဝါရီ လ ၁၀ ရက်​​နေ့ က ထုတ်​ပြန်​​သော ကိုးကန့် လက်​နက်​ကိုင်​တပ် MNDAA ၏ ထုတ်​ပြန်​ချက်​အရ ကိုးကန့် တပ်သား ၃ ဦး ကျဆုံး၊ ၅ ဦးဒဏ်ရာရပြီး အစိုးရဘက်က ကျဆုံးဒဏ်ရာရသူ စုစုပေါင်း ၇၀ လောက်ရှိတယ်လို့. သိရသည်​။

ယခုအခါ စစ်​ဒဏ်​သင့် ​လောင်​ကိုင်​​ဒေသခံပြည်​သူတို့ မှာ တရုတ်​နိုင်​ငံနှင့်​ လားရှိုးမြို့ များသို့  ထွက်​​ပြေးတိမ်း​ရှောင်​​နေရ​ကြောင်းပြီး ​လောင်​ကိုင်​မြို့  တွင်​ ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ မှ ပုဒ်​မ ၁၄၄ ညမထွက်​ရအမိန့်ကို ထုတ်​ပြန်​ထား​ကြောင်း သိရသည်​။

ရေးသားသူ - မင်းမြတ်​ခိုင်
တင်​ဆက်​သူ-​လေးမြို့ သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post