ပြည်​တွင်းစစ်​တွင်​ ​လေ​ကြောင်းစစ်​ဆင်​​ရေးများ မပြုလုပ်​ရန်​ အစိုးရစစ်​တပ်​အား NBF အဖွဲ့  ဝင်​ပါတီများ ​တောင်းဆို

(၁၃-၂-.၂၀၁၅ ၊ ​လေးမြို့ ည​နေပိုင်းသတင်း)

လွန်​ခဲ့  ​သော ရက်​ပိုင်းက ရှမ်းပြည်​​မြောက်​ပိုင်းတွင်​ ဖြစ်​ပွား​နေ​သော အစိုးရစစ်​တပ်​နှင့်​ တိုင်းရင်းသားလက်​နက်​ကိုင်​တပ်​​များအကြား
အစိုးရစစ်​တပ်​ဘက်​မှ ​လေ​ကြောင်းစစ်​​ဆင်​​ရေးများပြုလုပ်​ခဲ့  မှု့ အ​ပေါ်ညီ​နောင်​တိုင်းရင်းသားပါတီများက
အစိုးရစစ်​တပ်​အား ပြည်​တွင်းစစ်​တွင်​ ​လေ​ကြောင်းစစ်​ဆင်​​ရေးများ မပြုလုပ်​ရန်​ ​တောင်းဆိုလိုက်​ခြင်း ဖြစ်​သည်​။

ပြည်​တွင်းငြိမ်းချမ်း​ရေး တည်​​ဆောက်​ အ​ကောင်​အထည်​​ဖော်​​နေစဉ်​ ကာလအတွင်း
နှစ်​ဖက်​တပ်​ဖွဲ့များအ​နေဖြင့်​ စစ်​​ရေးတင်းမာမှုမျာုးအရှိန်​မြင့်​လာကြသည်​အမျှ ​လေ​ကြောင်းတိုက်​ခိုက်​မှုများ မပြုလုပ်​ရန်​​တောင်းဆိုလိုက်​ခြင်း ဖြစ်​​ကြောင်းသိရသည်​။

ပြီးခဲ့တဲ့ရက်ပိုင်းကနေပြည်တော်မှာ ကျင်းပတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ရဲ့ ၂၁ ကြိမ် မြောက် ပုံမှန်အစည်းအဝေးအပြီး အဆိုပါ ကြေညာချက်ထုတ်ပြန် တိုက်တွန်းတောင်းဆိုလိုက်တာပါဟု သိရသည်​။

ထိုညီ​နောင်​တိုင်းရင်းသားများ NPF အဖွဲ့  သည်​ တိုင်းရင်းသားပါတီ​ပေါင်း ၂၂ ပါတီနှင့်​ ဖွဲ့စည်းထား​သော အဖွဲ့ တစ်​ဖွဲ့ ဖြစ်​​ကြောင်းလည်း သိရသည်​။

ရေးသားသူ - မင်းမြတ်​ခိုင်
တင်​ဆက်​သူ - ​လေးမြို့ သတင်းမီဒီယာ



SHARE THIS
Previous Post
Next Post