အမှူမှန်​​ပေါ်​ပေါက်​​စေရန်​ ကူညီ​ပေးကြပါ

ညီပု ခေါ် ဇော်ဝင်းထွန်း သည် pune nerr kyaun( ပုန်နားကျွန်း) မြို့ ရခိုင်ပြည်နယ်မှ ဖြစ်သည်။
သူသည် ရေကြောင်းသိပ်ပံကျောင်းဆင်းဖြစ်ပြီး သင်္ဘော ၇ ကြိမ်မြောက်ဆင်းလာစဉ်
ရန်ကုန်တွင် သီတင်းတစ်ပတ် ( ၇ ရက်မပြည့်)မပြည့်မီ
သေသည်ဟု မိဘ၊သူငယ်ချင်း၊မိတ်ဆွေများ ကြားသိရသည်။
ရန်ကုန်တွင် မည်သူတို့နဲ့နေခဲ့ကြောင်း......မည်သည့်နေရာတွင်နေခဲ့ကြောင်း ... ပဲခူးသို့မည်သူနှင့်မည်သည့်အချိန်သွားမှန်း မိသားစုမသိသေးပါ.....။
ကျန်းမာရေး၊ လူမှုရေး၊ကြီးပွားရေး ...အဆင်ပြေနေသူတစ်ယောက် ဤသို့ဖြစ်သွားသည်ကို
မယုံကြည်နိုင်ပါ......။
ရန်ကုန်ပြန်ရောက်သည့်နေ့က မိဘဆီကို US 10000ကျော်ကို ကျပ်ငွေပြောင်းကာ
နယ်ပြန်လာမည်ဟုပြောခဲ့သူ ဤသို့လုပ်မည်ဟုမယုံကြည်နိုင်ပါ။
ငွေပျောက်ကာ လူသေသည်ဟုသတင်းစကားကြားရသည်ကို မည်သိုမျှမယုံဝံ့။
မသမာမှုတစ်စုံတစ်ရာ...မတရားမှုတစ်စုံတစ်ရာရှိနေနိုင်သည်မှာ မြေကြီးလက်ခတ်မလွဲ ။
ကျနော်တို့နေထိုင်ရာ နေရာသည်
မျှတမှုတစ်စုံတစ်ရာရှိကောင်း၏ ....
စာနာမှုတစ်စုံတစ်ရာရှိကောင်း၏...
တရားမှုတစ်စုံတစ်ရာရိကောင်း၏ဟုယူဆကာ
ကျနော့ facebook သူငယ်ချင်းများshare လုပ်ခြင်း၊ like လုပ်ခြင်းဖြင့်
တစ်ခြားသူများသိစေဖို့ အဖြစ်မှန်ပေါ်စေဖို့...ကူညီပေးပါ။
ညီပု ဇော်ဝင်းထွန်း(1988 /3/14 ......2015/3/3)



SHARE THIS
Previous Post
Next Post