ထွန်းမြတ်​နိုင်​ကိုယ်​တိုင်​တက်​​ရောက်​ခဲ့​ပြီး ဖုန်​ကြားရှင်​တက်​​ရောက်ခဲ့ခြင်းမရှိသည့်​ တိုင်းရင်းသားလက်​နက်​ကိုင်​များ ညီလာခံ

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ထိန်းချုပ်တဲ့ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့မြို့တော် ပန်ဆန်းမှာ တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့ရဲ့ ထိပ်သီးညီလာခံကို မေလ ၁ရက်နေ့ကနေ ၆ရက်နေ့အထိ စတင်ကျင်းပနေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်မတော် (AA)၊ ကရင့်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပလောင်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နဲ့ NDAA မိုင်းလားအဖွဲ့တို့ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါညီလာခံသို့  အစိုးရနှင့်​လက်​ရှိတိုက်​ပွဲ ဖြစ်​ပွားလျက်​ရှိ​သော လက်​နက်​ကိုင်​တပ်​ဖွဲ့ များဖြစ်​သည့်​ ရက္ခိုင့်​တပ်​မ​တော်​ AA မှ စစ်​ဦးစီးချုပ် ထွန်းမြတ်​နိုင်​ကိုယ်​တိုင်​တက်​​ရောက်​ခဲ့ပြီး အဆိုပါ ညီလာခံသို့ ကိုးကန့်​တပ်​ MNDAA မှ ​ခေါင်း​ဆောင်​ ဖုန်​ကြားရှင်​ကိုယ်​တိုင်​တက်​​ရောက်​ခဲ့ခြင်းမရှိဘဲ ကိုယ်​စားလှယ်​များသာ တက်​​ရောက်​ခဲ့​ကြောင်း သိရသည်​။

လေးမြို့ သတင်းမီဒီယာ
ဓာတ်​ပုံ-ကမာရွတ်​မီဒီယာ



SHARE THIS
Previous Post
Next Post