ဘင်္ဂလားပင်​လယ်​ရှိ ​လေဖိအားနည်းရပ်​ဝန်း​ကြောင့်​ ရခိုင်​တွင်​ မိုးများလာနိုင်

သင်္ကြန်​လွန်​ပြီး မိုးရာသီသို့  လှမ်း​မျှော်​လာသည်​နှင့်​အမျှ မြန်​မာနိုင်​ငံအတွင်းသို့  ဝင်​​ရောက်​လာ​သော အ​နောက်​​တောင်​မုတ်​သုံ​လေသည်​ ဘင်္ဂလားပင်​လယ်​​အော်​အတွင်းေ​လဖိအား နည်းရပ်ဝန်း နှစ်ကြိမ်ခန့် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် မုန်တိုင်းငယ်အဆင့်သို့ ရောက် ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က​ပြောကြားခဲ့​ကြောင်း သိရသည်​။  �

ထိုဝင်​​ရောက်​လာ​သော မုတ်​သုံ​လေသည်​ � ​မေလ ဒုတိယပတ်နှင့် တတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အတွင်း၌ လေဖိအားနည်း ရပ်ဝန်းများ ဖြစ်ပေါ်လာရာမှ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း ဦး​ကျော်​မိုးဦး၏ ​ပြောပြချက်​အရ သိရသည်​။ �

ထိုမုန်​တိုင်း၏ အရှိန်​​ကြောင့်​ နီးစပ်​ရာ​ဒေသတို့  တွင်​​ ​နေရာကွက်​ကျား၍ မိုးကြီးလာနိုင်​​ကြောင်း သူကဆက်​​ပြောသည်​။� “အနောက်တောင်မုတ်သုံလေ စဝင်တဲ့အချိန်မှာ နေရာကွက်ပြီး မိုးကြီးတာတို့၊ လေပြင်းတိုက်တာတို့ ဖြစ်နိုင်တယ်။ ဒါကိုတော့ သတိပြုရမယ်။ မုတ်သုံက ပုံမှန်ဆို မေလ ၅ ရက်နေ့ စဝင်တယ်။ အခုကတော့ တဖြည်းဖြည်း နောက်ကျလာတယ်” ဟု ဦးကျော်မိုးဦး၏ ​ပြောဆိုချက်​ကို သိရသည်​။

�အဆိုပါ မုန်​တိုင်း​ကြောင့်​ ရခိုင်ပြည်နယ်တွင် ပုံမှန်ထက် ပိုမိုရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၈ ရက်မှ ၁၂ ရက်ခန့် မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကထုတ်​ပြန်​သည့်​ ခန့်မှန်းချက် တွင်​ ​တွေ့ ရသည်​။�

သို့ ​သော်​ မိုး​လေဝသပညာရှင်​ ​ဒေါက်​တာ ဦးထွန်းလွင်​က​တော့ မေလ ၂ ရက်နေ့မှ ၈ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်နိုင်ပြီး ကနဦးတွင် မြောက်အနောက်ဘက် ဒေသသို့ ဦးတည်ရွေ့လျားကာ မေလ ၄ ရက်နေ့ ဝန်းကျင်တွင် အနောက်မြောက်ဘက်သို့ ပြောင်းလဲရွေ့လျား၍ မေလ ၈ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ကမ်းခြေအနီး ရောက်ရှိပါက အားပျော့ပျက်ပြယ်သွားနိုင်ကြောင်း၊ ယင်းလေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မွန်-တနင်္သာရီကမ်းရိုးတန်းဒေသတွင် မိုးထစ်ချုန်း ရွာသွန်းနိုင်သည်​ဟု ခန့်မှန်းထားသည်​ဟု သူ့ Facebook စာမျက်​နှာတွင်​ ​ရေးသားထားသည်​။

ရေးသားသူ -မင်းမြတ်​ခိုင်
တင်​ဆက်​သူ-​လေးမြို့ သတင်းမီဒီယာ��



SHARE THIS
Previous Post
Next Post