မြစ်​​ရေလျှံမှုနှင့်​အတူ ​မျောပါလာသည့်​ စပါးကြီး​မြွေတစ်​​ကောင်​ကို မင်းပြားတွင်​ ဖမ်းမိ

(ဇွန်​လ ၂၇ ၊ မင်းပြား)

ရခိုင်​ပြည်​နယ်​​မြောက်​ပိုင်းရှိ အထင်​ကရမြစ်​ကြီးတစ်​စင်းဖြစ်​​သော ​လေးမြို့  မြစ်​​ရေလျှံမှုအတွင်း ​ရေနှင့်​အတူ ​မျောပါလာသည့်​ ​စပါးကြီး​မြွေတစ်​​ကောင်​ကို မ​နေ့ (၂၆)ရက်​​နေ့ က မင်းပြားမြို့ ​ပေါ်ရှိ ​နေအိမ်​တစ်​အိမ်​အတွင်း ဖမ်းဆီးရရှိခဲ့သည်​ဟု သိရသည်။

အဆိုပါ​စပါးကြီး​မြွေကို မြစ်​ကမ်းအနီးရှိ `မိသားစု´ထမင်းဆိုင်​​နေအိမ်​၏ ​ခေါင်​မိုးအတွင်းဘက်​၌ ​ရောက်​ရှိ​နေ​ခဲ့ကြောင်း သိရပြီး အဆိုပါ​မြွေကြီးအား မာရမာကြီး တိုင်းရင်းသားတစ်​ဦးဖြစ်​သူ ကြက်​​ချေက ဖမ်းဆီး ၊ ထိန်းသိမ်းနိုင်​ခဲ့​ကြောင်း သိရသည်။

အဆိုပါ​မြွေကြီး၏ လုံးပတ်​မှာ  ၁၀ လက်​မ ဝမ်းကျင်​ခန့်ရှိပြီး အရှည်​မှာ ၂ ​ပေ ​ကျော်​ခန့် ရှိ​၍ အလတ်​စား​တောစပါးကြီး​မြွေ တစ်​​ကောင်​ဖြစ်​​ကြောင်း အ​တွေ့ အကြုံရှိသူများ၏ ​ပြောစကားအရ သိရသည်။

မိုးသည်းထန်​စွာရွာသန်းမှု​ကြောင့်​  ရခိုင်​ရိုးမအစပ်​ရှိ ​တောင်​များ​မြေပြိုမှုဖြစ်​ပွားခဲ့သဖြင့်​ အဆိုပါ​မြွေကြီးသည်​ သစ်​ပင်​များ၊အမှိုက်​သရိုက်​၊ဒိုက်​များနှင့်​ အတူ ​မျောပါလာခဲ့ဟန်​ရှိ​ကြောင်း အနီးအနားရှိ ​ဒေသခံများက ​ဝေဖန်​​ပြောဆို​နေကြ​ကြောင်း သိရသည်။

ယခုအခါ ထို​မြွေကြီးအား လူများနှင့်​ ​ဝေးရာ ​တော၊​တောင်​တစ်​​နေရာသို့  သွား​ရောက်​ လွှတ်​​ပေးခဲ့ပြီးဖြစ်​​သည်​ဟု အနီးအနားမှ အိမ်​နီးချင်းများက ​ပြောကြားခဲ့​ကြောင်း သိရသည်။

မင်းမြတ်​ခိုင်
(​လေးမြို့  သတင်းဘ​လော့ဂ်​)



SHARE THIS
Previous Post
Next Post