စစ်တွေတွင်​ ဖမ်းမိသည့် ခိုးဝင်ဘင်္ဂါလီ ၄၅ ဦးကို ဒိုင်ယာစီပင် ထိုးဆေးများနှင့်အတူ ဖမ်းမိ
စစ်တွေတွင်​ ဖမ်းမိသည့် ခိုးဝင်ဘင်္ဂါလီ ၄၅ ဦးကို ဒိုင်ယာစီပင် ထိုးဆေးများနှင့်အတူ ဖမ်းမိ
စစ်တွေမြို့ သဲချောင်း
ဘင်္ဂါလီဒုက္ခသည်စခန်းအနီးရှိ သဲချောင်းထဲသို့ စက်လှေတစ်
စီး ခိုးဝင်လာ၍ လိုက်လံဖမ်းဆီးရာခြောက်ဦး လွတ်မြောက်သွားပြီး ၄၅ဦးကိုဒိုင်ယာစီပင်
ထိုးဆေးများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်းစစ်တွေမြို့မရဲစခန်းမှ သတင်းရရှိသည်။
ဇွန်လ ၂၆ ရက် မနက်ကိုးနာရီ ခန့်က စစ်တွေမြို့တွင် မိုးသည်း ထန်စွာရွာသွန်းနေပြီး သဲချောင်း အတွင်း လူ ၅၁ဦးတင်လာသည့် စက်လှေခိုးဝင်လာခဲ့သောကြောင့် လုံခြုံရေးစောင့်နေသည့် အမှတ် (၄)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စစ် တွေမြို့မရဲစခန်းမှ ဒုတိယရဲမှူး သန်းလှိုင်က ရန်ကုန်ပို့စ်အား ပြောသည်။
‘‘သဲချောင်းကနေ မိုးကိုအသုံးချပြီး ဖြတ်ဝင်လာ တာ။ အဲဒီအချိန်က မိုးကအရမ်းရွာ နေတာ။ ရပ်ခိုင်းတာကိုမရပ်ဘဲ မလွတ်မှန်းသိတော့ ရွှံ့တောထဲ လှေထိုးပြီး ထွက်ပြေးကြတာ။ ခြောက်ဦးထွက်ပြေးသွားတယ်။ ၄၅ဦးကိုတော့ ဖမ်းပြီးနယ်ရဲဘက် ကို လွှဲပေးထားတယ်’’ဟု စစ်တွေ မြို့ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းနှင့် ကျေးရွာအချို့တွင် လုံခြုံရေးတာဝန်ယူထားသည့် အမှတ် (၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
စက်လှေမှာ သဲချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းမှ ဘင်္ဂါလီ တစ်ဦးပိုင်သည့် စက်လှေဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့သွားပြီးအပြန်တွင် ဒိုင်ယာစီပင်ထိုးဆေးများနှင့် လူအချို့ကိုခိုး၍ သယ်ဆောင်လာခြင်းဖြစ်နိုင်ကြောင်း သူတို့သည် ရန်ကုန်မြို့အထိ ခရီးဆက်နိုင်ရန်ရှိကြောင်း ဖမ်းဆီးမှုဖြစ်စဉ်တွင် ပါဝင်သည့် ရဲအရာရှိတစ်ဦးက သုံးသပ်သည်။
ဒိုင်ယာစီပင်ထိုး ဆေးလုံး ၃,၉၀၀ ခန့်၊အမျိုးသား ၂၈ဦးနှင့် အမျိုးသမီး ၁၇ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
သဲချောင်းသည် ဘင်္ဂလား ပင်လယ်နှင့် ဆက်စပ်နေသည့် ချောင်းဖြစ်ပြီး ဘင်္ဂါလီများနေ သည့် ဒုက္ခသည်စခန်းနှင့် ကျေး ရွာထိပ်တွင်ရှိသော ပင်လယ်ပြင် သို့ ယင်းချောင်းမှတစ်ဆင့် အဝင် အထွက်ပြုလုပ်ကြခြင်းဖြစ်သည်။
From- The Yangon Post
မင်းပြားတွင်​ မှိုနှင့်​ဒညင်းသီး အတူစားမိ၍ ၂ ဦး ​သေဆုံးပြီး ၃ ဦးကို ​အ​ရေး​ပေါ်ကုသ​နေရ
မင်းပြားတွင်​ မှိုနှင့်​ဒညင်းသီး အတူစားမိ၍ ၂ ဦး ​သေဆုံးပြီး ၃ ဦးကို ​အ​ရေး​ပေါ်ကုသ​နေရ
(ဇွန်​လ ၂၉ ၊ မင်းပြား)
ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ နယ်​ ၊ ဆင်​ကြီးပြင်​ရွာအနီး င/ပယင်း​ကျွေးရွာတွင်​ ​မှိုနှင့်​ ဒညင်းသီးကို တွဲစားမိ၍ ၂ ဦး​သေဆုံးခဲ့ပြီး ကျန်​ ၃ ဦးကို မင်းပြားမြို့ ၊ ပြည်​သူ့ ​ဆေးရုံကြီး၌ အ​ရေး​ပေါ်ကုသ​နေရ​ကြောင်း သိရသည်။
ဇွန်​လ ၂၆ ရက်​​နေ့ က မိသားစုတစ်​စုသည်​ ​မှိုနှင့်​ ​ဒညင်းသီးကို တွဲစားမိခဲ့ပြီး​နောက်​ အဆိပ်​ဖြစ်​လာသဖြင့်​ နီးစပ်​ရာ တိုင်းရင်း​​ဆေးသမားနှင့်​ ကုသပြီး​နောက်​ အဆိပ်​မပြယ်​နိုင်​​သော​ကြောင့်​ ၃ ရက်​​မြောက်​ ​နေ့ တွင်​ မင်းပြား​ဆေးရုံကြီးသို့ ​ရောက်​ရှိလာခြင်း ဖြစ်​​ကြောင်း သိရသည်​။
အဆိုပါ ၅ဦးမှာ မိသားစုဝင်​ ၅ ဦးဖြစ်​၍ ​သေဆုံးသူ ၂ ဦးမှာ က​လေးများဖြစ်​ပြီး ၄ နှစ်​အရွယ်​ တစ်​ဦး နှင့်​ ၈ နှစ်​အရွယ်​ တစ်ဦးတို့ ဖြစ်​​ကြောင်း သိရသည်​။ကျန်​ ၃ ဦးမှာ မိဘ ၂ ဦးနှင့်​ သားသမီး ၁ ဦးဖြစ်​ပြီး ၄င်းတို့ ၏ အ​ခြေအ​နေများမှာလည်း စိုးရိမ်​ရသဖြင့်​ မနက်​ဖြန်​မနက်​၌ စစ်​​တွေ ​ဆေးရုံကြီးသို့  ပို့ ​ဆောင်​သွားရန်​ စီစဉ်​ထား​ကြောင်း ​ဆွေမျိုးရင်းချာတစ်​ဦးက ​ပြောကြားသည်​။အဆိုပါ မှိုမှာ ​ကောက်​ရိုးမှိုဖြစ်​ပြီး ဒညင်းသီးနှင့်​ တွဲစားမိသဖြင့်​ အဆိပ်​ဖြစ်​သွားဟန်​တူ​ကြောင်း ၄င်းက​ပြောကြားချက်​အရ သိရသည်။
ရေးသားသူ-သန့်ဇင်
တင်​ဆက်​သူ-​လေးမြို့ သတင်းမီဒီယာ
မိုးသည်းထန်​စွာ ရွာသန်းခြင်းကြောင့်​ စစ်​​တွေ-ရန်​ကုန်​လမ်းကို ပိတ်​ထားရ
မိုးသည်းထန်​စွာ ရွာသန်းခြင်းကြောင့်​ စစ်​​တွေ-ရန်​ကုန်​လမ်းကို ပိတ်​ထားရ
(ဇွန်​လ၂၈ ၊ အမ်း)
ရခိုင်​ပြည်​နယ်​အတွင်း အဆက်​မပြတ်​မိုးသည်းထန်​စွာ ရွှာသန်းခဲ့မှု​ကြောင့်​ ရခိုင်​ပြည်​နယ်​​မြောက်​ပိုင်းရှိ စစ်​​တွေ-အမ်း-ရန်​ကုန်​ကားလမ်းအား ယာယီရပ်​ဆိုင်းထားရ​ကြောင်း သိရသည်။
လွန်​ခဲ့​သော တနင်္လာ​နေ့ ကစ၍ အဆက်​မပြတ်​ မိုးသည်းထန်​စွာ ရွာသန်း​နေမှုများ​ကြောင့်​ ရခိုင်​ပြည်​နယ်​အနံ့ အပြား၌ ​ရေကြီးခြင်း ၊ ​မြေပြိုခြင်းများ ဖြစ်​​ပေါ်ခဲ့ပြီး ရန်​ကုန်​-စစ်​​တွေ ကားလမ်းတစ်​​လျှောက်​တွင်​လည်း ​တောင်​ပြိုခြင်း ၊ ​မြေပြိုခြင်း ၊ ကားလမ်း​ပေါ်​ရေ​ကျော်​ခြင်း ၊ တံတားများ​ကျိုးပျက်ခြင်းနှင့်​ လမ်းအက်​ကွဲမှုများ ဖြစ်​​ပေါ်​နေသဖြင့်​ ရန်​ကုန်​နှင့်​ စစ်​​တွေသို့  ​ပြေးဆွဲ​နေသည့်​ ​မော်​​တော်​ကားများ လမ်းတွင်​ ယာယီရပ်​ဆိုင်း​နေရ​ကြောင်း သိရသည်။
အဆိုပါကားလမ်းများ ပျက်​စီးမှု​ကြောင့်​ ခရီးစဉ်​များ ရပ်​ဆိုင်း​နေရပြီး ကုန်​တင်​ကားကြီး လမ်းတွင်​ ယာယီရပ်​နား​နေရသဖြင့်​ ကုန်​ပစ္စည်း များ ရခိုင်​ပြည်​နယ်​​ဈေးကွက်​တွင်​ ပြတ်​လပ်​​နေ​ကြောင်း မင်းပြားမှ လျှပ်​စစ်​ပစ္စည်းအ​ရောင်းချသူ တစ်​ဦး ​ပြောသည်​။ လမ်းသည်​ အမ်းနှင့်​ မင်း​ပြား ကြား၌ အများဆုံးပျက်​စီး​နေ​ကြောင်း ရိုးမစွမ်းအင်​ကုန်​စည်​ပို့  ​ဆောင်​​ရေးမှ တာဝန်​ရှိသူတစ်​ဦးက ​ပြောသည်​။
``ကားသမား​တွေ ​ပြောတာ​တော့ မင်းပြားနဲ့  အမ်းကြားမှာ လမ်းအက်​ကွဲတာ ၊ ​တောင်​ပြို​တွေက ၃ ​နေရာ​လောက်​ ဖြစ်​​နေတယ်​တဲ့ ... ပြီး​တော့ တံတားငယ်​ ၂ စင်း ပြန်​ပြင်​​နေရတယ်​လို့  ကြားတယ်​´´
ဟု ရိုးမစွမ်းအင်​မှ တာဝန်​ရှိသူတစ်​ဦးက ​ပြောကြားသည်​။
ထို့  ပြင်​ မင်းပြား-​မြောက်​ဦးလမ်းပိုင်း၌ ​မြောက်​ဦးအနီးရှိ ​ကျေး​တောတွင်​ ​ကားလမ်း​ပေါ် ​၃ ​ပေနီး​လောက် ​ရေအမြင့်​ရှိ​သော​ ​ရေ​ကျော်​​နေသဖြင့်​ ကားငယ်​များနှင့်​ ဆိုင်​ကယ်​များ ဖြတ်​သန်းမသွားနိုင်​ဘဲ ​ရေကျချိန်​ထိ ​စောင့်​ဆိုင်း ကူးဖြတ်​​နေရ​ကြောင်း သိရသည်။
ထို့အတူ ​ကျောက်​​တော်​-ပုဏ္ဏားကျွန်းလမ်းပိုင်း၌ ကန်​​စောက်​အနီး ၊ ဝါး​တောင်​ရွာ၌ ​ကားလမ်း​ပေါ် ​ရေ​ကျော်​​နေသဖြင့်​ ခက်​ခက်​ခဲခဲ​ကျော်​ဖြတ်​ ​မောင်းနှင်း​နေရ​ကြောင်း သိရသည်။
မင်းမြတ်​ခိုင်
(​လေးမြို့ -အ​နောက်​ပိုင်းသတင်းမီဒီယာ)
ကချင်​ရောက်​ မင်းပြားဒုက္ခသည်​ ၄၁၆ ဦးအား ​နေရပ်​ပြန်​​ရောက်​နိုင်​​ရေး ကူညီမည်
ကချင်​ရောက်​ မင်းပြားဒုက္ခသည်​ ၄၁၆ ဦးအား ​နေရပ်​ပြန်​​ရောက်​နိုင်​​ရေး ကူညီမည်
(ဇွန်​လ ၂၇ ၊ ဖားကန့်​)
ရေကြိုင်​ရာ မြက်​နုရာသို့  ရှာ​ဖွေသည့်​အ​နေဖြင့်​ ကချင်​ပြည်​နယ်​သို့  အလုပ်​အကိုင်​သွား​ရောက်​​ လုပ်​ကိုင်​ရင်း ဒုက္ခ​ရောက်​​နေကြသည့်​ ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ နယ်​မှ ကချင်​​ရောက်​ဒုက္ခသည်​ ၄၁၆ ဦးအား ကချင်​ပြည်​နယ်​အစိုးရအဖွဲ့ နှင့်​ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့ တို့ ပူး​ပေါင်း၍ ​နေရပ်​ဇာတိသို့ ပြန်​ရောက်​နိုင်​​ရေး အကူအညီများ ​ပေးသွားမည်​ဖြစ်​​ကြောင်း  သိရသည်။
အဆိုပါဒုက္ခသည်​များသည်​ ကချင်​၌ မိုးရာသီအလုပ်​အကိုင်​ရှားပါးခြင်း ၊ နယ်​​မြေ​ဒေသလုံခြုံမှုမရှိခြင်း ၊ စစ်​​ရေးမငြိမ်​မသက်​မှုများ​ကြောင့်​ အလုပ်​လက်​မဲ့များဖြစ်​​နေကြရပြီး အပြန်​စရိတ်​အခက်​အခဲများ​ကြောင့်​ ​နေရပ်​မပြန်​နိုင်​ဘဲ ​သောင်​တင်​ဒုက္ခ​ရောက်​​နေကြသူများဟု ယူဆရသည်​။
အဆိုပါဒုက္ခသည်​များမှာ အိမ်​​ထောင်​စု (၉၆)စု ၊ လူ(၄၁၆)ဦးဟု သိရပြီး ၄င်းတို့ သည်​ ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ နယ်​ရှိ အိုင်​ဝန်း​ ၊ စအင်း ၊ ​တောကန်​ ၊ ရန်​တိုင်​နှင့်​ အခြားရွာများမှ ဖြစ်​​ကြောင်း သိရသည်။ ​ကျေးရွာများမှသာမက
မင်းပြားမြို့  ​ပေါ်ရှိ ​ဈေး​ဟောင်းပိုင်း ၊ ​အလယ်​ပိုင်း ၊ ​အောက်​ရွာပိုင်းရပ်​ကွက်​များမှလည်း ပါဝင်​​ကြောင်း သိရသည်​။
အဆိုပါဒုက္ခသည်​များသည်​ ကချင်​ပြည်​နယ်​အစိုးရအဖွဲ့ မှ ကူညီမှု​ကြောင့်​ လာမည့်​ ၂၉ ရက်​​နေ့  တွင်​ မန္တ​လေးမြို့ သို့  ​ရောက်​ရှိလာမည်​ဖြစ်​ပြီး ဇွန်​လ ၃၀ ရက်​​နေ့ တွင်​ မင်းဘူးမြို့  ၊ ဂျူလိုင်​လ ၁ ရက်​​နေ့  တွင်​ ရခိုင်​ပြည်​နယ်​ ၊ မင်းပြားသို့  ​ရောက်​ရှိလာမည်​ဟု ခန့်​မှန်းရ​ကြောင်း သိရသည်။
အဆိုပါ​ဒုက္ခသည်​များအား မင်းပြားတွင်​ ယာယီစခန်းထားရပ်​နားခိုင်းမည်​ဖြစ်​ပြီး စခန်း​နေရာအဖြစ်​ မင်းပြားမြို့  ၊ မြို့ နယ်​​ဓမ္မာရုံကြီးနှင့်​ မြို့ မ​တောင်​​ကျောင်း ဘုန်း​တော်​ကြီး ​ကျောင်းများကို အသုံးပြုဖွယ်​ရှိ​ကြောင်း သိရသည်​။
အဆိုပါဒုက္ခသည်​များအား ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့ မှ အိမ်​​ထောင်​စု တစ်​စုလျှင်​ ဆန်​(၁)အိတ်​နှင့်​ ကျပ်​​ငွေ (၁၀၀၀၀)စီ ​ထောက်​ပံ့ကူညီသွားမည်​ဖြစ်​ပြီး မင်းပြားမှ ​စေတနာရှင်​များက တစ်​နိုင်​တစ်​ပိုင်​​ထောက်​ပံ့ကူညီသွားမည်​ဖြစ်​​ကြောင်း သိရသည်။
မင်းမြတ်​ခိုင်
(​လေးမြို့ သတင်းဘ​လော့ဂ်​)
မြစ်​​ရေလျှံမှုနှင့်​အတူ ​မျောပါလာသည့်​ စပါးကြီး​မြွေတစ်​​ကောင်​ကို မင်းပြားတွင်​ ဖမ်းမိ
မြစ်​​ရေလျှံမှုနှင့်​အတူ ​မျောပါလာသည့်​ စပါးကြီး​မြွေတစ်​​ကောင်​ကို မင်းပြားတွင်​ ဖမ်းမိ
(ဇွန်​လ ၂၇ ၊ မင်းပြား)
ရခိုင်​ပြည်​နယ်​​မြောက်​ပိုင်းရှိ အထင်​ကရမြစ်​ကြီးတစ်​စင်းဖြစ်​​သော ​လေးမြို့  မြစ်​​ရေလျှံမှုအတွင်း ​ရေနှင့်​အတူ ​မျောပါလာသည့်​ ​စပါးကြီး​မြွေတစ်​​ကောင်​ကို မ​နေ့ (၂၆)ရက်​​နေ့ က မင်းပြားမြို့ ​ပေါ်ရှိ ​နေအိမ်​တစ်​အိမ်​အတွင်း ဖမ်းဆီးရရှိခဲ့သည်​ဟု သိရသည်။
အဆိုပါ​စပါးကြီး​မြွေကို မြစ်​ကမ်းအနီးရှိ `မိသားစု´ထမင်းဆိုင်​​နေအိမ်​၏ ​ခေါင်​မိုးအတွင်းဘက်​၌ ​ရောက်​ရှိ​နေ​ခဲ့ကြောင်း သိရပြီး အဆိုပါ​မြွေကြီးအား မာရမာကြီး တိုင်းရင်းသားတစ်​ဦးဖြစ်​သူ ကြက်​​ချေက ဖမ်းဆီး ၊ ထိန်းသိမ်းနိုင်​ခဲ့​ကြောင်း သိရသည်။
အဆိုပါ​မြွေကြီး၏ လုံးပတ်​မှာ  ၁၀ လက်​မ ဝမ်းကျင်​ခန့်ရှိပြီး အရှည်​မှာ ၂ ​ပေ ​ကျော်​ခန့် ရှိ​၍ အလတ်​စား​တောစပါးကြီး​မြွေ တစ်​​ကောင်​ဖြစ်​​ကြောင်း အ​တွေ့ အကြုံရှိသူများ၏ ​ပြောစကားအရ သိရသည်။
မိုးသည်းထန်​စွာရွာသန်းမှု​ကြောင့်​  ရခိုင်​ရိုးမအစပ်​ရှိ ​တောင်​များ​မြေပြိုမှုဖြစ်​ပွားခဲ့သဖြင့်​ အဆိုပါ​မြွေကြီးသည်​ သစ်​ပင်​များ၊အမှိုက်​သရိုက်​၊ဒိုက်​များနှင့်​ အတူ ​မျောပါလာခဲ့ဟန်​ရှိ​ကြောင်း အနီးအနားရှိ ​ဒေသခံများက ​ဝေဖန်​​ပြောဆို​နေကြ​ကြောင်း သိရသည်။
ယခုအခါ ထို​မြွေကြီးအား လူများနှင့်​ ​ဝေးရာ ​တော၊​တောင်​တစ်​​နေရာသို့  သွား​ရောက်​ လွှတ်​​ပေးခဲ့ပြီးဖြစ်​​သည်​ဟု အနီးအနားမှ အိမ်​နီးချင်းများက ​ပြောကြားခဲ့​ကြောင်း သိရသည်။
မင်းမြတ်​ခိုင်
(​လေးမြို့  သတင်းဘ​လော့ဂ်​)
ကန့် ကွက်​​မှုများရှိ​နေ​သော်​လည်း Miss ပြိုင်​ပွဲကို  ဘွဲ့ နှင်းသဘင်​၌ ကျင်းပမည်
ကန့် ကွက်​​မှုများရှိ​နေ​သော်​လည်း Miss ပြိုင်​ပွဲကို ဘွဲ့ နှင်းသဘင်​၌ ကျင်းပမည်
(ဇွန်​လ ၂၇ ၊ စစ်​​တွေ)
ရခိုင်​ပြည်​နယ်​ ဝန်​ကြီးချုပ်​၏ အစီအစဉ်​ဖြင့်​ ရခိုင်​ပြည်​နယ်​အမျိုးသမီး​ရေးရာအဖွဲ့ ချုပ်​မှ ကြီးမှုးကျင်းပ​နေ​သော Miss Universe Sittwe ပြိုင်​ပွဲကို စစ်​​တွေတက္ကသိုလ်​ ​၊ ဘွဲ့ နှင်းသဘင်​ခန်းမ၌ ပြုလုပ်​မည့်​ကိစ္စ စစ်​​တွေတက္ကသိုလ်​​ကျောင်းသား၊သူများက ကန့်ကွက်​၊​ဝေဖန်​​​နေကြ​သော်​လည်း ရည်​ရွယ်​ ထားသည့်​အတိုင်း ဆက်​လက်​ကျင်းပသွားမည်​ဖြစ်​​ကြောင်း သိရသည်​။
စစ်​​တွေတက္ကသိုလ်​ ဘွဲ့ နှင်းသဘင်​သည်​ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ အသုံးပြုရန်ရည်ရွယ်ဆောက်လုပ်ထားခြင်းဖြစ်ပြီး ရိုးရာယဉ်ကျေးမှုနှင့် မကိုက်ညီသည့် အလှမယ်ရွေးချယ်ပြုလုပ်ရန်အသုံးပြုမှုမှာ မသင့်လျော်သည့်ကိစ္စ ဖြစ်​သဖြင့်​ ပြည်​နယ်​ဝန်​ကြီးချုပ်​ထံ ကန့်​ကွက်​စာ​ရေးပို့  သွားမည်​ဖြစ်​​ကြောင်း စစ်တွေတက္ကသိုလ် သတ္တဗေဒမေဂျာမှ နောက်ဆုံးနှစ်ကျောင်းသား ကိုစောနိုင်လင်းက ပြောသည်ဟု Narinjara တွင်​ ​ဖော်​ပြထားသည်​။
ထို့ အတူ အဆိုပါ Miss ပြိုင်​ပွဲသည်​ ရခိုင်​တိုင်းရင်းသားတို့ ၏ ရိုးရာယဉ်​​ကျေးမှုကို
ခြိမ်း​ခြောက်​၊​ဖောက်​ထွင်းခံရခြင်း ဖြစ်​​ကြောင်း ရခိုင်​​ဒေသခံများ၏ ​ဝေဖန်​ကန့်​ကွက်​မှုသည်​လည်း အင်​တာနက်​လူမှုကွန်​ယက်​များ၌ ပျံ့ နှံ့  ​နေခဲ့သည်​ဟု သိရသည်။
သို့​သော်​ အဆိုပါပြိုင်​ပွဲအား ဘွဲ့ နှင်းသဘင်​၌ ကျင်းပမည့် ကိစ္စနှင့်​ ပတ်သက်ပြီး စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းက
“အစတော့ သဘောမတူဘူးဆိုပြီးပြောပါတယ်။ အခုတော့ အဲဒီအဆောင်ကို သုံးခွင့်ပေးဖို့ အတွက် ကျနော်တို့ ကျောင်းသားတွေကို ခေါ်ယူညှိနှိုင်းဆွေးနွေးလို့ အားလုံး အဆင်ပြေသွားပါပြီ” ဟု တုန့်ပြန်ပြောခဲ့​ကြောင်း Narinjara သတင်း၏ ​ဖော်​ပြချက်​အရ သိရသည်​။
အဆိုပါ Miss Universe Sittwe ရွေးချယ်ပွဲကို ဇွန်လ ၃ဝ ရက်နေ့ နေ့လယ် ၁ နာရီမှစတင်ကာ ညနေ ၅ နာရီအထိ ကျင်းပသွားမည်​ဖြစ်​​ကြောင်း သိရသည်။
မင်းမြတ်​ခိုင်
(​လေးမြို့  သတင်းဘ​လော့ဂ်​)
ဓာတ်​ပုံ - Narinjara
မြန်မာ့အရေးကျွမ်းကျင်သူ၏ သမ္မတ ဖြစ်လာနိုင်သူများ ခန့်မှန်းချက်ထဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်လည်း ပါဝင်
မြန်မာ့အရေးကျွမ်းကျင်သူ၏ သမ္မတ ဖြစ်လာနိုင်သူများ ခန့်မှန်းချက်ထဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်လည်း ပါဝင်
ရန်ကုန်၊ ဇွန်လ ၂၇
မြန်မာအရေး ကျွမ်းကျင်သူ လယ်ရီဂျေဂင်၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပြီးတွင် မြန်မာနိုင်ငံ၌ သမ္မတ ဖြစ်လာနိုင်သူများ ခန့်မှန်း စာရင်းထဲတွင် လက်ရှိ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း လည်း
ပါဝင်နေသည်။
လယ်ရီဂျေဂင်၏ သမ္မတလောင်း အဖြစ် ခန့်မှန်းချက်ထဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း နာမည်အား အခြား ပုဂ္ဂိုလ် သုံးဦးနှင့် အတူ ပါဝင်နေသည်ဟု ဇွန်လ ၂၅ ရက်နေ့ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြထားသည်။
လယ်ရီဂျေဂင်၏ ခန့်မှန်းချက်ထဲတွင် သမ္မတလောင်း အဖြစ်နိုင်ဆုံးသူမှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဖြစ်ပြီး တစ်ခြား ဖြစ်နိုင်သူများမှာ ကြံ့ခိုင်ရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး၊ သမ္မတရုံး ၀န်ကြီး ဦးစိုးမောင်နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းတို့ ဖြစ်ကြသည်။
လက်ရှိကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်သည် ရှေ့လတွင် တပ်မတော်မှ အနားယူပြီး ရွေးကောက်ပွဲတွင် ထားဝယ် မဲဆန္ဒနယ်မှ ပါဝင် ယှဉ်ပြိုင်ကာ ဒုတိယ သမ္မတ ဖြစ်လာနိုင်ကြောင်း လယ်ရီက ခန့်မှန်းထားသည်။
လက်ရှိ သမ္မတ ဦးသိန်းစိန်မှာ အနားယူမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီက အပြည့်အ၀ ထောက်ခံမည် မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်လည်း ၅၉(စ) ကို မပြင်ဆင်နိုင်သေးသဖြင့် သမ္မတ ဖြစ်ဖွယ် မရှိကြောင်း သူက ခန့်မှန်းထားသည်။
လယ်ရီဂျေဂင်သည် မြန်မာ့အရေးကို ကျွမ်းကျင်သူဖြစ်ပြီး ဗိုလ်ချုပ် ခင်ညွှန့် ထိန်းသိမ်းခံရမည်ဟု တစ်လ အလိုလောက်က ခန့်မှန်းပြောဆိုခဲ့ကြောင်း သိရှိရသည်။
From-Arakan State
ကျောက်​​တော်​မြို့ နယ်​ရှိ ​ရွာ​ပေါင်း ၁၀ ရွာ၌ ​ရေ​ဘေးအန္တရာယ်​နှင့်​ ကြုံ​တွေ့ ​နေရ
ကျောက်​​တော်​မြို့ နယ်​ရှိ ​ရွာ​ပေါင်း ၁၀ ရွာ၌ ​ရေ​ဘေးအန္တရာယ်​နှင့်​ ကြုံ​တွေ့ ​နေရ
(ဇွန်​လ ၂၇ ၊ ​ကျောက်​​တော်​)
ရခိုင်​ပြည်​နယ်​ ၊ ​ကျောက်​​တော်​မြို့ နယ်​ရှိ အပေါက်ဝကျေးရွာ၊ ပြိုင်းချောင်းကျေးရွာ၊ မင်းရပ်ပြင်ကျေးရွာအပါအဝင် ရွာပေါင်း ၁၀ ရွာကျော် ရေကြီးနေတဲ့ အန္တရာယ်နဲ့ရင်ဆိုင်နေရ​ကြောင်း သိရသည်​။
ရေကြီးမှု​ကြောင့်​ လမ်းများပျက်​စီးခဲ့ရသလို ​ရေအမြင့်​က လူ​နေအိမ်​၏ ​ခေါင်​မိုး​လောက်​ထိ မြင့်​တက်​လာခဲ့သဖြင့်​ ​ဒေသခံများနှင့်​ တိရစ္ဆာန်​များကို ​ဘေးလွတ်​ရာသို့  ​ရွေ့ ​ပြောင်းခိုလှုံ​နေကြရ​ကြောင်း သိရသည်​။
အဆိုပါ​ရေ​ဘေးသင့်​ ဒုက္ခသည်​များအတွက်​ အစားအစာများ ၊ အမိုးအကာနှင့်​ ​​ဆေးဝါးများ ၊ ​သောက်​သုံး​ရေများ အ​ရေး​ပေါ်လိုအပ်​လျှက်​ရှိ​​ ​ကြောင်း သိရသည်။
ယခုရက်​ပိုင်းအတွင်း မိုးသည်းထန်​စွာ အဆက်​မပြတ်​ရွာသန်းမှု​ကြောင့်​ ရခိုင်​ပြည်​နယ်​ ရှိ မြို့ များ၌ ​ရေကြီး​နေပြီး စစ်တွေမြို့ အပါအ၀င် နယ်မြို့များမှ အခြေခံ လူတန်းစားများအတွက် စားနပ်ရိက္ခာများ ကူညီရန် လိုအပ်နေကြောင်း
သိရသည်​။
မင်းမြတ်​ခိုင်
(​လေးမြို့ သတင်းဘ​လော့ဂ်​)
ဓာတ်​ပုံ - ဧရာဝတီ
မင်းပြားရှိ ​နေရာအများစု၌ ​ရေကြီး​နေမှု​ကြောင့်​ စာသင်​​ကျောင်းများ ပိတ်​ထားရ
မင်းပြားရှိ ​နေရာအများစု၌ ​ရေကြီး​နေမှု​ကြောင့်​ စာသင်​​ကျောင်းများ ပိတ်​ထားရ
(ဇွန်​လ ၂၆ ၊ မင်းပြား)
ရခိုင်​ပြည်​နယ်​ ၊ မင်းပြားမြို့ ၌​ ၅ ရက်​ဆက်​တိုက်​ မိုးအဆက်​မပြတ်​ရွာသန်း​နေမှု​ကြောင့်​ ယ​နေ့  (၂၆.၆.၂၀၁၅ )​နေ့ တွင်​ အစိုးရစာသင်​​ကျောင်းများနှင့်​ ​ဈေးဆိုင်​အချို့  ပိတ်​ထားရ​ကြောင်း သိရသည်။
မိုးရွာသန်းမှုသည်​ ယခုအပတ်​ တနင်္လာ​နေ့ မှစ၍ ယခု​နေ့ ထိ အဆက်​မပြတ်​ရွာသန်းခဲ့ပြီး မြစ်​​ရေလျှံတက်​လာကာ မင်းပြားရှိ ​နေရာ​တော်​​တော်​များ၌ ​ရေကြီး​နေခြင်းဖြစ်​​ကြောင်း သိရသည်။
မြို့ ​ပေါ်ရှိ​နေရာ​အများစု၌ ​ရေကြီး​နေမှု​ကြောင့်​ စာသင်​​ကျောင်းအချို့  ကို ပိတ်​ထား​ရကြောင်း
အထက​ကျောင်းမှ ဆရာတစ်​ဦးက ​ပြောကြားသည်​။ မင်းပြားမြို့ အ​ရှေ့ ဘက်​ရှိ ​လေးမြို့ မြစ်​​ရေလျှံတက်​​နေမှု​ကြောင့်​ နယ်​မှ ​မော်​​တော်​ဘုတ်​များ၊ စက်​​လှေများလာ​ရောက်​ခြင်း မရှိ​တော့သဖြင့်​ ​ဈေးတွင်း၊​ဈေးပြင်​ ဆိုင်​အချို့ လည်း ပိတ်​ထားရခြင်း ဖြစ်​​ကြောင်း သိရသည်​။
အဆိုပါ​ရေကြီး ၊ မြစ်​​ရေလျှံ​နေမှု​ကြောင့်​ စစ်​​တွေ-မင်းပြား ​ပြေးဆွဲ​ပေး​နေသည့်​ အမြန်​ယာဉ်​အချို့၏ ခရီးစဉ်​များကိုလည်း ရပ်​ဆိုင်းထားရ​ကြောင်း သိရသည်​။
သန့်ဇင်
(​လေးမြို့ သတင်းဘ​လော့ဂ်​)
မိုးသည်းထန်မှုကြောင့် ရခိုင်ပြည်နယ် မြို့ အချို့ ရေကြီး
မိုးသည်းထန်မှုကြောင့် ရခိုင်ပြည်နယ် မြို့ အချို့ ရေကြီး
ရခိုင်ပြည်နယ် သံတွဲမြို့ နှင့် ဘူးသီးတောင်မြို့နယ် တွင် ငါးရက်ဆက်တိုက်မိုးရွာသွန်းမှုကြောင့် မြို့အတွင်း ရေကြီးမှုများဖြစ်ပေါ် လျှက်ရှိသည် ရခိုင်ဒေသခံများ ထံက သတင်းရရှိသည်။
သံတွဲမြို့ ညောင်ပင်ဈေးရပ်ကွက် ၊သမုတ်ချောင်းရပ်ကွက်များမှာ ရေဘေးသင့် ပြည်သူ တစ်ရာကျော် ယာယီ တိမ်းရှောင်ရေးနေ ရာများသို့ သွားရောက်နေထိုင်လျှက်ရှိသည် ဟုဆိုသည်။
ထို့ပြင် သံတွဲမြို့တွင်း နေရာများဖြစ်သော ရတနာလမ်း၊မာဃလမ်း၊ဦးဥတ္တမလမ်း တို့တွင် လည်း လေးပေခန့် ရေတက်လာသည် ဟုဆိုသည်။
ညောင်ပင်ဈေး ဓမ္မာရုံတွင် ခေတ္တ ခိုလှုံနေသူ ဒေါ်သိန်းခင်က"ရေကတော့ နှစ်တိုင်းကြီးတာပဲ ကျွန်မတို့ အတွက်အထူးအဆန်း မဟုတ်တော့ဘူး ၊စားရေးသောက်ရေးက ရေမတက်တဲ့ ရပ်ကွက်က လူတွေ ထမင်းထုတ်တွေလာဝေတယ်"ဟု ဆိုသည်။
သံတွဲမြို့သည် မိုးဆက်တိုက်သည်းထံစွာရွာသွန်းပါက ရခိုင်ရိုးမတောင်ကျချောင်းရေများက မြို့အတွင်းသို့ ၀င်ရောက်လာခြင်းဖြစ် သည်။
ရခိုင်လူမှုကွန်ရက်အဖွဲဝင် ဦးမိုးမြင့်က "အစိုးရ အာဏာပိုင်တွေ အနေနဲ့ စီစဉ်ပေးမှုတွေ မရှိသေးဘူး"ဟု ဆိုသည်။
သို့သော်လည်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီး ဦးလှဟန်ကမူ "အဓိက က မြစ်ချောင်းတွေ တိမ်ကောသွားတာ၊ ကမ်းပြိုသွား တာကြောင့် ပင်လယ်ထဲ စီးရမယ့်ရေက မြို့ထဲကို ၀င်လာတာပါ၊ ပြည်နယ် အစိုးရ အနေနဲ့ သက်ဆိုင်ရာ မြို့နယ် စည်ပင်၊ အုပ်ချုပ်ရေးမှူး ရုံးတွေက တဆင့် သဘာဝဘေးအန္တရာကိုယ် အကောင်း ဆုံးကာကွယ်ဖို့ ပြင်ဆင်ထားပါတယ်လက်ရှိမှာလည်း ကယ်ဆယ်ရေးတွေလုပ်နေပါတယ် "ဟု ပြောသည်။
အလားတူပင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မဈေးအတွင်း တွင်လည်း ရေကြီး ရေလျှံမှုကြောင့် ဈေးများပိတ်ထားရကာ ကုန်ပစ္စည်းများကို ရွှေ့ပြောင်းနေရသည် ဟုဆိုသည်။
ထို့ပြင် ရခိုင် ပြည်နယ် စစ်တွေမြို့တွင်လည်း ကစ္စပနဒီ မြစ်မှ ရေလျှံမှုကြောင့်  စစ်တွေမြို့ ပွိုင့် နေရာတွင် ကျိုးပဲ့ ပျက်စီးသွားခဲ့ သည်။
ရခိုင်ပြည်နယ် မြို့နယ် အများစုသည် မိုးရာသီတွင် တောင်ကျချောင်းရေနှင့် ၊ ပင်လယ်ရေများ ၀င်ရောက်မှုကြောင့်ရေကြီးရေလျှံမှု များဖြစ်ပေါ်လျှက်ရှိရာ ဒေသခံများအနေဖြင့် နှစ်စဉ် အခက် အခဲကြုံနေခြင်းဖြစ်သည်။
ပြည်နယ် အစိုးရ အနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ရေစီးရေလာကောင်းမွန်ရေးနှင့် မြစ်ချောင်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ သန်း ၄၉၀၀ ကျော် ရရှိထားသည် ဟု ပြည်နယ် အစိုးရ အဖွဲ့ကသိရသည်။
From-Mizzima
မင်းပြားတွင်​ မိုးအဆက်​မပြတ်​ရွာသန်းမှု​ကြောင့်​ ​မြေနိမ့်​ပိုင်း​ရပ်​ကွက်​များ၌ ​ရေလွှမ်းမိုး
မင်းပြားတွင်​ မိုးအဆက်​မပြတ်​ရွာသန်းမှု​ကြောင့်​ ​မြေနိမ့်​ပိုင်း​ရပ်​ကွက်​များ၌ ​ရေလွှမ်းမိုး
(ဇွန်​လ ၂၅ ၊ ​လေးမြို့  သတင်းဘ​လော့ဂ်​ )
ပြီးခဲ့​သော ဇွန်​လဆန်းပိုင်းက
မိုးရွာသန်းမှု​ကြောင့်​ စီးပွား​ရေးလုပ်​ငန်းအချို့  ရပ်​ဆိုင်းထားရပြီး မြစ်​​ရေလျှံမှု​ကြောင့်​ လမ်းပန်းဆက်​သွယ်​​ရေးအချို့  ပြတ်​​တောက်​​နေ​ကြောင်း သိရသည်​။ စစ်​​တွေနှင့်​ မင်းပြားသို့  ​ပြေးဆွဲ​နေသည့်​ ​ရွှေပြည်​တန်​ ၊ ​မေယု စ​သော အမြန်​ယာဉ်​အချို့ သည်​လည်း မြစ်​​ရေလျှံမှု​ကြောင့်​ ခရီးစဉ်​ရပ်​ဆိုင်းထားရ​ကြောင်း သိရသည်။
မင်းပြားသည်​ ယခင်​နှစ်​များကလည်း မိုးရာသီ၌ ​ရေကြီး​လေ့ရှိပြီး ယခုနှစ်​တွင်​ မိုးအဆက်​မပြတ်​ရွာသန်းမှု​ကြောင့်​ ​ရေကြီးလာနိုင်​​ကြောင်း မင်းပြား​ဒေသခံအချို့ က ခန့်မှန်းသုံးသပ်​​နေကြ​ပါသည်​။
သန့်ဇင်
(​လေးမြို့  သတင်းဘ​လော့ဂ်​)
ဓာတ်​ပုံ - ​အောင်​မျိုး